Monday, August 19, 2013

ကလေးနဲ့ သီအိုရီ (ဟာသ)

,
 


တစ်ခါက ဆရာမတစ်ယောက်သည် ကျောင်းသားကျောင်းသူများကိုမေး၏

“ကလေးတို့ရေ၊ ဒီ ဘလက်ဘုတ်ပေါ်က ဘာများလဲကွယ်”
ကလေးတွေက ဘလက်ဘုတ်ကို ကြည့်၏။ အောက်ပါအတိုင်း ရေးထားတာကိုတွေ့ရသည်။

1=1
1+1=2
1+1+1=3

“မြန်မာပါ ချရာမ”
“မှားတယ်၊ မင်းဘယ်လိုခလေးလဲ၊ သင်္ချာတွေ့ရဲ့သားနဲ့ မြန်မာစာလို့ ပြောရအောင်၊ မင်းတော်တော်ညံ့တာပဲ”
“မဟုတ်ပါဘူး ချရာမ၊ သားက မြန်မာနိုင်ငံရဲ့ တိုးတက်နိုင်တဲ့ သီအိုရီကိုပြောတာပါခင်ည”
“ကြီးကျယ်လိုက်တာ ဘာများတုန်း”
“(1=1) တစ်တိုင်းပြည်လုံး ညီညွှတ်ရင် နံပတ်တစ် ထိပ်တန်းနိုင်ငံ ဖြစ်နိုင်တယ်။ (1+1=2) တစ်ယောက်နဲ့ တစ်ယောက် ပေါင်းစားရင်တော့ တိုင်းပြည်နစ်(နှစ်) သွားနိုင်တယ်။ (1+1+1=3) သူတို့ သုံးယောက် မပေါင်းနိုင်ရင်တော့ တိုင်းပြည်ဟာ သုံးစားလို့ မရအောင်ဖြစ်သွားနိုင်ပါတယ် ချရာမ”
“အေး၊ ငါကလည်း လျှာရှည်တဲ့နင့်ကို (1+1+1+1=4) လေးချက်တိတိ ရိုက်တယ်ဟယ်....ကဲ”
“မှားတယ်ချရာမ...တစ်ဦး၊ တစ်ယောက်၊ တစ်ပါတီ၊ လူမျိုးတစ်မျိုး ပေါင်းရုံနဲ့ (4) လေးစားလောက်တဲ့ တိုင်းပြည် မဖြစ်လာပါဘူးလို့ ဆိုတာပါ ချရာမ”
“အင်းဟယ်.....ဒီလောက် ရိုက်နေတာတောင် ပြောနေသေးတယ်”
“ရိုက်ခံရတယ်ဆိုတာ.... သားတို့နိုင်ငံအတွက် မထူးဆန်းပါဘူး ချရာမ၊ နိုင်ငံရေး စကားပြောရင် အခုလို ရိုက်ခံရမယ်ဆိုတာ သိသိကြီးနဲ့ ပြောတာပါချရာမ”

0 comments to “ကလေးနဲ့ သီအိုရီ (ဟာသ)”

Post a Comment