Sunday, September 29, 2013

မပြည့်သည့်အိုး ဘောင်ဘင်ခတ်ခြင်း

,


မပြောချင်လည်း မနေနိုင်လို့ပြောရဦးမယ်။ ဒီအပါတ်ထုတ် မြန်မာတိုင်း(မ်)သတင်းစာကို ဖတ်ကြည့် လိုက်တော့ အစိုးရက တပ်အပေါ်ထိန်းချုပ်နိုင်မှု နည်းနေသေးဆိုပြီး နန်းတင်ထွေးနာမည်နဲ့ရေးထားတဲ့ ဆောင်းပါးတစ်ခုတွေ့ရတယ်။ ဆောင်းပါးထဲမှာရေးထားတာက ထုံးစံအတိုင်းပေါ့ အခုခေတ် ဂျာနယ်တွေ ရေးနေကြသလို တပ်ကမကောင်းဘူး ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့။

အဲဒီမှာဘာကိုသွားတွေ့လဲဆိုတော့ ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်း၏ ဒါရိုက်တာတစ်ဦး ဖြစ်သော ဦးရဲမျိုးဟိန်းက စက်တင်ဘာလ ၇ ရက်နေ့က ရန်ကုန်မြို့၌ပြုလုပ်ခဲ့သော အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေး အကူးအပြောင်းကာလတွင် စစ်တပ်၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ တွင် ပြောကြားခဲ့သည်ဆိုပြီး ပြောကြားခဲ့တဲ့အချက်တွေကိုသွားတွေ့တယ်။နိုင်ငံရေးသိပ္ပံကျောင်း၏ ဒါရိုက်တာတစ်ဦးလို့ဆိုတော့ နည်းနည်းပါးပါးတော့အထင်ကြီးမိတာပေါ့လေ။ ဘာတွေများပြောလဲ၊ ဘယ်လိုတွေများသုံးသပ်လဲဆိုပြီး။

အဲဒီမှာပြောချင်တာက ပြင်ဦးလွင်မြို့၌တည်ရှိသောစစ်တက္ကသိုလ်နှင့်စစ်အင်ဂျင်နီယာတက္ကသိုလ်တွေမှာမည်သည့်ဘာသာရပ်များသင်ကြားပို့ချနေသည်ကို ပြည်သူများသိရှိနိုင်ခြင်းမရှိသည်မှာလည်း ပြဿနာတစ်ခုဖြစ်ကြောင်း၎င်းကပြောသည်ဆိုတဲ့အပိုဒ်လေးပဲ။အဲဒီအပိုဒ်လေးလည်းဖတ်ပြီးရောခုဏက နိုင်ငံရေးသိပ္ပံကျောင်း၏ဒါရိုက်တာတစ်ဦးဆိုပြီးအထင်ကြီးထားတဲ့စိတ်လေးပါဖုတ်ခနဲပြုတ်ကျသွားတော့တာပဲ။ တော်တော်လည်းဝမ်းနည်းသွားတယ်။ဒီအဆင်နဲ့လူတစ်ယောက်ကဒီလောက်တော့ဗဟုသုတအနေနဲ့သိသင့်တာကိုမသိဘဲငါ့စကားနွားရဆိုပြီးလူပြိန်းကြိုက်ပြောသွားတာကိုပါ။လူအများရှေ့မှာကိုယ့်အထုတ်ကိုယ်ဖြေရလောက်အောင်တုံးရသလားဗဟုသုတနည်းရသလားဆိုပြီးသနားလည်းသနားမိတယ်။

စစ်တက္ကသိုလ်နဲ့ကျန်တဲ့တက္ကသိုလ်တွေမှာဘာတွေသင်နေတယ်ဘာတွေလုပ်နေတယ်ဆိုတာလိုက်မေးဖို့လူတွေမရှိဘူးထားဦးအနည်းဆုံးတော့wikiမှာDefenceServicesAcademyလို့ရိုက်ရှာပြီးရှာဖွေဖတ်ရှုလို့ရနိုင်ပါတယ်။ဒီလိုပဲလူမှုကွန်ယက်စာမျက်နှာတွေမှာဖြစ်ဖြစ် မေးမြန်းရှာဖွေလို့ရပါတယ်။

သင်ရိုးညွန်းတမ်းတွေကိုထိပ်တန်းလျှို့ဝှက်တွေလုပ်ပြီးသင်ပေးနေတာလည်းမရှိပါဘူး။ယုတ်စွအဆုံးသက်ဆိုင်ရာဘာသာရပ်တွေကိုသင်ကြားပေးနေတဲ့ဆရာ၊ဆရာမအများစုကလည်းအရပ်ဘက်တက္ကသိုလ်တွေကကထိကနဲ့ပါမောက္ခဆရာ၊ဆရာမကြီးများပါပဲ။ဗဟုသုတအနည်းငယ်လောက်ရှိတယ်ဆိုရင်ပဲဒီအချက်တွေကိုသိနိုင်ပါတယ်။ဒါတွေကိုမသိနိုင်လို့ထားဦး ပြင်ဦးလွင်တစ်
မြို့လုံး မေးလို့ရပါသေးတယ်ဘာတွေသင်လဲဘာတွေလုပ်လဲဆိုတာ။

                      

စစ်တက္ကသိုလ်မှာသင်ကြားတဲ့ဘာသာရပ်တွေအားလုံးဟာအပြင်အရပ်ဘက်တက္ကသိုလ်ကသင်ရိုးညွှန်တမ်းတွေနဲ့အတူတူသင်ရတာပါပဲ။ဘာသာရပ်တွေကိုလည်းတက္ကသိုလ်များကောင်စီကိုအရင်တင်ရတယ်၊တက္ကသိုလ်များကောင်စီက ပြဌာန်းအတည်ပြုပေးတဲ့သင်ရိုးညွန်တမ်းတွေကိုပဲသင်ရတယ်ဆိုတာ နိုင်ငံရေးသိပ္ပံကျောင်းရဲ့ဒါရိုက်တာတစ်ဦးအနေနဲ့မသိဘူးဆိုတာကတော့အင်မတန်ရှက်စရာကောင်းပါတယ်။

စစ်တက္ကသိုလ်မှာ သင်ကြားနေတဲ့ ဌာနတွေကိုတော့ဦးရဲမျိုးဟိန်း အနေနဲ့ ဗဟုသုတ အဖြစ် သိရအောင် အောက်မှာဖော်ပြပေးလိုက်ပါတယ်။ဖော်ပြပေးလိုက်တယ်ဆိုလို့ လျှို့ဝှက်ကြီးတွေ မဟုတ် ဘူးနော်၊ wiki ကသွားရှာပြီး ကူးထည့်ပေးလိုက်တာပါ။

The DSA offers four-year bachelor's degree programs in liberal arts, combined physical sciences (with specializations in areas such as chemistry, physics, mathematics) and computer science.

The DSA comprises two main branches: the academic wing and the training wing.

Departments

Department of Burmese
Department of English
Department of Mathematics
Department of Applied Mathematics
Department of Chemistry
Department of Nuclear Chemistry
Department of Physics
Department of Nuclear Physics
Department of Electronics
Department of Geography
Department of History
Department of Economics
Department of Computer Science
Department of Computer Technology
Department of Research


From - Opposite Eyes

0 comments to “မပြည့်သည့်အိုး ဘောင်ဘင်ခတ်ခြင်း ”

Post a Comment