Thursday, August 29, 2013

* ဦးလှဆွေ သို့ အရှင်ဂန္ဓသာရ မှ အိတ်ဖွင့်ပေးစာ *

,

သို့

MP ဦးလှဆွေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
(နေပြည်တော်၊မြန်မာနိုင်ငံ)

ဦးစွာပဏာမဦးဇင်းပြောလိုသည်မှာ ဦးဇင်းသည် မြတ်ဗုဒ္ဓ၏ တပည့်သားသံဃာတစ်ပါးဖြစ်ပါသည် သို့သော် ယခုလွှတ်တော်အမတ်မင်းထံရေးသောစာသည်ဘာသာရေးတိုးတက်စေမှုများဘာသာရေးအစွန်းရောက်မှုနဲ့
မြတ်ဗုဒ္ဓ၏ အယူအဆများကို အခြေမခံသော ရေးသားချက်များသာဖြစ်ပါကြောင်း နဲ့ မြန်မာနိုင်ငံသားဖြစ်သောဦးဇင်းသည် မြန်မာနိုင်ငံ၏ ကောင်းမှု ဆိုးမှုမှာ ဦးဇင်းအပေါ်တွင်လည်း အကျိုးသက်ရောက်မှုရှိသောကြောင့် ယခုလိုစာရေးသားရပါကြောင်း ဦးစွာပြောပါရစေ။
“ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က သြဂုတ် ၂၃ ရက်တွင် ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ နိုင်ငံသား သတ်မှတ်ချက်ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား တင်သွင်းခဲ့သည်။ လွှတ်တော်တွင် လက်ခံဆွေးနွေးရန် သင့်မသင့် သဘောထား တောင်းခံရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ကန့်ကွက်၍ မဲခွဲဆုံးဖြတ်ရန် ဆုံးဖြတ်ခဲ့ပြီး ကိုယ်စားလှယ် မစုံလင်၍ သြဂုတ် ၂၆ ရက်သို့ ရွှေ့ဆိုင်းခဲ့သည်” ဟု သြဂုတ်လ ၂၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာအွန်လိုင်းစာမျက်နှာတွင် ဖတ်ရှုရပါသည် သို့သော် ဦးဇင်းသည် မည့်သည့် Argument များ Criticism များ comment များ မပေးလိုပါ သို့သော် ယနေ့ သြဂုတ် ၂၈ ရက်နေ့တွင် အမတ်မင်း၏ Personal Facebook စာမျက်နှာပေါ်တွင် အမတ်မင်း၏ ကန့်ကွက်ရခြင်းနှင့်ပတ်သက်ပြီးပြန်လည်ဖြေရှင်းချက်တစ်ချို့အားဖတ်ရှုရပါသည်၎င်းဖြေရှင်းချက်တွင်ပါရှိ
သည့်ဒေါက်တာမာတင်လူသာကင်းဂျူနီယာ၏ရပ်တည်ချက်အားအထောက်အထားပြကာဖြေရှင်းရေးသား
ချက်ကို တွေ့ရသည် တစ်ခုရှိသည်မှာ လက်ရှိမြန်မာပြည်အခြေအနေသည်
လူဖြူလူမည်းပြဿနာမဟုတ်ဘဲ နိုင်ငံသားနဲ့ မှီခို(တရားမဝင်ရောက်ရှိနေသူ)များ၏ကြားတွင်ဖြစ်နေသော (သို့)သူတို့အတွက်လိုအပ်နေသောဥပဒေပင်ဖြစ်သည်ကို အမတ်မင်းကွဲကွဲပြားပြားမရှိ
လှသည်မှာထင်ရှားပါသည် သို့သော်လည်း ဦးဇင်းအနေဖြင့် မည့်သည့် Argument များ Criticism များ comment များ မပေးလိုသေးပါ။

ဦးဇင်းပြောလိုသည်မှာ ၄င်းရေးသားချက်တွင်ပါရှိသောအောက်ပါအချက်နှစ်ချက်ကိုဖြစ်ပါသည်။

၁၊ မြန်မာဆိုတာ သီးခြားရပ်တည်လို့ မရပါဘူး။

၂၊ မြန်မာလူမျိုး ရိုးရာဝတ်စုံဆိုတာ ဘင်္ဂလားနယ်က ပုဆိုးကို ခါးမှာဝတ်ပြီး တရုတ်ကော်လံကတုံးကို လည်ပင်းမှာ တပ်ထားတာကို မြန်မာ့ ရိုးရာဝတ်စုံလို့ ခေါ်ကြတာဖြစ်ပါတယ်။

ဟုရေးသားထားသောအထက်ဖေါ်ပြပါအချက်များ၏အယူအဆ(Fallacious)များအား ရေးသားခြင်းသာဖြစ်
သည်။အမတ်မင်းက “ မြန်မာဆိုတာ သီးခြားရပ်တည်လို့ မရပါဘူး” ဟုဆိုသည် ဦးဇင်းပြောလိုသည်မှာ မြန်မာနိုင်ငံသည် Independent နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မည်သည့်နိုင်ငံကိုမှအမှီအခိုပြုသော Interdependent နိုင်ငံတစ်နိုင်ငံမဟုတ်သည်မှာ “မြန်မာပြည်လွတ်လပ်ရေးရပြီး” ဆိုသည့်ပြောဆိုချက်များ သမိုင်းများ မှတ်တမ်းမှတ်ရာများမှ အခြေခံ၍သိရှိနိုင်ပါသည် ဟုတ်ပါပြီ အမတ်မင်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ယင်းသို့မဟုတ်ပဲ အခြားနိုင်ငံများနှင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံကူးလူး၊ဆက်ဆံ၊မှီခို၊အားထားမှုများရှိရမည်ဟုဆိုလိုဟန်(ဆိုလိုခြင်းသာ)ဖြစ်သည်ဟု
ဆိုကောင်းဆိုပါလိမ့်မည်…..သို့သော်….၊အမတ်မင်း၏ “မြန်မာလူမျိုး ရိုးရာဝတ်စုံဆိုတာ ဘင်္ဂလားနယ်က ပုဆိုးကို ခါးမှာဝတ်ပြီး တရုတ်ကော်လံကတုံးကို လည်ပင်းမှာ တပ်ထားတာကို မြန်မာ့ ရိုးရာဝတ်စုံလို့ ခေါ်ကြတာဖြစ်ပါတယ်” ဆိုသည့်ရေးသားချက်မှာ အလွန်တရာမှ မှားယင်းသောရေးသားချက်ဖြစ်ကြောင်းပြောလိုပါသည် ဘာကြောင့်ဦးဇင်းဒီလိုပြောရလဲဆိုတော့ “ မြန်မာလူမျိုးရိုးရာဝတ်စုံ ” ဆိုသည်မှာ တစ်မျိုးတည်းရှိခြင်းမဟုတ်ပဲ ချင်း၊ကချင်၊ရှမ်း၊ဗမာ၊မွန်၊ရခိုင်၊ကရင် အစရှိသည့်လူမျိုး(၁၃၅)မျိုးတွင် မိမိတို့၏ ယဉ်ကျေးမှု၊ ရိုးရာ၊ ရိုးရာအဝတ်အစား များသည် သီးခြင်းစီဖြစ်ကြပြီး သမိုင်းကြောင်းခိုင်မာစွာရပ်တည်လာခဲ့ကြသော၊ မိမိတို့၏ရိုးရာ၊ ရိုးရာအဝတ်အစား၊ ယဉ်ကျေးမှုများကိုအခြေခံကာ ခေတ်အဆက်ဆက်ရပ်တည်လာခဲ့ကြသောလူမျိုးသားသာဖြစ်သည်ကို ယင်းတို့၏ သမိုင်းကိုအနည်းငယ်လေ့လာကြည့်ရုံဖြင့်သိနိုင်ပါသည်။

အကယ်၍အမတ်မင်းသုံးနှုန်းထားခြင်းမှာ မြန်မာဆိုသည့်အသုံးအနှုန်းမှာဗမာတစ်မျိုးတည်းကိုသာဆိုသည်
သို့အတွက် ဗမာလူမျိုးရိုးရာအဝတ်အစားသည် ဘင်္ဂလားနဲ့တရုတ်မှဆင်းသက်လာခြင်းသာဖြစ်သည်
ဟုဆိုကောင်းဆိုပါလိမ့်မည်၊ ယင်းသို့ဆိုခဲ့လျှင် (လွှတ်တော်တွင်း၌ပင် နိုင်ငံတော်အသိအမှတ်ပြု ဝတ်ဆန်ခွင့်ပြုထားသည့်) ကျန်သောလူမျိုး(၁၃၄)မျိုးတို့၏ ဂုဏ်သိက္ခာ(Dignity)၊ရိုးရာအဝတ်အစား (Traditionally Clothes)၊ ယဉ်ကျေးမှု (Culture or Civilization) တို့အား အသိအမှတ်မပြုရာရောက်မည်ဖြစ်သလို စော်လိုက်ရာလည်းရောက်သည်မှာ အမတ်မင်းတွေး
မိလိမ့်မည်မထင်ပါ မည်သို့ပင်ဖြစ်စေ အမတ်မင်းအနေဖြင့် ၄င်းအသုံးအနှုန်းသည် အစွန်းရောက်သောအသုံးအနှုန်းများသာဖြစ်ကြောင်းနဲ့အမျိုးသားလွှတ်တော်အမတ်မင်းတစ်ယောက်အနေဖြင့် သုံးနှုန်းရန်လည်းမသင့်လျှော်ပါကြောင်း အကြံပြုရေးသားအပ်ပါသည်။

မေတ္တာဖြင့်
အရှင်ဂန္ဓသာရ
ခေတ္တ မဟာချူလာလင်ကွန်းတက္ကသိုလ်(ချင်းမိုင်ဌာနခွဲ)
ချင်းမိုင်မြို့၊ ထိုင်းနိုင်ငံ။

0 comments to “* ဦးလှဆွေ သို့ အရှင်ဂန္ဓသာရ မှ အိတ်ဖွင့်ပေးစာ *”

Post a Comment