Showing posts with label ကောင်မလေး အကြောင်း. Show all posts
Showing posts with label ကောင်မလေး အကြောင်း. Show all posts
Friday, November 1, 2013
မယားကောင်း မယားမြတ်ဆိုတာ (မိန်းကလေးများ အထူးဖတ်ရန်)
,
မယားကောင်း မယားမြတ်ဖြစ်ဖို့ ဒါလေးတွေ ဖတ်ထားပါနော်
၁။ အိပ်ယာနေရာ အစားအသောက်တို့ကို သန့်ရှင်စင်ကြယ်စွာ စားသောက် နေထိုင်လေ့ရှိခြင်း..။
၂။ ယောက်ျားတစ်ပါးသို့ စိတ်နှစ်လုံးမကူးခြင်း..။
၃။ လင် ရှာဖွေရသော ဥစ္စာပစည်းတို့ကို ကောင်းမွန်လုံခြုံစွာ ထိန်းသိမ်းခြင်း..။
၎။ လင်နောက်မှ အိပ်လေ့ရှိခြင်း..။
၅။ လင်၏ အလုပ်အကြံ အစီအမံကို ခံယူ၍ ကူညီရခြင်း..။
၆။ လင့်အာဏာကို မဖီဆန် လင်၏အလိုသို့လိုက်၍ ပြုရခြင်း..။
၇။ လင်အား ချစ်ဖွယ်သောစကားကို ပြောဆိုလေ့ရှိခြင်း..။
၈။ အပူအချမ်းတို့ လျော်စွာ လင်အား ဝတ်ဆင်ပေးရခြင်း..။
(သုတေသနသရုပ်ပြ အဘိဓာန်ကျမ်း)
“လောကနီတိကျမ်း အလိုအရမူ”
၁။ စားသောက်သောအခါတို့၌ လည်းကောင်း အဝတ်တန်ဆာ ပြုပြင် စီရင်သောအခါ၌ လည်းကောင်း အမိကဲ့သို့ နှစ်သက်ဖွယ်ပြုပြင် တတ်ခြင်း..။
၂။ လျှို့ဝှက်အပ်သော မကျစ်မလျစ်သော အရာတို့၌ နှမကဲ့သို့ ရှက်တတ်ခြင်း..။
၃။ အမှုကိစ္စ ဆောင်ရွက်သောအခါ၌ လည်းကောင်း လင်အနီးအပါးသို့ သွားသောအခါ၌ လည်းကောင်း ကျွန်မကဲ့သို့ ရိုသေစွာ ပြုမူသွားတတ်ခြင်း..။
၎။ ဘေးဒုက္ခ ကြုံတွေ့သောအခါ တိုင်ပင်ဖော်ရခြင်း..။
၅။ အိပ်သောအခါလင်ကို မွေ့ လျှော်စေတတ်ခြင်း..။
၆။ အရောင်အဆင်း ပြုပင်ခြင်း၌ တင့်တယ်စွာ ပြုတတ်ခြင်း..။
၇။ အမျက်ထွက်ရန် ရှိသောအခါ အမျက်ကို သည်းခံထိန်းသိမ်းထား တတ်ခြင်း..။
ဤမယားသည် မယားကောင်း မယားမြတ်ဖြစ်၍ သေသည့်အခါ နတ်ပြည့်သို့သွားရသည်…..။
ဗဟုသုတတိုးပွားနိုင်ကြပါစေ
Read more →
Thursday, October 3, 2013
ယောက်ျားနှင့် မိန်းမ
,
ပိုက်ဆံရှိတဲ့ယောက်ျား အိမ်မပြန်ချင်ဘူး
ပိုက်ဆံရှိတဲ့မိန်းမ အိမ်ထောင်မပြုချင်ဘူး။
ပိုက်ဆံရှိတဲ့ယောက်ျား မြက်နုကြိုက်တယ်
ပိုက်ဆံရှိတဲ့မိန်းမ အငယ်မွေးတယ်။
ပိုက်ဆံရှိ၊ အာဏာရှိတယ်ဆိုရင် လက်ညိုးညွှန်ရာ ရေဖြစ်တယ်။
ပိုက်ဆံမရှိ၊ အာဏာမရှိရင် လက်ညိုးညွှန်တဲ့ ရေဖြစ်တယ်။
ပိုက်ဆံရှိတဲ့ လူတွေအတွက် ဦးနှောက်ခြောက်ခြင်းဟာ လောဘကြောင့်
ပိုက်ဆံမရှိတဲ့ လူတွေအတွက် ဦးနှောက်ခြောက်ခြင်းဟာ ငွေကြောင့်။
ပိုက်ဆံရှိတဲ့ လူတွေက စကားကြီး စကားကျယ် ပြောတယ်။
ပိုက်ဆံမရှိတဲ့ လူတွေက ရီမောစရာပြောတယ်။
ယောက်ျားတွေရဲ့ အသက်အရွယ်ဟာ ရင့်ကျက်ခြင်း သက်သေ
မိန်းမတွေရဲ့ အသက်အရွယ်ဟာ ရင့်ရော်ခြင်း သက်သေ
နာမည်ကြီးချင်ရင် လွယ်ပါတယ်။ လူမုန်းတဲ့အလုပ် များများလုပ်ရုံပါပဲ။
အောင်မြင်ချင်ရင် လွယ်ပါတယ်။ လူကြိုက်တဲ့အလုပ် များများ လုပ်ရုံပါပဲ။
အောင်မြင်ဖို့ရာ လွယ်ပါတယ်။
အဲဒီ အောင်မြင်မှုကို ထိန်းဖို့ရာ ခက်တယ်။
စည်းစနစ်များသူကို လူတွေ အပြစ်မဆိုဘူး။
စကားများသူကို လူတွေ အပြစ်ဆိုတယ်။
အကောင်းဖြစ်ဖို့အတွက် အချိန်တစ်ချိန်လိုတယ်။
အဆိုးဖြစ်ဖို့အတွက် တစက္ကန့်တောင် မလိုဘူး။
YeeMon' Diary
Read more →
Sunday, September 29, 2013
မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်း မြင်နိုင်ဖို့ တိုးတိုးတိတ်တိတ် စကား(၁ဝ)ခွန်း
,
မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်း မြင်ချင်ပါသလား? အောက်ကစာကို ဆက်ဖတ်ပါ...
၁) မနှိုင်းနဲ့
"သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက် ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာ တတ်တယ်"လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြား မိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့် ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူး စကားတွေထက် ပိုတန်ဖိုးပါတယ်။
၂) လျှစ်လျှူမရှူနဲ့
မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက် လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်း အားငယ်တဲ့အခါ လက်ကို တင်းတင်း ဆုပ်ကိုင်ပြီး အကြင်နာ ငွေ့တွေနဲ့ ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက် နှုတ်ဆက်မယ်။ အဲဒီလို ကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက မိန်းကလေးတွေ အတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေ နိုင်ပါတယ်။
၃) မျက်နှာထား မပြနဲ့
မိန်းကလေး တစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျားလောက် ကြည့်ရဆိုးတာ မရှိဘူး။ ကိုယ်က အပြင်မှာ မအားမလပ် စီးပွါးရှာနေသလို သူလည်း အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်ဆို သတိရပေးပါ။ နောက်ကနေ လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့ သူရှိလို့ အပြင်မှာ ကိုယ် စိတ်ချလက်ချ အလုပ်လုပ် နိုင်တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်က ပြန်ရောက်ရင် " မိန်းမရေ.. ပင်ပန်းနေပြီလား" နဲ့ " မပင်ပန်း ပါဘူး.. အပြင်ထွက် အလုပ်လုပ်တဲ့ ယောက်ျားက ပိုပင်ပန်းတာ" ဆိုတဲ့ အပြန်အလှန် စကားပုံရိပ်တွေက လှပတဲ့ ပန်းချီကား တစ်ချပ်လိုပါပဲ လူကို ကြည်နူး စေပါတယ်။
၎) ပြိုင်ကြတယ်
ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလို မိန်းကလေးတွေလည်း ကိုယ့်ယောက်ျား၊ ကိုယ့်ကလေးအကြောင်း ပြိုင်တတ်ကြတယ်။ ဒါကြောင့် လူတွေရှေ့မှာ မိန်းကလေးတွေကို မဟောက်၊ မအော်ဘဲ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ ပေးပါ။ တစ်ခြားမိန်းကလေးတွေ မနာလိုဝန်တို ဖြစ်စေ လောက်တဲ့ အချစ်ကို ရထားတဲ့ မင်းသမီးလို့ သူ့ကိုယ်သူ ထင်မြင်အောင် ကြင်နာပြပါ။ သူဟာထက်မြက်တဲ့ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်း ရှေ့မှာလည်း ကိုယ်ဟာ မိန်းမကို ဂရုစိုက် ကြင်နာသူအဖြင့် သူမျက်နှာသာ ပြန်ပေးပါလိမ့်မယ်။
၅) ကြည့်တတ်တယ်
မိန်းမလှလေးတွေ မြင်ရင် ယောက်ျားလေးတွေ ကြည့်တတ်ကြသလို ယောက်ျားလေး ချောချောတွေကို မြင်ရင်လည်း မိန်းကလေးတွေ ကြည့်တတ်ပါတယ်။ ဒါကို သဝန်တို၊ စိတ်တို နိုင်ပေမယ့် ချောတဲ့ ယောက်ျားကိုကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က ချောတဲ့ မိန်းကလေးကို ကြည့်တဲ့ ကိုယ့်အကြည့်ထက် ရိုးသားပါတယ်။ မိန်းကလေးတွေ ကြည့်တဲ့ အကြည့်က လှတဲ့ ပစ္စည်းတစ်ခု၊ ပန်းချီကား တစ်ချပ်ကို ကြည့်ရှုခံစား သလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ
မပါပါဘူး။
၆) မရိုက်နဲ့
မိန်းကလေး တစ်ယောက်ကို ရိုက်တတ်တဲ့ ယောက်ျားလောက် အောက်တန်းကျတာ မရှိဘူး။ သူ့ကို တကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိသင့်တယ်။ လက်မပါသင့်ဘူး။ သူ့ကို မချစ်တော့ရင် ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။ သူ့ကိုပျော်အောင် ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင် ဆုပ်ကိုင်မထားပါနဲ့။ လက်လွတ်လိုက်ပါ၊ သူ လွတ်လပ်ပါစေ။
၇) နူးညံ့ပါ
မိန်းကလေး တစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ယောက်ျားတစ်ဦးရဲ့ ဦးဆောင် ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက် ဘေးကင်း လုံခြုံတယ်လို့ ထင်တတ် ကြတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ နူးညံ့ သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့မှုက ယောက်ျား တစ်ယောက်ကို ရင်ဆိုင်ဖို့
လက်နက် ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျား တစ်ယောက်ရဲ့ နူးညံ့မှုက မိန်းကလေးအတွက် အဏုမြူပဲ ဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ မိခင်စိတ် ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကို ကလေးလေး တစ်ယောက်လို အစစအရာရာ စိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက် ဗျစ်တောက် လိုက်ပြောမယ်။ အလိုလိုက် တတ်သလို၊ ဟိုဟာမလုပ်နဲ့ ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။ ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသမထွက်ဘဲ နူးညံ့ပေးပါ။ သူဟာ မိခင်စိတ်ရှိတဲ့ မိန်းမသား ဖြစ်နေလို့ပါပဲ။
၈) မိသားစုဟာ ပထမ
ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တ ကောင်းရတယ်။ အလုပ်ထဲမှာ ပျော်ရွှင်အောင် နေတတ်ဖို့နဲ့ အလုပ်ရဲ့ ကျေးကျွန်မဖြစ်ဖို့ သိတတ်ရတယ်။ အလုပ်လုပ်တာဟာ မိသားစု ပျော်ရွှင်ဖို့အတွက်၊ မိသားစု စားဝတ်နေရေး အတွက်ဆိုရင် ကိုယ်ချစ်တဲ့ သူနဲ့ ကိုယ့်သားသမီးတွေ ပျော်ရွှင်ဖို့ ကိုယ်နဲ့အတူနေခွင့် အချိန်ကို မကြာခဏပေးပါ။
၉) ယောက္ခမ ဆိုတာလည်း မိဘပဲ
မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ ဒါ ကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမ တွေကို ကိုယ့်မိဘအရင်းလို သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထား ကြပါလိမ့်မယ်။ လူတွေက အသက်ကြီး အိုမင်းလာရင် ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့် တစ်နေ့ တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကို ကလေးတစ်ယောက် သဘောထားပြီး ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်လဲ တစ်နေ့နေ့မှာ အိုမင်း လာနိုင်တဲ့အတွက် ကြည့်မှန်တစ်ချပ်ကို ပြုလုပ်နေသလိုပဲ ကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို ဘယ်လိုဂရုစိုက် လေးစားရမယ် ဆိုတာကို သူတို့ သိမြင်ပါစေ။ ဒါမှ နောင်တစ်ချိန်မှာ ကိုယ့်ကို သူတို့ပြန်လေးစား ပါလိမ့်မယ်။
၁ဝ) သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ခြင်း
လူနှစ်ယောက် ပေါင်းစပ်ဖို့ ဒါတွေ လိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော တိုင်ပင်သင့်တယ် ဆိုပေမယ့် တစ်ခါတလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့ မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင် မိန်းကလေးကို အပြစ်မတင်ခင် ကိစ္စတစ်ခုရဲ့ အတိမ်၊ အနက်ကို ဝေဖန်ပိုင်းခြား တတ်ဖို့ လိုပြီး ရှုထောင့် အဖက်ဖက်ကနေ အရင်ကြည့်ရှု ခံစားပေးပါ။ မိန်းကလေးဖက် ကနေ ဝင်ရောက်ခံစား တတ်ဖို့လည်း လိုပါလိမ့်မယ်။ ကိုယ်ဟာ သူ့ရဲ့အချစ်ရဆုံး ဖြစ်တဲ့အတွက် သူ့ကို နားလည်ပေးပါ။ အားပေးပါ။ ခွင့်လွတ်ပေးပါ။
Read more →
Saturday, September 28, 2013
အမျိုးသမီးတွေ ဆန္ဒပြီးပြည့်တယ် ဆိုတာ
,
ကျွန်မတို့လို မိန်းကလေးတွေနဲ့ပတ်သက်ပြီး သိထားသင့်တယ်ထင်လို့ တင်ပေးလိုက်ရခြင်း ဖြစ်ပါတယ်ရှင်.....
ပထမဆုံးက အဖြေရကျပ်ဆို နှာချေတာ၊ ဒါမှမဟုတ် သမ်းဝေတာနဲ့ နှိုင်းလိုက်ရင် အဖြေရကျပ်တယ်ဆိုတာ ရှင်းသွားမှာပါ။ နှာချေချင်တဲ့အခါ ဟတ်ချိုးလို့ ချေလိုက်ရချိန်မှာ ဘယ်လို ခံစားရလဲလို့ မေးရင် ဘယ်သူ ဖြေနိုင်မလဲ။ ကိုယ်ခန္ဒာမှာ အဲဒီ့အချိန် ဘယ်လိုဖြစ်သလဲ၊ ဘာလဲ၊ နှာချေတယ်ဆိုတာ ဘာလဲ။ ဖြေကြည့်စေချင်ပါတယ်။ လူတိုင်း ချေဖူးပေမယ့် နှာချေတယ်ဆိုတာ ဘယ်လိုလေးပါလို့ အင်မတန် အပြောရ ခက်ပါတယ်။ သမ်းလိုက်တာလည်း အတူတူပါပဲ။ ပါးစပ်ကို အားရပါးရဟပြီး ၀ါးခနဲ သမ်းလိုက်တာတော့ မှန်တယ်။ အဲဒါ ဘာလဲ၊ ဘယ်လို ခံစားရလဲဆိုတာ အလွန်အဖြေရခက်လှပါတယ်။ အမျိုးသမီးတစ်ယောက် ပြီးတယ်ဆိုတာလည်း အလားတူပါပဲ၊ အဖြေရ ကျပ်လှပါတယ်။
အမျိုးသားတစ်ယောက်အတွက်ကျတော့ သူ့ငယ်ပါကနေ သုက်ရည်တွေ ထွက်ကုန်တာကို ပြီးတယ်လို့ အပြတ်အသား ပြောနိုင်ပါတယ်။ အမျိုးသမီးမှာကျတော့ အဲလို ရုပ်လက္ခဏာနဲ့ လက်ဆုပ်လက်ကိုင် ပြစရာ ဘာမှ မရှိဘူး။
နောက်တစ်ချက်က အနောက်တိုင်း သုတေသနများအရ အမျိုးသမီး ၂၅ % သာလျှင် ချစ်တင်းနှောရင်း (၀ါ) လိင်ဆက်ဆံရင်းနဲ့ ပြီးနိုင်ပါတယ်။ ယောက်ျားများမှာတော့ ၉၀ % ကျော်ဖြစ်နေသည့်တိုင် ဒါဟာ အင်မတိ အင်မတန် ဖြစ်တောင့်ဖြစ်ခဲဆိုတာ သေချာနေပါတယ်။
မကြာသေးခင်က ကြုံခဲ့ဖူးတာ တစ်ခုရှိပါတယ်။ အသက် ၆၀ ကျော် မိတ်ဆွေသစ်တစ်ဦးနဲ့ ခရီးအတူ သွားဖြစ်ကြရင်း ရင်းနှီးလာလို့ သည်ကိစ္စတွေ ပြောဖြစ်ကြတဲ့အခါ သူက အမျိုးသမီးတွေ မပြီးဘူးလားလို့ တအံ့တသြ မေးလာပါတယ်။ တကယ်တော့ သူဟာ မြေးရနေပြီဖြစ်တဲ့ ကလေးသုံးယောက် ဖခင်ပါ။ ဒါနဲ့ ကျွန်တော်လည်း သူ့ကို မေးမိတယ်။ “ဘာလဲ အစ်ကိုကြီးက အစ်ကိုကြီး မိန်းမကို ပြီးလားလို့ မေးတတ်တယ် မဟုတ်လား” ဆိုတော့ ဟုတ်တယ်လို့ သူက ဖြေပါတယ်။ ဒါနဲ့ “ဟိုကလည်း ခေါင်းညိတ်တယ်၊ ဒါမှမဟုတ် ပြီးတယ်လို့ ပြောတာချည်းပဲ မဟုတ်လား” ဆိုတော့ သူက ဟုတ်တယ်တဲ့။ ကျွန်တော့်မှာ တအား ရယ်ချင်သွားပေမယ့် သူ့ကိုရော သူ့မိန်းမ အမယ်ကြီးကိုပါ သနားမိသွားပါတယ်။ ကျွန်တော်တို့မှာက သည်လို အကြောင်းအရာတွေကို လူသိရှင်ကြား ချပြဆွေးနွေးလို့ မရတာမို့ အများစုဟာ ထင်တစ်လုံးနဲ့ ရမ်းကြိတ်နေကြပါတယ်။ သူလို အမျိုးသားတွေက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ၉၀ % မက ရှိနေမှာလည်း အသေအချာပါပဲ။
ကိုင်း… အမေးရှိတော့ အဖြေရှိလာပါပြီ။
ပထမဆုံး လိင်ဆက်ဆံမှု မစတင်ခင် အပျိုးကာလက အရေးကြီးပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ မတူပါဘူး။ အမျိုးသားတွေကတော့ “ဆင်လိုက်တုန်းတောင် ငယ်ပါတင်းနိုင်ကြသူများ” ဖြစ်ပေမယ့် အမျိုးသမီးတွေက ဆင်လိုက်တာ ဝေးစွ၊ စိတ်ထဲမှာ တစ်ခုခု ကြောင့်ကြနေမိတာနဲ့ လိင်စိတ်နိုးကြားဖို့ အင်မတန် ခက်ခဲပါတယ်။ ကိုယ်ရောစိတ်ပါ ကျန်းမာနေပေမယ့် အမျိုးသမီးတွေရဲ့ အတွေးထဲမှာ မိသားစုကိစ္စတွေ၊ စီးပွားရေးကိစ္စတွေ၊ လူမှုရေးကိစ္စတွေက လွှမ်းမိုးထားစမြဲပါ။ ဒါ့ကြောင့် အပျိုးကာလနဲ့ သူတို့ကို စိတ်ပြောင်းအောင် လုပ်ပေးဖို့ လိုပါတယ်။
အပျိုးမှာ အဆင့်ဆင့်ရှိပါတယ်။ ပထမဆုံးက လင်ကိုမယား စိတ်လက် ကြည်ကြည်သာသာနဲ့ ကြည်ကြည်နူးနူးရှိအောင်လုပ်ဖို့ လိုပါလိမ့်မယ်။ လက်ကလေး ကိုင်တာ၊ ပါးကလေးနမ်းတာ၊ ဆံပင်ကလေးနမ်းတာလေးတွေဟာ တကယ့် အပျိုးပါပဲ။ အိမ်ထောင်သက် နှစ်ပေါင်း ၃၀ ပဲ ရှိနေနေ မပျက်မကွက် လုပ်ဆောင်ရမယ့်အထဲမှာ အဲဒါတွေ ပါပါတယ်။
အဲဒီ့ကမှတစ်ဆင့် အရှိန်လေး နည်းနည်းရပြီဆိုရင် ပြင်သစ်အနမ်း၊ အနမ်းစို စသဖြင့်ခေါ်တဲ့ နှုတ်ခမ်းချင်း နမ်းတာက ဆက်လာရပါတော့မယ်။ သည်မှာလည်း လင်ရယ် မယားရယ်ဖြစ်လာမှတော့ တစ်ယောက် တစ်ယောက် ရွံနေလို့ မရတော့ပါဘူး။ ဒါ့အပြင် မြန်မာအမျိုးသမီးအတော်များများက အဲဒီ့အနမ်းကို မတုံ့ ပြန်တတ်ဘူး။ ရွံ့နေတတ်တယ်။ အဲတော့ အမျိုးသားက သင်ပေးဖို့ လိုပါတယ်။ အမျိုးသားကလည်း တတ်ဖို့လိုတာပေါ့ဗျာ။ ပြင်သစ်အနမ်း ဋီကာကို နောက်ကျတော့မှ တစ်ပုဒ်သတ်သတ် ရေးပေးမယ်။ ဟုတ်ပြီလား။
အဲဒီ့အဆင့်ကနေ နောက်တစ်ဆင့်တက်ရာမှာလည်း မလောရပါဘူး။ ယောက်ျားအများစု မှားတတ်တဲ့ အမှားက နမ်းရင်းနဲ့ သူ့လက်ကြီးက အမျိုးသမီးရဲ့ ရင်သားဆီ တန်းရောက်သွားတတ်တာပဲ။ ဟား… အလွဲကြီး ခင်ဗျ။
အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဒာမှာ အာရုံနိုးတဲ့နေရာတွေ များစွာရှိပေမယ့် ရင်သားကို တန်းသွားတာကြီးက နေရာမကျဘူးခင်ဗျ။ ဖက်ထားရင်းကနေ လက်မောင်းလေး ပွတ်၊ ကျောလေးပွတ် လုပ်ရတယ်။ ရင်ခုန်လာအောင် နှူးရတယ်။ သူ့လက်ကြီးက ငါ့ရင်သားဆီ ရောက်လာတော့မှာ… ဟော… ရောက်တော့မယ်… ဟင်… ဟုတ်လဲ ဟုဘ်ဘူး… အဲဒီ့ ရွှေလက်က ဘယ်ရောက်သွားရပြန်တာလဲ မောင်ရယ်… ဟင့်… ဆိုတာမျိုး ဖြစ်လာအောင် စိတ်ရှည်လက်ရှည် လုပ်နိုင်လေ အခြေအနေကောင်းလေလေပါပဲ။
အဲလိုနဲ့ ရင်သားတွေကို ညင်ညင်သာသာ ထိတွေ့ပေးရပါတယ်။ ချိုလုံးလေးတွေကိုလည်း အတူတူပေါ့။ ညင်သာဖို့ လိုပါတယ်။ အမျိုးသမီးအနေနဲ့ သူ့ကို ချစ်တယ်၊ မြတ်နိုးတယ်၊ ယုယတယ်ဆိုတဲ့ ခံစားမှု ရလာအောင် လုပ်ရမှာပါ။ နှုတ်ခမ်းချင်း ဂဟေဆက်ထားတာလည်း မပျက်စေဘဲ လက်က ရင်သား၊ ခြေထောက်က ခြေထောက်ချင်း ပွတ်သီးပွတ်သပ် ကယုကယင် နေပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
အဲဒီ့ကမှ အရှိန်လေး တော်တော်ရပြီဆိုရင်တော့ နှုတ်ခမ်းကို နေရာရွှေ့လို့ ရပါပြီ။ သည်နေရာမှာ ပစ်မှတ်က ချိုလုံးတွေ ဖြစ်ပေမယ့် အဲဒါကိုလည်း အလောတကြီး မဟုတ်ဘဲ သိုင်းသိုင်းဝိုင်းဝိုင်း ဖွဲ့ဖွဲ့နွဲ့နွဲ့လေး လုပ်ပေးတတ်ဖို့ လိုပြန်ပါတယ်။ လုပ်တတ်ရင် အမျိုးသမီးဘက်က အတော့်ကို အဆင်သင့် ဖြစ်လာပါပြီ။
ပါးစပ်က နေရာရွေ့သွားတော့ လက်က အားနေတယ်၊ ဘာလုပ်ရမလဲလို့ မေးရင် အဖြေရှိပါတယ်။ လက်က ဗိုက်သား၊ ဆီးခုံ၊ ပေါင်၊ ဒူး စတာတွေကို ညင်သာစွာ ထိတွေ့ပေးနေနိုင်ပါတယ်။ သည်မှာလည်း ဦးတည်ချက်က ယောနိဖြစ်ပေမယ့် ရင်သားမှာတုန်းကလိုပဲ အမျိုးသမီးက အလိုချင် အတောင့်တဆုံး အခြေအနေ ဖြစ်လာတဲ့အထိ ရစ်သီ ရစ်သီနဲ့ အရစ်ရှည်နိုင်လေ အကျိုးရှိလေပါ။ တကယ်လို့ အဲဒီ့နေရာကို လက်နဲ့ မဟုတ်ဘဲ ပါးစပ်နဲ့ပဲ စခန်းသွားလိုသေးတယ်ဆိုရင်လည်း လက်က ယောနိကလွဲလို့ ခါးအောက်ပိုင်း ကျန်တဲ့ နေရာအနှံ့ကို ထိတွေ့ထားနိုင်ပါတယ်။
ပါးစပ်နဲ့ ထိတွေ့ဖို့ ကြံရင်လည်း ချက်ချင်း တန်းမသွားသင့်သေးဘူး။ အမျိုးသမီး သိပ်လိုချင်လာအောင် ရစ်သီရစ်သီ လုပ်ပေးဖို့ လိုတယ်ခင်ဗျ။
ဒါဟာ အပျိုးကာလပါပဲ။ အတွေ့အကြုံနည်းသူ အမျိုးသမီးများအတွက် အဲဒီ့ အပျိုးကာလဟာ နာရီဝက် ၄၅ မိနစ်လောက် အချိန်ယူဖို့ လိုပါတယ်။ အိမ်ထောင်သက် ရင့်နေတယ်ဆိုရင်တောင်မှ အပျိုးကို အဖျင်းဆုံး မိနစ် ၂၀ လောက် အချိန်ယူရပါမယ်။ ကြာလေ၊ အချိန်ဆွဲနိုင်လေ၊ အမျိုးသမီးအတွက် အရှိန်တက်လေပါ။
အဲလို အရှိန်တက်လာတဲ့အခါမှာတော့ အမျိုးသမီးဟာ မသိမသာလေး နွေးလာပါလိမ့်မယ်။ စိတ်ဆန္ဒတွေ တက်ကြွလာပါလိမ့်မယ်။ သူ့ကိုယ်ခန္ဒာက သွေးတွေကလည်း ယောနိနဲ့ ယောနိထိပ်က အကြောဆိုင် အဖု အထုံး (အစေ့လေး)ဆီကို တိုးနေပါပြီ။ သည်အချိန်မှာ ယောနိအတွင်းပိုင်းနံရံကလည်း တဖြည်းဖြည်းနဲ့ ချွေးသီး ချွေးပေါက်များကျသလို စိမ့်ရာက နစ်လာပါတော့မယ်။ သည်အချိန်မှာမှ လိင်ဆက်ဆံမှု လုပ်ရတော့မှာပါ။
အဲလိုနဲ့ အာရုံက ဆင့်ကာ ဆင့်ကာ နိုးလာတဲ့အခါမှာတော့ သွေးက တင်ပါးဆုံရိုးတ၀ိုက်မှာ ဆက်ပြီး တိုးနေပါတယ်။ အသက်ရှူလည်း ပြင်းလာတယ်။ နှလုံးခုန်နှုန်းလည်း တက်လာပါပြီ။ ယောနိရဲ့ အတွင်းပိုင်းကလဲ ငယ်ပါကို ဆုပ်ညှစ်ဖို့အတွက် ကျဉ်းသွားသလို အပြင်ပိုင်းကကျပြန်တော့ ငယ်ပါကို ကြိုဆိုဖို့အတွက် ကျယ်လာပါတယ်။
အားလုံး အဆင်ပြေနေပြီ၊ အနှောင့်အယှက် ကင်းနေပြီ၊ ဖုန်းလည်း ထမမြည်ဘူး၊ ကိုယ့်ခင်ပွန်းကလည်း အခြေအနေကို ဆက်ထိန်းထားနိုင်မယ်ဆိုရင်တော့ လိင်အင်္ဂါတွေ၊ တင်ပါးဆုံတွေ၊ တင်ပါးတွေ၊ ဆီးခုံတွေနဲ့ ပေါင်တွေဆီက အာရုံကြောများနဲ့ ကြွက်သားများဟာ တဖြည်းဖြည်း တင်းသထက် တင်းလာပါတော့မယ်။ တင်းရင်းတင်းရင်းကနေ ဟာခနဲ ဖြစ်သွားပြီး သာယာမှုအပေါင်း ခညောင်းစွာ အားလုံး ပွင့်ထွက်သွားသလို ခံစားလိုက်ရပါမယ်။ အဲဒါ ပြီးတာပါပဲ။
အဲသလို ပြီးလိုက်ချိန်မှာ သားအိမ်၊ ယောနိနဲ့ စအိုတို့က ၀.၈ စက္ကန့်မှာ တစ်ကြိမ်နှုန်းလောက်နဲ့ ကြုံ့ကြုံ့ သွားပါလိမ့်မယ်။ သိပ် ပြင်းပြင်းထန်ထန်ပြီးတာ မဟုတ်ဘဲ တော်ရုံပြီးတာဆိုရင် အဲလို ကြုံ့တာက သုံးကြိမ်မှ ငါးကြိမ်လောက်သာ ဖြစ်ပါတယ်။ တကယ့်ကို အပြင်းထန်ဆုံး ပြီးတယ်ဆိုရင်တော့ ၁၀ ကြိမ်မှ ၁၅ ကြိမ် အထိ ဖြစ်တတ်ပါတယ်။ အဲဒါမှ ပြီးတာ အစစ်ပါ။
အဲလို ပြီးခြင်းဟာ အစေ့ကို တိုက်ရိုက် လှုံ့ဆော်လို့သော် လည်းကောင်း၊ ယောနိကို လှုံ့ဆော်လိုသော် လည်းကောင်း၊ နှစ်ခုလုံး ပေါင်းရုံးထားတဲ့ အပေါ်မှာသော် လည်းကောင်း မူတည်နေတတ်သလို အမျိုးသမီး တစ်ယောက်နဲ့ တစ်ယောက်လည်း မတူပါဘူး။
တချို့အမျိုးသမီးတွေကျတော့ ပြီးချိန်မှာ တခြားကိုယ်ခန္ဒာအစိတ်အပိုင်းတွေဖြစ်တဲ့ ခြေဖျားတွေပါ ကုပ်သွားတတ်သလို မျက်နှာမှာလည်း မဲ့ရှုံ့သွားတတ်တယ်။ တချို့ကျတော့ ထူးဆန်းတဲ့ အသံတွေနဲ့ ညည်းညူတယ်။ အများစုကတော့ ရုတ်တရက် နာကျင်သွားသလို မျက်နှာထားမျိုးနဲ့ ဖြစ်သွားတတ်ပါတယ်။ အမှန်တော့ နာကျင်တာ မဟုတ်ပါဘူး။
နယ်သာလန်နိုင်ငံ တက္ကသိုလ်တစ်ခုရဲ့ နောက်ဆုံးတွေ့ရှိချက်အရဆိုရင်တော့ သည်အချိန်မှာ အမျိုးသမီးတွေရဲ့ ဦးနှောက်ထဲက ကြောက်ရွံ့မှုနဲ့ ခံစားမှုများကို ထိန်းချုပ်နေတဲ့ အစိတ်အပိုင်းတွေ ရပ်ဆိုင်းသွားတယ်လို့ ဆိုပါတယ်။ ရုတ်တရက် သတိလက်လွတ် ဖြစ်သွားတယ်ပေါ့။
သိပ်သေချာတဲ့ အချက်တစ်ချက်က အမျိုးသမီးအများစုအတွက်က အစေ့ကို မပြတ်လှုံ့ဆော် မပေးနိုင်ဘူး ဆိုရင် ပြီးဖို့ အင်မတန်ခဲယဉ်းတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါ့ကြောင့် အမျိုးသမီးတွေ လိင်ဆက်ဆံရင်းနဲ့ ပြီးချင်ရင်၊ ပြီးစေချင်ရင် အမျိုးသမီးက အပေါ်ကနေတဲ့ ကိုယ်နေဟန်ထားက အသင့်တော်ဆုံးပါပဲ။ ဒါမှ သူ့ကိစ္စအတွက် သူ့ဘာသာ လိုသလို ချိန်ညှိလို့ ရနိုင်သလို အစေ့နဲ့ အမျိုးသားရဲ့ ငယ်ပါအရင်း ဆီးခုံ အောက်နားက အသားနဲ့ မပြတ်ထိတွေ့အောင်လည်း ကြံဆောင်နိုင်ပါလိမ့်မယ်။
သည်လောက်ဆိုရင် အမျိုးသမီး ပြီးတယ်ဆိုတာနဲ့ ပတ်သက်လို့ လိုတာထက် ပိုပြီး အတော်လေး ပြည့်ပြည့်စုံစုံ ရှင်းပြနိုင်ခဲ့ပြီလို့ ယူဆပါတယ်။
Myanmar Forward by drmyochit
Read more →
Thursday, September 26, 2013
ယောက်ျားနဲ့မိန်းမ
,
ယောက်ျားနဲ့မိန်းမ
(၁) တကယ်လို့ ယောက်ျား တစ်ယောက်က ၁ကျပ်တန် ပစ္စည်းကို ၂ ကျပ်ပေးပြီး ဝယ်ခဲ့ရင် မိန်းမက သူ့ကို "လူတုံး"လို့ အပြစ်ဆို တတ်တယ်။ တကယ်လို့ မိန်းမ တစ်ယောက်က ၂ ကျပ်တန်ပစ္စည်းကို ၁ ကျပ်နဲ့ဝယ်ခဲ့ရင် ယောက်ျားက "ဒီပစ္စည်း ဝယ်လာပြီးလည်း သူ သုံးမှာ မဟုတ်ပါဘူး.. ချောင်တစ်ချောင်ချောင်မှာ ဒီအတိုင်းပစ် ထားမှာပဲ" လို့ ပြောတတ်တယ်။
(၂) ယောက်ျား တစ်ယောက်နဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းမယ်ဆို ဒီယောက်ျားကို နားလည်မှုများများပေးပြီး အချစ်နည်းနည်းပေးရင် ရတယ်။ မိန်းကလေး တစ်ယောက်နဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းမယ်ဆို ဒီမိန်းကလေးကို အချိန်နဲ့အမျှချစ်ပြီး သူ့ကို သိပ်နားမလည်လည်း ဘဝဟာ ပိုပျော်စရာကောင်းတယ်။
(၃) ငြင်းခုန်ရန်ဖြစ်တဲ့ ပွဲမှာ နောက်ဆုံးစကား တစ်ခွန်းပြောတဲ့သူက မိန်းကလေးဖြစ်တယ်။ တကယ်လို့ ရန်ပွဲရဲ့နောက်ဆုံးစကား တစ်ခွန်းကို ယောက်ျားက လုပြောလိုက်ရင် ရန်ပွဲအသစ်နောက် တစ်ပွဲ ထပ်ဆင်နွှဲ ရတော့တယ်။
(၄) မိန်းကလေး.. မင်းဘာလိုချင် ဘာဖြစ်ချင်သလဲ ရှင်းရှင်းလင်းလင်း ဖွင့်ပြောပါ။ အရိပ်ပြ အကောင်ထင်၊ အတိတ်စိမ်းပြောနည်းတွေက ယောက်ျားလေးကို နားမလည်စေပါဘူး။ ဒီ့ထက် အရိပ်ပြလည်း သူနားမလည်တတ်ဘူး။ ဒါကြောင့် ဘာလိုတယ်၊ ဘာဖြစ်ချင်တယ် ပါးစပ်ကနေ ရှင်းရှင်းလင်းလင်း ထုတ်ပြောပါ။
(၅) ကိုလံဘတ် နယ်မြေသစ်ကိုရှာဖွေတွေ့တာ မိန်းမလမ်းညွှန်ခဲ့လို့မဟုတ်ဘူး။ ဒါကြောင့် ယောက်ျားကားမောင်းနေချိန်မှာ မိန်းမရေ... သင့်ပါးစပ်ကို ကျေးဇူးပြုပြီး ပိတ်ထားပေးပါ။
(၆) ယောက်ျားရဲ့ အိမ်ထဲနေ အိမ်ပြင်ဝတ်ဖိနပ်တွေ စုစုပေါင်းလိုက်ရင် ၃,၄ ရံပဲရှိတယ်။ ဒါကြောင့် သင့်ဖိနပ် အရံ ၃.. ၄ဝမှာ ဘယ်တစ်ရံက သင့်ရဲ့ဘယ်အင်္ကျီနဲ့ လိုက်ဖက်တယ်ဆိုတာကို သူဘယ်လို သိနိုင်မှာလဲ...
Nine Nine Sanay
Read more →
Wednesday, September 25, 2013
လေ့လာရသလောက် မိန်းမတွေပြောတဲ့စကားနဲ့ အဓိပ္ပါယ်များ ...
,
( ၁ ) ကောင်းပြီလေ … ရန်ဖြစ်ပြီးတဲ့အချိန်မိန်းမတစ်ယောက်သုံးတတ်သည့်စကားဖြစ်သည် … ထိုအချိန်မှာ သူသာအမှန်ဖြစ်ပြီး သင်ကတော့ပါးစပ်ပိတ်ထားရန်သာလိုသည် …
( ၂ ) ဘာမှမပာုတ်ပါဘူး … အဲ့လိုပြောရင်တော့တစ်ခုခုကိုသူသိထားပြီ … သင်သတိထားဖို့လိုနေပြီ
( ၃ ) လုပ်ကြည့်လေ …. အဲ့ဒါမျိုးပြောရင် ခြိမ်းခြောက်တာပါ … လုပ်ပါလို့ခွင့်ပေးလိုက်တာမပာုတ်ပါဘူး … သင့်အနေနဲ့ မလုပ်တာအကောင်းဆုံးပဲ
( ၄ )ဘာပဲဖြစ်ဖြစ်ပါ …. အဲ့ဒီစကားပြောရင်တော့ သေချာတယ် သင့်ကိုသူအကြောင်းတစ်ခုခုကြောင့် ရစ်တော့မည်
( ၅ ) ရပါတယ် … အဲ့လိုပြောလိုက်ရင်တော့ သူကသင့်အမှားအတွက်ဝန်ခံဖို့အချိန်ပေးလိုက်တာပဲ … တောင်းပန်လိုက်တာပိုကောင်းမယ်
( ၆ ) ဘာ !! …. အဲ့လိုပြောလိုက်တာပာာ … သင်ပြောတာကိုသူမကြားတာမပာုတ်ပါဘူး … သင့်ပြောတဲ့စကားကိုပြင်ချင်ရင် ပြင်လို့ရသေးတယ်ဆိုပြီး အခွင့်အရေးပေးလိုက်တာ …
( ၇ ) ဘာမှလာမပြောနဲ့တော့ …. အဲ့ဒီစကားမျိုးပြောလာရင်တော့ သင့်အနေနဲ့ တရစပ်စကားပြောနေဖို့လိုနေပြီ … မပာုတ်ရင်တော့ ရှေ့လျှောက်စကားပြောရဖို့ရှိဘူး …
( ၈ )အော် ပာုတ်လား … အဲ့ဒီစကားပြောရင် သင်လုပ်တဲ့အရာကိုသူကြိုသိနေပြီးပြီ … ဘာမှဆင်ခြေပေးမနေနဲ့တော့ …
( ၉ ) အင်းပါ …. အဲ့ဒီစကားပြောရင်တော့ သူကသင့်အပြစ်ကိုသိတယ် … ဒါပေမယ့်မသိချင်ယောင်ဆောင်ပေးလိုက်တာဆိုတဲ့သဘောမျိုးပဲ ….
( ၁၀ ) အော် … အဲ့ဒီစကားကတော့ သင်လုပ်တာပာာဘာမှမထူးဆန်းဘူး … ငတုံးငါသိပြီးသားလို့ အဓိပ္ပါယ်ရပါတယ် …
~OMG~
ဖေလေး
Read more →
Monday, September 23, 2013
အပျိုကြီးများရဲ့ အားနည်းချက်များ
,
၁- ရေချိုးပြီးသနပ်ခါးသွေးပေးမယ့်သူမရှိခြင်း
၂-အိပ်မက်ဆိုးများဖြင့်ညတရေးနိုးလန့်နိုးသော်...နှစ်သိမ့်ရာမရှိခြင်း
၃-အတင်းပြောသမျှ ခေါင်းတညိတ်ညိတ်ဖြင့်နားထောင်ပေးမယ့်သူမရှိခြင်း
၎-ဈေးဝယ်ထွက်ရာတွင် အထုပ်ပေါင်းများစွာကို ကိုယ့်အားကိုကိုးဆွဲသယ်ရခြင်း
၅-အိမ်ကစက်ပစ္စည်း ၊လျှပ်စစ်ပစ္စည်းများပျက်လျှင် ဆိုင်သို့ သာပို့ရရ်ျ
ပိုက်ဆံကုန်ခြင်း
၆-နေရာတကာ မီတာဆောင်၊ဖုန်းခွန်ဆောင် မိမိဘာသာသွားလာ ၇ခြင်း
၇-ဆရာလုပ်ခြင်း ပြောချင်တိုင်းပြောခြင်းကိုနာခံမယ့်သူမရှိခြင်း
၈-အများတကာမှ သီတင်းကျွတ်တိုင်းမစားရသေးဘူးလား၊ ဘယ်တော့လဲ၊စသဖြင့်ရိထေ့ငေါ့ခြင်းကို
အောင့်သီးအောင့်သက်ဖြင့် ခံစားနားဆင်ရခြင်း၊
၉-အလှပြင်ပြီးတိုင်း ကြည့်ပြီးလိုအပ်ချက်ပြောပေးခြင်းကိုမခံရခြင်း
၁၀-လကုန်တိုင်း ယောက်ျားအပ်သော အပိုပိုက်ဆံကိုမရခြင်း
၁၁-သရဲကားကြည့်ပြီး ကြောက်တိုင်း ခေါင်းအုံးကိုသာတင်းတင်းဖက်ထားရခြင်း
၁၂-ညောင်းညာတိုင်း အနှိပ်သည်ကိုသာအားကိုး၇ခြင်း
၁၃-လိုင်းကားတိုးစီးရာတွင်အကာကွယ်မရရှိခြင်း
၁၄-ယောင်္ကျားလေးများ၏ မထိတထိစနောက်ခြင်းကို အပြင်သွားလာတိုင်း ခံ၇ခြင်း
၁၅-နေမကောင်းသည့်အခါ ကူကယ်ရာမဲ့ခြင်း
၁၆- မိုးသည်းထန်စွာရွာပြီး..မိုးခြိမ်းသည့်အခါများတွင်
တယောက်တည်းစောင်ခေါင်းမြီးခြုံ
ကြောက်လန့်နေရခြင်း
၁၇- အိမ်တွင်သူခိုးကပ်သည့်အခါ မအော်ရဲခြင်း
၁၈-ဘုရားသွားသည့်အခါ..အားမလိုအားမရ သူများတွေကိုသာငေးနေရခြင်း
၁၉-မင်္ဂလာဆောင်ဖိတ်စာရသည့်အခါများတွင် အားငယ်ခြင်းကိုခံစားရခြင်း
၂၀- သွားချင်ရာသွား..အိမ်ပြန်လာသည့်အခါ စိတ်ပူပန်စွာဖြင့်
စောင့်မျှော်မည့်သူမရှိခြင်း
၂၁-အိမ်မှုကိစ္စများကို မိမိတယောက်တည်းသာသိမ်းကြုံးလုပ်ရခြင်း
၂၂-မိဘများမှ ကလေးကဲ့သို့ နေရာမပေးဆက်ဆံခြင်းကိုသာ တချိန်လုံးခံရခြင်း
၂၃-မိုးရွာသည့်အခါထီးဆောင်းပေးမည့်သူမရှိခြင်း
၂၄-မိမိလက်စွမ်းပြချက်ထားသမျှ ကောင်းလိုက်တာဟု...ချီးမွမ်းအားပေးမည့်သူ မရှိခြင်း
၂၅-ပွဲလမ်းဘဘင် ၊ အလှူအတန်းများတွင်..အသိစုံတွဲများကြားတွင် တယောက်တည်း
ယောင်နန ထိုင်နေရင်း..မိတ်ဆက်ပေးစရာမရှိခြင်း
၂၆--ကားကိုမိမိကိုယ်တိုင်သာ မောင်းနှင်သွားလာရခြင်း..
၂၇--မောင်ရေ..ကိုကိုရေ..ဟုချွဲနွဲ့ ပြီး အလိုရှိရာပစ္စည်းကို ပူဆာခွင့်မရခြင်း....၊
၂၈-မိမိပြက္ခဒိန်တွင် အထိမ်းမှတ်နေ့ စွဲများမရှိခြင်း၊အထိမ်းအမှတ်
လက်ဆောင်များမရခြင်း
၂၉-စိတ်ညစ်၇်ျငိုတိုင်းချော့မည့်သူမရှိခြင်း
၃၀- တခြားမှာစိတ်ညစ်တိုင်း ရန်လုပ်စိတ်ကောက်ပေါက်ကွဲရန်လူမရှိခြင်း
Read more →
Sunday, September 15, 2013
သတိထားသင့်သော မိန်းကလေးများ၏ ညို့ချက် (၈)ချက်
,
ဒီတစ်ခါယောက်ျားလေးတွေသိထားသင့်တယ်နော် အဲ့လိုမျိုးတွေ မိန်းကလေးတွေက ဖြစ်နေပြီဆိုရင် ကိုယ့်ကိုညို့နေပြီဆိုတာ သိထားကြဟေ့
ညို့ချက် (၁)
တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါ
ယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ် "သိတံ" လို့ ခေါ်တယ်။ (မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ)
ညို့ချက် (၂)
တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက်
နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။ (မကြားတကြားနဲ့ သတိထားရမယ့် ဆည်းလည်းသံလေးတွေပေါ့)
ညို့ချက် (၃)
တစ်ချို့ မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေးတစ်ယောက်ရဲ့ ရှေ့ကိုရောက်ရင်ကြောက်ပြ၊ စိုးထိတ်ပြတတ် တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။ (အားကိုးခံချင်တဲ့ ယောက်ျားလေးတွေအကြိုက်ပေါ့ဗျာ နောက်မှ(ညားပြီးမှ) မိန်းမကြမ်းကြီးဖြစ်နေတတ်မို့ သတိရှိ ဟိဟိ)
ညို့ချက် (၄)
တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။
လျှာတစ်လစ်ထုတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်လေး "လဇ္ဇ" လို့ခေါ်တယ်။ (ကလေးဆန်တယ် ချစ်စရာကောင်းတယ်ဆိုပြီး အသည်းယားရင်း ယားရင်း ချစ်သွားတတ်တဲ့ ပုံစံမျိုးပေါ့။ သတိထားကြနော် လျှာတစ်လစ် ထုတ်တုန်းက ချစ်စရာကောင်းခဲ့ပြီး ညားပြီးမှ အဲဒီလျှာကပဲ ဗျစ်တောက် ဗျစ်တောက် မြည်တွန်တတ်တယ်ဆိုတာ …..အဟဲဟဲ)
ညို့ချက် (၅)
တစ်ချို့မိန်းကလေးတွေကျတော့ စကားကိုမကြားတစ်ကြားဖြစ်အောင် လုပ်ပြောတတ်တယ်။ အဲ့ဒါကတော့ ညှို့ချက် နံပါတ်ငါး"မန္ဓ၀ါစာ" လို့ခေါ်တယ်။ (ချစ်တယ်ဆိုတဲ့ အဖြေကို မပေးချင်ပေးချင် ပေးရတဲ့ လေသံမျိုးပေါ့ နောက်တော့လည်း အတင်းအဖျင်းပြောရင် အသုံးဝင်လာ တတ်တဲ့ ညို့နည်းလေးပေါ့)
ညို့ချက် (၆)
မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။ (ရုပ်ရှင်တွေထဲမှာ အနှေးရိုက်ပြရင် သိပ်ကိုကြည့်ကောင်းတဲ့ ပုံစံမျိုးပေါ့ ညားပြီးတဲ့အခါမှ ထောင့်ကပ်ကြည့်တာမဟုတ်ဘဲ မျက်စောင်းတွေချည်း တဒိုင်းဒိုင်းအထိုးခံရနေနိုင်တဲ့ အကြည့်မျိုးပါ ဟဲ ဟဲ)
ညို့ချက် (၇)
မျက်ရည်ကျပြတာက ညို့ချက်ခုနှစ် "ရုဒါ"တဲ့။ (သနားရာကနေ ဟင်း ဟင်း ဟင်း ချစ်မိသွားတယ်ဆိုတာမျိုးပေါ့ မျက်ရည်ဆိုတာက မိန်းမတွေရဲ့ လက်နက်လေ အဲဒီလက်နက်နဲ့လည်း ကိုယ်တွေကို ခြွေသွားတတ်တယ်နော်)
ညို့ချက် (၈)
မခံချင်အောင် စကားနာထိုးတာက ညို့ချက်ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။ (စကားနာထိုးစဉ်က မနာဘဲ ပိုပိုချစ်တတ်တဲ့လူတွေ အိမ်ထောင်ကျပြီးတော့ အရမ်းနာတတ်တဲ့ ညို့ချက်လေးပါ အဟိ)
အခုဖော်ပြခဲ့တာကတော့ ယောက်ျားလေးတွေကို ကျအောင်ညို့ နိုင်တဲ့ မိန်းကလေးတွေရဲ့ ညို့နည်း ၈ မျိုးပါ။
သတိထားပြီး အမျိုးသားများ လွတ်အောင်သာ ရှောင်ကြပေတော့ မရှောင်ချင်ရင်လည်း လာမယ့်ဘေး ပြေးတွေ့လိုက်တာပေါ့..........ဟဲဟဲ
ယောကျာင်္းလေးများသတိထားနိုင်ရန် စေတနာဖြင့်  မျှဝေလိုက်ပါသည်
Read more →
Friday, September 6, 2013
KIA မှ ABSDF(မြောက်ပိုင်း) တပ်ဖွဲ့ဝင်များကို လက်နက်သိမ်း၍ အကျယ်ချုပ်ဖြင့်ထား
,
KIA နယ်မြေတွင်း အခြေစိုက် စခန်းချလျှက်ရှိသော ABSDF (မြောက်ပိုင်း) တပ်ဖွဲ့ဝင်များကို သြဂုတ် လ ၂၈ ရက်နေ့မှစပြီး KIA ဗဟိုဌာနချုပ်မှ လက်နက် များ ပြည်လည်သိမ်း ဆည်း ကာ နေအိမ် အ ကျယ်ချုပ် ဖြင့်ထားရှိ ကြောင်း ABSDF မြောက်ပိုင်းအဖွဲ့ဝင် တစ်ဦးမှ ပြောကြားခဲ့သည်။ ၎င်းမှ လက် ရှိဖြစ်နေ သည့် ပြဿနာမှာ ABSDF မှ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ မှုကြောင့် ဖြစ်ကြော င်းေ အာက်ပါအတိုင်းပြောကြားခဲ့သည်။
“ABSDF (မြောက်ပိုင်း) အဖွဲ့က KIA အကူအညီနဲ့ ပြန်ဖွဲ့ထားတာ… အရင် တုန်းက အစိုးရ နဲ့ KIA တိုက်ပွဲဖြစ်တုန်းက KIA ဖက်က ပူးပေါင်းတိုက်ခိုက်ဖို့ KIA ဗဟို ကနေ လက်နက်နဲ့ ကျည်တွေပေး ထား တယ်… အခု ABSDF ဥက္ကဌ ကိုသံခဲတို့က အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ မြောက်ပိုင်း ကအဖွဲ့တွေလဲပါလာတော့ KIA ရဲ့ ခွင့်ပြုချက်မရပဲ လုပ်တယ်ဆိုပြီး လက်နက်တွေ အကုန်လိုက် သိမ်းတယ်… ခေါင်းဆောင်တွေကိုလည်း အိမ်မှာပဲနေခိုင်းပြီး စောင့်ကြည့်နေတယ်…” ဟု ၎င်းက ဆိုသည်။
ယခုနှစ်အတွင်း အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ နှင့် ABSDF တို့ မေ လတွင် တစ်ကြိမ်၊ ဇူ လိုင်လ ၁၁ ရက်နေ့တွင် တစ်ကြိမ်၊ သြဂုတ်လ ၄ ရက်နေ့ တွင် တစ်ကြိမ် ဆွေးနွေးခဲ့ကြပြီး သြဂုတ် လ ၄ ရက်နေ့ ဆွေးနွေး ပွဲတွင် ABSDF ဥက္ကဌ ကိုသံခဲနှင့် အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီး ဦးအော င် မင်းတို့ ကိုယ်တိုင်တွေ့ဆုံကာ နှစ်ဖက် သဘောတူ စာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်။ ထို့နောက် သြဂု တ် လ ၂၈ ရက်နေ့တွင် KIA မှ ABSDF အား ထောက်ပံ့ထားသည့် လက်နက် ခဲယမ်းအားလုံး ကို ပြ န်လည်းသိမ်း ဆည်းကာ အဖွဲ့ဝင်များကိုလည်း အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားကြောင်း သိရသည်။
ယခုအခါ ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံ ကိုမင်းဌေး၊ နိုင်ငံရေး တာဝန်ခံ ဦးလဆိုင်း နဲ့ တပ် ရင်းမှူး ဦးအောင်ဆွေဦးတို့ (၃) ဦးကို KIA ဌာနချုပ်မှ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားကြော င်း သိရပြီး KIA တပ်ဖွဲ့ဝင်အချို့၏ ပြောကြားချက်များအရ ကိုမင်းဌေး မှ ABSDF တပ်ဖွဲ့ဝင်ဟောင်း များနှင့် KIA မသိအောင် ဆက်သွယ်မှုများ ပြုလုပ်ခဲ့ပြီး ABSDF တောင်ပိုင်းအဖွဲ့များနှင့် ပူးပေါင်းရန် ကြံစည်နေမှုကို KIA ဗဟိုက မလိုလား တာကြောင့် လက်နက်များ သိမ်းဆည်းခြင်းဖြစ်ကြောင်း သိရရှိရသည်။
၎င်းအခြေအနေကို ဖြေရှင်းရန်အတွက် ကျောင်းသားတပ်မတော် ဥက္ကဌ ကိုသံခဲနှင့် အဖွဲ့သည် KIAေ ခါ င်းဆောင်များနှင့် ဆွေးနွေးရန် လိုင်ဇာမြို့သို့ ထွက်ခွာ သွားကြောင်း သိရသည်။
ABSDF (မြောက်ပိုင်း)အဖွဲ့ အား ၁၉၈၉ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော မြန်မာနို င်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး(ကချင်)ဖြစ်ပြီး KIA ဗဟိုဌာနချုပ် ရှိရာ သို့ တောခို ၀င်ရောက် လာသည့် ကျောင်းသားများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဖွဲ့ အစည်း အေ နဖြင့် ABSDF (မြောက်ပိုင်း)သည် ABSDF(ဗဟို)၏ လက်အောင် တွင်ရှိပြီး စစ်ပညာများကို KIA မှ ပို့ချေ ပးခဲ့တဲ့အပြင် လက်နက်ခဲယမ်း များကိုလည်း ထောက်ပံ့ပေးကာ KIA တပ်ရင်းများနှင့် စစ်ေ ရးလှုပ်ရှားမှုများ တွဲဖက်လုပ်ဆောင် ခဲ့သည်။ ABSDF(မြောက်ပိုင်း) အဖွဲ့တွင်း သဘော ထားကွဲ မှုနှင့် အထင်လွဲမှုများမှတစ်ဆင့် ၁၉၉၂ ခုနှစ် ဖေဖော် ၀ါရီလတွင် အဖွဲ့သားအချင်းချင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပေါ်ခဲ့ရာမှ ပြိုကွဲသွားပြီး ကျန်ရှိသော ABSDF (မြောက်ပိုင်း) အဖွဲ့ဝင်အ နည်းငယ်မှာ KIA နယ်မြေအတွင်း ဆက်လက်နေထိုင်ကာ KIA နှင့် စစ်ရေးပူးပေါင်း ဆောင် ရွက်မှု များ လုပ်ဆောင်လျှက်ရှိသည်။
Planet Myanmar Network
Read more →
Sunday, September 1, 2013
၁၇ နှစ်သာ ရှိသေးတဲ့ ရုရှား အလေးမမယ် Juila Vins
,
၁၇ နှစ်သာ ရှိသေးတဲ့ ရုရှား အလေးမမယ် Juila Vins ပာာကြွေရုပ် ကလေးနဲ့ တူတဲ့ မျက်နှာ ပိုင်ရှင် ဖြစ်ပြီး ခြေထောက် နဲ့ လက်မောင်း များမှာလည်း တောင့်တင်းလှတဲ့ ကြွက်သားတွေ ပိုင်ဆိုင်ထား ပါတယ်တဲ့။
Yulia Viktorovna Vins, သို့မပာုတ် Julia Vins ပာာ online bodybuilding နဲ့အလေးမခြင်း (powerlifting) ဆိုင်ရာ ကွန်မြူနတီ တွေမှာ လူသိများတဲ့ ကောင်မလေး တစ်ယောက်ပါ။ သူမပာာ ၁၇ နှစ်သာ ရှိသေးတဲ့ ရုရှား အလေးမ မယ်ပာာ သူမရဲ့ အရုပ်နဲ့ တူတဲ့ မျက်နှာနဲ့ အထင်ကြီးစရာ ကောင်းတဲ့ ကိုယ်လုံးကိုယ်ဟန် ကိုရိုက်ထားတဲ့ ဓာတ်ပုံတွေကြောင့် အင်တာနက်မှာ နာမည်ကြီး နေပါတယ်။
JuliaVins
ရုရှားနဲ့ အရင်က Union of Soviet Socialist Republics (USSR) နိုင်ငံတွေက သူတို့ရဲ့ အရုပ်နဲ့တူတဲ့ အလှပိုင်ရှင် တွေကို ဖော်ထုတ်တတ်ပြီး  Valeria Lukyanova, Anastasia Shpagina နဲ့ Anzhelika Kenova တို့ပာာ နာမည်ကြီး ကြပါတယ်။ ဒါပေမယ့် သူတို့မှာ Yulia Vins လောက် အားကျဖွယ် ခန္ဓာကိုယ်ကို မပိုင်ဆိုင် ထားပါဘူး။ ရုရှားနိုင်ငံ Engelsမြို့မှ ငယ်ရွယ်သေးတဲ့ အားကစားမယ် ပာာ ကြွေထည် ရုပ်လေး ကဲ့သို့ မျက်နှာ ရှိပေမယ့် သူမရဲ့ တောင့်တင်း လှတဲ့ ခြေထောက်နဲ့ လက်မောင်းများမှ ကြွက်သားတွေပာာ တစ်ချို့ယောက်ျား တွေကို ရှက်သွားစေ နိုင်ပါတယ်။ မကြာခင်က အင်တာဗျူး တစ်ခုမှာတော့ Yulia ကသူမ လေ့ကျင့်ခန်း စလုပ်တာက သန်သန်မာမာ ဖြစ်လာဖို့နဲ့ ကိုယ်ကိုကိုယ် ယုံကြည်မှု တည်ဆောက်ချင် လို့ပါ။ အလေးမ ကစားမယ် ဘဝကို ရောက်ဖို့ စိတ်ကူးတောင် မရှိခဲ့ဘူး လို့ဆိုပါတယ်။
JuliaVins
အစ ပထမနှစ် မှာတော့ သူမပာာ လေ့ကျင့်ခန်း အစီအစဉ် တွေမပါပဲ သူမရဲ့ ကြွက်သား တွေကို လေ့ကျင့် ခဲ့ပါတယ်။ ဒါပေမယ့် သူမပာာ နည်းပေး လမ်းပြ လိုမယ်လို့ ဆုံးဖြတ်ခဲ့ ပါတယ်။ နောက်ပိုင်း မှာတော့ အားကစား လေ့ကျင့်ရေး ကျောင်းတစ်ခု မှာလေ့ကျင့် ခဲ့ပြီး တစ် ယောက်တည်း ရှိတဲ့ နည်းပြပာာ အလေးမတဲ့ အားကစားမှာ အထူးပြု ထားတာပါ။ Yulia ပာာပုံမှန် နည်းကိုပဲ ရွေးချယ်ခဲ့ ပါတယ်။ ဘာလို့လဲ ဆိုတော့ သူမရဲ့ ခန္ဓာကိုယ်ကို သင့်တင့်စွာ ဖွံ့ဖြိုးချင် ခဲ့လို့ပါ။ တစ်နှစ် အတွင်းမှာ သူမပာာ သာမန်ထက် ထူးထူး ကဲကဲ တိုးတက်အောင် လုပ်နိုင်ခဲ့ ပါတယ်။ သူမပာာ အခုခါ မှာတော့ စက်တင်ဘာလ မှာကျင်းပ မယ့်သူမ အတွက် ပထမဆုံး တရားဝင် အလေးမ ပြိုင်ပွဲ အတွက် ပြင် ဆင် နေပါတယ်။
JuliaVins
သူမမှာ သူမကို ချစ်ခင်တဲ့ သူတွေ ရှိပေမယ့် သူမရဲ့ ရွေးချယ်မှုကို ဝေဖန်ပြီး သူမပာာ သူမ ခန္ဓာကိုယ် ကိုနှိပ်စက် နေတယ်လို့ ပြောတဲ့ သူတွေလည်း ရှိတယ်လို့ Julia Vins ကဝန်ခံ ပါတယ်။ နောက်ပိုင်းတော့ သူမက အဲဒီလို မှတ်ချက်မျိုး တွေကို လျစ်လျူရှု ဖို့ကြိုးစား နေပါတယ်။ ဒါပာာ သူမဘဝ၊ သူမ ခန္ဓာကိုယ် ဖြစ်ပြီး အခြားသူ တွေပာာ သူတို့ အတွေး တွေနဲ့ သူမ ကိုစည်းကြပ် မှုတွေ လုပ်တာ မုန်းပါတယ် တဲ့။ "ကျွန်မရဲ့ ရွေးချယ်မှုကို လေးစားတဲ့ လူတွေ ရှိမှာပါ။ သို့မပာုတ် သူတို့ သဘောမတူ တဲ့အကြောင်း ရှင်းလင်း ပြည့်စုံစွာ ရှင်းပြတဲ့ လူလည်း ရှိမှာပါ။ ဒါပေမယ့် တစ်စုံတစ်ယောက်ကို သူရဲ့ အိပ်မက်တွေ နောက်လိုက် နေတဲ့ အချိန်မှာ အသရေဖျက် ပြောဆိုတာ အတွက် ရလာနိုင်တာ ဘာမှ မရှိပါဘူး လို့ ငယ်ရွယ်တဲ့ အားကစားမယ် ကဆိုပါတယ်။
JuliaVins
သူမရဲ့ သူငယ်ချင်း တွေပာာ သူမကို အမြဲ ပံ့ပိုးပေးပြီး တစ်ချို့ဆို သူကို နမူနာ ယူပြီး gym ကိုလာကြ တဲ့သူ တွေလည်း ရှိပါတယ်။ Yulia ပာာ ၆၀ ကီလို အလေးမတန်း မှာအနိုင် ရရှိခဲ့ ပါတယ်။ သူမရဲ့ အချက်အလက် တွေကတော့ 130kg, bench press – 75 kg,  jerk – 140 kg တို့ဖြစ် ပါတယ်။
Read more →
Monday, August 26, 2013
ဓမ္မတာ နေ့ရက်တိုင်း လန်းဆန်းနေစေရန် (အမျိုးသမီးတိုင်း ဖတ်သင့်သော စေတနာ့ဆောင်းပါ)
,
မိန်းကလေးတွေရဲ့ ဘဝမှာ အပျိုဖော်ဝင်ချိန်မှစပြီး သွေးမဆုံးမချင်း (ကိုယ်ဝန်ဆောင်တာ၊ ပဋိသန္ဓေတားဆေး သောက်တာ၊ ရာသီထိမ်တာ စတဲ့ အကြောင်းရင်းတွေ မရှိဘူးဆိုရင်) လစဉ် ဓမ္မတာ ရာသီလာလေ့ ရှိပါတယ်။ တစ်ကြိမ်ရာသီလာတိုင်း ပျမ်းမျှအားဖြင့် အချိန်သုံးရက်မှ ငါးရက်ခန့် ကြာမြင့်တတ်ပါတယ်။ ရာသီလာတဲ့အချိန်မှာ အမျိုးသမီးအများစုဟာ ဗိုက်အောင့်တာ၊ လေပွတာ၊ ရင်သားနာကျင်တာ၊ အစာချဉ်ခြင်းတပ်တာ၊ စိတ်မသက်မသာ ခံစားရတာ၊ ခေါင်းကိုက်တာနဲ့ ညောင်းညာကိုက်ခဲမှု စတဲ့ဝေဒနာတွေကို ခံစားရလေ့ရှိပါတယ်။ တချို့ အမျိုးသမီးတွေမှာတော့ ရာသီမလာခင် ရက်အနည်းငယ် အလိုကတည်းက ဒီဝေဒနာတွေကို ပြင်းပြင်းထန်ထန် ခံစားရတတ်တဲ့အတွက် ဒါကို ရာသီအကြိုဝေဒနာ (Premenstrual Syndrome) လို့ခေါ်ပါတယ်။ ရာသီလာတဲ့ အချိန်အတောအတွင်းမှာ ခေါင်းလျှော်ရေချိုးရင် အအေးမိတတ်တယ်ဆိုတဲ့ အယူအဆကြောင့် ရေမချိုး၊ ခေါင်းမလျှော်ဘဲ မနေသင့်ပါဘူး။ တကယ်တော့ ရာသီလာချိန် နေ့ရက်တွေမှာ ပုံမှန်အတိုင်း ကျန်းမာသန့်ရှင်းနေအောင် ထိန်းသိမ်းနေထိုင်ဖို့ အရေးကြီးပါတယ်။
ဓမ္မတာ လာစဉ် မိန်းမကိုယ်မှ အနံ့ဆိုးထွက်ခြင်း ကင်းစေရန်
မိန်းကလေးအများစုဟာ သူတို့ရဲ့ မိန်းမကိုယ်မှ အနံ့ဆိုးထွက်နေမှာ ဒါမှမဟုတ် သူတို့ရာသီလာမှန်းတခြားသူတွေ ရိပ်မိသွားမှာကို စိုးရိမ်တတ်ကြပါတယ်။ တကယ်တော့ ပုံမှန်အခြေအနေမှာ မိန်းမကိုယ်ကနေ ဘာအနံ့မှ မထွက်တတ်ပေမယ့် ရာသီသွေးဆင်းချိန်မှာတော့ အနံ့အသက် အနည်းငယ် ထွက်နိုင်ပါတယ်။ ဒီအခြေအနေအတွက် စိတ်မပူပါနဲ့။ ရာသီလာစဉ် အတောအတွင်းမှာ လစဉ်သုံး ဂွမ်းထုပ်ကို မကြာခဏ လဲလှယ်ပေးတာ၊ နေ့စဉ် အချိန်မှန် ရေချိုး ခေါင်းလျှော်တာ၊ ရေချိုးပြီးတိုင်း သန့်ရှင်းခြောက်သွေ့ကာ မီးပူတိုက်ထားတဲ့ အဝတ်အစားနဲ့ အတွင်းခံ အဝတ်အစားတွေကို ဝတ်ဆင်တာ စတဲ့ အလေ့အထတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ အဲဒီလို ပြုလုပ်ပြီးတာတောင် အချိန်ကြာတဲ့အထိ ငါးညှီနံ့လို အနံ့ဆိုးထွက်နေရင်၊ ပုံမှန်ထက် ပိုမိုဆိုးရွားတဲ့ အနံ့မျိုးရနေရင်၊ ဒီလိုအနံ့ထွက်တာနဲ့အတူ မိန်းမကိုယ် ယားယံတာ၊ အနာဖြစ်တာတို့ တွဲရှိရင် မိန်းမကိုယ်မှိုစွဲတဲ့ အခြေအနေ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကာ ကုသမှု ခံယူသင့်ပါတယ်။
မိန်းမကိုယ်ကို အလွန်အမင်း သန့်ရှင်းရေးလုပ်ခြင်းကြောင့် မထိခိုက်စေရန်
တချို့ မိန်းကလေးတွေဟာ ရာသီလာချိန်မှာ မိန်းမကိုယ် အတွင်းပိုင်းထဲအထိ ရေပန်းနဲ့ဆေးကြောတာ၊ အနံ့ဆိုးပျောက်အောင် အနံ့မွှေးလွန်းတဲ့ ဆပ်ပြာနဲ့ တိုက်ချွတ် ဆေးကြောတာနဲ့ အမွေးနံ့သာ ဖျန်းဆေးသုံးတာ စတဲ့ နည်းလမ်းတွေကို အလွန်အကျွံ ဆောင်ရွက်တတ်ကြပါတယ်။ မိန်းမကိုယ်အတွင်းပိုင်းထဲအထိ ဆေးကြောတာက မိန်းမကိုယ်တစ်ဝိုက် pH ဓာတ်ကို မညီမမျှ ဖြစ်စေတာကြောင့် ဓာတ်မတည့်မှု ဖြစ်တာ၊ ယားယံတာနဲ့ ကူးစက်ပိုး ဝင်တာတွေအထိတောင် ဖြစ်နိုင်ခြေရှိပါတယ်။ အမွှေးနံ့သာဖျန်းဆေးတွေ၊ အနံ့အသက် ပျောက်ဆေးတွေကို သုံးစွဲတာကလည်း ဓာတ်မတည့်မှု၊ ပိုးဝင်တာနဲ့ ယားယံကာ စပ်ဖျဉ်းဖျဉ်း ဖြစ်တာတွေအထိ ဖြစ်တတ်နိုင်ပါတယ်။ မိန်းမကိုယ်မှာ သဘာဝ သန့်စင်ဆေးကြောတဲ့စနစ် ရှိပြီးသားပါ။ ဓာတုပစ္စည်းပါဝင်တဲ့ ဘယ်သန့်စင်ရေး အသုံးအဆောင်ကိုမှ မသုံးသင့်ပါဘူး။ ရာသီလာတဲ့ နေ့ရက်တွေမှာ တခြားနေ့တွေမှာလိုပဲ အမွှေးရနံ့မပါတဲ့ ဆပ်ပြာပျော့နဲ့ ကြက်သီးနွေးရေကိုသုံးပြီး မိန်းမကိုယ်အပေါ်ယံကို ဆေးကြောသန့်စင် ပေးနိုင်ပါတယ်။ ဝမ်းသွားပြီး သန့်စင်ဆေးကြောတဲ့အခါ အရှေ့ဘက်မှ အနောက်ဘက်ကို သန့်စင်ပေးပါ။ ရေချိုးတဲ့အခါ ကြက်သီးနွေးရေသုံးပြီး ချိုးပေးရင် ရာသီလာချိန်အတွင်း ခံစားရတတ်တဲ့ ကိုက်ခဲနာကျင်မှုကို သက်သာစေပါတယ်။
ဓမ္မတာ လာစဉ် မိန်းမကိုယ် ယားယံခြင်း ကင်းစေရန်
ရာသီလာချိန် အတောအတွင်းနဲ့ ရာသီလာပြီးချိန်တွေမှာ မိန်းမကိုယ်တစ်ဝိုက် အရေပြား ယားယံတာ၊ အဖုငယ်တွေ ပေါက်တာတွေက ဓာတ်မတည့်တဲ့ အခြေအနေပါ။ ဒီလို ဓာတ်မတည့်မှုတွေ ဖြစ်ပေါ်ရတာက လစဉ်သုံး ဂွမ်းထုပ်ပဝါကို လဲလှယ်သင့်တဲ့အချိန်မှာ မလဲလှယ်မိတာကြောင့်ပါ။ တကယ်လို့ အောက်ခံဘောင်းဘီမှာ ရာသီသွေး စွန်းထင်းသွားရင် ဂွမ်းထုပ်ပဝါနဲ့အတူ အောက်ခံ ဘောင်းဘီကိုပါ အသစ်လဲလှယ် ဝတ်ဆင်ပါ။ အောက်ခံဘောင်းဘီကို လေဝင်လေထွက်ကောင်းပြီး သက်သောင့်သက်သာ ရှိစေတဲ့ ချည်သားဘောင်းဘီ အမျိုးအစား ရွေးဝတ်ဖို့ လိုအပ်ပါတယ်။
ဓမ္မတာ လာစဉ် ကိုက်ခဲခြင်း ကင်းစေရန်
တချို့ မိန်းကလေးတွေမှာ လစဉ် ဓမ္မတာရာသီလာတိုင်း ကိုက်ခဲနာကျင်မှုကို ပြင်းပြင်းထန်ထန် ခံစားရတဲ့အတွက် ရာသီလာမယ့် နေရက်တွေကို ကြိုတွေးပြီး စိတ်ညစ်နေတတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ လိုက်နာသင့်တဲ့ အချက်တွေကို အကြံပြုချင်ပါတယ်။
(၁) စိတ်ဖိစီးမှု မဖြစ်အောင် နေထိုင်ပါ
စိတ်ပူပင်သောကများတာ၊ စိတ်ရှုပ်တာ၊ စိတ်ညစ်တာတွေကြောင့် ရာသီလာစဉ် ကိုက်ခဲနာကျင်မှု ဖြစ်တတ်သလို ရာသီမမှန်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
(၂) အာဟာရပြည့်ဝသော အစာစားပါ
အဆီအအိမ့်စာတွေရှောင်ပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို များများစားပေးရပါမယ်။ အစာအာဟာရကို ပြည့်ဝမျှတအောင်စားပြီး ဝမ်းမချုပ်အောင် ဂရုစိုက်သင့်ပါတယ်။ အချိန်မှန်စားပြီး အချိန်မှန်မှန် အိပ်စက် အနားယူသင့်ပါတယ်။
(၃) လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းအနေနဲ့ လမ်းလျှောက်တာ၊ ရေကူးတာ၊ ခပ်သွက်သွက်ပြေးတာ၊ စက်ဘီးစီးတာ စတဲ့ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေကို တစ်နေ့ မိနစ် ၃၀ ခန့် ချွေးထွက်တဲ့အထိ လုပ်ဆောင်ပေးသင့်ပါတယ်။ ဒီလို လုပ်တာကြောင့် ခန္ဓာကိုယ်ရှိ အဆီပိုတွေကင်းစေပြီး ကြွက်သားတွေကို သန်စွမ်းလာစေပါတယ်။
(၄) ရာသီလာစဉ် နာကျင်ကိုက်ခဲနေလျှင် စိတ်ဖြေလျှော့ပါ
ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကြောင့် ဒေါသမထွက်ပါနဲ့။ ဒေါသကြောင့် နာကျင်မှုကို ပိုဆိုးစေလို့ပါ။ အိပ်ရာထဲမှာ လဲလျောင်းအနားယူပြီး ဝင်လေ၊ ထွက်လေ မှတ်တာမျိုး၊ တရားစာ ရွတ်တာမျိုး လုပ်ဆောင်ရင်း ဝမ်းဗိုက်မှာ ရေနွေးအိတ် ကပ်ထားပေးပါ။ ကြက်သီးနွေးရေထဲမှာစိမ်ပြီး ရေချိုးပေးတာကြောင့်လည်း ဝေဒနာသက်သာပြီး စိတ်ရောကိုယ်ပါ လန်းဆန်းစေပါတယ်။
(၅) ကိုက်ခဲနာကျင်နေလျှင် အကိုက်အခဲပျောက်ဆေးသောက်ပါ
ရာသီလာစဉ် ကိုက်ခဲနာကျင်မှု ဝေဒနာကြောင့် အိပ်မပျော်ပါက အကိုက်အခဲပျောက်ဆေး တစ်မျိုး (ဥပမာ- Mefenamic Acid 500mg) ကို အစာစားပြီး သောက်ပေးနိုင်ပါတယ်။
ဇွန်ခိုင်ဦး
Read more →
Saturday, August 24, 2013
''အရေးမပေးသင့်သော မိန်းမများ''
,
1. ရတနာသုံးပါးအလေးမထား ပေါ့ပျက်ပျက်နေတက်သောမိန်းမ.....
2. အင်္ဂျာီလယ်ဟိုက် sexy ကြိုက် ယောက်ျားများရှေ့ ကုန်းကုန်းကွကွ လုပ်တက်သော မိန်းမ...
3. ဘောင်းဘီချက်ပျုတ် စတိုင်လ်ထုတ် ဖင်မှီးကုတ်ရိုးပေါ်အောင် ဝတ်ထားသော မိန်းမ.....
4. အင်္ဂျာီပါးပါး တမင်ဝတ်ထား အတွင်းသားတွေကို ပြချင်သော မိန်းမ....
5. စကတ်တိုလက်တအုပ် အရှက်ထုတ် မလုံ့ တလုံပေါ်အောင် ဝတ်တက်သော မိန်းမ....
6. ခေတ်ကိုတင်စား ရင်သားနဲ့ တင်ပါးမှာ Tattooe ထိုးထားသော မိန်းမ....
7. နောက်ကြောပြောင်ချော အမှောင်တောမှာ ကချင် လှုပ်ချင် (DANCE) တဲ့ မိန်းမ....
8. ဘောင်းဘီအသားကတ် အနေမတက် ခြေထောက်ကို ကားထိုင်သော မိန်းမ....
9. ယောက်ျားတွေ့မြင် အကွက်ဆင် ချွဲပျစ်ပျစ်ပြောတတ်သော မိန်းမ....
10. မျက်နှာတစ်ပြင်လုံး ရှဲဒိုးသုံး မြင်မကောင်းအောင် မျက်တောင်တုတွေ တက်ထားသော မိန်းမ....
11. သွားမှာ စိန်မြှုပ် ရယ်စရာမဟုတ် ရယ်စရာလုပ် အီတဖြဲဖြဲ ရယ်ပြနေသော မိန်းမ....
12. လူစုံလျင် ဂျင်းသုပ် သုပ် အတင်းတလှုပ်လှုပ်ပြောတက်သော မိန်းမ....
13. အလုပ်နားရက် ထမင်းမချက် အပျင်းထူပြီး တစ်နေကုန်အိပ်သော မိန်းမ....
14. ဝင်ငွေရရေး လက်မနှေး ဦးနှောက်မရှိတိုင်း ဗေဒင်မေး ချဲထိုးသော မိန်းမ....
15. လမ်းသွားလျင် မျက်စိရွှင် စမတ်ကျသောယောက်ျားတိုင်းကို ပြုံးပြသော မိန်းမ.....
16. အပြောပက်စက် လက်ကသွက် တို့ ဆိတ် လိမ်ဆွဲ အီပြောတက်သော မိန်းမ...
17. အချစ်ကိုရောင်း ပိုက်ဆံတောင်း လိုချင်တာကို ချူယူတက်သော မိန်းမ....
18. အိမ်မှာကြွက်သိုက် အပြင်မှာ ခက်မိုက်မိုက် ဝတ်စားတက်သော မိန်းမ....
19. အတုနဲ့အစစ် ရောလို့ဝတ် လူမြင်တိုင်း အမိအရကြွားတက်သော မိန်းမ...
20. ပြည်ပမှာစာသင် ငါသာသခင်ဟု ပညာဂုဏ်မောက်နေသော မိန်းမ....
21. နိုင်ငံခြားပြန်အခွံသာကျန် အပျိုရည်ပျက်နေသော မိန်းမ...
22. ရည်းစားရှိလည်း နံ့ကြောဆွဲ ကိုယ့်ထက်သာလျင် မျက်စောင်းတစ်ချက် ထိုးပစ်လိုက်သော မိန်းမ....
23. ရင်ဖုံးအင်္ဂျာီချိတ်လုံချည်နဲ့ ဘုရားကအပြန် ကားအမှန်တွေနဲ့ ပါ ပါသွားတတ်တဲ့ မိန်းမ...
24. အရှက်ကနဲ ရက်ကွက်ထဲ လူတကာအော့ကြောလန်အောင် နှုတ်ကြမ်းသော မိန်းမ...
25. ကိုယ့်ထက်သာလျင် အပြစ်မြင် မနာလိုစိတ်ထားရှိသော မိန်းမ....
26. Rapper ဆိုရင် အသေကြိုက် အဖေရိုက်လည်း ရိုက်ပစေဆိုတဲ့ ဆက်စလူးစိန် မိန်းမ....
27. အလုပ်ပြီးလျင် Net ဆိုင်ဝင် လူတကာနဲ့ အရသာခံ Q Q လုပ်တက်သော မိန်းမ....
28. အဖော်နောက်လိုက် အပျော်ကြိုက် လမ်းသလားသော မိန်းမ.....
29. ကိုးရီးယားဆို အထင်ကြီး ငရုပ်သီးစပ်ရင်တောင် အူပါးလို့ အော်တက်တဲ့ မိန်းမ....
30. ညအိပ်ရာဝင် ရေမချိုးချင် ညစ်ပတ်နံစော်နေသော မိန်းမ......
မည်းသူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ထားခြင်းမရှိပါဘူးခင်ဗျာ...
ဗဟုသုတနေနှင့်ပဲ တင်ပေးထားတာပါနော်..
From:Myawady News
Read more →
Friday, August 23, 2013
ယောက်ျားများကြောက်သော မိန်းမ (နိုင်းနိုင်းစနေ)
,
ကြည့်ရတာ စိတ်ဝင်စားကြတဲ့အတွက် ထပ်တင်လိုက်ပါတယ်။ ကျွန်မလည်း ဒီ(၁၀)မျိုးထဲက အနည်းဆုံး (၇) မျိုးလောက်တော့ နည်းနည်းစီပါ ပါတယ်။ အချိန်ယူပြီး ၀င်ရောက်ဖတ်ရှု့တဲ့အတွက်လည်း ကျေးဇူး တင်ပါတယ်။
ဘယ်လို မိန်းကလေးမျိုးကို ယောက်ျားများ ကြောက်ကြပါသလဲ။ မိန်းကလေး  တိုင်း (၁၀)မျိုးထဲတွင် တစ်မျိုးမက နှစ်မျိုးပါဝင်နေမည်မှာ ဧကန်မလွဲပင်။ သင်သည် ဘယ်လိုမိန်းကလေးမျိုးလဲ ကိုယ်ကို သုံးသပ်ဖူးပါသလား။
(၁) ညစ်ပတ်သောမိန်းမ
ညစ်ပတ်သောယောက်ကျားမှာ ချစ်သူရနိုင်သော်လည်း ညစ်ပတ်သော မိန်းကလေးကိုမူ နှာခေါင်းရှုံ့ ချင်ကြသည်။ မသန့်ရှင်းသော မိန်းကလေးများ၏ အိပ်ခန်းမှာ အမှိုက်ဗုံးများ ပေါက်ကွဲထား သလို   ကျောချစရာမရှိအောင် ရှုတ်ပွနေတတ်သည်။ ပစ္စည်းတစ်ခု ပျောက်လျှင် လွယ်လွယ်နှင့် ရှာလို့မ ရတော့ပေ။ ၄င်းကဲ့သို့သော မိန်းကလေးသည် အပြင်ထွက်လျှင် ရှုပ်ပွနေသော အိတ်ထဲမှ သော့ကို အလွယ်တကူ ရှာမတွေ့ နိုင်တော့။ ၀တ်ထားသော အ၀တ်အစားမှာလည်း အ၀တ်လျှော်စက်ထဲက ယခုမှထုတ်လာသည့် အတိုင်းပင်၊ ၀တ်ထားသော အနွေးထည်မှာလည်း ကြယ်သီးများပြုတ်၊ ချုပ်ရိုးများ ပြေနေတတ်သည်။ လက်သည်း ခြေသည်းများလည်း ဂျီးများနှင့် မဲနေတတ်ပြီး ဆိုးထားသော လက်သည်းနီများလည်း ညီညာမှု မရှိပေ။ အဆိုးဆုံးမှာ စကားပြောဖို့ ပါးစပ်ဟလိုက်သည်တွင် အာပုပ်နံ့ရနေတတ်သည်။ သွားများတွင်လည်း ဟင်းဖတ်များ ကပ်နေတတ်သည့်အပြင် နုတ်ခမ်းနီများ လည် ပေကျံနေတတ်သည်။
(၂)အတင်းပြောသောမိန်းမ
BMW ကုမ္ပဏီမှထုတ်သောကားများကို ယောကျာ်းများကြိုက်ကြသော်လည
်း BMW (Big Mouth Women)မိန်းကလေးများကိုတော့ လန့်တတ်ကြသည်။ တစ်အိမ်တက်ဆင်းဖြင့် အတင်းပြောနေရလျှင် ထမင်းမေ့ ဟင်းမေ့သောသူဖြစ်သည်။ တစ်ခါတရံ သူမပြောသော စကားများသည် အမှန်ဖြစ်ကြောင်း   ယောကျာ်းလေးများကို သူမအား ထောက်ခံရန် မဲဆွယ်တတ်သေးသည်။ တချို့ယောကျာ်းလေးများက မထောက်ခံလျှင် သူမသာ အမှန်ြဖစ်ကြောင်း ငြင်းချက်များထုတ်တတ်သေးသည်။ ထိုမိန်းကလေးမျိုးကို အိမ်ထောင်ပြုမိပါက ယောက္ခမနှင့် ချွေးမတို့၏ စစ်ပွဲ စတင်ခြင်းပင် ဖြစ်သည်။ ၄င်းအပြင် ဆွေမျိုးသားချင်း သူငယ်ချင်းများကပါ စက်ကွင်း မလွတ်နိုင်တော့ချေ။ အတင်းပြောတတ်သော အမှန်မကန် စကားပြော တတ်သော မိန်းကလေးများကို ယောကျာ်းလေးများသာမက မိန်းကလေးများလည်း ဝေးဝေးရှောင် နိုင်ရမည်။သူမ၏ အမှန်မကန် ပြောသော စကားလေပွေထဲတွင် ၀င်မပါမိအောင် သတိထားရမည်ဖြစ်သည်။
(၃)စကားများသောမိန်းမ
ထိုမိန်းကလေးမျိုးသည် စကားပြောရတွင် မိမိပြောချင်ရာ ဇွတ်ပြောတတ်သည် ၊ စဉ်းစားဆင်ခြင်မှု နည်းသည်။ မပြောသင့်သော စကားကို အချိန်အခါမဟုတ် မပြောထိုက်သောလူကို ပြောတတ် သည်။ ဆွေမျိုးသားချင်း သူငယ်ချင်းများကြားတွင် အထင်လွဲစရာဖြစ်အောင် ပြောခြင်း၊ သူတစ်ပါး သိက္ခာကျအောင် လေးစားမှု လျော့အောင်ပြောခြင်းများ ပြုလုပ်တတ်သည်။ ကိုယ်ကို သွက်လက်ချက်ချာ သည်ဟု အထင်ကြီး နေတတ်သူဖြစ်သည်။
(၄) ခိုင်းနိုင်းတတ်သောမိန်းမ
ထိုမိန်းကလေးမျိုးသည် စိတ်အနှောင့်အယှက် အပေးဆုံးမိန်းကလေးဖြစ်သည်။ ဘယ်အရာမဆို နိုင်းယဉ်နေ တတ်သည်။ တစ်ခြားမိန်းကလေး၏ ရည်းစား(သို့) ယောကျာ်းကို နိုင်းယှဉ်ကြည့်ပြီး အသုံးမကျသော ယောကျာ်းဟု၍ လက်ညိုးထိုး ပြီး ဆဲတတ်သော မိန်းကလေးမျိုးဖြစ်သည်။ တကယ်တမ်း ဆိုရလျှင် အသုံးဝင်သော ယောကျာ်းကို သူမရွေးသင့်ပြီး ထိုအသုံးမ၀င်သော ရည်းစား(သို့) ယောကျာ်းအ တွက် စိတ်မတိုနေသင့်ပေ။ တစ်ခြားသူနှင့် နိုင်းယဉ်ပြီး ဆဲနေစရာမလိုပေ။ မိမိ ရွေးယူထားသောကြောင့် မိမိကိုယ်သာ အပြစ်တင်ရမည်ဖြစ်သည်။ လူတိုင်းတွင် အရည်အချင်း တစ်ခုစီ ရှိတတ်ကြ သည်။ ယော ကျာ်းလေး   တစ်ယောက် မိမိကိုယ်ကို ယုံကြည်မှုနည်းသွားအောင် တစ်ခြားလူနှင့် ခိုင်းနိုင်းပြီး မဆဲသင့်ပေ။ ထိုယောကျာ်းလေးအတွက် ကံမကောင်းဆုံးအရာ အသုံးမကျဆုံး အရာမှာ ထိုမိန်းကလေးမျိုးကို ရွေးမိခြင်း ပင်ဖြစ်သည်။
(၅) နှုတ်ကြမ်းသောမိန်းမ
စကားပြောကြမ်းသော မိန်းကလေးမျိုးသည် လုပ်ငန်းခွင်တွင်ဖြစ်စေ ပတ်ဝန်းကျင်တွင်ဖြစ်စေ ဆက်ဆံရ ခက်သော မိန်းမဟု နာမည်ကြီးတတ်သည်။ ပစ္စည်းတစ်ခု သွားဝယ်သည်ဖြစ်စေ အစားသွားစား သည်ဖြစ်စေ ဆိုင်ဝန်ထမ်းနှင့် ရန်ဖြစ်ခဲ့ရမှ ကျေနပ်သော မိန်းကလေးမျိုးဖြစ်သည်။ ထိုမိန်းကလေးမျိုးနှင့် အတူအပြင်ထွက်မိလျှင် ရှက်လွန်း၍ မျက်နှာ ဖွက်ထားစရာမရှိ အောင်ဖြစ်တတ်သောကြောင့် သူမနှင့်မရင်းနှီးသလို ဟန်ဆောင်က ခပ်လှမ်းလှမ်းတွင် နေချင်ကြသည်။ ထစ်ခနဲဆို ရန်ဖြစ်ချင်သော နုတ်ကြမ်းသော မိန်းကလေးမျိုးကို လက်ထပ်ပြီး မိဘနှင့်အတူ နေရမည့် ပုံရိပ်ကို မြင်ယောင်ဖူးပါသလား။ ထိုမိန်းကလေးမျိုးကို ရွေးချယ်မည့်အစား သူမလောက် အသုံးမ၀င်သော၊ တုံးအသော၊ သာမန်သော မိန်းကလေးမျိုး ကိုသာ ယောကျာ်းလေးအများစုက ရွေးချယ်မည်ပင်။
(၆) သ၀န်တိုလွယ်သောမိန်းမ
ထိုမိန်းကလေးမျိုးသည် မိမိကိုယ်ကို ယုံကြည်မှုနည်းသလို တစ်ပါးသူကိုလဲ မယုံကြည်သော မိန်း ကလေးဖြစ်သည်။ ယောကျာ်းလေး အသက်ရှူမချောင် နိုင်လောက်အောင် ချုပ်ချယ်တတ်သော မိန်းကလေးမျိုးလည်းဖြစ်သည်။
သံသယစိတ် ၀င်လာလျှင် ရှင်းပြတာကိုနားထောင်မနေတော့ သ၀န်တို စိတ်ကောက်ဖို့က ပထမပင်။ သူမ၏ရည်းစား(သို့) ယောကျာ်း၏ သူငယ်ချင်းများကိုလည်း မိမိရည်းစားနှင့် အပေါင်းအသင်းမလုပ်ရန် ပြောတတ်သောကြောင့် သူငယ်ချင်းများက ထိုမိန်းမမျိုးနှင့် ပတ်သက်သော   ယောကျာ်းလေးကိုပါ ရှောင်လာတတ်ကြသည်။ ထိုအခါ ယောကျာ်းလေးမှာ အကျဉ်းချထားသလို ခံစားရသော်လည်း မိန်းကလေးမှာမှု ပျော်ရွှင်နေတတ်သည်။ လူဆိုသည်မှာ အဖွဲ့အစည်း အသိုင်းအ၀န်း နှင့် နေသော အမျိုးဖြစ်သည်။ အသက်ရှူရန် နေရာလေး တစ်ခု ချန်မထားဘဲ ချုပ်ချယ်တတ်သော ထိုမိန်း ကလေးမျိုးကို ယောကျာ်းလေးများက ရှောင်ချင်ကြသည်။
(၇) တုံးအသောမိန်းမ
အာလာဒင် ပုံပြင်ကို နားထောင်ဖူးကြပါသလား။ ထိုပုံပြင်ထဲက အာလာဒင်၏ တုံးအသော မိန်းမသည် မသိနားမလည်သည်ကို မမေးဘဲ ဆီမီးခွက်ကို ခွက်စုတ်ဟု အထင်ဖြစ် ရောင်းလိုက်ဖူးသည်။ ထိုမိန်း ကလေးမျိုးသည် ဥစ္စာပစ္စည်းပေါ်တွင်ဖြစ်စေ အတွေးအခေါ်ပိုင်းတွင် ဖြစ်စေ အလွယ်တကူ အလိမ်မိတတ်
သည်။ ယခုခေတ်တွင် ထိုကဲ့သို့ တုံးအသော မိန်းကလေးမျိုး နည်းပါးသွားပြီလား။ ထက်မြက်ပြီး တွေးခေါ် ဆင်ခြင်ဥာဏ် ရှိသော မိန်းကလေးမျိုးကို ယောကျာ်းလေးက လေးစားသော်လည်း တုံးအသော မိန်းကလေး မျိုးမှာမှု ယောကျာ်းလေးအတွက် ဆူးညှောင့်ခလုတ် တစ်ခုလိုပင်။ ယခုခေတ် မိန်းကလေး များသည် မိမိကိုယ်ကို ထက်မြက်မှု အပြည့်အ၀နှင့် ယုံကြည်မှု ရှိနေသင့်သည်။ သူတစ်ပါးကြင်နာ လာအောင် တုံးအ ဟန်ဆောင် မနေသင့်ပေ။ တုံးအတိုင်း အပြစ်မဲ့သည် မဟုတ်။ တုံးအလျှင် ဖယ်ထုတ်ခြင်းခံရမည်မှာ ဧကန်မလွဲပင်။
(၈) ငွေသုံးကြမ်းသောမိန်းမ
Shopping Mechine ကဲ့သို့သော မိန်းကလေးမျိုးမှာ လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ ပစ္စည်းအ၀ယ်ကြမ်းသော သူဖြစ်သည်။ ယောကျာ်းလေး အနည်းစုမှာ ထိုမိန်းကလေးမျိုးနှင့် ကြုံရန် မကြောက်ကြသော်လည်း အကောင်းမြင် အမြင့်ကြိုက်သော သူမအတွက် မိမိအိတ်ထဲမှ ငွေများ အလာဟသ စီးဆင်းကုန်မည်ကို ကြောက်တတ်ကြသည်။ ဥစ္စာ ပစ္စည်းထဲတွင်သာ နစ်မျှောနေတတ်သော မိန်းကလေးမျိုးသည် အများအားဖြင့် စိတ်သဘောထား သေးသိမ်တတ်သည်။ တစ်ကိုယ်ကောင်း ဆန်တတ်သည်။ စိတ်တိမ်းညွတ် လွယ်သည်။ လိုချင်သော ပစ္စည်းရရန် မိမိကိုယ်ကို သစ္စာဖောက်ခြင်း၊ တန်ဖိုးမထားခြင်းများဖြင့် ရမ္မက်အိုင်ထဲတွင် နစ်နေတတ်ကြသည်။ မြင်သမျှ ၀ယ်ယူတတ်သော မိန်း ကလေးမျိုးနှင့် ဈေးသွားလည်ဖူးသော ယောကျာ်းလေးများမှာ ရင်ထဲတွင်နာကျင် နှမြောသမျှကို ဖုံးကွယ် ရင်း ဒုတိယအကြိမ် သွားရမည်ကို ခေါင်းခါကြမည်ပင်။
(၉) လမ်းခွဲစကားပြောလွယ်သောမိန်
းမ
ဘာမဟုတ်သော ကိစ္စလေးတခုဖြင့် လမ်းခွဲဖို့ပြောတတ်သော ထိုမိန်းကလေးမျိုးသည် တကယ့်ခွါရ ခက်သော မိန်းကလေးမျိုးဖြစ်သည်။ လမ်းခွဲကြစို့ဟု အမြဲပြောတတ်သည်မှာ သူမ၏ အကျင့်တစ်ခုလို   ဖြစ်နေသည်။ တကယ်တမ်း ယောကျာ်းလေးဘက်က လမ်းခွဲတော့မည်ဆိုလျှင် ငိုယိုပြီး လက်မခံတော့။ လမ်းခွဲစကားပြောခြင်းသည် အခံရခက်သော ဝေဒနာတစ်ခု ဖြစ်သည်။ ပြောသူက အကျင့်တစ်ခု အနေဖြင့် ပြောသော်လည်း ခံရသူမှာ တစ်ခါပြောတိုင်း တစ်ခါ အသဲနင့်အောင် ခံစားရတတ်သည်။ နှလုံးသားတွင် အမာရွတ်အထုံး များကျန်နေခဲ့တတ်သည်။ တကယ့် လမ်းခွဲတော့မည်ဆိုလျှင် တစ်ကြိမ်ထဲဆုံးဖြတ် တစ်ခါထဲ လမ်းစဖျောက်လိုက်တာက ခံရပိုသက်သာဦးမည်။ လမ်းခွဲစကားဖြင့် တစ်ဖက်သားကို ခြိမ်းခြောက်နေသောသူသည် နုံအသောသူသာလျှင်ဖြစ်သည်။
(၁၀) ချွဲနွဲ့လွန်သောမိန်းမ
မိန်းကလေးတိုင်းချွဲနွဲ့တတ်
သည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော် အချွဲနွဲ့လွန် မိန်းကလေးများမှာ လူအမြင်ကပ်စရာဖြစ်သည်။ ထိုမိန်းကလေးမျိုးသည် အမြဲတမ်း အချော့ခံချင်၊ လူတွေဂရုစိုက်နေတာကို ခံချင်နေသော မိန်းကလေးမျိုးဖြစ်သည်။ လူရှေ့တွင် စကားပြောလျှင် နုတ်ခမ်းလေး ဟချင် မဟချင် နှင့်(ခေတ်စကားနှင့်ပြောရလျှင် ဘဲများလွန်းနေခြင်းဖြစ်   သည်) လူကွယ်ရာတွင်မှု ဆန့်ကျင် ဖက် ဖြစ်နေတတ်သည်။ ယခုခေတ် မိန်းကလေးများသည် တဖက်သား သနားကြင်နာလာအောင် ညုာတာလာအောင် ဟန်ဆောင်ချွဲနွဲ့ပြီး အားနွဲ့ မနေသင့်တော့ပေ။ ယောကျာ်းလေးတွေနှင့် တန်းတူ မဟုတ်တောင် ယောကျာ်းလေးနီးနီး လုပ်နိုင်ကိုင်နိုင်စွမ်း ရှိကြောင်းကို ပြသင့်သောအချိန်ပင်ဖြစ်သည်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Read more →
Thursday, August 22, 2013
မိန်းမ
,
မိန်းမ လေးမျိုး
(၁) ပဒုမ္မိနီ မိန်းမမျိုး- ခါးစည်း, ရင်ကျယ်, သေးသွယ်ချောမောသော လက်ချောင်းများ, အသားဖြူ, ကိုယ်ယနံ့ ကြာညိုကဲ့သို့မွှေး, ရသာချိုဧ။ သံသာမြည်ကြွေး, စက္က၀က်ငှက်မကဲ့သို့ သွားလာမှု ယဉ်ကျေးခြင်း လက္ခဏာများရှိ၏၊ ဆင်ကဲ့သို့ ကြည့်တတ်သည်ဟူ၏။
(၂) သင်္ခနီ မိန်းမမျိုး- အသားညိုညက်, ကိုယ်ယနံ့ကား ငရုပ်ပန်းနံ့ ပျံ့ပျံ့သင်းသင်းရှိ ၏, ရသာချဉ်၏၊ ဟင်္သာမကဲ့သို့ သွားလာ၏၊ လက်ချောင်းကြီး၏၊ မျက်နှာထူ လည်ကုတ်တို ရင်ကြားစေ့ , ဆံပင်နီ ရှိတတ်သည်၊ ကျားကဲ့သို့ ကြည့်တတ်သည် ဟူ၏၊၊
(၃) စိတြနီ မိန်းမမျိုး- ၀ါရွှေဝင်းသော အသားရောင်ရှိ၏၊၊ ကိုယ်ယနံ့ကား ကျင်ငယ်နံ့ ကဲ့သို့ရှိ၏၊ ရသာဖန်ဖန်ရှိ၏၊ ဒိန်ညင်း ငှက်ကဲ့သို့သွားလာတတ်၏၊ ကျီးကန်းကဲ့သို့ ကြည့်တတ်၏၊ ရင်ကုန်း တင်ကျယ်၏, ချက်နက်, ဖမိုးမွေး လက်မွေးရှည်, လက်သည်းအိမ်တို၍ ဒူးဆစ်အောက်ပိုင်း တိုတတ်သည်၊ ဆန်းကျယ်စွာ ပြင်ဆင်ဝတ်စားတတ်သည် ဟူ၏၊၊
(၄) ဟတ္ထိနီ မိန်းမမျိုး- အသားနီ ပန်းရောင် ကိုယ်ယနံ့ ညှိဟောင်ဟောင်အရသာ စပ်ရှားရှား။ ဆင်ကဲ့သို့သွားခြင်းများ, ယင်ကောင်ကဲ့သို့ ကြည့်ခြင်းအလားရှိ၏၊ ၀မ်းပြင်း ပိုက်ကျယ် သားမြတ်ရှည်တွဲ၍ ခေါင်းသီးကြီး၏။ ဆံကောက်၍ မေးရိုးကြီးကြီးရှိတတ်သည် ဟူ၏၊၊
  • လောကီ ဣတ္ထိသျှတ္တရကျမ်းမှ။
မိန်းမတို့၏ အလှဂုဏ်အင်္ဂါ ၆ ပါး
(၁) မဖြူ၊
(၂) မညို၊
(၃) မနိမ့်၊
(၄) မမြင့်၊
(၅) မပိန်၊
(၆) မ၀၊
ဤ ၆-ဋ္ဌာန ညီမျှစွာရှိခြင်း။
  • မဟာဝဂ္ဂသံယုတ်။ ဋ္ဌ။ ၂၅၉။
မိန်းမတို့ အား ၅ ပါး
မာတုဂါမတို့ မာန်တက်ကြောင်း အား ၅ပါး၊၊
(၁) ရူပဗလ-အဆင်းအသွင် လှခြင်း၊
(၂) ဘောဂဗလပစ္စည်း ဥစ္စာ ပေါများခြင်း၊
(၃) ဉာတိဗလ-ဆွေမျိုးတောင့်ခြင်း၊
(၄) ပုတ္တဗလ-သားရတနာရှိခြင်း၊
(၅) သီလဗလ-ကိုယ်ကျင့်သီလရှိခြင်း။
  • မှတ်ချက်။ ။ ဉာတိဗလ အစား ‘လိမ်မာခြင်းနှင့် မပျင်းရိခြင်း ကို ထည့်၍လည်း သဠယတန၌ ဟောသေး၏။
  • သဠာယတန သံယုတ် ။ပါ။ ၄၄၃-၄၄၆ ။ဋ္ဌ။ ၁၂၆။
မိန်းမတို့၏ ဆွဲငင်ဓာတ် ၈ ပါး
ယောက်ျား တို့ကို စွဲမက်အောင် ပြုမူခြင်း မာယာငယ် ဂ-ပါး ဟူဖြစ်၏။ မာယာ ၄၀-မှ။
(၁) သိတံ- ချိုပြုံးသော မျက်နှာပေး၊
(၂) ဟာသ-ညှင်းညှင်း သာသာ ရယ်သံ၊
(၃) ဘယ- ကြောက်လန့်ထိတ်ဟန်ပြု၊
(၄) လဇ္ဇ-ရှက်ဟန် အသွင်ပြု၊
(၅)မန္ဓ၀ါစာ-မကြားတကြား ပြောသောစကားသံ၊
(၆) အဒေက္ခဏာ-မျက်နက်ထောင့်ကပ်၍ ကြည့်ခြင်းမျိုး၊
(၇) ရုဒ-ကျူကျူ ကြာကြာ ရှိုက်သံ၊ ငိုသံပေးခြင်း
(၈) ဤသံကလဟ-စကားပြန်ရရန် မခံချင်စရာကို စိတ်မဆိုးအောင် ဆွပေး ပြောဆိုခြင်းမျိုး၊
  • မာယာ ၄၀-၏ အစိတ်အပိုင်းမျှသာ ဖြစ်သည်။
မိန်းမတို့၏ အပြစ် ၆ ပါး
(၁) အရပ်ရှည်လွန်းသော မိန်းမ၊
(၂) အရပ်ပုလွန်းသူ၊
(၃) အသားဖြူလွန်းသူ၊
(၄) အသားမည်းလွန်းသူ၊
(၅) ၀လွန်းသူ၊
(၆) ပိန်လွန်းသူ ဟူ၏၊၊
  • မဟာဝဂ္ဂသံယုတ် ။ဋ္ဌ။ ၂၅၉။
မိန်းမတို့၏ အပြစ် ၇ ပါး (တနည်း)
များသောအားဖြင့် မိန်းမတို့မှာ ဖြစ်တတ်ကြောင်း ကို ဟိတောပဒေသကဆို၏၊၊
(၁) အသတျ-ဖောက်ပြန်မှားယွင်း, မိစ္ဆာစာရ အကျင့်မျိုးကို ပြုတတ်ခြင်း၊
(၂) သာလာသာ-မစူးစမ်းမဆင်ခြင်, အမှုကိစ္စကို အဆောတလျင်ပြုတတ်ခြင်း။
(၃) မာယာ-ကောက်ကျစ်မတည်၊ လိမ်လည်လှည့်ဖြား တတ်ခြင်း၊
(၄)မစ္ဆရိယ - ၀န်တိုမိစ္ဆာ များစွာဖြစ်တတ်ခြင်း၊
(၅) အတိလုဒ္ဒ-တဏှာရာဂ၊ လောဘရမ္မက် ထက်မြက်ဖိစီး လွန်အားကြီးခြင်း၊
(၆) နိဂ္ဂုဏတွံ-ခမ်းနားကြီးကျယ်သော ပြုလုပ်ဖွယ်တို့၌ ရေလည်စွာ မသိမလိမ်မာခြင်း၊
(၇) အသောစတွံ-အတွင်းပြင်ပ နှစ်ဌာန၀ယ် မစင်ကြယ် မသန့်ရှင်းခြင်း။
မိန်းမတို့၏ အပြစ် ၉ ပါး (နောက်ထပ်တနည်း)
(၁)အ သစိ-မစင်ကြယ်ခြင်း၊
(၂) ဒု ဂန္ဇ-မကောင်းသော အနံ့ရှိခြင်း၊
(၃) သဘီရူအအိပ်ကြီးခြင်း၊
(၄) သ ပဋိဘယ-ကြောက်လန့်တတ်ခြင်း၊
(၅) ကောဓန-အမျက်ထွက်လွယ်ခြင်း၊
(၆) ဥပနာဟ-ရန်ငြိုးဖွဲ့ တတ်ခြင်း၊
(၇) ဃောရ၀ိသ- ရာဂထူထပ်ခြင်း၊
(၈) ဒုဇိဝှ-လျှာနှစ်ခွရှိခြင်း၊
(၉) မိတ္တဒုဗ္ဘိ-မိတ်ပျက်လွယ်တတ်ခြင်း။
  • ပဉ္စင်္ဂုတ္တ။ ပါ။ ၂၂၇-၂၂၈-နှင့် ။ဌ။ ၈၂။
မိန်းမတို့၏ ပျက်စီးခြင်း အကြောင်း ၉ ပါး
(၁) မိမိတယောက်တည်း လှည့်လည် သွားလာ နေထိုင်ခြင်း၊
(၂) လင်ကိုပစ်ထား မိဘနေအိမ်သွား၍ များစွာနေတတ်ခြင်း၊
(၃) လူများစွာ စည်းဝေးသော အရပ်သို့ သွားလာ ထွက်ဝင်တတ်ခြင်း၊
(၄) ပွဲလမ်းသဘင် အပျော်အရွှင် လိုက်စားတတ်ခြင်း၊
(၅) ယောက်ျား ပုဂ္ဂိုလ်တို့နှင့် ပူးကပ်ရောဝင်စွာ နေတတ်ခြင်း၊
(၆) အမြဲပြုဘွယ် အလုပ်အကိုင်မရှိ ပျင်းရိနေခြင်း၊
(၇) လင်ယောက်ျား အိုမင်း၍ ကာမမှု၌ မစွမ်းနိုင်ခြင်း၊
(၈) လင်ယောက်ျားနှင့် ၃-၄ လ ကင်း၍ နေခြင်း၊
(၉) ၀တ်စားဘွယ်ရာ ဥစ္စာချို့တဲ့ခြင်း။
  • လောကနီတိ အဖွင့်မှ။
မိန်းမတို့ ဖောက်ပြန် ပျက်စီးခြင်း အကြောင်းတရား ၁၃ ပါး
(၁) သ ပဋ္ဌာန- ကိစ္စတိုင်း၌ ကိုယ်တိုင် စိုးမိုးလုပ်ကိုင်အာဏာပိုင် ပြဋ္ဌာန်းမှု ရနေခြင်း၊
(၂) ပိတု မန္ဒိရ နိဝသန- အဘနှင့်သာ ကြာမြင့်စွာ အုပ်ထိန်းခံ၍ နေရခြင်း၊
(၃) ယာတြောဿဝ အင်္ဂတိ- အထူးစီစဉ်သော ပျော်ပွဲသဘင်တို့၌ ပါဝင်ဆင်နွှဲခြင်း၊
(၄) ပုရိသ သနိဓိဂေါဋ္ဌီယောက်ျားတို့နှင့် ၀ိုင်းဖွဲ့ရယ်မော တသောသော နေထိုင်ခြင်း၊
(၅) အ နိယမ၀ါသ- အိမ်တကာ လျှောက်လည်၍ နေခြင်း၊
(၆) ၀ိဒေသ၀ါသ- တမြို့တရွာ တနယ် တရပ်သို့ အမြဲမတည် တယောက်တည်း လှည့်လည်နေထိုင်ခြင်း၊
(၇) သ ကုလဋ သံသဂ္ဂ- လော်လီ သောသွမ်းသော မိန်းမရမ်းတို့နှင့် အတူ ပေါင်းသင်း နေထိုင်ခြင်း၊
(၈) နိဇာယ ၀ုတ္တိ ဗျသန- သက်မွေးဝမ်းကျောင်း ကောင်းသောလုပ်ငန်း၏ မကြာခဏ ပျက်စီးဆုတ်ယုတ်ခြင်း၊
(၉) ပတိ ၀ုဒ္ဓက- လင်ယောက်ျား၏ သက်ကြီးရွင်းယို အရွယ်အိုခြင်း၊
(၁၀) ဣဿိတ- လင်ဖြစ်သူက အချောင်မယား အမြှောင်ထား၍ ပျော်ပါးကာနေခြင်း၊
(၁၁) ပ၀ါသန-လင်ယောက်ျားနှင့် ကွေကွင်းကွဲကွာ ကြာမြင့်စွာ နေရခြင်း၊
(၁၂) ပါန- သေအရက်သောက်ခြင်း၊
(၁၃) သုပ္ပ- ယောက်ျားတပါးနှင့် ပျော်ပါး ပေါင်းဖက်ရသည်ဟု အိပ်မက်ခါ လွန်မင်းစွာ အိပ်ခြင်း။
  • ဟိတောပဒေသကျမ်းမှ။
စောင့်ရှောက်အုပ်ထိမ်းမှု ရှိသင့်သော မိန်းမ ၂၁-မျိုး
စောင့်ရှောက်ထိန်းသိမ်းမှု အမြဲရှိနေအပ်သော မိန်းမမျိုး နှစ်ကျိပ်တစ်ပါး (နှစ်ဆယ့်တစ်မျိုး) ရှိ၏။
(၁) သက်ရွယ်ကြီးသော မိန်းမ၊ (၂) ရူးသော မိန်းမ၊ (၃) နူသော မိန်းမ၊ (၄) ကိုယ်ဝန်ရှိသောမိန်းမ၊ (၅) အရွယ်မရောက်သေးသော မိန်းမ၊ (၆) ခရီးဝေးကလာသော မိန်းမ၊ (၇) မြီ (အကြွေး)ကိုလို၍ ချုပ်ထားသောမိန်းမ၊ (၈) အဘ စောင့်သောမိန်းမ၊ (၉) အမိ စောင့်သောမိန်းမ၊ (၁၀) အဘိုး စောင့်သောမိန်းမ၊ (၁၁) အဘွား စောင့်သောမိန်းမ၊ (၁၂) အစ်မ စောင့်သောမိန်းမ၊ (၁၃) ညီမစောင့်သောမိန်းမ၊ (၁၄) မောင်ကြီး စောင့်သောမိန်းမ၊ (၁၅) မောင်ငယ် စောင့်သောမိန်းမ၊ (၁၆) မိကြီးစောင့်သော မိန်းမ၊(၁၇) မိထွေးစောင့်သော မိန်းမ၊ (၁၈) ဘကြီး စောင့်သောမိန်းမ၊ (၁၉) ဘထွေး စောင့်သောမိန်းမ၊(၂၀) ဦးရီးစောင့်သောမိန်းမ၊ (၂၁) အရီးစောင့်သောမိန်းမ။
မှတ်ချက်။ ။ ဤနှစ်ကျိပ် တစ်ပါးသော မိန်းမများအနက် တစ်ဦးတစ်ယောက်သောမိန်းမကပင် မိမိ၏ကာမကို သဘောတူပေါင်းသင်းရန် ပေးသော်လည်း အုပ်ထိန်းသူတို့၏အခွင့်ကိုမရဘဲ ပေါင်းသင်းသောယောက်ျားအား ကြီးလေးသောအပြစ်ဒဏ်ကိုပေးရမည်ဟု မနုကျယ် ဓမ္မသတ် ဆဋ္ဌမတွဲ ပုဒ်မ ၂၈-တွင် ဆိုလေသည်။
အုပ်ထိန်းခြင်းရှိသော မိန်းမ ၂၀
အုပ်ထိန်းခြင်းရှိသဖြင့် ယောက်ျားတို့ မသွားလာအပ် (မကျုးလွန်အပ်) သော မိန်းမ ၂၀-ဖြစ်သည်။
(၁) မာတု ရက္ခိတ- အမိအုပ်ထိန်းသော မိန်းမ၊ (၂) ပိတု ရက္ခိတ- အဘအုပ်ထိန်းသောမိန်းမ၊ (၃) မာတာပိတု ရက္ခိတ- မိဘ ၂-ပါးအုပ်ထိန်းသော မိန်းမ၊ (၄) ဘာတုရက္ခိတ- မောင်ကြီးမောင်ငယ် အုပ်ထိန်းသောမိန်းမ၊ (၅) ဘဂိနိ ရက္ခိတ- အစ်မကြီးအစ်မငယ်အုပ်ထိန်းသောမိန်းမ၊ (၆) ဉာတိ ရက္ခိတ- ဆွေမျိုးအုပ်ထိန်းသောမိန်းမ၊ (၇) ဂေါတ္တရက္ခိတ- အနွယ်တူ အုပ်ထိန်းသောမိန်းမ၊(၈) ဓမ္မရက္ခိတ- သီတင်းသုံးဖေါ်စောင့်ရှောက်အုပ်ထိန်းသေမိန်းမ။
မှတ်ချက်။ ။ ၎င်း ၈-ယောက်သောမိန်းမတို့ကား သူတို့မှာ ကံမထိုက်၊ သွားလာလွန်ကျူးသူ ယောက်ျားများမှာသာ ကံထိုက်သည်ဟူ၏။
(၉) သာရက္ခာ- ထိမ်းမြားကြောင်းလမ်းပြီးသူ 'လက်ထပ်ပြီးသူ' လင်အုပ်ထိန်းသောမိန်းမ၊ (၁၀) သ ပရိဒဏ္ဍာ- မင်းတို့ကောက်ယူရန်သတ်မှတ်လျက် ဒဏ်ထားပြီးလျှင် အုပ်ထိန်းသောမိန်းမ၊ (၁၁) ဓနက္ကီတာ- ဥစ္စာဖြင့်ဝယ်ယူလျက် မယားအဖြစ်ထားသောမိန်းမ၊ (၁၂) ဆန္ဒ ၀ါသိနီသဘောတူအလိုတူ၍ ညားနေသောမိန်းမ၊ (၁၃) ဘောဂ ၀ါသိနီ- စည်းစိမ်ပေး၍ ပေါင်းဖေါ်သော မိန်းမ၊ (၁၄) ပဋ၀ါသိနီ- ပုဆိုးပေး၍ ပုဆိုး တန်းတင်ပြု၍နေသောမိန်းမ၊ (၁၅) သြဒ ပတ္တကိနီရေခွက်၌ လက်ဆုံချ၍မိဘနှစ်ပါး ထိန်းမြားပေးသောမိန်းမ၊ (၁၆) သြဘဋ စုမ္ဗဋာ- ခေါင်းခုကိုချ၍ လင်မယားအဖြစ်နေသော မိန်းမ၊ (၁၇) ဒါသီ စ ဘရိယာ စ- ကျွန်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊ (၁၈) ကမ္မကာရီ စ ဘရိယာ စ- အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊ (၁၉) ဓဇာ ဟဋာ- စစ်မြေပြင်မှ ဆောင်ယူခဲ့သောမိန်းမ၊ (၂၀) မုဟုတ္တိကာ- တစ်ခဏ္ဏမျှ ပေါင်းဖေါ်ရန်ငှားရမ်းထားသော ခေတ္တမယားဖြစ်သူမိန်းမ။
မှတ်ချက်။ ။ ၎င်း ၁၂-ယောက်သောမိန်းမများကို သွားလာလွန်ကျူးခဲ့မူ လင်ရှိမယားဖြစ်၍ မိန်းမရောယောက်ျားပါ နှစ်ဦးစလုံး ကံထိုက်သည်ဟူ၏၊
မိန်းမတို့ မရောင့်ရဲနိုင်ခြင်း တရား ၄ ပါး
  1. ရွှေငွေလက်ဝတ်ရတနာများ ပိုင်ဆိုင်ဝတ်ဆင်ရခြင်းအရာ၌ရောင့်ရဲတင်းတိမ်ခြင်းမရှိတတ်ကြပေ။
ရည်ညွှန်းကိုးကား
  • သုတေသနသရုပ်ပြအဘိဓာန်
  • ပါရာဇိကဏ်ပါဠိတော်အဋ္ဌကထာဋီကာ။
  • အဋ္ဌသာလိနီ အဋ္ဌကထာ၊ မူလဋီကာ။
  • မနုကျယ်ဓမ္မသတ်။
  • လောကီ ဣတ္ထိသျှတ္တရကျမ်း
  • မဟာဝဂ္ဂသံယုတ် ။ဋ္ဌ။ ၂၅၉။
  • ဟိတောပဒေသ
  • ပဉ္စင်္ဂုတ္တ။ ပါ။ ၂၂၇-၂၂၈-နှင့် ။ဌ။ ၈၂။
  • သဠာယတန သံယုတ် ။ပါ။ ၄၄၃-၄၄၆ ။ဋ္ဌ။ ၁၂၆။
  • လောကနီတိ
Read more →
Wednesday, August 21, 2013
ကောင်မလေးအကြောင်း ကောင်လေးသိဖို့
,
(၁) သင့်ကြောင့် ကွဲသွားတဲ့အသဲက ဆက်ချင်ဆက်သွားလိမ့်မယ်၊နာကျင်မှုတွေကတော့ ပျောက်သွားမှာမဟုတ်ပါဘူး။
(၂) သူမအတွက် အလွမ်းဆိုတာ ခံစားရခက်တဲ့ ဝေဒနာတစ်ခုပါ ။
(၃) သင်နဲ့ဇာတ်လမ်းပြီးဆုံးသွားပြီလို့ သူမပြောနေပေမယ့် သူမဘေးနားမှာ သင့်ကို ဆက်ရှိနေစေချင်ပါသေးတယ် ။
(၄) သူမစိတ်ဆိုးပြီး သင့်ဘေးကနေ ပြေးထွက်သွားတဲ့အခါ နောက်မှချော့မယ်ဆိုပြီးမလုပ်ပါနဲ့ ချက်ချင်းမီအောင်လိုက်ပြီး
      ချော့ပါ ။
(၅) သူမသင့်ကို စိတ်ဆိုးပြီး ရိုက်ပုတ်မယ် တွန်းလွှတ်မယ် ဆိုရင် သူမကို လွှတ်မပေးလိုက်ပါနဲ့ တင်းကျပ်စွာ ဖက်ထား
     လိုက်ပါ
(၆) သူမသင့်ကို စကားနာထိုးလာရင် ပြန်စကားနာမထိုးပါနဲ့ သူမကို ကလေးတစ်ယောက်လို သဘောထားပြီး စိတ်ရှည်
      ရှည်နဲ့ ချော့ပါ ။
(၇) သူမ အလှအပတွေ ပြင်ဆင် မထားတဲ့အချိန် ... သူမကိုယ်သူမ " ငါရုပ်ဆိုးလိုက်တာ"လို့ ထင်တဲ့ အချိန်မှာတောင်
     သင့်ဘက်က နင်အရမ်းလှတာပဲ လို့ပြောပေးပါ ။
(၈) သူမငိုနေတဲ့အချိန်မှာ ... သူမကို ဘာစကားတစ်ခွန်းမှ မပြောဘဲ ထွေးပွေ့ထားပေးပါ ။
(၉) သူမကြောက်လန့်နေတဲ့အချိန်မှာ သူမကို အကွာအကွယ်ပေးပါ ။ နွေးထွေးမှုပေးပါ ။
       (သူမ ကြောက်တတ်တဲ့ အကောင်တွေ ဘာတွေနဲ့ မစနောက်ပါနဲ့)
(၁၀) သင့်ပုခုံးအပေါ် သူမခေါင်းလေး မှီထားတဲ့အခါ သူမခေါင်းလေးကို ထိန်းကိုင်ပြီး ဆံနွယ်လေးတွေကို  ဆော့ကစား
        ပေးပါ ။ သူမနှစ်သက်ပါလိမ့်မယ် ။
(၁၁) သူမသင့်ကိုကျီစယ်နောက်ပြောင်တဲ့အခါ ... သင့်ဘက်ကလည်း သူမ ရယ်မောအောင် ပြန်စနောက်ပေးပါ ။
(၁၂) သူမ ဘက်က စကားတစ်ခွန်းကိုပြောဖို့ အချိန်အကြာကြီးယူနေရပြီဆိုရင် ... "နင်အဆင်ပြေရဲ့လား" ဆိုပြီးစိုးရိမ်တ
        ကြီးနဲ့ မေးသင့်ပါတယ် ။
(၁၃) သင်လုပ်ထားတဲ့ အမှားတစ်ခုကြောင့် သင့်အပေါ်သူမ သံသယ၀င်နေပြီ ဆိုရင် ဆက်မလိမ်ညာပါနဲ့ အမှန်အတိုင်း
(၁၄) သူမ သင့်ကို ပြောပြတဲ့ သူမရဲ့ လျှို့ဝှက်ချက်တွေကို ဘယ်သူ့ကိုမှ ပြန်မပြောပါနဲ့ ။
(၁၅) သူမ သင့်မျက်လုံးတွေကို စိုက်ကြည့်တဲ့အခါ ... သင့်ရဲ့အကြည့်တွေကို လွှဲမပစ်လိုက်ပါနဲ့ ။
(၁၆) သူမဘက်က စကား တစ်ခွန်းမှ ပြန်မပြောရင်တောင် ဖုန်းကို ချမပစ်လိုက်ပါနဲ့ ။ သင့်ဘက်က စိတ်ရှည်ရှည်ထားပြီး
       ဆက်ဆံတာကို သူမအမြဲလိုလားနေမှာပါ ။
(၁၇) ဘယ်သူ ဘယ်သူ့ကို ပိုချစ်လဲလို့ နစ်ဦးသား စနောက်ပြီး ငြင်းခုန်တဲ့အခါ သင်က သူမအပေါ်ပိုချစ်ကြောင်းအလျော့
       မပေးဘဲ ငြင်းပါ။ (သူမရှုံးရင်တောင် ပျော်နေမှာ ဖြစ်ပါတယ်)
(၁၈) သူမနှုတ်က ငါဘာမှမဖြစ်ပါဘူး အဆင်ပြေပါတယ်လို့ပြောတိုင်း မယုံပါနဲ့ ။အဲ့ဒီ့စကားရဲ့နောက်ကွယ်ကအဆင်မပြေ
       မှုကို သိအောင်ကြိုးစားပါ ။
(၁၉) သူမ သင့်အပေါ် သ၀န်တိုတာဟာ အချစ်ရဲ့သင်္ကေတ တစ်ခုပါ .တကယ်လို့ သူမသင့်ကို အရင်လိုသ၀န်မတိုတော့
        ဘူးဆိုရင် သူမသင့်အပေါ် စိတ်ကုန်လာတာ ဖြစ်နိုင်ပါတယ် ။
(၂၀) သင်မအိပ်ခင် နဲ့ သင်နိုးတဲ့အချိန်တိုင်း သူမဆီကို ဖုန်းခေါ်ပေးပါ ။
(၂၁) သင့်အတွက် သူမက အရေးပါတယ်ဆိုတဲ့ ခံစားချက် သူမ ရင်ထဲအမြဲဖြစ်နေပါစေ။
(၂၂) သင့်သူငယ်ချင်းတွေနဲ့တွေ့ရင်လည်း သူမကို ပစ်မထားလိုက်ပါနဲ့ ။
(၂၃) သူမနေမကောင်းဖြစ်တဲ့အခါ အရာအားလုံးကို မေ့လျော့ထားပြီး သူမကို ဂရုတစိုက်ရှိပေးပါ ။
(၂၄) သူမအရမ်းကြိုက်တဲ့ ဇာတ်ကားတွေသရုပ်ဆောင်တွေကို သင်လုံးဝမကြိုက်တဲ့အတွက် ပစ်ပစ်ခါခါ မပြောလိုက်ပါနဲ့။
      သင်မကြိုက်လောက်ဘူးဆိုတာ သူမ အစကတည်းက ရိပ်မိပြီးသားပါ ။
(၂၅) သင့်မိဘတွေ ညီအကိုမောင်နှမတွေ သူငယ်ချင်းတွေနဲ့ သူမနဲ့ကြားက ဆက်ဆံရေး အဆင်ပြေနေအောင် အမြဲဖန်
       တီးပေးပါ ။
(၂၆) သင့်ရဲ့အ၀တ်အစားတွေကို အပျော်အပျက်အနေနဲ့ သူမကို ၀တ်ဆင်ပေးပါ ။ (သန့်ရှင်းသပ်ရပ်ဖို့တော့လိုတာပေါ့)
(၂၇) သူမ ငိုကြီးချက်မနဲ့ သင့်ဆီပြေးလာတဲ့အခါ စိတ်ပူတကြီးနဲ့ သူမဘာဖြစ်လာကြောင်း မေးမြန်းပါ။
      ( သင်သာ သူမကို တကယ်ချစ်ရင် အလိုအလျောက် မေးဖြစ်သွားမှာ သေချာပါတယ်)
(၂၈) မနက်ဖြန်ဟာ သင်တို့နစ်ယောက်အတွက် အထိမ်းအမှတ်နေ့ တစ်ခုခုဖြစ်မယ်ဆိုရင် ညသန်းခေါင် ၁၂နာရီ တိတိ
      သူမဆီကို ဖုန်းဆက်ဖို့ ဘယ်တော့မှ မမေ့ပါနဲ့ ။
(၂၉) သူမ ဒီစာကို ဖတ်ပြီးတဲ့အခါ သင်လည်း ဒီစာကို ဖတ်ဖြစ်ပါစေလို့ မျှော်လင့်နေတတ်ပါသေးတယ် ။
Credit : ပိုးဟပ်ဖြူ.
Read more →