Saturday, September 28, 2013

လကမ္ဘာသွားမည့် တရုတ်ပြည်၏ ပထမဆုံး ရိုဗာ ယာဉ်

,

moonrover 
ယမန်နှစ်က အမေရိကန်တို့ လကမ္ဘာကို လေ့လာမယ့် Moon Rover တစ်စီးလွတ်ခဲ့ပါတယ်။ ဒီတစ်ခါ လွတ်မှာ ကတော့ တရုတ်ပြည်မကြီး ဖြစ် ပါတယ်။

Chang’e-3 လို့ အမည်ပေးထားတဲ့ ယင်းယာဉ်ကို လာမယ့် ဒီဇင်ဘာလ အတွင်း လကမ္ဘာဂြိုလ်သို့ လွတ်တင်ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။ ဘီး ၆ ဘီးပါဝင်ပြီး နေရောင်ခြည်စွမ်းအင်ကု အသုံးချမယ့် ယာဉ်ငယ် လေးပါ။ အလေးချိန် ၁၄၀ ကီလိုဂရမ်ရှိတဲ့ယာဉ် ဖြစ်ပါတယ်။ လကမ္ဘာမှာ အပူချိန်က အနုတ် ၁၈၀ ကနေ အပေါင်း ၁၅၀၀ ဒီဂရီ ဆဲလ်ဆီးရက်စ်အထိ အပြောင်း အလဲရှိပြီး ယင်းဒဏ်ကို  ခံနိုင်ဖို့ သေချာ စီမံ ဖန်တီး ထားခြင်း ဖြစ် ပါတယ်။

အာရုံစနစ်ပေါင်းများစွာ၊ အဆင့်မြင့် ကင်မရာပေါင်း များစွာ တပ်ဆင်ထားပြီး တရုတ်ပြည်မှာ ရှိနေတဲ့ အာကာသ လေ့လာရေး စခန်းကို ဓာတ်ပုံနဲ့ သတင်း အချက်အလက်တို့ ပုံမှန် ပို့ဆောင်ပေးနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ပြည်ဟာ အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ Moon Rover လွတ်တင်နိုင်တဲ့ ဒုတိယ နိုင်ငံ တစ်နိုင်ငံ ဖြစ်လာကြောင်း သိရပါတယ်။
.
Ref: Xinhua

0 comments to “လကမ္ဘာသွားမည့် တရုတ်ပြည်၏ ပထမဆုံး ရိုဗာ ယာဉ် ”

Post a Comment