Friday, August 30, 2013

ဆီးရီးယားအား စစ်ရေးအရအရေး ယူရန်အဆိုကို ဗြိတိန်လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်

,
 
ဆီးရီးယားအား စစ်ရေးအရ အရေးယူရန် အဆိုကို သြဂုတ် ၂၉ ရက်က ဗြိတိန် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံ မဲ ၂၇၂ မဲ၊  ကန့်ကွက်မဲ ၂၈၅ မဲရရှိကာ ၁၃ မဲ အကွာဖြင့် ရှုံးနိမ့်သွားခဲ့ကြောင်း သိရသည်။

     ပြီးခဲ့သည့် သီတင်းပတ်က ဒမတ်စကတ် ဆင်ခြေဖုံး၌ ဓာတုလက်နက်များဖြင့် တရားမ၀င် တိုက်ခိုက်ခဲ့မှုအတွက် ဆီးရီးယားအစိုးရအပေါ် စစ်ရေးဖြင့် အပြစ်ပေး အရေးယူခြင်းကို လွှတ်တော်အမတ်များက မလိုလားသည်မှာ ထင်ရှားကြောင်းနှင့် ဗြိတိန်ပြည်သူတို့၏ အမြင်များ ရောင်ပြန်ဟပ်နေသော လွှတ်တော်၏ သဘောထားကို ကျော်လွန်ကာ လုပ်ဆောင်သွားမည် မဟုတ်ကြောင်း  ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က ပြောကြားခဲ့သည်။

 ယခုသီတင်းပတ် အစောပိုင်းက  ဆီးရီးယား အစိုးရအပေါ် အမေရိကန်ဦးဆောင်သော စစ်ရေးအရ အရေးယူရန် ပြင်ဆင်နေမှုတွင် ပါဝင်ရန် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် အနေဖြင့် အသင့်ဖြစ်နေခဲ့သော်လည်း ယခု လွှတ်တော်၏ မဲခွဲဆုံးဖြတ်မှုကြောင့် ဗြိတိန်၏ ပူးပေါင်းပါဝင်မှုမှာ မဖြစ်နိုင်တော့ကြောင်း သိရသည်။ အမေရိကန်တို့ဘက်မှမူ ၄င်းတို့၏ အရင်းနှီးဆုံး မဟာမိတ်နိုင်ငံတစ်နိုင်ငံ ဖြစ်သော ဗြိတိန်နှင့် အဆိုပါဆီရီးယားအား အရေးယူခြင်းကိစ္စနှင့် ပတ်သက်ပြီး ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Ref:Reuters

0 comments to “ဆီးရီးယားအား စစ်ရေးအရအရေး ယူရန်အဆိုကို ဗြိတိန်လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်”

Post a Comment