Sunday, September 29, 2013

သမ္မတ ဖြစ်ချင်သော အန်တီသို့

,


မျိုးချစ်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တာ တစ်ခုတည်းနဲ့တင် လေးစားပြီး ချစ်ခင်ပြီးသားပါ အန်တီ.....။ ကျွန်တော်စစ်တပ် လော်ဘီမဟုတ်ပါ။ အန်တီလိုပဲ တစ်ချိန်က စစ်သားကြီး တစ်ယောက်ရဲ့ သားသမီးပါ။

အန်တီ့ကို မိန်းမသားကြီးတန်မယ့် အနှစ် (၂၀)ကျော် မိသားစုခွဲ အကျယ်ချုပ်ကျခဲ့တာကို မသနားပြ မစာနာပြတာ မဟုတ်ပါ။ အန်တီက သမ္မတလုပ်မယ့်သူဆိုတော့ ခေါင်းဆောင်ဟူသည် ယောက်ျား မိန်းမ မရှိ တစ်သားထဲ ဆိုလိုခြင်း ဖြစ်သည့်အတွက် မစာနာသလိုဖြစ်ရင် ခွင့်လွှတ်ပါ။

အန်တီ အကျယ်ချုပ်ဘ၀က နေမလွတ်သေးလို့ဆိုပြီး မလုပ်ဖြစ်ခဲ့ရင်တောင် အခု လွတ်လာတဲ့ အချိန်မှာ အန်တီ ပါတီဝင်တွေကို ဘာလို့ နိုင်ငံတကာမှာ အနည်းဆုံး နိုင်ငံရေး ဘာသာ ဥပဒေ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး ဒီပလိုမာလောက်တောင် သွားမသင်ခိုင်းရတာလဲ။ အခြားပါတီဝင်တွေဆို ဗီဇာတောင်ခက်နိုင်ပေမယ့် အန်တီ့ပါတီဝင်တွေဆို စားရိတ်ငြိမ်း ဖြစ်နိုင်ပါတယ်။

နောက်အန်တီတို့ သမ္မတဖြစ်လာရင်လုပ်မယ့် တိကျသေချာပြီး လက်တွေ့ကျမယ့် Plan တွေရှိပါ သလား? ရှိခဲ့ရင် အဲဒီ Plan တွေကို အကောင်အထည်ဖော်မည့် အန်တီ့ လက်ရုံးတွေရော ရှိပါသလား။ ပွင့်ပွင့်လင်းလင်းပြောရရင် အန်တီ့ပါတီမှာ လောက်လောက်လားလား ဘယ်သူမှ မမြင်ပါဘူး။

တစ်ခါတစ်လေမှာ အန်တီတို့ အရင် စစ်အစိုးရအုပ်ချုပ်သူအချို့ကို အပြစ်တင်တာ မှန်သင့် သလောက်ပဲမှန်ပါတယ်။ အရေးခင်းကာလမှာ အသက်ပေါင်းများစွာ အဖိတ်အစင်များတာ၊ သံယံ ဇာတတွေ အကြောင်းမယ့်ကုန်တာ၊ ၀န်ထမ်းတွေ အကျင့်ပျက်ခဲ့ရတာ အရင် ခေါင်းဆောင်သူအချို့ ညံ့ဖျင်းလို့ဆိုတာ ပြောနိုင်ပေမယ့်။ အန်တီတို့အချင်းချင်း အာဏာ မာန လွန်ဆွဲမှုကြောင့် စီပွားရေး ပိတ်ဆိုမှုဖြစ်လာတာဟာ အန်တီ့တာဝန်လဲ မကင်းပါဘူး။ ၂၅ နှစ်စာမျိုးဆက်အတွက် ဘာတွေများပြန်လုပ်ပေးကြမှာလဲ?

ကျွန်တော့်အမြင် အန်တီ့ကို အခု ပြည်သူတွေချစ်ကြတာ ကျွန်တော့်လိုပဲ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဆိုတဲ့ ခံယူချက်နဲ့ လေးစားလာတာလို့ပဲထင်တယ်။ နိုင်ငံရေးသမား ကောင်းတစ်ယောက်ကို လူထု လက်ခံလာအောင် အသွင်အမြင်ပြောင်း ထောက်ခံ တတ်လာဖို့တော့လိုဦးမယ်လို့ထင်မိပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအရှိန်နဲ့ အန်တီ ဂုဏ်ရှိန် တက်နေတာမျိုး။ ရိုင်းပြတယ်ဆိုရင် ခွင့်လွှတ်ပါ ( စိန်နားကပ်ရောင်နဲ့ ပါးပြောင်တယ်ဆိုသလိုမျိုးပေါ့)။ ကျွန်တော်တို့နိုင်ငံဟာ အပြောကောင်းတဲ့ ခေါင်းဆောင်တွေကိုပဲ ပိုင်ဆိုင်ရတာများပါတယ်။ ကျိမ်စာ လိုတောင် ဖြစ်နေသလားပဲ။ နိုင်ငံအတွက် တကယ်လိုအပ်တာ တိကျ ပြတ်သား ပါးနပ်တဲ့ အလုပ်ကောင်းတဲ့ ခေါင်းဆောင်ပါ။

0 comments to “သမ္မတ ဖြစ်ချင်သော အန်တီသို့”

Post a Comment