Saturday, August 31, 2013

ပထမဆုံး ပြည်တွင်းဖြစ် ရဟတ်ယာဉ်တင် တိုက်ခိုက်ရေး သင်္ဘော တရုတ် တည်ဆောက်

,

Posted on 31 August, 2013

(ပေကျင်း- သြဂုတ် ၂၉)
တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သည် 081 အတန်းအစား ရဟတ်ယာဉ်တင် တိုက်ခိုက်ရေး သင်္ဘော တစ်စင်းကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ကျန်းနန် သင်္ဘောကျင်းတွင်
တည်ဆောက်လျက် ရှိကြောင်း ဂျပန်နိုင်ငံ အခြေစိုက်Diplomat အွန်လိုင်းမဂ္ဂဇင်း၏ လက် ထောက် အယ်ဒီတာ ဇာချရီကက်က ပြောကြားခဲ့သည်ဟု သြဂုတ် ၂၉ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ အဆိုပါ သင်္ဘောသည် တရုတ် နိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် ကမ်းထိုးတိုက်ခိုက်ရေး သင်္ဘောဖြစ်ပြီး ရှပ်ပြေးယာဉ်နှင့် ရဟတ်ယာဉ် နှစ်မျိုးစလုံးကို သယ်ဆောင်နိုင်စွမ်း ရှိမည်ဖြစ်ကြောင်း၊ အဆိုပါ သင်္ဘောကိုတည်ဆောက် နေဆဲဖြစ်ပြီး ၂ဝ၁၃ ခုနှစ် သြဂုတ်လ အစောပိုင်းတွင် ရေချခဲ့သည့် ဂျပန်နိုင်ငံ ၏အစ်ဇူမို အတန်းအစား ရဟတ်ယာဉ် တင်သင်္ဘောနှင့် တစ်ပုံစံတည်းနီးပါး ဆင်တူကြောင်း ကက်က ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းသင်္ဘောသည် တန်ချိန် ၃၅,ဝဝဝ ရှိပြီး အရွယ်အစားမှာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ တည်ဆောက်ပြီး 071 အတန်းအစား ကမ်းထိုး တိုက်ခိုက်ရေး သင်္ဘောများ၏ နှစ်ဆရှိကြောင်း ကက်ကထပ်လောင်း ပြောကြားခဲ့သည်။ 081 အတန်းအစား ရဟတ်ယာဉ်တင် တိုက်ခိုက်ရေး သင်္ဘောသည်WZ-10 နှင့်WZ-19 ကဲ့သို့သော ခေတ်မီတိုက်ခိုက်ရေး ရဟတ်ယာဉ်များ အပါအဝင် အနည်းဆုံးရဟတ် ယာဉ်အစင်း ၂ဝ ကို သယ်ဆောင်နိုင် စွမ်းရှိမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရေတပ်မှ ရေတပ်ဗိုလ်ချုပ် Yin Zhuo က ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလအတွင်း တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ပြောကြားခဲ့သည်။

0 comments to “ပထမဆုံး ပြည်တွင်းဖြစ် ရဟတ်ယာဉ်တင် တိုက်ခိုက်ရေး သင်္ဘော တရုတ် တည်ဆောက်”

Post a Comment