Showing posts with label ဟာသစာစု. Show all posts
Showing posts with label ဟာသစာစု. Show all posts

Wednesday, October 2, 2013

ကွန်ပျူတာ အမေးအဖြေများ။

,


မေး။ ။ကွန်ပျူတာ မှာ ဗိုင်းရပ်စ်တွေ မ၀င်အောင် ဘယ်လို ကာကွယ်ရမလဲဆရာ။
ဖြေ။ ။ ကွန်ပျူတာကို ပိတ်ထားပါ။ပို ပြီးသေချာအောင်
ကွန်ပျူတာမီးပလက်ကိုပါဖြုတ် ထားလိုက်ပါ။

မေး။ ။ကွန်ပျူတာ ထဲကို ဗိုင်းရပ်စ်ဝင်လာပြီးဆိုရင် ဘယ်လို ရှင်းထုတ်ရသလဲဆရာ။
ဖြေ။ ။ hack disk ကို ဖြုတ်ပါ။ ပြီးနောက် ရေနွေးပူပူထဲ
ထည်.ပြုတ်ပါ။ပိုပြီးသေချာ သွားအောင် တူဖြင်.ထုပါ။

မေး။ ။အင်တာနက်ကဖေးဆိုတာဘာလဲဆရာ။
ဖြေ။ ။ အင်တာနက်ကဖေးဆိုတာ အင်တာနက် အသုံးပြုခနဲ.နေ.တွတ်မကိုက်လို.
ကော်ဖီပါတွဲရောင်းနေရတဲ.အင်တာ
နက်ဆိုင်ထင်ပါရဲ.။

မေး။ ။အွန်လိုင်းဆိုတာ ဘာလဲဆရာ။
ဖြေ။ ။အွန်လိုင်းဆိုတာ အွန်စောရဲ. ညီမပေါ.ကွယ်။

မေး။ ။vzo မှာကိုယ်.ရုပ်သွင်ပေါ်လာအောင်ဘယ်လိုလုပ်ရမလဲဆရာ။
ဖြေ။ ။ ၀က်ကန်တပ်လိုက်ပါ။ အဆင်မပြေသေးရင်တော.ဆင်ကန်တပ်ဖို.လိုအပ်ပါ လိမ်.မယ်။

မေး။ ။ ဆရာ သမီးရဲ.စက်ထဲမှာ နိုးနိုးဂျက်မ ဗိုင်းရပ်စ်
ဝင်လာတယ်ဆရာ။ဘယ်လို ဖြေရှင်းရမလဲ။
ဖြေ။ ။သမီးရဲ. စက်ထဲကို ဟောင်ကောင် ဂျက်မ အခွေသာထည်.လိုက်ပါ.။
ဟောင်ကောင်ဂျက်မ က နိုးနိုး ဂျက်မကို တိုက်ခိုက်ပါလိမ်.မယ်။

မေး။ ။ကွန်ပျူတာဆို တာ ဘာလဲဆရာ။သူရဲ.အလုပ်လုပ်ပုံလေးပြောပြပါဦး။
ဖြေ။ ။ ဆရာအမြင်ကတော. ကွန်ပျူတာဆို တာ ရုံးခန်းတွေထဲမှာ
သော.ခတ်ထားတဲ.ကောင်ပါ။ အအေးခန်းနဲ. တောင်ထားရသေးတာ ။
သူကဘာအလုပ်မှလုပ်တာလည်းမတွေ.မိဘူး။

မေး။ ။အန်တီ ဗိုင်းရပ်စ်(antivirus)
တွေမနို်င်တဲ.ဗိုင်းရပ်စ်တွေရှိသလားဆရာ။ဖြေပေးပါဦး။
ဖြေ။ ။အန်တီ ဗိုင်းရပ်စ်မနိုင်တာ အဖြစ်နိုင်ဆုံးကတော.အန်ကယ်ဗိုင်းရပ်စ်
ဘဲဖြစ်မယ် ထင်ပါတယ်။

မေး။ ။သမီးကွန်ပျူတာ ထဲက ဖိုင်တွေမှာ ” မင်းကိုချစ်တယ်” ဗိုင်းရပ်စ်
ဝင်လာတယ်ဆရာ။ ကွန်ပျူတာ ကို ၀င်းဒိုး ပြန်တင်လိုက်မှ
ရမလားဆရာ။အကောင်းဆုံးနည်းလမ်းကို ပေးပါဦးဆရာ။
ဖြေ။ ။ အကောင်းဆုံးနည်းလမ်းကတော. သူ.ကိုချစ်တယ်လို.ပြန်ဖြေ လိုက်ပါ ။
ရယ်မောနိုင်ကြပါစေ...ဟီးးးးးဟီးးးးးးးး................
Read more →

Monday, September 30, 2013

အသက်အရွယ်က စကားပြောတယ်

,


CIA ရဲ့ အကြီးအကဲဟာ စုံထောက် အသစ်သုံးယောက်ကို ခန့်ဖို့အတွက် စစ်ဆေးနေပါတယ်။

၂၅ နှစ်၊ ၃၅နှစ် နဲ့ ၄၅ နှစ် ရှိပြီဖြစ်တဲ့ အသစ်လူသုံးယောက်ကို သေနတ် တစ်လက်စီ ပေးလိုက်ပါသတဲ့။

နောက်ပြီးတော့ သူတို့ရဲ့ မိန်းမတွေကို အခန်းတစ်ခုစီမှာ ထည့်ထားပြီးတော့

“ကောင်းပြီ၊ မင်းတို့ မိန်းမတွေ ထည့်ထားတဲ့ အခန်းထဲကို ၀င်သွား၊ ပြီးရင် ဟောဒီ သေနတ်နဲ့တေ့ပြီး သေနတ်မောင်းကို ဖြုတ်ချလိုက်”

အသက် ၂၅ နှစ်အရွယ်ရှိတဲ့ စုံထောက်ကောင်လေးက ချက်ချင်းပြန်ဖြေတယ် “ကျွန်တော်မလုပ်နိုင်ဘူး၊ ကျွန်တော့်မိန်းမကို ကျွန်တော်အရမ်းချစ်တယ်”

အသက် ၃၅နှစ်၊ သေနတ်ကိုင်ပြီး အထဲကို ၀င်သွားတယ်။ ခဏနေတော့ ပြန်ထွက်လာတယ်.. “ကျွန်တော် မပစ်ရက်ဘူး.. ကျွန်တော့်မိန်းမကို ကျွန်တော်ချစ်သေးတယ်”

အသက် ၄၅ နှစ်၊ သေနတ်ကိုင်ပြီး အထဲဝင်သွားတယ်…. ခြောက်လုံးပြူး သေနတ်က သေနတ်သံ ၆ ချက်ထွက်လာတယ်… ပြီးတော့ လင်မယားနှစ်ယောက် စကားများသံတွေ ထွက်လာတယ်။

စုံထောက် အကြီးအကဲ အခန်းထဲကို ပြေးဝင်လာတယ်…

စုံထောက်အသစ်ကပြောတယ် “ဘယ်ငတုံးက သေနတ်ထဲကို ကျည်ဆံအတုတွေ ထည့်ထားတာတုံး… ဒီမှာ ၆ ချက်ပစ်တာတောင်မှ တစ်ချက်မှ ကျည်မထွက်ဘူး”

တိန်....ကောာင်းဗျ

ရီမောနိုင်ပါစေ

by lon elys..................
Read more →

Sunday, September 29, 2013

တွေးတွေးပြီး ပြန်ရီရတဲ့ ဟာသတစ်ပုဒ်

,
..

ကျွန်တော့်ဘဝဟာ သိပ်ကို ပျော်ရွှင်စရာကောင်းခဲ့ပါတယ်။
ကျွန်တော့် ချစ်သူ့ လေးနဲ့ ချစ်သူသက်တမ်း ၁ နှစ်မှာပဲ မိဘတွေပြောပြီး လပ်ထပ်ဖို့ စီစဉ်ခဲ့ကြပါတယ်။

အဲ .. ပြဿနာက လက်မထက်ခင် ၁ ပတ်လောက်အလိုမှာ စတွေ့တာပဲ။

ပြဿနာရဲအစကတော့ ကျွန်တော့ ချစ်သူရဲ့ ညီမပါပဲ။ အသက်က ၂၂ လောက်ပါ။ သူဟာ မီနီစကတ်ကျပ်ကျပ်တွေ ဝတ်တယ်။ လယ်ဟိုက် အင်္ကျီတွေဝတ်တယ်။ ကျွန်တော့ရှေ့ရောက်ရင် ကလပ်တပ်တပ် နေတယ်။

တစ်ရက်တော့ ကျွန်တော့ကို ဖွင့်ပြောလာတယ်။

"အစ်ကို့ ကို ကျွန်မ ချစ်နေတာ ပါ"...တဲ့
ဟိုက် မလွယ်ပါ့လားပေါ့။
"အစ်ကို့ကို ကျွန်မ အစ်မလက်ထဲ မထည့်လိုက်ခင် ကျွန်မဆန္ဒကို တစ်ကြိမ်လောက်လိုက်ရောပေးပါလား ဟင်"..တဲ့
ကျွန်တော်ဘာပြန်ပြောရမလဲ စဉ်းစားလို့မရသေးဘူး
သူက ဆက်ပြောတယ်။

"အကယ်၍ အစ်ကို သဘောတူတယ်ဆို ရင် အပေါ်ထပ်ကိုလိုက်ခဲ့ပါ ညီမ အပေါ်ထပ်မှာ ရှိနေမယ် " ဆိုပြီ အပေါ်ထပ်တက်သွားပါရော။
ကျွန်တော့မှာတော့ ကြက်သေသေပြီး သူအပေါ်တက်သွားတာကို ပဲ လိုက်ကြည့်နေမိတာပေါ့။
ချီတုန်ချတုန်လဲ ဖြစ်နေမိတယ်။ စိတ်တွေလဲ လှုပ်ရှားနေမိတယ်ပေါ့ဗျာ။
နောက်ဆုံးတော့ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ အိမ်ရှေ့တံခါးဆီကနေ ကျွန်တော့ 'ကား' ရှိရာဆီကို ဦးတည်ထွက်ခဲ့လိုက်ပါတော့တယ်။

ဒီချိန်မှာပဲ ခြံထဲမှာ တွေ့လိုက်ရတာကတော့ ကျွန်တော်မကြာခင် တော်စပ်ရတော့မယ့် မိသားစုပါပဲ။ ယောက္ခမ(သူ့အမေ) လောင်းကြီးပြုံးလို့ပေါ့။ သူအဖေကြီးကလဲ အားရဝမ်းသာနဲ့ပေါ့။

"သမီးရေ နင်တော့ တကယ့်ကို ရိုးသားဖြူစင်ပြီး သစ္စာရှိတဲ့ ယောက်ျားနဲ့ လက်တွဲရတာပဲဟေ့ အဖေ စိတ်ချပြီကွာ"...တဲ့။ ကျွန်တော့ ဇနီးလောင်းလေးမှာတော့ မျက်ရည်တွေ တွင်တွင် ကျလို့ပေါ့။

ကဲပုံပြင်လေးကတော့ ဒါပါပဲ ခင်ဗျာ။
ဒီပုံပြင်လေးကနေ ရလိုက်တဲ့ သင်ခန်းစာကိုပြောပြရမယ်ဆိုရင်တော့
"သင်ဟာ အဖော်ကို ကားပေါ်မှာပဲ အမြဲထားပါ"...တဲ့။ ခွီခွီခွီ....။

(ပြောသားပဲ..ဟာသ တစ်ပုဒ်ပါလို့...အဟုတ်မှတ်ပြီး လျှေက်ပြီးဖီလင်ဝင်နေတာကိုး)

Credit to : လူပြက်လေးများ

(Cuttie)
Read more →

Saturday, September 28, 2013

"ဆန္ဒမစောပါနဲ့"

,


မကြာမှီ ရန်ကုန်လေဆိပ်ကို လေယာဉ်ဆင်းတော့မယ်
အင်တာကွန်းကနေပြီး လေယာဉ်မှူးက နုတ်ဆက်စကားပြောတယ်...

"ခရီးသည်အားလုံး မင်္ဂလာပါ၊ ကျနော် ကပ္ပတိန်ဇော်နူပါ၊ မကြာမှီ မင်္ဂလာဒုံကွင်းကို ဆင်းသက်တော့မှာ ဖြစ်ပါတယ်၊ ကျနော်တို့ရဲ့ ပုဇဉ်းရင်ကွဲ လေကြောင်းလိုင်းကို အားပေးစီးနင်းတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ပြသနာက နုတ်ဆက်စကားပြောပြီးပေမယ့် မိုက်ကရိုဖုန်းခလုပ်ကို ပြန်မပိတ်မိဘူး
ဒီတော့ လေယာဉ်မောင်းခန်းက ပြောသမျှ ခရီးသည်အားလုံး ကြားနေရတယ်
လေယာဉ်မှူးက တွဲဖက်လေယာဉ်မှူးကို မေးနေတာ... ...

"ဟကောင်ကြီး ရန်ကုန်မှာ ဘာတွေလုပ်ဖို့ အစီအစဉ်ရှိလဲကွ"

"လောလောဆယ် ဗိုက်အရမ်းနာနေတော့ ဟိုတယ်ကိုပြေးပြီး အိမ်သာတက်မယ် ဆရာ၊ ပြီးမှ ရေမိုးချိုးမယ်"
"ပြီးတော့ရော"

"ပြီးတော့... ခု ပါလာတဲ့ ဟို လုံးကြီးပေါက်လှလေယာဉ်မယ်ကို အခန်းလာဖို့ ချိန်းထားတယ် ဆရာ၊ အဲဒါ သူရောက်လာတာနဲ့ တညလုံးဘေမယ် ဆရာရေ့"
"ကောင်းကွာ..."

ခရီးသည်တွေက ပြုံးစိစိနဲ့ လေယာဉ်မယ်ကို ဝိုင်းကြည့်ကြတယ်
ဒါနဲ့ လေယာဉ်မယ်လည်း မဖြစ်ချေဘူး မိုက်ပိတ်ဖို့ သွားပြောမှ ဆိုပြီး ခေါင်းခန်းဆီပြေးသွားတယ်...
ဖြစ်ချင်တော့ လျှောက်လမ်းမှာ မှောက်လျှက်လဲပါလေရော
ဘေးခုံမှာ ထိုင်နေတဲ့ အဖွားကြီးတစ်ယောက်က ဆွဲထူပေးရင်း ပြောတယ်... ...

"ဖြေးဖြေးသွား သမီး၊ အချိန်ရပါသေးတယ်၊ သူအိမ်သာတက်ပြီး ရေချိုးအုံးမှာပါ"...


ဟာသဗိမာန်-ဆရာသန်
Read more →

Friday, September 27, 2013

ဒါဆိုရင်တော့သေချာပြီ

,

ဘဏ်တစ်ခုထဲသို.
ကျွန်ုပ်တို.၏ ချစ်လှစွာသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဝင်လာ၏။
ထိုအခါ ဘဏ်မန်နေဂျာမှ
“ငွေထုတ်မှာလား၊ ငွေလွှဲမှာလား ခင်ဗျာ”

“ငွေထုတ်ချင်လို.ကွယ်၊ သိန်း(100) လောက် ခုတော်တော်အရေးကြီးနေလို.”

“သြော်၊ ဟုတ်ကဲ.ပါခင်ဗျာ။ မှတ်ပုံတင်လေး တစိတ်လောက်ပြပါလား”

လူထုမှာ ဘယ်မှတ်ပုံတင် ပြရမလဲဟု စဉ်းစားရင်း ဟိုစမ်းဒီစမ်း ဖြင့်

“အေးကွယ် အရေးကြီးလို.အလောတကြီး ထွက်လာတာ မှတ်ပုံတင် ကျန်နေခဲ.တယ်”

“ကွန်တော်တို. တာဝန်ဝတ္တရားအရ၊ မှတ်ပုံတင်ပါမှ ငွေထုတ်ခွင့်ပြုပါတယ်ခင်ဗျာ”

“ကျွန်မ လူထု ခေါင်းဆောင်ပါ ၊ လူတိုင်းသိပါတယ်”

“ ဟုတ်ပါတယ်ခင်ဗျ၊ ဒါပေမဲ. တာဝန်နဲ.၀တ္တရား၇ှိလို.ပါ”

“ကျွန်မ လူထုခေါင်းဆောင် လေကွယ်”

“ဟုတ်ကဲ. ဒါဆို၊ လူထုခေါင်းဆောင် ဟုတ်ကြောင်းမှန်ကြောင်း အထောက်အထားတစ်ခုပြပါ ခင်ဗျာ”

မန်နေဂျာပြောစကားအား ကောင်းကောင်းနားမလည်သော လူထုခေါင်းဆောင်ကြီးမှာ

“ဘာလိုလဲ.၊ ကျွန်မ သိပ်နားမလည်ဘူး”

“ဒီလိုပါ ခင်ဗျာ၊ ကျွန်တော်တို.ဘဏ်ကို လွန်ခဲ.တဲ. အပတ် လောက်က စာရေးဆရာ ချစ်ဦးညိုလာပါတယ် ခင်ဗျာ၊ သူလည်းငွေလာထုတ်တာပါ ဒါပေမဲ. အခုလိုပဲ မှတ်ပုံတင်ပါမလာပါဘူး၊ အဲ.ဒါနဲ. ကျွန်တော်က စာရေးဆရာချစ်ဦးညိုဖြစ်ကြောင်း အထောက်အထား တစ်ခုပြပါဆိုတော. သူကရှေ. ထွက်ပြီး “မ နဲ.မောင်နဲ. ခုမှတွေ.တာxxxx လူပါးမ၀ခင်တုန်းက ပြောကြတော.ရယ်စရာပါxxxx ဟာ..ဟာ..ဟာ”
ဆိုပြီးတော. ကွေးနေအောင်ကပြပါတယ်၊ ဒါဆိုရင်တော. ကျွန်တော်တို.ကယုံပါတယ် ဘာလို.လဲဆိုတော. စာရေးဆရာထဲမှာ အဲ.လိုသီချင်းဆိုပြီး ကတတ်တာ ချစ်ဦးညို တစ်ယောက်ပဲရှိတာကိုး။ ကျွန်တော်တို.ငွေထုတ်ပေးလိုက်ပါတယ်”

မန်နေ၈ျာက ဆက်လက်၍
“ အဲ.လိုပဲ ဟိုတစ်နေ.က ဦးဇင်ဝိုင်း ငွေလာထုတ်ပါတယ် အလားတူပါပဲ သူလည်း
အဲ.ဒါနဲ. အထောက်အထားပြခိုင်းရော သူက ရှေ.ထွက်ပြီး၊ “ ကျွန်တော်က ရုပ်ရှင်အစည်းအရုံး ဥက္ကဌ မဟုတ်ပါဘူးဗျာ၊ ကျွန်တော်က ဘုံကျွန်ကြီးပါဗျာ၊ ခိုင်းဖတ်ကြီးပါခင်ဗျာ” ဆိုပြီးငိုပါလေရော
သေချာပြီ ဒါဆို ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဇင်ဝိုင်းပဲ၊ ကျွန်တော်တို.ငွေထုတ်ပေးလိုက်ပါတယ်၊ ခု လူထု ခေါင်းဆောင်ကြီးဖြစ်ကြောင်းဘယ်လိုအထောက်ထားပြချင်ပါသလဲခင်ဗျာ”

လူထုခေါင်းဆောင်ကြီးမှာ ခေါင်းကုတ်၍
“ ကျွန်မ တို့ ဖေဖေ တို့တုန်းကပေါ့...” လို့ပြောဖို့ အစချီ လိုက်ယုံနဲ့ပဲ

“ရပြီ ရပြီ  ဒီလို အစချီ ရင် ဒါ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အစစ်ပဲ” ဟုဆိုကာ ငွေထုတ်ပေးလိုက်ပါသည်။


မွှေးညှပ်
Read more →

"အပျိုစင်တစ်ယောက်ရဲ့ည"

,



ကျမ အိပ်ပျော်လုလု အချိန်မှာ သူရောက်လာတယ်
တနေကုန် အလုပ်မှာ ပင်ပန်းထားတော့
ကျမ အရမ်းအိပ်ချင်နေပြီ
သူ့ကို တွန်းလှန်ဖို့ရာ အင်အားမရှိဘူး

သူ....
ကျမ တကိုယ်လုံး ခြေဆုံးခေါင်းဆုံး လိုက်ကြည့်တယ်
သူ့လက်တွေခြေတွေနဲ့ ပွတ်သပ်ကျည်စယ်တယ်
အသံကလည်း ပလုံးပထွေးနဲ့ ဘာတွေမှန်းလဲ မသိဘူးရှင်

ပြီးတော့...
ကျမခန္ဓာကိုယ်ရဲ့ တနေရာကိုရောက်တော့
သူ... သူ... သူ့စိတ်တိုင်းကျ
ကျမ အသွေးအသားတွေကို စားသုံးတော့တယ်

သူ့ လိုအင်တွေလည်း ပြည့်ရော
ကျမကို ထားခဲ့ပြီး
သူပြန်သွားပါတော့တယ်...

ကျမမှာသာ တစ်ကိုယ်တည်း
နာကျင်ပြီး ကျန်ခဲ့ရတာပါ... ...

သူကိုက်သွားတဲ့နေရာလေးမှာ
ယားကျိကျိလေးနဲ့
ဖုလေးတောင် ကျန်ခဲ့တယ်

တော်တော်ဆိုးတဲ့ "ခြင်"


သန်၎ကို-ပေါက်ကရရေးသည်
Read more →

Thursday, September 26, 2013

အနမ်းကောင်းသူကြီး

,

 

ပန်းခြံတခုအတွင်းမှခုံတန်းတခုတွင်သမီးရည်းစားစုံတွဲတစ်တွဲထိုင်နေသည်။ခုံတန်း၏တစ်ဖက်စွန်းတွင်လည်း အဖိုးအိုတစ်ဦးစာအုပ်ဖတ်နေလေသည်။သမီးရည်းစားစုံတွဲတွတ်တီးတွတ်တာ ပြောသမျှကိုအဘိုးကြီးအတိုင်း
သား ကြားနေရ၏။မိန်းကလေးက"မောင်၊ ခေါင်းနည်းနည်းမူးလာတယ်"ကောင်လေးက နဖူးလေးကိုနမ်းလိုက်၏။ထို့နောက်"မူးသေးလားဟင်""ဟင့်အင်း၊ ပျောက်သွားပြီ"အတန်ကြာသောအခါ......
မိန်းကလေးက "မောင်၊ ဇက်ကြောတွေတက်လာသလိုပဲ"ကောင်လေးက လည်တိုင်လေးကို ခပ်ဖွဖွန
မ်းလိုက်၏"ဘယ်လိုနေသေးလဲ""အင်း..သက်သာသွားပြီ"ခဏကြာသော်... "မောင်၊ လက်တွေကလ
ည်း ဘယ်လိုဖြစ်တယ် မသိဘူး၊ တဆစ်ဆစ်နဲ့"ကောင်လေးက ဘယ်ညာလက်အစုံကို တ
ယုတယ နမ်းပေးလိုက်၏။တဖက်တွင်ထိုင်နေသော အဘိုးကြီး အတော်ကို နားကြားပြင်းကတ်လာ၏။ထို့ကြောင့်လှမ်းပြောလိုက်၏။

ဟေ့..ဒီမှာမောင်ရင်၊ ဖြစ်နိုင်ရင် ဦးကိုလည်း ကူညီစမ်းပါဦးကွ'ဦးမှာ လိပ်ခေါင်းဖြစ်နေလို့' တဲ့
Read more →

အာဂ ကြက်ဖ

,


ကိုသာဗျော အိမ်က ကြက်မများ ဥ, ဥနှုန်းကျဆင်းနေသည်။ ကိုသာဗျော ကြက်ဖအသစ်တစ်ကောင်ဝယ်လာသည်။

အိမ်ရောက်ရောက်ခြင်း မနက်ပိုင်းတွင် ကြက်ဖကြီးသည် ကြက်မ ၁၅၀ ကိုမျိုးစပ် ပစ်လိုက်သည်။ ကိုသာဗျော အံသြသွားသည်။ ညနေပိုင်းတွင် နောက်ထပ် အကောင် ၁၅၀။ ပို၍ပင် အံသြသွားသည်။

နောက်တစ်နေ့ ကိုသာဗျော ခြံထဲရှိ ကြက်မများသာမက ဘဲမတွေ၊ ကြက်ဆင်မတွေ၊ ငန်းမတွေပါ ကြက်ဖလက်က မလွတ်။

ကိုသာဗျောစိုးရိမ်စပြုလာသည်။

နောက်တစ်နေ့ မနက်တွင် ကိုသာဗျော ခြံထဲသို့ အသွား သူ့ကြက်ဖကြီး လည်ကြီးကို စန့်၊ မျက်လုံးကို မှတ်ကာ သေနေလေတော့သည်။

လင်းတများကား ကောင်းကင်တွင် ၀ဲနေကြသည်။

ကိုသာဗျော သူ့ကြက်ဖကြီးဆီ ပြေးသွားသည် “သြော်.. သနားစရာကောင်းလိုက်တဲ့ ငါ့ကြက်ဖကြီး ခုတော့ သေရှာလေပြီ” လို့ ဆိုလေသတဲ့။

အဲ့ဒီအချိန်မှာ ကြက်ဖကြီး မျက်လုံးပွင့်လာသည်

“ရှုးတိုးတိုး…. ဟိုမှာ လင်းတမတွေ ခဏနေရင် ဆင်းလာတော့မှာ”


Aung Htut
စိတ္တဇ ဟာသများ
Read more →

Tuesday, September 17, 2013

ဝိုင်တစ်ခွက်နဲ့ Intel Processor ကို အားသွင်းနိုင်

,



ဝိုက်တစ်ခွက်နဲ့ Intel Processor အားသွင်းနိုင်တယ်ဆိုတာ တကယ်ပါ။ အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို မှာ ပြုလုပ်တဲ့ Intel Developer Fourm မှာ မိတ်ဆက်ပြသ သွားတဲ့ Intel ရဲ့  Processor အသစ် တစ်ခု ဖြစ် ပါတယ်။

အီလက်ထရုတ် ၂ ချောင်းကို ဝိုင်ခွက်ထဲ ထည့်ပြီး Processor ကို တိုက်ရိုက်အားသွင်းပြခဲ့ပါတယ်။ Low Powered processor ဖြစ်ပြီး စပျစ်ဝိုင်တစ်ခွက်နဲ့တင် အားဖြည့်လို့ရတယ်ဆိုတာကို သက်သေ ပြ ခဲ့ခြင်း ဖြစ်ပါတယ်။ အရင်က အာလူး တစ်လုံးနဲ့တင် ဖုန်းအားသွင်းလို့ ရတယ်ဆိုတာကို သက်သေပြ သလိုမျိုးပါပဲ။ ယခု စပျစ်နဲ့ အားသွင်းတဲ့ Processor ဟာ အားအစား သက်သာသလို စွမ်းဆောင်ရည်ပါ ပိုမြင့်တယ်လို့ ဆိုပါတယ်။

အလားတူပဲ Chip အသစ်များ မိတ်ဆက်ပြသခဲ့ပြီး CPU, GPU ပိုမြန်တဲ့ အပိုင်းတွေကို ပြသသွားခဲ့ ပါတယ်။ နောက်ဆိုရင် အရေအပြား အပူချိန်ကို အာရုံခံရုံနဲ့ အားသွင်းနိုင်မယ့် Processor နဲ့ Chip များကို ထုတ်လုပ်သွားဖို့ရှိတယ်လို့တောင် ကြေညာသွားခဲ့ ပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)
Read more →

အစွမ်းကုန် ရယ်ကြည့်ပါ

,

၁) အောက်ပါတို့ကို သိရှိသလောက် ဖြေဆိုပါ။

အမေး။ နိုင်ငံတော် သီချင်းကို မည်သူရေးစပ်ခဲ့သနည်း။
အဖြေ။ သီချင်းရေးဆရာ ဖြစ်ပါသည်။

အမေး။ Shakespeare ဆိုသည်မှာ မည်သူနည်း။
အဖြေ။ တုန်ခါနေသော လှံ ဟု အဓိပ္ပာယ်ရပါသည်။

အမေး။ အာဇာနည်ဆိုသည်မှာ အဘယ်သူနည်း။
အဖြေ။ `ယဉ်ယဉ်လေးရူး´ သီချင်းကို သီဆိုသော အဆိုတော်ဖြစ်သည်။

အမေး။ မဟာ ဗန္ဓုလသည် မည်သည့်စစ်ပွဲတွင် ကျဆုံးခဲ့သနည်း။
အဖြေ။ သူ၏ နောက်ဆုံးစစ်ပွဲတွင် ဖြစ်သည်။

အမေး။ မင်းတုန်းမင်း၏ ငယ်နာမည်ကို သိပါသလား။
အဖြေ။ လုံးဝမသိကြောင်း ၀န်ခံပါသည်။

==============================

၂) အောက်ပါတို့ကို အသေးစိတ်ရှင်းပြပါ။

အမေး။ လူ နှင့် ခွေး၏ ဆက်စပ်ပုံကို ဖြေပါ။
အဖြေ။ လူသည် သေမျိုး၊ ခွေးသည်လည်း သေမျိုး
သေမျိုးခြင်းအတူတူဖြစ်သည်။ ထို့ကြောင့်...
လူသည် သေမျိုး = ခွေးသည် သေမျိုး
ညီမျှခြင်းနှစ်ဘက်စလုံးမှ `သေမျိုး´ များကို ချေလိုက်သောအခါ
လူ = ခွေး

အမေး။ `ကျွဲပါးစောင်းတီး´ စကားပုံကို ရှင်းပြပါ။
အဖြေ။ ကျွဲ၏ ပါးစောင်းအား သွားတီးခြင်းဖြစ်ပါသည်။ အင်မတန်မှ
အန္တရာယ်များမည့် အလုပ်ဟု ယူဆရပါသည်။

အမေး။ ထမင်းစားသော တူကို မည်သူတီထွင်ခဲ့သနည်း။ အဘယ်ကြောင့်နည်း။
အဖြေ။ တရုတ်လူမျိုးများဟု ထင်ပါသည်။ သို့သော် ထိုသူကို တော်တော်လေး
အမြင်ကပ်ပါသည်။ သူ့ဘာသာ လက်နဲ့အလွယ်တကူ စားလို့ရနေတာကို
တုတ်ချောင်းနှစ်ချောင်းဖြင့် ညှပ်ပြီး မခက်ခက်အောင်လုပ်ပြီး စားရသည်မှာ
သိပ်အဓိပ္ပာယ် မရှိဟု ထင်မိပါသည်။ တူ၏ အခြားမကောင်းသောအချက်မှာ
ဟင်းချိုသောက်၍ မရခြင်းဖြစ်သည်။

==============================

၃) အောက်ပါတို့ကို ဘာသာပြန်ပါ။

အမေး။ How do you do?
အဖြေ။ ခင်ဗျား ဘယ်လို လုပ်လိုက်တာလဲဗျာ။

အမေး။ Long time no see.
အဖြေ။ အရှည်ကြီးက အချိန်မမြင်ဘူးဟ။

အမေး။ Fine for smoking
အဖြေ။ ဆေးလိပ်သောက်လို့ အဆင်ပြေပါတယ်။

အမေး။ We need to check the time table.
အဖြေ။ ကျုပ်တို့ နာရီစားပွဲနဲ့ ကျားထိုးရဦးမယ်ဗျ။

အမေး။ Free Burma.
အဖြေ။ မြန်မာပြည်ကြီးကို အလကားယူသွားဗျာ (ပိုက်ဆံပေးဖို့မလို)

အမေး။ Save the forest.
အဖြေ။ တောအုပ်ကြီးကို သိမ်းထားစမ်းပါ။

အမေး။ Free Alcohol Zone
အဖြေ။ အရက်အလားကား ရသော နေရာဖြစ်သည်။

အမေး။ Wash Basin
အဖြေ။ ရေဇလုံကို ဆေးပါ
Read more →

Thursday, September 5, 2013

"ထမင်းစားပီး အိပ်ငိုက်နေရင် ဒါလေးဖတ်ကြည့်နော်"......

,


မိန်းကလေး သုံးယောက်နဲ. ကြက်တူရွေး

မိန်းကလေး သုံးယောက် ကျောင်းသွားတက်ရာ
လမ်းခုလတ်က အိမ် တအိမ်တွင်ကြက်တူရွေး
တစ်ကောင်မွေးထားသည်။

ထိုကြက်တူရွေးသည် ထိုမိန်းကလေး သုံးယောက်အိမ်ရှေ.ဖြတ်သွားတိုင်း အရောင်၃ ရောင် ကို ရွက်သည်။

နေ.တိုင်းရွတ် နေတော့ မိန်းကလေး သုံးယောက်လဲ သတိထားမိလာသည်။

တနေ. တွင်သေချာနားထောင်ကြည့်လိုက်ရာ ‘အ၀ါ၊ အနီ၊ အနက်’ လို. ရွတ်နေသည် ကိုကြားမိလိုက်သည်။

မိန်းကလေး တစ်ယောက်က သွားစဉ်းစားမိသည်မှာ ဒီအရောင်ဟာ သူမရဲ. အတွင်းခံဘောင်းဘီ အရောင် ပါလား လို. သဘောပေါက်လာပြီး ကျန်နှစ်ယောက် ကိုပြောပြသည်။

ဒါပေမယ့် လက်ခံ ဖို့ အင်တင်တင်ဖြစ်နေကြသေးသည်။

ဒါနဲ.နောက်တနေ. သုံးယောက်လုံး အနက်ရောင် အတွင်းခံ ဘောင်းဘီ ကိုယ်စီဝတ်ဆင်ခဲ့ရာမှာ ထိုကြက်တူရွေး က ‘အနက်၊ အနက်၊ အနက်’ လို.ရွတ် သဖြင့်အင်မတန်အံ့အားသင့် ခဲ့ပြန်သည်။

ထိုအခါ မိန်းကလေးတစ်ယောက် က ‘ဟေ့ ငါ့တို. မနက်ဖြန် ဒီကြက်တူရွေး ကိုပညာပြရအောင်’ ဟု
ဆို ကာ သုံးယောက်လုံး အတွင်းခံ ဘောင်းဘီ မ၀တ်ပဲထွက်လာကြသည်။

ထိုနေ.တွင် ကြက်တူရွေး က ထိုသုံးယောက်ကို မြင်တော့
အနည်းငယ် ထွေသွားပြီးဦးခေါင်းကို ခါယမ်းခါ ၍ ခဏတာ စဉ်းစား အပြီး ဟောဒီလိုရွတ်လိုက်ပါတော့သည်။

‘အအို ၊ အအို ၊ အပျို'


ZinYawNews မှကူးယူတင်ဆက်ပါသည်။
Read more →

Friday, August 30, 2013

"ကျိန်စာ"

,


အစွမ်းထက်တဲ့ စုန်းမကြီး တစ်ယောက်ကို ကိုကျေးညိုသွားတွေ့တယ်
စုန်းမကြီးက မေးတယ်... ...
'ဘာကိစ္စလဲ လူလေး'
'ကျနော့်အပေါ်မှာ အနှစ် ၂ဝ လောက်ကြာအောင် မိနေတဲ့ ကျိန်စာကို ပျက်ပြယ်အောင် ကူညီပါ'

'ရတယ်လေ၊ မင်းကို ဘယ်သူက ကျိန်စာတိုက်လိုက်တာလဲ'
'ကျနော့် ယောက်ခမ'

'ဟင်... ဘယ်တုန်းကလဲ'
'လွန်ခဲ့တဲ့ အနှစ် ၂ဝ၊ သူ့သမီးကို သွားတောင်းတုန်းက'

'ဘယ်လို ကျိန်လိုက်တာလဲ၊ တိတိကျကျပြော၊ ဒါမှ ချေဖျက်တဲ့အခါ ထိရောက်တာ'

ဒီတော့ ကိုကျေးညိုကလည်း တိတိကျကျရွတ်ပြတယ်... ...

'ယနေ့မှစပြီး ဒီလင်ဒီမယား အိုအောင်မင်းအောင် ပေါင်းနိုင်ကြပါစေ'... တဲ့

အီး ဟီး ...။

သန်၎ကို-ဘာသာပြန်သည်
Read more →

Thursday, August 29, 2013

"မစွပ်စွဲဘူး"

,

ကိုမိုးကြီးက ဆောက်လုပ်ရေးအင်ဂျင်နီယာ၊ နယ်ဘက်မှာ တံတားဆောက်ဖို့ တာဝန်ကျတယ်။
သူ့မိန်းမက ကျောင်းဆရာမ၊ မြို့ပေါ်မှာ တာဝန်ကျတယ်။
ဒီတော့ မိန်းမလုပ်သူက ယောက်ျားတာဝန်ကျရာကို လိုက်နေလို့ မရဘူး

သီတင်းကျွတ်မှာ ကျောင်းက တပတ်ပိတ်တော့ ကိုမိုးကြီးရှိရာကို သူ့မိန်းမ လိုက်လာတယ်
ကျန်တာက ပြသနာမရှိပေမယ့် အိမ်ဖော်ကောင်မလေး ခေါ်ထားတာက ပြသနာဖြစ်နေတယ်... ....
'ရှင့် အိမ်ဖော်ကလဲ ချောလှချည်လား ကိုမိုးကြီးရဲ့'
'ချောလား မချောလား မသိပါဘူးကွာ၊ အဝတ်လျှော် ထမင်းချက်တတ်ရင် ပြီးတာဘဲ ဆိုပြီး ခေါ်ထားလိုက်တာပါ'
'ရှင်နဲ့ရော ကင်းရှင်းရဲ့လား'
'ရှင်းပါ့'
'တအိမ်လုံးမှာ ရှင်တို့နှစ်ယောက်ထဲ ဆိုတော့'
'ဘာဆိုင်လဲကွာ၊ ညမိုးချုပ်တာနဲ့ သူ့အခန်းသူအိပ်၊ ငါ့အခန်းငါအိပ် သီးခြားဆီပါ'
'ပြီးတာပါပဲ'

ဒီလိုနဲ့ ကျောင်း ပြန်ဖွင့်တော့ သူ့မိန်းမလည်း ပြန်သွားတယ်။
နှစ်ရက်၊ သုံးရက်နေတော့ အိမ်ဖော်လေးက သတင်းပို့တယ်
ဟင်းချက်တဲ့ ဒယ်အိုးကြီး ပျောက်နေတယ်တဲ့
ဆရာမ ပြန်သွားကတည်းက ပျောက်တာ၊ မှားများပါသွားလေသလား မေးကြည့်ပါအုံး ဆိုတော့....

ကိုမိုးကြီးလည်း သူ့မိန်းမဆီ စာရေးပြီး မေးရတာပေါ့... ...

'မိန်းမရေ...
မင်းယူတယ်လို့ မစွပ်စွဲပါဘူး
မင်းပြန်သွားကတည်းက ဒယ်အိုးကြီး ပျောက်နေလို့'

သူ့မိန်းမဆီက စာပြန်လာတယ်... ...

'ယောက်ျားရေ...
ရှင်တို့ အတူအိပ်တယ်လို့ မစွပ်စွဲပါဘူး
သူသာ သူ့အိပ်ယာမှာ သူအိပ်ရင် ဒယ်အိုးကို ပြန်တွေ့တာ ကြာပြီ၊
ဒယ်အိုးက သူ့ခေါင်းအုံးအောက်မှာ'

သတင်း ၊ ဆောင်းပါတွေ ဖတ်လို့  ခေါင်းနောက် တဲ့ အခါ ဟာသ လေးနဲ့ အမောပြေနိုင်ကြပါစေ
ရွှေသတင်းသစ်
Read more →

Wednesday, August 28, 2013

Message

,


ဇနီးသည်မှာ မထင်မှတ်ဘဲ ကိုယ်ဝန်ရှိလာတာ သိရတဲ့ အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ ဒီမင်္ဂလာရှိတဲ့ သတင်းကို လူတိုင်းကို အသိပေးချင်လာတယ်..။

အဲဒါနဲ့ ဇနီးသည်ရဲ့ ဟန်းဖုန်းကို ယူပြီး သူမဖုန်းထဲမှာရှိတဲ့ အဆက်အဆံရှိတဲ့သူတွေကို

“ငါ့မှာ ကိုယ်ဝန်ရှိနေပြီ” လို့ message တွေ ပို့လိုက်သတဲ့..။

သိပ်မကြာပါဘူး ဇနီးရဲ့ အမေက စာပြန်တယ်…

“နင့်ယောက်ျားက မြုံနေတာဆို..။ နင့်အရင်ဘဲနဲ့ ပြန်ဆက်သွယ်နေပြန်တာလား.။”

ခဏနေတော့ ခဲအိုကစာပြန်တယ်..

“မင်းဘယ်လို ဖြေရှင်းမယ်စိတ်ကူးလဲ”

ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက်က...........

“ငါတို့တွေ မတွေ့တော့တာ ၆လကျော်ပြီနော် ငါ့ခေါင်းပေါ်ပုံဖို့တော့ စိတ်မကူးနဲ့”

လုပ်ဖော်ကိုင်ဖက်က..........

“ဟုတ်ပမလားကွာ..။ ၂ရက်ပဲရှိသေးတာကို”

သူဌေးက

“ငါမင်းကို သိန်း၁၀၀ပေးမယ်… မင်း ခဏလောက် နားနေလိုက်ကွာ”

ဖောက်သည်က ...........

“အေးပါကွာ..။ မင်းငါ့ကို မခြောက်ပါနဲ့တော့..။ မနက်ဖြန် ငါ့အိမ် တစ်ခေါက်ထပ်လာခဲ့…ငါ စာချုပ်မှာ လက်မှတ်ထိုးပေးပါ့မယ်..။”

သူစိမ်းတစ်ယောက်က ...........

“မင်းကွာရှင်းလိုက်ပါ..။ ငါတို့ ဒီကလေးကို မွေးကြမယ်..”

နောက်သူစိမ်းတစ်ယောက်က..........

“အဲဒီနေ့က ကိုကျော်ကျော် လည်း ပါတာပဲ..။ ငါ့ လို့တော့ မင်းမပြောပါနဲ့…”

နောက်ထပ် သူစိမ်းတစ်ယောက်က...........

“မနောက်ပါနဲ့ကွာ..။ ငါသားကြောဖြတ်ထားတာ ကြာပြီကွ…။”

ကြည့်ရတာ ဇနီးသည်မှာ လျှို့ဝှက်ချက်တွေ တော်တော်များပုံရတယ်..။

ယောက်ကျားဖြစ်သူမှာ...အဆက်မပြတ်ဝင်လာသော မတ်ဆေ့များကိုဖတ်ရင်း....

မိုးနတ်မင်းဆိုသူထံမှ မတ်ဆေ့အလာတွင်.....နုတ်မှ..... "..ဂိ..ဂိ..ဂိ...ဂိန်..အိစ်...."..တဲ့

တိန်.............

ရီမောပျော်ရွှင်ပါစေ....မှ..ကိုလုံ

(credit to မားးး စံ)
Read more →

Monday, August 26, 2013

နှာခေါင်းနှိုက်ခြင်း

,



လူပျိုပေါက်အရွယ်သားက အဖေဖြစ်သူကိုမေးပါတယ်...

သား။ "အဖေ မိန်းမနဲ့တူတူနေတာ ဘယ်လိုအရသာရှိလဲ..."
အဖေ။ "မင်းရဲ့နှာခေါင်းထဲကို လက်ချောင်းနဲ့နှိုက်တဲ့ အရသာမျိုးပေါ့သားရဲ့..."

သား။ "အဲ့လိုအခါမျိုးမှာ မိန်းမတွေက ယောက်ျားတွေထက် ဘာလို့သာယာမှုပိုရတာလဲ အဖေ..."
အဖေ။ "ဘာကြောင့်လဲဆိုတော့ မင်းနှာခေါင်းကိုနှိုက်တဲ့အခါ မင်းလက်ချောင်းထက် နှာခေါင်းက အရသာပိုရှိလို့ပေါ့ကွ..."

သား။ "မိန်းမတွေ အဓမ္မကျင့်ခံရတာကျတော့ ဘာလို့ မသာယာတာလဲအဖေရဲ့..."
အဖေ။ "ဒါကဘာနဲ့တူလဲဆိုရင် မင်းက လမ်းပေါ်မှာလျှောက်သွားနေတုန်း တစ်ယောက်ယောက်ကလာပြီး မင်းနှာခေါင်းကိုနှိုက်မယ်ဆိုရင် မင်းအရသာရှိပါ့မလား..."

သား။ "မိန်းမတွေ ဓမ္မတာလာတဲ့အချိန် ဘာကြောင့် ယောက်ျားနဲ့တူတူမနေချင်ရတာလဲ အဖေ..."
အဖေ။ "မင်းကော နှာခေါင်းသွေးယိုနေတဲ့အချိန်မှာ နှာခေါင်းနှိုက်လို့လား..."

သား။ "မိန်းမနဲ့တူတူနေနေတုန်း ယောက်ျားတွေက ဘာလို့ ကွန်ဒုံးမဝတ်ချင်ကြတာလဲ အဖေ..."
အဖေ။ "မင်းနှာခေါင်းနှိုက်တာကို လက်အိတ်ဝတ်ပြီးနှိုက်ချင်ပါ့မလား သားရယ်..."

သား။ "လင်နဲ့မယားတွေက ဘာလို့ လူကွယ်ရာမှာပဲ တူတူနေကြတာလဲ အဖေ..."
အဖေ။ "မင်းက အတန်းဖော်တွေရဲ့ရှေ့မှာ နှာခေါင်းနှိုက်မှာလား..."

Ref: Inspire Your Friends

နှိုင်းရင့်နွေ
Read more →

Sunday, August 25, 2013

သူ့ထက် VIP တယ်

,


လူထုဘဝကို လေ့လာချင်သော သမ္မတကြီးသည် ကိုယ်ရံတော်မပါ၊ လုံခြုံရေးမပါဘဲ၊ ကားတစ်စီး နှင့် ဒရိုင်ဘာတစ်ဦးကို ခေါ်ပြီး ခရီးထွက်လာရာ ပြည်နယ်မြို့ကြီးတစ်မြို့သို့ ရောက်လာ၏။

မြို့အနှံ့လေ့လာနေစဉ် သမ္မတကြီးက ဒရိုင်ဘာကို ပြောသည်... ....

"ငါလည်း ကားမမောင်းရတာကြာပြီ၊ မင်းလည်း ပင်ပန်းနေပြီ၊ ငါတစ်လှည့် မောင်းမယ်၊ မင်း နားလိုက်"

"ဟုတ်ကဲ့" ... ဆိုပြီး နေရာပြောင်းထိုင်ကြတယ်။

သမ္မတကြီးလည်း ငယ်မူငယ်သွေးတွေကြွပြီး စွတ်ရွတ်မောင်းလိုက်တာ တနာရီ မိုင်၈၀ လောက်ဖြစ်ရော ယာဉ်ထိန်းရဲက ဖမ်းတားပြီပေါ့။ လိုင်စင်တောင်းမလို့ ကားထဲငုံ့ကြည့်လိုက်တော့ အထဲကလူနှစ်ယောက်ကို မြင်တာနဲ့ ရဲခမြာ လန့်ဖြတ်သွားတယ်။

ဘာလုပ်ရမှန်း မသိလို့ သူ့ဆရာဆီကို ဝေါ်ကီတော်ကီနဲ့ လှမ်းခေါ်တယ်...

"ဆရာ... ဒီမှာ ကားတစ်စီးကို မိုင်နှုန်းပိုမောင်းလို့ ဖမ်းထားတယ် ခင်ဗျ"

"အဲဒါဘာဖြစ်လဲကွ၊ ချလံဖြတ်လိုက်ပေါ့"

"ကားပေါ်မှာ VIP ပါနေလို့ ဆရာ"

"ဘာ VIP လဲကွ"

"ပေါ့သေးသေးတော့ မဟုတ်ဘူးဆရာ"

"လွတ်တော် အမတ်လား"

"သူ့ထက် VIP တယ် ဆရာ "

"မြို့တော်ဝန်လား"

"သူ့ထက် VIP တယ် ဆရာ "

"တိုင်းမှုးလား"

"သူ့ထက် VIP တယ် ဆရာ "

"ဝန်ကြီးချုပ်လား"

"သူ့ထက် VIP တယ် ဆရာ "

အဲဒီမှာ ဆရာလုပ်သူလည်း ဒေါသထွက်လာပြီး အော်တော့တာပေါ့... ....

"ဟေ့ကောင်၊ ဝန်ကြီးချုပ်ထက်ကြီးတာ မင့်အမေလင် သမ္မတဘဲ ကျန်တော့တယ်"

ဒီတော့ ရဲလေးက တိုးတိုးလေးပြန်ပြောတယ်...

"ဘာကောင်လဲတော့ မသိဘူး၊ ဆရာပြောတဲ့ အဲဒီ ကျနော့်အမေလင် ကိုယ်တိုင် ကားမောင်းပေးနေရတာ..."

Credit-CM2
Read more →

Saturday, August 24, 2013

အပျိုကြီး လူပျိုကြီးတွေ ဖတ်သင့်ကြောင်း

,

~~~~~~~~~~~~~~~~~~~~~~
အပျိုကြီး လူပျိုကြီး တွေကြောင့် တိုင်းပြည် တစ်ခုမှာ (GDP) လို့ခေါ်တဲ့ တစ်ဦးချင်း ဝင်ငွေတွေ ကျဆင်င်းကြရ တယ်လို့ပြောရင် ညောင်ဦး ကမ်းပါးပြို တာနဲ့ စမ္ပါနဂိုက နွားမေပေါင်က်ျိုး တာနဲ့ ဘာဆိုင်လို့ လဲလို့ ပြောကြမဲ့ လူတွေ အများကြီးရှိ ပါလိမ့်မယ်။ တစ်ခုနဲ့တစ်ခု ကျိုးကြောင်း ဆက်စပ်ပြီး သက်ရောက် မှုတွေရှိတယ် ဆိုတာကို အဲဒီလူတွေရဲ့ ဘဝများက သင်ကြားပြသွားတဲ့ အချိန် ကိုရော်ရကင် သူတို့နားလည် သွားကြ ပါလိမ့်မယ်။ ဒီအချိန်မှာ GDP ကိစ္စကို အပျိုကြီး လူပျိုကြီးတွေကို လက်ညှိုးထိုး နေရင် အန္တရာယ်များ လိမ့်မယ်ထင် တယ်။

တကယ်တော့ အပျိုကြီး လူပျိုကြီး များနဲ့ တိုင်းပြည် စီးပွားရေးက ဆက်စပ် ယှက်နွှယ်မှု ရှိနေတာ အမှန်ပါ ပဲ။ ကြက်မကြီးနဲ့ ကြက်ဥ လိုပါပဲ။ ကြက်ဥကပဲ ကြက်မကြီး တစ်ကောင် ဖြစ်စေတာလား၊ ကြက်မကြီးကပဲ ကြက်ဥကို ဥပေးလိုက်တာလား ဆိုတာ အစရှာရခက်တယ်။ ကျိုးကြောင်း ဆက်စပ်မှုကေတာ့ ရှိနေတာအမှန်ပဲ။ ဒါပေမဲ့ ဘယ်ဟာကအစ၊ ဘယ်ဟာ ကအဆုံးဆိုတာ ပြောရခက်လိမ့်မယ်။ အပျိုကြီးလူပျိုကြီးများနဲ့ လူတစ်ဦးချင်း စီရဲ့ ဝင်ငွေကိစ္စ၊ တိုင်းပြည်စီးပွားရေး ကိစ္စကို ခွဲခြမ်းစိတ်ဖြာပြရမယ်ဆိုရင် အဲဒီကြက်ဥနဲ့ကြက်မပြဿနာလိုပဲ ဖြစ်နေလိမ့်မယ်။ ပြဿနာရဲ့အစကို ရှာရတာ ဂျာအေးသူ့အေမရိုက်သလို ဖြစ်နေလိမ့်မယ်။ ဒါကို အနီးစပ်ဆုံး စဉ်းစားကြည့ေ်ရအာင်။

အကျိုးအကြောင်း အမျိုးမျိုး ကြောင့် တိုင်းပြည် တစ်ပြည်ဟာ ဆင်းရဲခဲ့ရတယ် ဆိုပါတော့။ ဒါမှမဟုတ် ဝင်ငွေနိမ့်ကျလာတယ်ဆိုပါတော့။ အဲဒါတွေနဲ့ တစ်ဆက်တည်းဖြစ်လာ ရှားပါးလာမယ်။ အလုပ်အကိုင် အခွင့် အလမ်းတွေ ဖန်တီးပေးနိုတင်ဲ့ လုပ်ငန်း တွေနည်းပါးလာမှာ အမှန်ပါပဲ။ ဒီတော့ အလုပ်လက်မဲ့တွေ များလာလိမ့်မယ်။ လူတွေဟာ ဝင်ငွေနည်းပြီး၊ ထွက်ငွေ များလာတဲ့အေခြအေနကို ဆိုက် ရောက်လာရေတာ့မှာ သေချာပါတယ်။ ဒီတော့ ဘာဖြစ်မလဲ၊ စားဝတ်နေရး၊ ကျန်းမာရေး၊ လူမှုရေးကအစ ပညာ ရေးကိစ္စတွေအထိ တွက်ချက်စဉ်းစား ပြီး ဝင်ငွေနဲ့ထွက်ငွေမျှတေအာင် ဖန်တီးကြရေတာ့မယ်။ ဘဝကိုနေပျာ် အောင်နေနိုဖငို့အတွက် စဉ်းစားကြ တော့မယ်။

ဒီတော့ အိမ်ထောင်ရှင်တွေက သားသမီးယူဖို့ကိစ္စကို နည်းနည်းနဲ့ ကျဲကျဲဝိုင်းဆိုသလို မျိုးဆက်ခြားတဲ့ နည်းတွေ၊ လူဦးရေအကန့်အသတ် စီမံကိန်းအတိုင်း ဆောရင်ွက်ကြေလ့ရှိ ကြသလို အိမ်ထောင်မပြုကြရေသးတဲ့ အပျိုကြီးလူပျိုကြီးတွေကေတာ့ အိမ်ထောင်ပြုရမယ့်ကိစ္စ၊ သားသမီး ယူရမယ့်ကိစ္စတွေကို ကြောက်လာ ကြတယ်။ ဖြစ်နိုင်ရင်ရှောင်ဖယ်ချင် ကြတယ်။ ဝင်ငွေထွက်ငွေမမျှတေတာ့ တိုးလာမယ့် ပါးစပ်ပေါက်တွေအတွက် အရဲမစွန့်ရဲကြဘူး။ မိန်းမ၊ ယောကျာ်း ယူဖို့ကိစ္စကို ဝေါင်ဝေါင်ရှေးပြီး ဝေးဝေး ရှောင်ကြေတာ့တယ်။ အိမ်ထောင် သည်ဘဝကို မခံယူရဲတော့ဘူး။ အိမ် ထောသင်ည် ဘဝရဲ့စိန်ခေါ်မှုတွေကို သူတို့တစ်တွေ မရင်ဆိုင်ရ်ဲတော့တာ အမှန်။

သားသမီး မရှိဲကြတော့ လူဦး ရေနည်းလာပေလိမ့်မယ်။ လူဦးရေ နည်းတော့ ကုန်ထုတ်စွမ်းအားတွေကို ထိခိုက်လိမ့်မယ်။ ကုန်ထုတ်စွမ်းအား ချည့်နဲ့အားနည်းလာတဲ့အခါ တိုင်းပြည် ရဲ့ စီးပွားရေးအေခြအေနကလည်း ရှောလင်ွှဲမရနိုင်လောက်အောင် ဆုတ် ယုတ်ကျဆင်း သွားတော့မှာ သေချာ တယ်။ ဒီစကားကို မှန်းတ်ုရတမ်းတုတ် ပြီး ပြောနေတာမဟုတ်ပါဘူး။ ကမ္ဘာ ကြီးရဲ့ဖြစ်စဉ်တွေကို လေ့လာသုံးသပ် ရင်တွေ့ရပါလိမ့်မယ်။ စီးပွားရေးဖွံ့ဖြိုး တဲ့အချိန်ကာလေတွမှာ လူဦးရေတိုး တက်လာပြီး လူဦးရေတိုးတက်မှုရှိတဲ့ ကာလေတွမှာ စီးပွားရေးတိုးတက်လာ တတ်တာကို သွားပြီးတွေ့ရတတ်တယ်။ ပထမစက်မှု တော်လှန်ရေးကြီး မဖြစ်ခကင် ကမ္ဘာပေါ်မှာ လူဦးရေ သန်း (၅၀ဝ)လောက်သာ ရှိခဲ့ပြီး စက်မှု တော်လှန်ရေးကြီး ဖြစ်ပြီးမှ လူဦးရေနှစ် ဆတိုးတက်ခဲ့ တယ်လို့ စာရင်းဇယား တွေအရ သိခဲ့ရတယ်။ ပထမစက်မှု တော်လှန်ရေး ခေတ်ကာလ တွေကေန ဒုတိယ စက်မှုတော်လှန်ရေး ခေတ်ကာလ ရောက်တော့ နှစ်ဆခွဲလောက်ထပ်တိုး ခဲ့ပြီး ၁၉၂၇ခုနှစ်ကနပြီး ၁၉၆၀ လောက်အထိလည်း နှစ်စဉ်တိုးတက် လာခဲ့တဲ့ လူဦးရေနဲ့အတူ စီးပွားရေး တွေလည်း အရှိန်အဟုန်နဲ့တိုးတက် လာကြတာကို သတိပြုမိခဲ့ကြတယ်။ ဒီတော့ လူဦးရေတိုးတက်မှုနဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ တစ်ပြေးညီဖြစ် ပေါ်တတ်ပြီး လူဦးရေကျလာလေ စီးပွားရေးကျလာလေလို့ ပြောရလိမ့် မယ်။ ဒီလိုပဲ စီးပွားရေးကျလာလို့ လူဦးရေကျလာပြီး၊ လူဦးရေကျလာလို့ စီး ပွားရေးကျတယဆ် တို့ " ဂျာအေးသူ့ အေမရိုက်လို့" ဆိုတဲ့ အဖြစ်မျိုး ကလည်း မလွှဲမေရှာင်နိုင်တွေ့ရပြန်တယ်။

ဒီနေ့ ကမ္ဘာပေါ်မှာ လူဦးရေ ပေါက်ကွဲ နေကြတဲ့ ဘရာဇီးလို၊ ရုရှား လို၊ အိန္ဒိလို၊ တရုတ်လို နိုငင်ံကြီးတွေက စီးပွားရေးတိုးတက် နေတာကို ထောက် ပြကြပြီး လူဦးရေ တိုးပွားလာရင် စီးပွား ရေးလည်း တိုးပွားလာသေယာင် ယောင် တချို့တွေက ဆိုကြပါတယ်။ ဘယ်လောက်မှန်နေလို့ ဘယ်လောက် မှားတယ်ဆိုတာတော့ မသိပါဘူး။ သူတို့ထောက်ပြတဲ့ BRIC လေးနိုငင်ံ ကေတာ့ သူတို့ပြောသလို လူဦးရေ လည်းများပါရဲ့၊ စီးပွားရေးလည်း တစ်စုံတ်ရစာ တိုးတက်နေပါရဲ့။

ဒါပေမဲ့ လူဦးရေ တိုးတက်လာပေ မဲ့ စီးပွားရေး ကျနေတဲ့ အေမရိကန်နိုငင်ံ နဲ့ တချို့တချို့နိုငင်ံ တွေကို လက်ညှိုး ထိုးပြရမယ်ဆိုရင်တော့ ပညာရှိတွေ ငြင်းခုံဆွေးနွေးရတဲ့ ဆွေးနွေးပွဲကြီး ပေါ်ပေါက်လာနိုတင်ယ်။ ဒါကေတာ့ အလွန်သေချာတဲ့ ကိစ္စ။ သမိုင်းနဲ့ချီတဲ့ အေထာက်အထားတွေ နောက်မှာ မတူတဲ့ အယူအဆေတွဟာလည်း ဓမ္မတာပဲ ရှိနေပါလိမ့်မယ်။ ဒီတော့ လူဦးရေတိုးလို့ စီးပွားရေးတိုးတက်ပြီး၊ စီးပွားရေးတိုးတက်လာကြလို့ လူဦးရေ တိုးတက်တယ်ဆိုတဲ့အယူအဆဟာ ဟုတ်သလိုလိုတော့ ရှိသလိုပါပဲ။ ဒါပေမဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ပေမဲ့ လူဦးရေနိမ့်ကျလာတဲ့ ဂျပန်လို၊ တောကငိုရီးယားလို နိုငင်ံတွေကလည်း ရှိနေပြန်တော့ သူတို့ကမေးခွန်းသစ် တွေကို ယူဆောင်လာဦးမှာ သေချာပါ တယ်။

တိုင်းပြည်တစ်ပြည်မှာ စီးပွားရေး တိုးဖို့ဆိုတာ လူဦးရေတိုးမှ လုပ်အား တိုးပြီး စီးပွားရေး တိုးတက်မယ်ဆိုတဲ့ အယူအဆဘက်က ကြည့်မယ်ဆိုရင် တော့ လူဦးရေတိုးတာ ကောင်းပါတယ်။ စီးပွားရေး မတိုးတက်လို့ လူဦးရေဆုတ် ယုတ်ကျဆင်း လာနေရတယ် ဆိုတာက တော့ ကောင်းမယ် မထဘင်ူး။ လူပျို ကြီးအပျိုကြီးများ ခင်ဗျား.. တိုင်းပြည် စီးပွားရေးတိုးတက် စေဖို့အတွက် မြန်မြန်ဆန်ဆန် အိမ်ထောင်ပြုကြပါ လို့ မျက်စိမှိတ်ပြီး တိုက်တွန်း ပါရေစ။ GDP ကိစ္စကို လူပျိုကြီး အပျိုကြီးတွေ ကြောင့်လို့ လက်ညှိုး ထိုးကြမယ့် လူတွေ ကလည်း ရှိနေကြတယ် မဟုတ်လား။

BY အခွင့်အလမ်း
Read more →

Tuesday, August 20, 2013

တစ်ထောင်တန်ပေါ်မှာ ခြင်္သေ့ပုံ ရိုက်ထားတုန်းပဲလား...

,


မြို့မှာ ကျောင်းသွားတက်နေတဲ့ သားဖြစ်သူက၊ နယ်မှာနေတဲ့ သူ့အဖေဆီကို ဖုန်းဆက်နေတယ်။ သာကြောင်းမာကြောင်း ပြောပြီးတဲ့အခါ သားဖြစ်သူက မေးတယ်.. . .. . 

"ဒါနဲ့ စကားမစပ်၊ တစ်ထောင်တန်ပေါ်မှာ ခြင်္သေ့ပုံ ရိုက်ထားတုန်းပဲလားအဖေ"

"အေးပေါ့ကွ၊ ဘာလို့မေးတာလဲ"

"အော်. .. မမြင်ရတာကြာတော့ ပြောင်းများ သွားပလားလို့ပါ"

ဒီတော့မှ အဖေလုပ်သူလည်း သဘောပေါက်သွားပြီး.. . .. .

"အောင်မယ်၊ ခွေးမသား၊ ပိုက်ဆံပို့ပါအုံးအဖေဆို ပြီးတာကိုများ"
Read more →

Monday, August 19, 2013

ကလေးနဲ့ သီအိုရီ (ဟာသ)

,
 


တစ်ခါက ဆရာမတစ်ယောက်သည် ကျောင်းသားကျောင်းသူများကိုမေး၏

“ကလေးတို့ရေ၊ ဒီ ဘလက်ဘုတ်ပေါ်က ဘာများလဲကွယ်”
ကလေးတွေက ဘလက်ဘုတ်ကို ကြည့်၏။ အောက်ပါအတိုင်း ရေးထားတာကိုတွေ့ရသည်။

1=1
1+1=2
1+1+1=3

“မြန်မာပါ ချရာမ”
“မှားတယ်၊ မင်းဘယ်လိုခလေးလဲ၊ သင်္ချာတွေ့ရဲ့သားနဲ့ မြန်မာစာလို့ ပြောရအောင်၊ မင်းတော်တော်ညံ့တာပဲ”
“မဟုတ်ပါဘူး ချရာမ၊ သားက မြန်မာနိုင်ငံရဲ့ တိုးတက်နိုင်တဲ့ သီအိုရီကိုပြောတာပါခင်ည”
“ကြီးကျယ်လိုက်တာ ဘာများတုန်း”
“(1=1) တစ်တိုင်းပြည်လုံး ညီညွှတ်ရင် နံပတ်တစ် ထိပ်တန်းနိုင်ငံ ဖြစ်နိုင်တယ်။ (1+1=2) တစ်ယောက်နဲ့ တစ်ယောက် ပေါင်းစားရင်တော့ တိုင်းပြည်နစ်(နှစ်) သွားနိုင်တယ်။ (1+1+1=3) သူတို့ သုံးယောက် မပေါင်းနိုင်ရင်တော့ တိုင်းပြည်ဟာ သုံးစားလို့ မရအောင်ဖြစ်သွားနိုင်ပါတယ် ချရာမ”
“အေး၊ ငါကလည်း လျှာရှည်တဲ့နင့်ကို (1+1+1+1=4) လေးချက်တိတိ ရိုက်တယ်ဟယ်....ကဲ”
“မှားတယ်ချရာမ...တစ်ဦး၊ တစ်ယောက်၊ တစ်ပါတီ၊ လူမျိုးတစ်မျိုး ပေါင်းရုံနဲ့ (4) လေးစားလောက်တဲ့ တိုင်းပြည် မဖြစ်လာပါဘူးလို့ ဆိုတာပါ ချရာမ”
“အင်းဟယ်.....ဒီလောက် ရိုက်နေတာတောင် ပြောနေသေးတယ်”
“ရိုက်ခံရတယ်ဆိုတာ.... သားတို့နိုင်ငံအတွက် မထူးဆန်းပါဘူး ချရာမ၊ နိုင်ငံရေး စကားပြောရင် အခုလို ရိုက်ခံရမယ်ဆိုတာ သိသိကြီးနဲ့ ပြောတာပါချရာမ”
Read more →

Thursday, August 15, 2013

မြန်မာနိုင်ငံနှင့် Wireless

,

===============
ဂျပန်နိုင်ငံမှ ဘူမိဗေဒပညာရှင်တွေက တူးဖော်ရေးလုပ်ကွက်တစ်ခုကနေ မထင်မှတ်ပဲ မြေအောက်မီတာ (၁၀၀၀) ကျော်မှာ Copper Wire တွေ တူးဖော် တွေ့ရှိ သွားကြတယ်။ ဂျာပန်မှ သိပ္ပံပညာရှင်တွေရဲ့ စမ်းသပ်မှုအရ အောက်ပါအတိုင်း မှတ်ချက် တစ်ခုချလိုက်ကြတယ်။ မိမိတို့ ဘိုဘေးဘီဘင်တွေဟာ ရှေးနှစ်ပေါင်း ၁၀၀၀ ခန့််ကတည်းက Copper wire Coaxial Technology တွေအသုံးပြုခဲ့ကြတယ်တဲ့။

အဲဒါကို မခံနိုင်ဖြစ်သွားတဲ့ အမေရိကန်တွေက သူတို့နိုင်ငံမှာ မြေအောက်မီတာ (၂၀၀၀) ကျော်တူးခဲ့ကြတယ်တဲ့ ထူးဆန်စွာနဲ့ Fiber Cables တွေကို တွေ့ရှိသွားတယ်။

အမေရိကန်သိပ္ပံပညာရှင်တွေရဲ့ စမ်းသပ်မှုအရ အောက်ပါအတိုင်း မှတ်ချက် တစ်ခုချလိုက်ကြတယ်။ မိမိတို့ ဘိုဘေးဘီဘင်တွေဟာ ရှေးနှစ်ပေါင်း ၁၀၀၀ ခန့််ကတည်းက Optical Technology (0r) Phonic Technology တွေအသုံးပြုခဲ့ကြတယ်တဲ့။

နောက်ဆုံး မြန်မာနိုင်ငံမှ ဗိုလ်ချုပ်ကြီးတွေကလည်း အားကျမခံ မြန်မာ့မြေအောက်ကို တူးဖော်ခိုင်းလိုက်ကြတယ်။ မီတာ (၁၀၀၀) တူးတယ် ...... ဘာမှမတွေ့ဘူး။

မီတာ (၂၀၀၀) တူးတယ် ..... ဘာမှမတွေ့သေးဘူး။ ဒါနဲ့ပိုသေချာသွားအောင် မီတာ (၃၀၀၀) အထိ တူးလိုက်ကြတယ်။ အံ့သြစရာပဲဗျာ ။ ဘာဆိုဘာမှ ကို မတွေ့တာ...။ ဒါနဲ့ နောကဆုံးမှတ်ချက်တစ်ခု ချလိုက်ကြတယ်။

မိမိတို့ ဘိုးဘေးဘီဘင်တွေဟာ ရှေးနှစ်ပေါင်း ၁၀၀၀ ခန့်ကတည်းက Wireless technology တွေအသုံးပြုခဲ့တယ်တဲ့...။
~~~~~
ရယ်မောပျော်ရွှင်နိုင်ပါစေ
ကြိုက်ရင် Like and Shareေိေိ

credit:Myanmar mobile
Read more →