Monday, August 26, 2013

အသက် ၉ဝ အရွယ် အဘွားအို တစ်ဦးအား အသက် ၈နှစ်အရွယ် ကလေးငယ် တစ်ဦး သေနတ်နှင့် ပစ်သတ်

,

ဝါရှင်တန် သြဂုတ် ၂၅
အမေရိကန် ပြည်ထောင်စုတွင် အသက် ၈နှစ်အရွယ် ကလေးငယ် တစ်ဦးသည် အကြမ်းဖက် တိုက်ခိုက်မှုများ ပါဝင်သည့် ဗီဒီယို ဂိမ်းခွေ တစ်ခွေအား ကြည့်ရှု ခဲ့ပြီးနောက် ၎င်းအား ထိန်းကျောင်းသည့် အသက် ၉ဝ နှစ်အရွယ် အဘွားအို ကြီးအား သေနတ်နှင့် ပစ်သတ်ခဲ့ကြောင်း လူဝီစီယား
နား ပြည်နယ် အာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါပစ်ခတ်မှုသည် လူဝီစီယားနားပြည်နယ် Country Breeze Mobile Home Park၌ သြဂုတ် ၂၂ရက်  ဒေသ စံတော်ချိန် ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ၎င်းကလေးသည် အဘွားအို ရုပ်မြင်သံကြား ကြည့်ရှုစဉ် သူမ၏ ဦးခေါင်း အနောက်အား သေနတ်ဖြင့် တစ်ချက်တည်း ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဘွားဖြစ်သူမှာ အခင်းဖြစ်ရာ နေရာ၌  ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စုံစမ်းစစ်ဆေး သူများက ၎င်းလူငယ်အား စစ်ဆေး မေးမြန်းခဲ့ကာ ၎င်း လူငယ် သည် လက်နက်နှင့် ကစားစဉ် အဘွားအိုအား သေနတ်နှင့် တမင်တကာ ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု စုံစမ်းစစ် ဆေးသူ များက ပြောကြားခဲ့သည်။
ထို့နောက် ၎င်းလူငယ်အား မိဘများ ထံသို့ သြဂုတ် ၂၂ ရက် နှောင်းပိုင်းတွင် ပြန်လွှတ် ပေးခဲ့ကြောင်းနှင့် အာဏာပိုင် များ အနေဖြင့် ၎င်း၏ အသက်အရွယ် ငယ်ရွယ်မှုကြောင့် ၎င်းအား တရားစွဲဆို နိုင်ခဲ့ခြင်း မရှိကြောင်း ပြည်နယ် ဆိုင်ရာ ရုံးက ထုတ်ပြန်ခဲ့သည်။

0 comments to “အသက် ၉ဝ အရွယ် အဘွားအို တစ်ဦးအား အသက် ၈နှစ်အရွယ် ကလေးငယ် တစ်ဦး သေနတ်နှင့် ပစ်သတ် ”

Post a Comment