Thursday, September 12, 2013

ကေအိုင်အေဌာနချုပ် လိုင်ဇာအား (၄၈) နာရီအတွင်း ထိုးစစ်ဆင်တော့မည်

,
       အပစ်အခတ်ရပ်စဲရေးကာလတွင် ပူတာအို ခရိုင်ထဲမှာ KIA က ဆက်ကြေးကောက်တာကို သတင်းရလို့ မချမ်းဘောက ခလရ ၁၃၇ လိုက်သွားတဲ့ တပ်မှ အင်အား ၁၄ ယောက်ကို KIA က ရက်ရက်စက်စက် ခေါင်းဖြတ် သတ်လိုက်တဲ့ သတင်း အင်တာနက် စာမျက်နှာတွေပေါ် ကျယ်ကျယ်ပြန့်ပြန့်  ပျံနှံ့လာပြီးတဲ့ နောက်မှာ အစိုးရ တပ်မတော် က ကေအိုင်အေ ဌာနချုပ် လိုင်ဇာကို ထိုးစစ်ဆင်တော့မယ်လို့ မြစ်ကြီးနား စစ်ဌာနချုပ် အသိုင်းအ၀ိုင်း နဲ့ နီးစပ်သူတွေက ယခုပဲသတင်းပေးပို့လာပါတယ်။
    ကေအိုင်အေ ရဲ့ ဖမ်းဆီးမိတဲ့ စစ်ပွဲသုံ့ပန်းအပေါ် ရက်ရက်စက်စက် လည်ဖြတ် ၊ ဗိုက်ခွဲ သတ်တဲ့အပေါ် တပ်မတော် အသိုင်းအ၀ိုင်းတစ်ခုလုံး က ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ကေအိုင်အေ ကို အပြတ်တိုက်ဖို့အတွက်   ပြင်ဆင်ဖို့ အမိန့်ပေးလိုက်တာပဲ ဖြစ်တယ်လို့  မြစ်ကြီးနား တပ်မတော် နှင့် နီးစပ်ရာအသိုင်းအ၀ိုင်းကဆိုပါတယ်။
         ကေအိုင်အေ လိုင်ဇာ ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ဖို့အတွက် တပ်မ (၄)မနဲ့စကခ (၃)ခုတို့ ကို ပူးတွဲတာဝန်ပေးသွားလိမ့်မယ်လို့ လည်းသိရပါတယ်။ ဒီစစ်ဆင်ရေးမှာ တပ်မ (၈၈) နဲ့ တပ်မ (၃၃) စတဲ့တပ်မတွေကို ထုတ်သုံးသွားမယ့်အပြင် မြေပြင်ပစ် ဒုံးတပ်နှင့် သံချပ်ကာတပ်မများကိုလည်း ၂၄ နာရီအတွင်း တိုက်ပွဲဝင်နိုင်ဖို့ အသင့်ပြင်ဆင်ထားရန် ညွှန်ကြားထားတယ်လို့ သိရပါတယ်။ဒီလိုထိုးစစ်ဆင်မယ့် အစီအစဉ်အပေါ်မှာလဲ ပြည်သူတွေ က ထောက်ခံမှုတွေ ဟာ ယခင်ကထက် ရာခိုင်နှုန်းမြင့်လာတာကိုတွေ့ရပါတယ်။
ဒီအခြေအနေ  မှာ  ကေအိုင်အေ ရဲ့ လုပ်ရပ်ဟာ ကချင်တိုင်းရင်းသားတွေ အပေါ် တိုင်းရင်းသားတွေ အပေါ် ဆိုးကျိုးသက်ရောက်ဖို့များနေပြီး စစ်ဘေးဒုက္ခသည် အရေအတွက် မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းသူတွေ လဲ ရှိနေပါတယ်။

3 comments:

  1. မြန်လေကောင်းလေပဲ

    ReplyDelete
  2. ကိုယ့်သားသမီးတောင်မှ စကားကောင်းကောင်းပြောလို့ဆုံးမမရရင် ရိုက်ဆုံးမကြသေးတာပဲ သူတို့ ဒီလောက်ဆိုးသွမ်းနေတာ တိုက်ခိုက်နှိမ်နင်းတာ ဖြစ်သင့်ပါတယ် တတ်နိုင်သမျှ သူပုန်မဟုက်တဲ့ တိုင်းရင်းသားဒေသခံတွေရဲ့ အသက်အိုးအိမ်ကိုသာ အထိအခိုက်အနဲဆုံးဖြစ်အောင် စီစဉ်သင့်ပါတယ် ဖြစ်နိုင်ရင်တော့ KIA ကို အမျိုးဖြုတ် တိုက်ထုက်ပစ်သင့်တယ် ထင်ပါတယ်ခင်ဗျား

    ReplyDelete
  3. ဒီကောင်တွေကငါတို့ ကိုအရင်စိန်ခေါ်လိုက်တာပဲ ဘယ်သူသာလဲပြရမှာပေါ့ ကချင်တိုင်းရင်းသားတွေ
    ကိုချစ်တယ် ကချင်တိုင်းရင်းသားတွေထဲကဒီလို စုန်းပြူး KIA ကောင်တွေကိုတော့လုံးဝကိုအမူန့် ကျိတ်
    ပစ်ရမယ် ဒါဟာတိုင်းရင်းသားထုကြီးတစ်ခုလုံးအတွက်နိုင်ငံတစ်ခုလုံးအတွက်လုပ်တာဖြစ်တယ်
    ဒီကောင်တွေကို လေ ရော ကြည်း ရောနှစ်ခုလုံးတပြိုင်ထဲဝင်တိုက်ပြီးအပြုတ်ဖြုတ်ပြစ်ပေးပါလို့ ပြင်းပြင်းထန်ထန်တောင်းဆိုပါတယ်.....ငါတို့ ရဲ့ အမိမြေကသားကောင်းတွေ ဆက်လုပ်ပါလို့ .............

    ReplyDelete