
တစ်ခါက မောင်ဖြူနဲ့ မောင်မဲဟာ ဘွဲ့ရပြီးနောက် ကုမ္ပဏီကြီး တစ်ခုမှာ 
အလုပ်ဝင် လုပ်ကြပါသတဲ့။ နှစ်ယောက် စလုံးဟာ အလုပ်ကို ကြိုးစား လုပ်ကြပါတယ်။ 
နှစ်အနည်းငယ်ကြာတဲ့ အခါ သူဋ္ဌေးက မောင်ဖြူကို အရောင်း မန်နေဂျာ 
အဖြစ်ရာထူးတိုးပေး လိုက်ပြီး မောင်မဲကတော့ အရောင်းသမား အဖြစ်နဲ့ပဲ လုပ်နေရ 
ပါတယ်။ မောင်မဲဟာ ဆက်ပြီးသည်းမခံ နိုင်တော့ပါဘူး။ အလုပ်ထွက် စာရေးပြီး 
သူဌေးဆီ သွားတယ်။
" ဒီမှာသူဌေ့း့ ခင်ဗျားက အလုပ်ကြိုးစားတဲ့ သူကို တန်ဖိုးမထားဘဲ 
ဖားတဲ့သူကိုမှ ခင်ဗျားက ပ,စားပေး ရာထူးတိုးပေးတာ မဟုတ်လား ။ ဒီတော့ 
ကျုပ်အလုပ်ထွက်တယ့့် " လို့ ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။ သူဌေးက မောင်မဲ
 အလုပ်ကြိုးစားတာ သိပါတယ် ။ဒါကြောင့် သူ့သယ်ရင်းနဲ့ သူ့အကြားကွာခြားချက်ကို
 သူသိစေချင်တာနဲ့ "မင်းအလုပ်မထွက်ခင် ဈေးထဲသွားပြီး 
ဖရဲသီးသည်ရှာပေးနိုင်မလား " လို့ မေးပါတယ်။ မောင်မည်း ခေါင်းညိတ်တော့ " အေး
့ ဖရဲသီး တစ်ကီလိုကို ဘယ်ဈေးလဲ မေးခဲ့စမ်းကွာ " လို့ခိုင်းတယ်။
မောင်မဲလည်းထွက်သွားပြီး မကြာခင်ပြန်ရောက် လာပါတယ်။ " တစ်ကီလို ၁၂ 
ဒေါ်လာပါဆရာ" သူဌေးက "အေ့း့ ဒီမေးခွန်းကိုပဲ 
မင်းသူငယ်ချင်းမောင်ဖြူကိုလည်း ငါမေးဦးမကွာ " ဆိုပြီး မောင်ဖြူကို 
ခေါ်ပါတယ်။ စောစောကလိုပဲ ခိုင်းပါတယ်။ မောင်ဖြူပြန်လာတော့ " သူဌေးခင်ဗျာ့း  
့ဖရဲသီးသည် တစ်သည်ပဲ တွေ့ခဲ့ပါတယ့့် တစ်ကီလိုကိုတော့ ၁၂ ဒေါ်လာပါ့ ၁ဝ 
ကီလိုယူရင် ဒေါ်လာ၁ဝဝ နဲ့ ရပါမယ့့် လောလောဆယ်သူ့မှာ ဖရဲသီးအလုံး ၃၄ဝ 
ရှိပါတယ့့် ဆိုင်မှာ ခင်းထားတာက ၅၈လုံးပါ့ တစ်လုံးကို ၁၅ ကီလိုလောက် 
ရှိပါတယ့့် မနေ့ကမှ တောင်အရပ်က ဝယ်လာတာပါ့ အားလုံး လတ်လတ် ဆတ်ဆတ်တွေ
 ချည်းပါပဲ့ ဖုန်းဆက်ချင်ရင် ဒီမှာသူ့ ဖုန်နံပါတ်ပါ့ 
" မောင်မဲဟာ သူ့သယ်ရင်းနဲ့ သူရဲ့ခြားနားချက်ကို သိသွားပြီး 
သူ့သယ်ရင်းကို အရမ်း အထင်ကြီးလေးစား သွားပါသတဲ့ ။ အလုပ် မထွက်တော့ပါဘူး 
။သယ်ရင်းဆီက လေ့လာသင်ယူစရာတွေ ရှိသေးတယ်လေ့  ပိုပြီးအောင်မြင်နေသူ 
တွေဟာ အကြောင်းအရာ တစ်ခုကိုပဲ အများနဲ့မတူ ပိုပြီး မြင်တတ် တွေးတတ် 
နက်နက်ရှိုင်းရှိုင်း နားလည်တတ်တဲ့ သူတွေပါ ။ မနက်ဖြန်အတွက်မင်းတွေး 
နေချိန်မှာ သူကနှစ်နဲ့ချီပြီးတွေးပြီး သွားပြီ ။ ရက်နဲ့နှစ်ဆိုတာ ၃၆၅ဆ ၁ ဆ 
ကွ။ ကဲ့ သယ်ရင်း မင်းရော မင်းဘဝအတွက် ရှေ့ကိုဘယ်လောက်များ 
ကြိုစဉ်းစားထားပြီလဲ ။ မင်းဘယ်လောက်များ နက်နက်ရှိုင်းရှိုင်း 
တွေထားပြီလဲ။ 
Ref - Soup for soul

 
 
 
 
 
 
 
 
 
 
 
 
 

 
 
 
 
.jpg) 
