Showing posts with label နည်းပညာသတင်း. Show all posts
Showing posts with label နည်းပညာသတင်း. Show all posts

Monday, November 4, 2013

သင့်ရဲ့ဖုန်း Original စစ်မစစ် စမ်းသပ်နည်း

,



သင်ဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ်မစစ်ကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အခုခေတ်မှာ ပုံတူပွားပြီး ထုတ်ထားတဲ့ Clone ဖုန်းတွေကလည်း အများသားပဲလေ။ ဒါ့ကြောင့် ကိုယ့်ရဲ့ဖုန်းဟာ Original ဖုန်းစစ်မစစ်ကို စမ်းသပ်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်

ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံး ထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။

ဥပမာ- 4 3 4 5 6 6 1 0 6 7 8 9 4 3 5

အဲဒီ ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင် သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေတာပါပဲ။

(၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဂျာမနီမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပိုင်းမှာတော့ အသင့်အတင့်ရှိနေပါတယ်။ အဆိုးဆုံးတော့ မဟုတ်ပါဘူး။

(၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဖလင်န်နိုင်ငံမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပြည့်တဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။

(၄) 00 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ ထုတ်လုပ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

(၅) 13 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျန်းမာရေး အတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ်တာကြောင့် စွန့်လွှတ်ဖို့ ၀န်မလေးနေပါနဲ့။

အထက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအပြင် အခြားနိုင်ငံတွေရဲ့ ကုဒ်နံပါတ်တွေရှိပါသေးတယ်။ ဖော်ပြထားတဲ့ ကုဒ်နံပါတ်တွေက ထင်ရှားတဲ့ နံပါတ်တွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ဖုန်းက Quality ပြည့်မပြည့် Original စစ်မစစ်ဆိုတာ စမ်းသပ် စစ်ဆေးနိုင်ပြီလို့ မျှော်လင့်မိပါတယ်။
.. www.MyanmarExpress.net
Read more →

Saturday, October 12, 2013

RAM ဆိုတာ ဘာလဲ

,


အခြေခံ သိသင့်တဲ့ ဗဟုသုတလေးပါ။ မေးလာသူ ရှိလို့ မသိသူများ အလွယ်ကူဆုံး နားလည်အောင် ရှင်းပြလိုက်ရ ပါတယ်။


RAM ဆိုတာ ၁၀ တန်းတုန်းက သင်ရတဲ့ စာအတိုင်း ပြောရရင် Read and Write ရတဲ့ Memory လို့လွယ်လွယ်မှတ်ယူနိုင်ပါတယ်။ ရေးလို့လည်းရ၊ ဖတ်လို့လည်းရဆိုတော့ အဲ့ RAM အပြားအချပ်က စာအုပ်တစ်အုပ်များလား လို့ အဲ့တုန်းကတည်းက ကလေးတွေးနဲ့ တွေးဖူး ပါတယ်။ ဒီလိုရှိပါတယ် -



RAM ဆိုတာ


Random Access Memory ပါ။ မြန်မာလို တိုက်ရိုက် ဘာသာ ပြန်တော့ ကျပန်း ဝင်ရောက်နိုင်သော သိမ်းဆည်းသူပေါ့။ သို့ပေမယ့် နည်းပညာ ကျကျ ပြောရင် RAM လို အင်္ဂလိပ်လိုမှတ်တာ အကောင်းဆုံးပါပဲ။ ကျပန်း ဆိုတာ ဒီလိုပါ။ ၁ ကနေ ၁၀ အထိဆီစားရင် ROM က အစဉ်လိုက် ထုတ်ပေးပါတယ်။ ဥပမာ ကွန်ပြူတာ တစ်လုံး Power On လိုက်တဲ့အခါ Command Line ပေါ်လာမယ်။ Windows Version ဘယ်လောက်ဆိုပြီး Screen တက်လာမယ်။ ပြီးတော့ Home Screen အစရှိသဖြင့်တို့က ROM မှာ သိမ်းဆည်းထားတဲ့ Memory ဖြစ်ပြီး အစဉ်လိုက်ကို ထုတ်ပေးပါတယ်။ ဒါကြောင့် ကွန်ပြူတာဖွင့်ဖွင့်ချငး Home Screen အတန်းပေါ်လို့ မရပါဘူး။ ROM မှာကိုက အစဉ်လိုက်သွားလိုက် လုပ်ပေးထားပါတယ်။ ဖျက်လို့မရဘူး လို့အကြမ်းဖျင်း မှတ်သားထား နိုင်ပါတယ်။


RAM ကျတော့ ကျော်တာ၊ခွတာလုပ်လို့ရပါတယ်။ ဆိုလိုရင်းက လုပ်ဆောင်ချက်ကို ကိုယ်လိုတဲ့ နေရာကနေ ဆွဲယူလို့ ရပါတယ်။ ဒါကြောင့် Random လို့ခေါ်တာပါ။ Data တွေကို သိမ်းတဲ့အခါ C file ထဲသိမ်းရင် RAM ဖြစ်ပြီး ကွန်ပြူတာ Error အကြောင်းတစ်ခုခုရှိတဲ့အခါ အလွယ်တကူ ပျက်နိုင်ပါတယ်။ RAM မှာသိမ်းဆည်းထားလို့ပါ။ ပြီးတော့ RAM မှာသိမ်းဆည်း ထားတဲ့ ပရိုဂရမ်တွေက အသုံးပြုရ၊ Save လုပ်ရ မြန်ဆန် ပါတယ်။ ပြီးတော့ ဘယ်နေရာက ဘယ်လို ပရိုဂရမ်တွေကိုပဲ Run Run . RAM ပေါ်မှာ အလုပ်လုပ်ပြီး နောက်ဆုံးမှ ဒါကို ROM မှာသိမ်းမှာလား RAM မှာ သိမ်းမှာလား ရွေးချယ်နိုင်ပါတယ်။ လွယ်လွယ်မှတ်ရင် ကွန်ပြူတာဖွင့်ပြီး အင်တာနက်သုံးပြီ၊ ဂိမ်းဆော့ပြီ၊ အလုပ်လုပ်ပြီဆိုရင် RAM က မိမိလုပ်ဆောင်ချက်များ အတွက် အလုပ်လုပ်ပေးနေရ ပြီ ဖြစ်ပါတယ်။




RAM ရည်ရွယ်ချက်


RAM နဲ့ ROM ရှိရာမှာ RAM ထားရတဲ့ ရည်ရွယ်ချက် သိမ်းဆည်းထားတဲ့ မှတ်ဥာဏ်တွေဆီကို အလွယ်တကူ ဝင်ရောက်နိုင်ရန်၊ အလွယ်တကူ နှင့် ယာယီ သိမ်းဆည်းနိုင်ရန်၊ ပရိုဂရမ်များကို မြန်မြန် Run နိုင်ရန်၊ အသုံးပြုနိုင်ရန် လို့အလွယ်မှတ်ယူထားနိုင်ပါတယ်။



RAM အမျိုးအစား


DRAM ခေါ် Dynamic RAM နဲ့ Static RAM (SRAM) ဆိုပြီး ၂ မျိုး ရှိပါတယ်။ SRAM အတွေ့နည်းပြီး DRAM အတွေ့များပါတယ်။ ဘာလို့လဲဆို SRAM က ပိုကောင်းပြီး ဈေးကြီးလို့ပါ။ သူ့ပါသူ အလိုအလျောက် Refresh ဖြစ်နေတဲ့ SRAM က တစ်စက္ကန့်မှာ အကြိမ် တစ်ထောင်မက Refresh လုပ်ပေးနေရတဲ့ DRAM ထက် လုပ်ဆောင်ချက်လည်း မြန်ဆန်ပါတယ်။ ကျနော်တို့ Windows မှာ F5 နှိပ်ပြီး Refresh ခဏခဏ လုပ်နေတယ်ဆိုတာ RAM အတွက်ပါ။ CPU utilize များတာနဲ့အမျှ RAM အလုပ်များပြီး Error ဖြစ်တတ်လို့ ဖြစ်ပါတယ်။ ဒီတော့ အကြမ်းဖျင်းအားဖြင့် RAM မှာ DRAM နဲ့ SRAM ဆိုပြီး ၂ မျိုးရှိတယ်လို့ အကြမ်းဖျဉ်းမှတ်သား နိုင်ပါတယ်။


အနှစ်ချုပ်


ကွန်ပြူတာတင်မက မိုဘိုင်းနှင့် အခြား ကွန်ပြူတာမှတ်ဥာဏ်ပါဝင် ပစ္စည်းတွေအများစုမှာ RAM က ပါကိုပါပါတယ်။ ဖုန်းမှာလဲ RAM ပါပါတယ်။ RAM များလေလေ လုပ်ဆောင်ချက်မြန်လေလေ ဖြစ်ပါတယ်။ ဒါကြောင့် RAM 2G က RAM 1GB ထက် ဂိမ်းဆိုဒ်ကြီးကြီးကို ဆော့နိုင်ခြင်း ဖြစ် ပါတယ်။ RAM 1GB ထက် RAM 2G ကတစ်ပြိုင်နက်တည်းမှာပဲ အလုပ်များများ လုပ်ပေးနိုင်ပါတယ်။ 2GB ထက် 3GB, 3GB ထက် 4GB အစရှိသဖြင့် သိမ်းဆည်းနိုင်မှုများလေလေ၊ လုပ်ဆောင် ချက်မြန်လေလေ ဖြစ်ပါတယ်။ ဒါကြောင့် ကွန်ပြူတာ တွေမှာ ROM နည်းပေမယ့် RAM များတဲ့အခါ Performance ကောင်းရခြင်း ဖြစ်ပါတယ်။ သူက ROM က အသေသိမ်းဆည်းထားတဲ့ မှတ်ဥာဏ်နဲ့ ပရိုဂရမ်တွေကို ဝန်မျှထမ်းပေးတဲ့ သဘောလည်း သက်ရောက်ပါတယ်။


သူကိုယ်တိုင်ကလည်းရှိတဲ့ ဝန်ကိုထမ်းပြီး ROM က အချို့ ဝန်တွေကိုလည်း ခွဲထမ်းပေးတတ်ပါတယ်။ ဥပမာ Networking Devices တွေမှာဆိုရင် Command တွေကို RAM (Running Configuration) ကနေ ROM ထဲကို သိမ်းဆည်းလိုက်တာမျိုးဖြစ်ပါတယ်။ ပြီးတော့ Device ကိုပြန်စတဲ့အခါ ယင်းမှတ်ဥာဏ်က မပျောက်ပဲရှိနေပါတယ်။ RAM ရဲ့  မှတ်ဥာဏ်ဟာ ကွန်ပြူတာပိတ်လိုက်တာနဲ့ ပျောက်ပါတယ်။ ဒါကြောင့် RAM နဲ့ သုံးပြီး နောက်ဆုံးမှာ ROM ထဲကို ပြန် Save လုပ်ရလေ့ရှိပါတယ်။ ဒါကြောင့် တာဝန်ယူခွဲယူတဲ့ သဘောကိုဆိုခြင်း ဖြစ်ပါတယ်။ RAM က volatine memory, ROM က non volatine memory လို့လည်း အကြမ်းဖျင်း မှတ်ယူနိုင်ပါတယ်။


ဒီလောက်ဆိုရင် RAM ကဘာကိုခေါ်သလဲဆိုတာတင်မက ROM အကြောင်းကိုပါ အကြမ်းဖျင်း သိပြီလို့ မျှော်လင့် ပါတယ်။

.

အောင်ခမ်း (AMDC)

Read more →

Wednesday, October 9, 2013

လက်ဗွေဖတ်စနစ်ပါဝင်သည့် HTC One Max ကို အောက်တိုဘာ ၁၅ ရက်တွင် ပွဲထုတ်မိတ်ဆက်မည်

,


အွန်လိုင်းပေါ်တွင် ထွက်ပေါ်လာခဲ့သည့် ဓာတ်ပုံများအရ ၅.၉ လက်မအရွယ် HTC One Max တွင် လက်ဗွေဖတ်စနစ် (fingerprint scanner) ပါဝင်လာပြီး ၎င်းကို အောက်တိုဘာလ ၁၅ ရက်တွင် ပွဲထုတ်မိတ်ဆက်မည် ဖြစ်ကြောင်း Wall Street Journal မှဖော်ပြခဲ့သည်။ -

ဇူလိုင်လကတည်းက ကောလာဟလ သတင်းများအနေဖြင့် ထွက်ပေါ်ခဲ့သည့် HTC One Max သည် သတင်းဖော်ပြပါ ၄.၇ လက်မ HTC One ၏ဒီဇိုင်းနှင့် တူညီပြီး ၎င်းကို စက်တင်ဘာလတွင် မိတ်ဆက်ရန် မူလက သတ်မှတ် ခဲ့သော် လည်း ပွဲထုတ်မိတ်ဆက်မည့် အစီအစဉ်ကို အောက်တိုဘာ လသို့ ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း HTC One Max အား မိတ်ဆက်မည့်နေ့ကို Phone Arena နှင့် WSJ ၏ ရင်းမြစ်နှစ်ခုက အတည်ပြုခဲ့သည်။ ယခင်က ထွက်ပေါ်ခဲ့သည့် သတင်းများအရ HTC One Max တွင် ၅.၇ လက်မ Galaxy Note 3 ထက် အရွယ်ကြီးမားသည့် 1080p display ပါဝင်ပြီး ဘက်ထရီမှာ 3,300 mAh ဖြစ်ကြောင်း သိရသည်။

အသုံးပြုထားသည့် ပရိုဆက်ဆာနှင့် ပတ်သက်၍ သတင်းဖော်ပြမှုများ ကွဲပြားနေပြီး အချို့က 2.3GHz Snapdragon 800 ကို အသုံးပြုထား သည်ဟု ဖော်ပြထားသလို အချို့ကလည်း HTC One တွင် အသုံးပြုထား သည့် 1.7GHz 600 ကို အသုံးပြုထားကြောင်း ဖော်ပြထားသည်။ ကိုယ်ထည်တည်ဆောက်ပုံမှာ ကျစ်လစ်မာကျောသည့် HTC One ကဲ့သို့ မဟုတ်ဘဲ ဈေးသက်သာသည့် အလူမီနီယံနှင့် ပလတ်စတစ် ဒီဇိုင်းဖြင့် တည်ဆောက်ထားသောကြောင့် HTC One Max မှာ ယခုနှစ် အစောပိုင်းက မိတ်ဆက်ကြေညာပေးခဲ့သည့် One mini နှင့် ပိုမိုဆင်တူကြောင်း သိရသည်။

Internet Journal
Read more →

Tuesday, October 8, 2013

ကွန်ပျူတာနှင့်ပက်သက်ပြီး လူသိနည်းသော အကြောင်းအရာများ

,



ယနေ့ခေတ်တွင် ကွန်ပျူတာသည် လုပ်ငန်းသုံးရော၊ ဖျော်ဖြေရေးအတွက်ပါ လွန်စွာအသုံးတွင်ကျယ်လာသော စက်ပစ္စည်းတစ်မျိုးဖြစ်သည်။ ကွန်ပျူတာနှင့်ပက်သက်သော software များ၊ Hardware များ တွင်တွင်ကျယ်ကျယ် သိကြသော်လည်း လူသိနည်းသော ကွန်ပျူတာနှင့် ပက်သက်သည့် အကြောင်းအရာ အချို့ရှိပါသည်။
၁။ တစ်လလျှင် ကွန်ပျူတာ ဗိုင်းရက်စ် (Virus) ၆၀၀၀ ဝန်းကျင် ထွက်ရှိလျက်ရှိသည်။
၂။ ကွန်ပျူတာသုံး မော့စ် (mouse) ကို စတင်တီထွင်ခဲ့သူမှာ Doug Engelbart ဖြစ်ပြီး ၁၉၆၄ ခုနှစ်က ဖြစ်ရာ သစ်သားဖြင့် ဖန်တီးခဲ့သည်။
၃။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရက်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်း ဖြစ်ပြီး a bood sector virus ဖြစ်သည်။ တီထွင်ခြင်း၏ ရည်ရွယ်ချက်မှာ ၄င်းတို့၏ သုတေသနလုပ်ငန်း များကို ကာကွယ်ရန်ဖြစ်သည်။
၎။ သာမန်လူတစ်ဦးသည် တစ်မိနစ်လျှင် မျက်တောင် အခါ နှစ်ဆယ် ခတ်သော်လည်း ကွန်ပျူတာသုံးသော အခါ တစ်မိနစ်လျှင် ၇ ကြိမ်သာ မျက်တောင်ခတ်သည်။
၅။ TYPEWRITER ဟူသော စာလုံးသည် ကီးဘုတ်၏ Row တစ်ခုပေါ်တွင် အရှည်ဆုံး ရိုက်နိုင်သည့် စာလုံး ဖြစ်သည်။
၆။ ရေဒီယို နားဆင်သူ သန်း ၅၀ ပြည့်ရန် ၃၈ နှစ်ကြာသည်။ တီဗီ အတွက် ၁၃ နှစ်ကြာသည်။ သို့သော် World Wide Web (www) အသုံးပြုသူ သန်း ၅၀ ပြည့်ရန် ၄ နှစ်သာကြာသည်။
၇။ ပထမဦးဆုံး Domain ၏ နာမည်မှာ Symbolics.com ဖြစ်သည်။
၈။ စာစီစာရိုက် သူတစ်ဦး၏ ပုံမှန် အလုပ်လုပ်သည့်တစ်ရက်အတွင်း လက်ချောင်းများ ၁၂.၆ မိုင်အထိ ခရီးသွားသည်။
၉။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာမှာ Z1 ဖြစ်ပြီး သိပ္ပံပညာရှင် Konrad Zuse မှ ၁၉၃၆ ခုနှစ်က တီထွင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယမျိုးဆက် Z2 ကို ၁၉၃၉ ခုနှစ်က တီထွင်နိုင်ခဲ့ပြီး ကမ္ဘာ့ပထမဦးဆုံး electro-mechnical ကွန်ပျူတာအဖြစ် မှတ်တမ်းတင်ခဲ့သည်။
၁၀။ တစ်လလျှင် Domain name ပေါင်း တစ်သန်းကျော်ထက်မနည်း Register ပြုလုပ်လျက်ရှိသည်။
၁၁။ ဘီလ်ဂိတ်၏ အိမ်ကို Macintosh ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲခဲ့သည်။
၁၂။ IBM PC ကို တီထွင်ခဲ့သည့် အင်ဂျင်နေယာ ၁၂ ဦးအဖွဲ့ကို The Dirty Dozen ဟု အမည်ပြောင် ပေးထားကြသည်။
၁၃။ ကမ္ဘာ့ကျော် ကွန်ပျူတာထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုဖြစ်သည့် Hewlett Packard (HP) သည် ကွန်ပျူတာ အမြောက်အများထုတ်လုပ်မှုကို ၁၉၃၉ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ် Palo Alto မြို့ရှိ ကားဂိုဒေါင်တစ်ခု တွင် စတင်ပြုလုပ်ခဲ့သည်။
၁၄။ ကမ္ဘာ့ပထမဦးဆုံး hard drive များသည် 20MB သာရှိပြီး အမေရိကန်ဒေါ်လာ ၈၀၀ ကုန်ကျသည်။ ယခုအခါ ဈေးနှုန်း အဆတစ်ရာကျဆင်းပြီး သိုလောင်နိုင်စွမ်း Capacity အဆတစ်ရာမက တိုးတက်ခဲ့သည်။
၁၅။ ကွန်ပျူတာ mouse, windowing GUI, Laser printing နှင့် Network card များကို ကယ်လီဖိုးနီးယား ပြည်နယ်ရှိ Xerox ကုမ္ပဏီမှ တစ်ပြိုင်နက်တည်း ထုတ်လုပ်နိုင်ခဲ့သည်။
၁၆။ အွန်လိုင်း exchange တစ်ခုဖြစ်သည့် eBay တွင် တစ်စက္ကန့်၌ ပျမ်းမျှ ငွေ အမေရိကန်ဒေါ်လာ ၆၈၀ တန်ဖိုး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။
၁၇။ ဆဲလ်ဖုန်းတွင် ပါဝင်သော ကွန်ပျူတာ Processing power သည် ကမ္ဘာ့ပထမဦးဆုံး လပေါ်သို့ သွားရောက်နိုင်ခဲ့သည့် အာကာသယာဉ် Apollo 11 Lunar Lander တွင် ပါဝင်သော ကွန်ပျူတာအားလုံး၏ Processor များထက် များစွာသာလွန်သည်။
၁၈။ Crash Course သည် Microsoft Window tutorials ၏ အခြား အမည်တစ်မျိုးဖြစ်သည်။
၂၀။ လူတိုင်း ကွန်ပျူတာ Virus များ မိမိကွန်ပျူတာသို့ ဝင်ရောက်တိုက်ခိုက်မည့် အန္တရာယ်ကို စိုးရိမ်သိရှိကြသည်။ သို့သော် ယင်း Virus မည်သို့မည့်ပုံ ပြန့်ပွားသည်ကို သိလျက်နှင့်မေ့နေကြသည်။ Virus ပါသော ဖိုင်ကို Dowload လုပ်ခြင်း (သို့မဟုတ်) Sharing လုပ်ခြင်း စသည့် နည်းလမ်းနှစ်မျိုးဖြင့် ကွန်ပျူတာ၏ system ကို ပျက်စီးစေသည်။
Window ပေါ်မှ တွေ့ရှိချက်တစ်ခု (ONE WINDOWS MAGIC TRICK)
အိန္ဒိယမှ လေ့သာသူတစ်ဦး၏ ရှားရှားပါးပါး တွေ့ရှိချက်တစ်ခုရှိသည်။ ၄င်းမှာ ကွန်ပျူတာ၏ မည်သည့် နေရာ( Desktop, Local Disk C, D, E, etc………………) တွင်မဆို Folder များဖန်တီးရာတွင် CON ဟူသော နာမည်ပေး၍မရပါ။
စာဖတ်သူတို့ Folder တစ်ခုကို con လို့အမည်ပေးပြီး ဖန်တီးကြည့်ပါ။ ယင်းကဲ့သို့ အမည်ပေးလို့မရနိုင်ကြောင်း တွေ့ရမည်ဖြစ်သည်။
Ref:doyouknow.com
အောင်ခမ်း (ရိုးရာလေး)

Read more →

Wednesday, October 2, 2013

iPhone 5S လုပ်လို့မရတဲ့ Galaxy S4 ရဲ့ အားသာချက်

,

ခွန်နေ(AMMG)

ပွဲဆူအောင်လုပ်တယ်တော့မထင်ပါနဲ့။ businessinsider.com ရဲ့ ဖော်ပြချက်
ကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်တယ်။iPhone 5S မှာလည်း သူ့အား
သာချက်သူရှိပေမယ့် ဒီရေးသားချက်တွေမှာ အားနည်းချက်ရှိနေတာကိုတွေ့
နေရပါတယ်။ ဝေဖန်သူကတော့ Samsung ကိုအားပေးတဲ့ သူထင်ပါရဲ့ 
iPhone 5s မှာလုပ်လို့မရတဲ့ ဟာတွေကိုသာ သေချာထောက်ပြဝေဖန်သွား
ပါတယ်။

၁။ Samsung Galaxy S4 မှာ စမတ်တီဗီ တွေကိုထိန်းချုပ်လို့ရတဲ့ universal remote စနစ်ပါဝင်ပြီး iPhone 5S မှာအသုံးပြုလို့မရတဲ့ အားနည်းချက် ရှိတယ်။

၂။ Android ဖြစ်တဲ့ S4 မှာ NFC စနစ်လို့ခေါ်တဲ့ near field communitcation ပါဝင်တယ်။
ဥပမာ သင့်ဖုန်းမှာ Bank အကောင့် Cedit Card နဲ့ချိတ်ဆက်ပြီး ငွေစာရင်း
တွေကို ဖုန်းထဲမှာ ထည့်သွင်းထားတယ်ဆိုရင် စူပါမားကတ်တို့လိုနေရာမျိုးမှာ
ငွေချေတဲ့အခါ ဖုန်းအသုံးပြုပြီး ဆင်ဆာမှာပြလိုက်တာနဲ့ အလိုအလျောက်
ဖြတ်တောက်စေတဲ့စနစ်ပါ။iPhone 5S မှာတော့ အဲဒီစနစ်ပါဝင်လာခြင်း
မရှိဘူး။ အချို့က ဒီစနစ်ကိုလုံခြုံမူမရှိလို့ ထောက်ပြဝေဖန်ထားတယ်။

၃။ Galaxy S4 မှာ 32GB နဲ့ 64GB တို့အပြင် Micro Sd ကဒ်ထပ်ထည့်အသုံး
ပြုလို့ရတဲ့ အားသာချက်ရှိတယ်။

၎။ ဘယ်စမတ်ဖုန်းမှာမှ ဘက်ထရီက ပြည့်စုံအားသာတယ်ဆိုတာမရှိပါဘူး။
အားကုန်တဲ့ အချိန်၊သက်တမ်းလွန်ရင် အားနည်းချက်တော့ပေါ်လာစမြဲပဲ။
ဒါပေမယ့် Android ဖုန်းတွေဖြစ်တဲ့ S4 မှာ ဘက်ထရီကိုအလွယ်တကူ ဖြုတ်
ယူတပ်ဆင်လို့ရတယ်။လွယ်ကူစွာလဲလှယ်အသုံးပြုလို့ရတယ်။

၅။ S4 မှာဗီဒီယိုတွေကို 1080p HD Video အပြည့်အဝကြည့်ရှုလို့ရနိုင်တယ်။

၆။ iPhone 5s ကနောက်တစ်ခုမယှဉ်နိုင်တာ မျက်နှာပြင်မှာ S4 ကပိုကြီး ပြီးတော့ ၅ လက်မဆိုတဲ့ အရွယ်အစားနဲ့ အားသာနေတယ်ဆိုတဲ့အချက်ပါပဲ။

၇။ အုပ်စုလိုက် ဂိမ်းကစားတဲ့အခါ၊ဓာတ်ပုံ၊ဗီဒီယိုတွေကို တစ်ယောက်နဲ့
တစ်ယောက်မျှဝေတာ၊APP တွေကိုတစ်ယောက်နဲ့တစ်ယောက် File Sharing လုပ်တဲ့အခါ Android ဖုန်းဖြစ်တဲ့ Samsung Galaxy S4 ကကြိုးမဲ့၊
Wifi Zapya,Bluetooth စနစ်နဲ့ အလွယ်တကူ မျှဝေရယူနိုင်တဲ့ အားသာချက် ရှိတယ်။

၈။ S4 ဟာ ဓာတ်ပုံရိုက်တဲ့ အခါရုပ်ပုံရဲ့  Background တွေမှာမလိုအပ်တဲ့ အရာတွေကို အလိုအလျောက် ဖြတ်ပစ်ပေးနိုင်တဲ့ အားသာချက်ပါဝင်တယ်။

၉။ သင် ဖုန်းမျက်နှာပြင်ကိုကြည့်ပြီးစာဖတ်နေတယ် (သို့မဟုတ်) တစ်ခုခုလုပ်နေတယ်ပဲ ထားပါ။မျက်နှာပြင်ကို လုံးဝ တို့ထိခြင်းမရှိပဲ ဒီတိုင်းပဲကြည့်နေမယ်ဆိုရင် သတ်မှတ်ထားတဲ့ Screen
timeout ကိုရောက်ရင် Screen Off ဖြစ်တယ်ဆိုတာလူတိုင်းသိမှာပါ။သို့ပေ
မယ့် ဒီ S4 မှာကအဲ့ဒီလိုမဟုတ်ပဲ Screen ကိုကြည့်ရှုနေပါက timeout ဆို
ပြီး Screen Off ဖြစ်သွားတယ်ဆိုတာမရှိပဲ Sensor စနစ်နဲ့ အလိုအလျောက်
ကြည့်ရှုလို့အဆင်ပြေစေမယ့် အားသာချက်ပါဝင်နေတယ်ဆိုတာပါပဲ။

၁၀။ Galaxy S4 ဟာ ကွန်ပျူတာတွေနဲ့ချိတ်ဆက်တဲ့အခါ အလွယ်တကူ USB နဲ့ချိတ်ဆက်အသုံးပြုလို့အဆင်ပြေစေတယ်။

၁၁။ Galaxy S4 ဟာမျက်နှာပြင်တစ်ခုတည်းမှာကို App နှစ်ခုကို တစ်ပြိုနက် အသုံးပြုလို့ရတဲ့ အားသာချက်တွေပါဝင်တယ်။

အထက်ပါ အချက်-၁၁ ချက်က iPhone 5s မှာပါဝင်မူမရှိတဲ့ အားနည်ချက်
တွေဖြစ်တယ်ဆိုပြီး busineessinsider ကဖော်ပြထားခြင်းဖြစ်ပါတယ်။

ခွန်နေ(AMMG)
Read more →

အိုင်တီမောင်မယ်များအတွက် တိုက်တွန်းချက်

,

နည်းပညာခေတ်ကြီးထဲ စီးမျောနေကြတဲ့ မျိုးဆက်သစ်လူငယ်အတော်များများဟာ ကွန်ပျူတာရှေ့မှာသာ တစ်နေကုန်ထိုင်နေပေမယ့် တွေးတောစဉ်းစား
ရမယ့်အလုပ်ဆိုရင် တီကိုဆားနဲ့ တို့သလို ဖြစ်ကုန်ကြတယ်။ စာဆိုတစ်ခုရှိပါတယ်။ ခရုမှာလည်း အဆန်နဲ့၊ လူမှာလည်း အကြံနဲ့တဲ့။
လူမှန်ရင် စဉ်းစား တွေးတောရမယ်။ အကြံဥာဏ်သစ်တွေ စိတ်ကူးရမယ်။ ကိုယ်တိုင်မသိရင်တောင် သူများပြောထားတဲ့ ပညာရှိစကားတွေနဲ့
လူတတ်ကြီးလုပ်ရပါတယ်။ ဥပမာ ကျွန်တော့်လိုပေါ့။ ကိုယ်တိုင်ကသာနကန်းတစ်လုံးမသိတာ၊ သူများတွေပြောထား တာ၊ ရေးထားတာတွေကျတော့ လူပုံအလယ်အာပေါင်အာရင်း သန်သန်ပြောလိုက်ချင်သေးသပေါ့။ အရစ္စတိုတယ်က ပြောတယ်၊ ပလေတိုက ပြောတယ်၊ နစ်ရှေးက ပြောတယ် စသဖြင့်ပေါ့ဗျာ။ အဲဒီပုဂ္ဂိုလ်တွေ ဖြူသလား မည်းသလားဆိုတာတော့ သိဘူးဗျ။ အရစ္စတိုတယ်ဆိုတာကြီး၊ ပလေတိုဆိုတာကြီးတွေက ဘယ်ပုံဘယ်နည်း စူးစူးရှရှထွင်းဖောက်တွေးခေါ် ခဲ့ကြသလဲဆိုတာကိုတော့ အများစုက မသိချင်ကြဘူး။ တွေးချင်တဲ့သူတွေက တွေးချင်ရာတွေးပြီး ပြောထားသမျှကိုသာ လေဖောဖောနဲ့ ပြောပြချင်တာ။

ဘာလို့အဲ့သလိုဖြစ်နေ သလဲဆိုတော့ လူဆိုတာ သမာရိုးကျအခြေအနေထက် ပိုတွေးကြဖို့၊ ထွင်းဖောက်တွေးကြဖို့ အင်မတန်ဝန်လေးကြပါတယ်။ နောက်တစ်ချက်ကလည်း အစဉ်အလာ ယဉ်ကျေးမှု၊ အကန့်အသတ်တွေကို ဖောက်ထွက်ဖို့ကြောက်နေကြတာပါ။ လူတွေဟာ အမှန်တရားကို စကားအဖြစ်သာ ပြောလိုကြပြီး၊မျက်နှာချင်း ဆိုင်ဖို့တော့ ဝန်လေးကြပါတယ်။ Philosophy makes no bread ဆိုတဲ့ စကားတစ်ခွန်းရှိပါတယ်။ ဒဿနိကဗေဒ သည်ပေါင်မုန့်မဖုတ်ဘူးတဲ့ခင်ဗျ။ ဆိုလိုချင်တာက ဒဿနိကဗေဒဟာသက်မွေးဝမ်းကြောင်း ပညာမဟုတ်တာကြောင့် ခင်ဗျားတို့ ကျွန်တော်တို့ရဲ့အစာအိမ်တွေကို ဗိုက်ပြည့်အောင် လုပ်ပေးမယ့်ပညာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ကမ္ဘာတစ်ခုလုံးရဲ့တိုးတက်မှုဖြစ်စဉ်ကြီးမှာ ဒဿနိကဗေဒဟာ အရေးအကြီးဆုံးအခန်းကဏ္ဍမှ ပါဝင်အသုံးတော် ခံခဲ့ပါတယ်။လူသားတို့ရဲ့ နေ့စဉ်ဘ၀မှာ လုပ်ရပ်ပေါင်းစုံ၊ အပြုအမူပေါင်းစုံအတွက် ဆုံးဖြတ်ချက်မျိုးစုံကို ချမှတ်နေရပါတယ်။ ညနေရုံးဆင်းအိမ်ပြန်ရင် ဘယ်ဆိုင်မှာ ဘီယာဝင်ကစ် လိုက်မယ်။ လူကြီးမသိအောင် ပိုက်ဆံဘယ်လို ဘတ်ထားလိုက်မယ်။ ညစာကောင်းကောင်းစားရအောင် မိန်းမကို ဘယ်လိုရွှီးရမယ်ဆိုပြီး စဉ်းစားတာမှန်သမျှ ဒဿနိကဗေဒရဲ့စက်ကွင်းထဲ
ကျရောက်ပါတယ်။ ဒဿနသမားတွေဟာ အရာရာတိုင်းကို သံသယမျက်စေ့နဲ့သာ ကြည့်မြင်ကြပါတယ်။ ဒါပေမယ့် ဒဿနသမားရဲ့ သံသယဆိုတာ “ဥဒ္ဓစ္စ၊ ကုက္ကုစ္စ၊ ဝိစိကိစ္ဆ” (ပျံ့လွင့်သောစိတ်၊ နောင်တစိတ်၊ ဝေခွဲမရတဲ့စိတ်)တို့ မဟုတ်ကြပါဘူး။ ပြဿနာတစ်ခုကို ဝေဖန်ဆန်းစစ်ခြင်း၊ စူးစမ်းလေ့လာခြင်းတို့အခြေခံပြီး သံသယနဲ့ အကဲဖြတ်သူတွေ ဖြစ်ပါတယ်။

သာမန်လူအနေနဲ့ကတော့ ပြဿနာတစ်ရပ်ကို ကြုံရတဲ့အခါ ထူးဆန်းသကွာ၊ အံ့ရော အံ့ရော၊ မိုက်သဟေ့၊ လန်းသဟ၊ သောက်ကျိုး နည်း ကောင်းလိုက်တာ စသဖြင့် အကဲဖြတ်ကြပါတယ်။ ဒဿနသမား ကတော့ အံ့သြမှုနောက်ကွယ်မှာရှိနေတဲ့ သံသယမေးခွန်းတွေ တစ်ပါတည်း လိုက်လာ တတ်ပါတယ်။ ကျီးကန်းသည် မည်း၏၊ ကုလားသည် မည်း၏၊ ထို့ကြောင့် ကျီးကန်းသည် ကုလားဖြစ်၏ဆိုတာ
လက်တွေ့မှာဟုတ်နိုင်ပါ့မလား၊ အုန်းသီးထဲကို ဘယ်ကောင် လက်ကမြင်းပြီး ရေထည့်သွားတာလဲ ဆိုတာမျိုးတွေပေါ့လေ။ လူမှန်ရင် တွေးတောရပါမယ်။

မတွေးတော့တဲ့တစ်နေ့မှာ လူ့သမိုင်းကျဆုံးသွားပါလိမ့်မယ်။ လူသားတို့ရဲ့အနာဂါတ်တိုးတက်ဖို့အတွက် အုန်းသီးထဲ ဘယ်သူရေထည့်သလဲ ဆိုတာလောက်နဲ့ မလုံလောက်ပါဘူး။ ဘာ့ကြောင့် ရေရှိနေရသလဲ ဆိုတာကို ဆက်လက်ပြီး တွေးတော စဉ်းစားနေရပါ လိမ့်မယ်၊ အုန်းသီးထဲမှာ အမြဲတန်း ရေရှိနေနိုင်မလားဆိုတာ လည်း မေးခွန်းဆက်ထုတ်နေရဦး မှာပါပဲ။ စဉ်းစားတွေးတောတာနဲ့ပတ်သက်ပြီး အခုတင်ပြချင်တာ ကတော့ တွေးတောကြည့်စရာ အကြောင်းအရာလေးတစ်ခုပါ။

ဝက်ဆိုက်တစ်ခုထဲမှာ Member တွေက တပ်မတော်သားတွေလည်း ပါနေတယ်။ ဒီတော့ စာရေးတဲ့အခါ 'စစ်သား' လို့ ရေးတာကို ရင့်သီးတယ်လို့ သူတို့က ကွန်ပလိန်းတက်တာကြောင့် Auto correction က
'စစ်သား' လို့ ရိုက်တိုင်း 'တပ်မတော်သား' လို့ ပြင်ထည့်လိုက်တယ်။ အဲဒီတော့ ပုဂံရာဇဝင်လို အကြောင်းလည်း ရေးရော ပြဿနာ တက်တော့တာပဲ။

'ကျန်စစ်သား' ကို ဘယ်လိုမှ 'ကျန်စစ်သား' လို့ ရေးမရဘူး၊ 'ကျန်စစ်သား' လို့ ရိုက်လိုက်တိုင်း 'ကျန်တပ်မတော်သား' ချည့် ဖြစ်နေတော့တယ်။ ပုဂံခေတ်က စစ်သည်တော် လေးသိန်းအားနဲ့ညီတဲ့ သူရဲကောင်းလေးယောက် နာမည်လည်း အဲဒီဝက်ဆိုက် ထဲရောက်မှ ညောင်ဦးဖီး၊ ငလုံးလက်ဖယ်၊ ငထွေရူး နဲ့ ကျန်တပ်မတော်သား ဖြစ်ကရော။

နောက်တစ်ခုရှိသေးတယ်...အဲဒီမှာ ရိုင်းမှာစိုးလို့ ပြင်ထားတာဖြစ်ပါတယ်။ 'ဖင်' ဆိုတဲ့ စကားလုံးကို
ရိုက်လို့မရပါဘူး၊'ဖင်' လို့ ရိုက်လိုက်တာနဲ့ Auto correction က 'စအို' လို့ ပြင်လိုက်ပါတယ်။ “ဒယ်အိုးဖင်ကို မီးပြင်းတိုက်ပါ”လို့
ချက်နည်းပြုတ်နည်း အခန်းမှာရေးတယ်ဆိုရင် ဒါကို Auto correction ကပြင်ထည့်လိုက်တယ်။ “ဒယ်အိုးစအိုကို မီးပြင်းတိုက်ပါ”… တဲ့။
သူ့ချက်နည်းပြုတ်နည်းကို အဟုတ်မှတ်လို့ လိုက်ချက်တဲ့လူတော့ အဲဒီနေရာကျရင် ဘာဆက်လုပ်ရမှန်းကို သိမှာမဟုတ်တော့ဘူး။ နောက်တခါ သိပ္ပံပညာရှင် Stephen Hawking အကြောင်း ရေးပြန်တော့ လည်း ပြဿနာရှိနေပြန်ရော။ ဘယ်လိုမှ 'စတီဖင်ဟော့ကင်း' လို့ ရိုက်မရဘူး၊ 'စတီစအို ဟော့ကင်း' ချည့် ဖြစ်နေတော့ တယ်။ သြော်…ဒွတ်ခ…ဒွတ်ခ….

နောက်ထပ် စဉ်းစားတွေးတောစရာ အကြောင်းတစ်ခုက ဘာသာစကားကိစ္စပါ။ အခုခေတ် တိုးရစ်ဂိုက်တစ်ချို့ဟာ ဘယ်လိုနည်းနဲ့ဘယ်လို အလုပ်လုပ်ခွင့်ရကြသလဲတော့မသိဘူး။ လိုင်စင်ရသူ ဖြစ်ချင်လည်းဖြစ်မယ်။ ဒါမှမဟုတ် နိုင်ငံခြားသားတွေ့ရင် အတင်းဝင်လုံးတဲ့ ခွင်ဖန်သူလည်း ဖြစ်ချင်ဖြစ်မယ်။ ကျွန်တော် ဆူးလေဘုရားနားမှာ ကြုံခဲ့ရတာ တစ်ခုကို ပြောပြပါမယ်။ လူငယ်တစ်ယောက်ဟာ နိုင်ငံခြားသားခရီးသွားအုပ်စုတစ်စုကို
ရှင်သီဝလိကိုယ်တော်အကြောင်း အားကြိုးမာန်တက် ရှင်းပြနေတာတွေ.ရပါတယ်။ အင်္ဂလိပ်လို အထစ်အငေါ့မရှိပြောသွားတာ အံ့သြဖို.တောင် ကောင်းပါတယ်(အလွတ်ကျက်ထား တာလည်း ဖြစ်နိုင်ပါတယ်။ )။

ဘာပဲဖြစ်ဖြစ် နိုင်ငံခြားသားတွေ နားလည်အောင်ပြောနိုင်တာကိုက ချီးကျူးဖို့ ကောင်းနေပါပြီ။ စိတ်ဝင်စားလို့ နားထောင်နေတုန်း သူပြောသွားတဲ့စကားတစ်ခွန်းကို ကြားမိပြီး ပြုံးမိပါတယ်။
ခရီးသွားအုပ်စုထဲကလည်း အံသြတဲ့အာမေဋိတ်သံတွေထွက်လာပါတယ်။ ဘုရားက ကောင်းကင်မှာ ဈာန်နဲ.ကြွတာကို သူက အင်္ဂလိပ်လို
ဘယ်လိုရှင်းပြသွားလည်းဆိုတော့ “ Buddha fly in the sky without engine” တဲ့။ နည်းပညာခေတ်ထဲ စီးမျောနေတယ်ဆိုပေမယ့် လူငယ်တွေဟာ ဘာသာစကားကို လေ့လာအားထုတ် ဖို့လည်း လိုအပ်နေပါတယ်။ ကမ္ဘာသုံးဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စာကိုမှ မကျွမ်းကျင်ရင် အများနဲ့တန်းတူရင်ဘောင်တန်းနိုင်ဖို့ မလွယ်ပါဘူး။ နောက်ကျကျန်နေမှာ သေချာလွန်းပါတယ်။ ဒါကြောင့် အိုင်တီခေတ်ရဲ့မောင်မယ်များအားလုံး စဉ်းစားတွေးတောကြပါ။ စဉ်းစားတွေးတောမှုရဲ့ အခြေခံအဖြစ် စာများများဖတ်ကြပါ။ အင်္ဂလိပ်ဘာသာစကားကိုလည်း နှံ့စပ်ကျွမ်းကျင်အောင်လေ့လာကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

ရဲစတိုင်း
Read more →

Thursday, September 26, 2013

Samsung Galaxy Note 3 ကို အသေးစိတ်လေ့လာကြည့်ခြင်း

,


http://cdn.asia.cnet.com/story_media/62222450/sc001.jpg

အောင်မြင်ကျော်ကြားခဲ့တဲ့ Galaxy Note 2 ကို ထပ်မံအရည်အသွေးတိုးမြင့်ထားတဲ့ Samsung Galaxy Note 3 ဟာ ယခု အချိန်မှာ ဆိုရင် ဈေးကွက်မှာ ကိုရောက်ရှိလာခဲ့ပါပြီ။

Samsung Galaxy Note 3 ဟာဆိုရင် ဘာလင် IFA ကုန်စည်ပြပွဲမှာ မိတ်ဆက် ပြသခဲ့တာဖြစ်ပြီး Note 2 ထက် ပိုမိုဆန်းသစ် တဲ့ Design နဲ့ လှပ သပ်ရပ်တဲ့ သားရေနောက်ဖုံးလေး တပ်ဆင်ထားတာကို တွေ့ရမှာပါ။ ၄င်း Galaxy Note 3 ဟာဆိုရင်ဖြင့် အားကောင်းလှသော မောင်းနှင် အင်ဂျင် နှစ်မျိုးထုတ်လုပ်မှာဖြစ်ပြီး LTE အတွက် Qualcomm Snapdragon 800 processor ကို အသုံးပြုထားပြီးတော့ GSM အတွက် Octa-core 1.9 GHz Cortex-A15 နဲ့ 1.3 GHz Cortex-A7 CPU နှစ်မျိုးကို အသုံးပြုပေးထားပါတယ်။ Note 3 မှာ Android ရဲ့ နောက်ဆုံး Version ဖြစ်တဲ့ Jelly Bean 4.3 ကို သုံးပြုထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ Galaxy Note 3 ရဲ့ Designတွေ, Featuresတွေနဲ့ Performance တွေ  ကို အသေးစိတ်လေ့လာကြည့်ရအောင်လားဗျာ။


Design
ကျွန်တော်တို့ အနေနဲ့ Samsung Galaxy S4 နဲ့ Note 3 ကို နှိုင်းယှဉ် ကြည့်မယ်ဆိုရင် နှစ်ခုဟာ ဆင်တူနေတာကို တွေ့မြင်ရမှာပါ။ ဒါပေမဲ့ Samsung Galaxy Note 3 က ပိုမိုကြီးမားနေတာကို တွေ့ရပါလိမ့်မယ်။ S4 လိုပဲ Note 3 မှာလဲ သတ္တုစပ် ဘောင်နဲ့ ကာထားတာ တွေ့ရမှာ ဖြစ်ပေမဲ့ ကျောဘက်မှာတော့ တောက်ပြောင်ချောမွေ့တဲ့ ပုံစံ မဟုတ်တော့ပါဘူး၊ ဖောက်သားရေ ကိုအသုံးပြုချုပ်လုပ်ထားတဲ့ Design ကိုတွေ့မြင်ရမှာပါ။

အဲ့ဒီလို Note 3 မှာ ဖောက်သားရေကို အသုံးပြုလိုက်တာက Samsung အတွက် တော်တော် ကံကောင်းစေတယ်ဆိုရမှာပါ။ ဘာလို့လဲ ဆိုတော့ ကျောဖက်က သားရေကာဗာလေးကြောင့့် လက်ကို အဆီမထွက်စေတော့ပါဘူး။ ကိုင်ရတာ ကြီးတာတစ်မျိုး၊ Note 2, S4 တို့လို ပလပ်စတစ်ပြောင်ချောချောကြီးဆို ကျွန်တော်တို့ ကို စိတ်ညစ်စေမှာ အမှန်ပါ။ အခုတော့ Note 3 ရဲ့ နောက် သားရေကာဗာ က ကျွန်တော်တို့ကို အဆင်ပြေစေတဲ့ အပြင် လူအထင်ကြီးစေဦးမှာ ဖြစ်ပါတယ်။
ဒါနဲ့ တစ်ဆက်ထဲ ကျွန်တော်တို့ Note 3 အတွက်ထုတ်ထားတဲ့ S View Cover အကြောင်းပါ လေ့လာကြည့်လိုက်ရအောင်။

Note 3 ၏ ကျောဖက်
(Credit: Josh Miller/CNET)

S View Cover ဟာ ဖောက်သားရေ ကာဗာ နေရာမှာ အစားထိုးပြီး အသုံးပြုရမှာဖြစ်ပါတယ်။
ဈေးနှုန်းကတော့ စင်ကာပူဒေါ်လာ ၈၈ ဒေါ်လာ ရှိပြီး PVC လို ပစ္စည်းမျိုးကို အသုံးပြုထားပါတယ်။ S View Cover လေးဟာ ကြိုးမဲ့ အားသွင်းခြင်းကို စွမ်းဆောင် ပေးနိုင်မှာ ဖြစ်ပြီး Cover လေးကို ပိတ်လိုက်ရင်လဲ S View Window လေးကို Active ဖြစ်စေမှာ ဖြစ်ပါတယ်။ LG အမျိုးအစား G2 ဖုန်းရဲ့  Quick Window နဲ့ ဆင်တူပြီး S View Window လေးကနေ ကင်မရာကို လျှင်မြန်စွာဖွင့်ခြင်း၊ Memo app ကို လျှင်မြန်စွာ ဖွင့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ Message ပို့ခြင်း၊ဖတ်ခြင်း စသည်ဖြင့် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် S View Window လေးဟာ တစ်ကယ်အသုံးဝင်တယ်လို့ ဆိုလို့ရပါတယ်။

Note 3 ၏ S View Cover
(Credit: Josh Miller/CNET)

အပြင် Feature ကို ဆက်လက်ကြည့်ရှု မယ်ဆိုရင်တော့ Samsung ဖုန်းအားလုံးမှာ ပါသလိုပဲ Note 3 မှာလဲ သိသာတဲ့ Home Button ခလုတ်လေး မြင်တွေ့ရမှာ ဖြစ်ပြီး ဘေးတစ်ဖက် တစ်ချက်စီမှာတော့ Touch နဲ့ အာရုံခံသွားမဲ့ ခလုတ် ၂ခု ပါဝင်တာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Back key Arrow လေးကို ညာဖက်မှာ ထားထားတာ ဖြစ်လို့ ကျွန်တော်တို့ အနေနဲ့ ဘယ်ဖက်လက်နဲ့ ကိုင်ရင် တောင် လက်မလေး အလွယ်ဆွဲဆန့်ပြီး အသာဖိလိုက်ရုံပါပဲ။


Samsung ဟာ Apple ထက်အရင် Plastic နဲ့ထုတ်တာဖြစ်တဲ့ အတွက်ကြောင့် Note 3 ကို လဲ Plastic နဲ့မြင်တွေ့ရတာပါ။ ကောင်းတဲ့ ဘက်က ကြည့်မယ်ဆိုရင်တော့ Plastic ကြောင့် ဈေးနှုန်းလဲ သက်သာ သတ္တုကို ကိုင်နေရတာလဲ မဟုတ်တော့ဘူးလို့ ဆိုရမှာပါ။


နောက်တစ်ချက် အနေနဲ့ Note 3 ဟာ Display ၅.၇လက်မ ရှိတာကြောင့် ၅.၅လက်မ ရှိတဲ့ Note 2 ထက် အနည်းငယ် ကြီးနေတာကို တွေ့ရမှာပါ။ဒါကြောင့် Note 3 က ပိုကြီးပါတယ်လို့ ပြောဖို့ထက် မဆိုသလောက် ကြီးပါတယ်လို့ ပြောရမှာပါ။ နောက်ပြီးတော့ Super AMOLED 388 ppi နဲ့ 1920 x 1080 pixels ကို ပြောင်းထားတာကြောင့် HD ကနေ Full HD အဖြစ်ကို မြင်တွေ့ရမှာပါ။

Note 3 ရဲ့ အထူဟာ ၈.၃မီလီမီတာသာ ရှိတာကြောင့် Note 2 ၉.၄မီလီမီတာ နဲ့ ယှဉ်ရင် အနည်းငယ်ပါးသလို အလေးချိန်ကျပြန်တော့လဲ Note 3 က ၁၆၈ဂရမ် သာရှိတာကြောင့် ၁၈၃ဂရမ်ရှိတဲ့ Note 2 ထက် ပိုပေါ့ပါတယ်။

Note 2 နှင့် Note 3တို့ အရွယ်အားဖြင့် တူညီလုနီးပါးရှိသည်။
(Credit: Josh Miller/CNET)

Samsung Galaxy Note 3 မှာ ညာဖက်အောက်ခြေထောင့်မှာ S Pen လို့ခေါ်လေ့ရှိတဲ့ Stylus Pen လေးပါဝင်ပါသေးတယ်။ အဲ့ကောင်လေးကို  မတော်တဆ ထွက်ကျတဲ့ ဒဏ်က ဝေးအောင် ဆွဲထုတ်ရကျပ်အောင် ပြုလုပ်ထားတာတွေ့ရပါတယ်။ ကျွန်တော်တို့ Design ကို အသေးစိတ် လိုက်ကြည့်ရင် နောက်ဆုံး တစ်ခုကတော့ USB 3.0 Port ကို အသုံးပြုထားတာကိ တွေ့ရပြီး ဒေတာတွေ လျှင်လျှင် မြန်မြန် ကူးယူနိုင်ဖို့နဲ့ အားသွင်းမြန်ဖို့ အတွက် ကူညီပေးမှာဖြစ်ပြီး အရင် micro-USB ကြိုးတွေနဲ့ ပဲ အလုပ်လုပ်လို့ရအောင် Design ထုတ်ထားတာ တွေ့ရမှာပါ။


ညာဖက်ထောင့်အောက်နာရှိ S Pen
(Credit: Josh Miller/CNET)

Features
Android နောက်ဆုံး Version 4.3 ကို အသုံးပြုထားတဲ့ Galaxy Note 3 ဟာဆိုရင် LTE Version အတွက်
Qualcommရဲ့ Snapdragon 800 quad-core processor ကို အသုံးပြုထားပြီး 2.3 GHz ရှိတဲ့ Speed နဲ့ RAM 3GB ကိုထည့်သွင်းထားပါတယ်။ GSM အတွက်က Octa-core 1.9 GHz Cortex-A15 နဲ့ 1.3 GHz Cortex-A7 CPU နှစ်မျိုးသုံးထားပါတယ်။ ကျွန်တော့် အထင်တော့ Samsung ဟာ Note 3 ကို Multitasking ကောင်းကောင်းလုပ်နိုင်ဖို့ အတွက် ပဲ ဖြစ်ပါလိမ့်မယ်။
အရင်ထွက်ခဲ့တဲ့ Note Device တွေမှာ လိုမျိုးပဲ Note 3 မှာလဲ S Pen ပါဝင်ပါတယ်။ Note 3 မှာ ထပ်တိုးလာတာလေးကတော့ S Pen ဆွဲထုတ်လိုက်တာနဲ့ တန်းပေါ်လာမဲ့ Air Command လေးပါပဲ။ အဲ့ကောင်လေးက ကျွန်တော်တို့ကို Action Memo, Scrapbooker, Screen Write, S Finder နဲ့ Pen Window တွေကို လွယ်ကူစွာ အသုံးပြုနိုင်စေမှာပါ။
Action Memo လေးက app တွေကို လက်နဲ့ရေးပြီး ခေါ်ဖို့ပါ။ အဲဒါလေးနဲ့ ဖုန်းခေါ်၊ Contact အသစ်ထည့်လဲ လုပ်လို့ရပါသေးတယ်။
Scrapbooker ကတော့ အဓိက ကတော့ သင် ကြည့်နေတာကို High Light လုပ်ပေးတာဖြစ်ပြီး နောက်တစ်ချိန်ကျရင် ပြန်လည် ခေါ်လို့ရအောင်လည်း URL စသည်ကို သိမ်းထားပေးပါတယ်။
Screen Write ကတော့ နာမည် အတိုင်းပဲ သင် Screen ပေါ်မှာ Comment ပေးလိုက်တာနဲ့ သူက အလုပ်လုပ်ပေးမှာ ဖြစ်ပါတယ်။
S Finder လေးကတော့ ဖုန်းထဲကဟာ တစ်စစီ မွှေနှောက် ရှာမလား၊ Online ပေါ်တက်ရှာ မလား အားလုံးလုပ်ပေးပါလိမ့်မယ်။
Pen Window ကတော့ သင့် App တစ်ခုပေါ်ကို နောက် Application တစ်ခု Pop Up လုပ်ပြီး အသုံးပြုစေမှာပါ။
Air Command မြင်ရပုံ
(Credit: Josh Miller/CNET)
Pen Window Feature ကို အသုံးပြုနေပုံ
(Credit: Josh Miller/CNET)

Multitasking ကို အသုံးပြုနေပုံ
(Credit: Josh Miller/CNET)
နောက်ထပ်မိုက်တဲ့ Feature လေးကတော့ One-Hand View လေးပါပဲ။ Shake လိုက်ခြင်းအားဖြင့် Screen အရွယ်အစားကို 4.3 လက်မလောက်အထိသေးအောင် လုပ်ပစ်လိုက်ပြီး Screen ပေါ်မှာ touch button လေးတွေပါလာတာပါပဲ။ အဲ့ဒါလေးက သင်လက်တစ်ဖက်ထဲနဲ့ ကိုင်ဖို့ ရှိလာတဲ့ အချိန်မှာ အသုံးဝင်စေမှာဖြစ်ပါတယ်။
Camera အနေနဲ့ကတော့ 13 megapixel ရှိတာကြောင့် သင့်ကို ရုပ်ထွက်ပိုကောင်းစေမှာပါ။ ဒါပေမဲ့ အနည်းငယ် ချို့ယွင်းချက် ရှိတယ်လို့ မြင်ပါတယ်။ Autofocus က Auto မချိန်တာ၊ နောက်ပြီး ပုံတစ်ခါ ရိုက်ပြီးတိုင်း ပြန်လည် ကြည်အောင်စောင့်နေရတာ တွေ့မြင်ရပါတယ်။
နောက်ပြီး Shooting Option မပါဝင်တာကို တွေ့မြင်ရပါသေးတယ်။ အဲဒါက ညအမှောင်၊ မြင်းကွင်းကျယ် ရိုက်ခြင်း၊အနီးကပ်ရိုက်ခြင်း စတာရွေးစရာ မပါဝင်တာကြောင့် ပုံဟာ တစ်မျိုးထဲကိုပဲ အချို့တစ်လေ အဆင်မပြေတာ တွေ့ရပါတယ်။
Outdoor test shot
Macro test

Indoor test shot
Indoor low-light test shot with stabilization
Indoor low-light test shot without stabilization
Indoor test shot with flash


နောက်ဆုံး Feature အနေနဲ့ Video ကို 4K အရည်အသွေးနဲ့ ရိုက်နိုင်တာ တွေ့ရပါတယ်။
Performance
Galaxy Note 3 ဟာ quad-core Qualcomm Snapdragon 800 2.3GHz processor ကိုအသုံးပြုထားတာဖြစ်လို့ အခြား Qualcomm သုံးတဲ့ အရည်အသေးမြင် Device တွေထက်သာနေတာကို တွေ့မြင်ရမှာပါ။ Note 3 ဟာဆိုရင် 3DMark IceStorm Unlimited test မှာ Score 15,366 ထိရရှိထားတာကို တွေ့မြင်ရပါတယ်။
Samsung Phablet Note 3 မှာ ဖြုတ်လဲလို့ ရတဲ့ Battery 3,200mAh ပမာဏ က သင့်ကို ခရီးထွက်တဲ့ အခါမှာ တောင် စိတ်ချလက်ရ ယူသွားလို့ ရပါတယ်။
ဒါ့အပြင် အသက်ထွက်အားလဲ ကောင်းပါတယ်။ ဘောင်းဘီအိတ်ထဲ ထည့်ထားလျှင်တောင်မှ ဖုန်းရဲ့ Speaker က အသံကို ကြားနိုင်ပါတယ်။

Specs Sheet အနေနဲ့ ကြည့်ကြည့်မယ်ဆိုရင်တော့
First released:
     September 25, 2013
Type :
    Capacitive touchscreen smartphone
Form factor:
    Slate, phablet
Dimensions:
     151.2 mm (5.95 in) H
     79.2 mm (3.12 in) W
     8.3 mm (0.33 in) D
Weight:
     168 g (5.9 oz)
Operating system:
     Android 4.3
System on chip:
     Samsung Exynos 5 Octa 5420 (GSM version)
     Qualcomm Snapdragon 800 (LTE version)
  CPU:
    Octa-core 1.9 GHz Cortex-A15 and 1.3 GHz Cortex-A7 (GSM version)
     2.3 GHz quad-core Krait 400 (LTE version)

GPU:
     ARM Mali T628MP6 GPU (GSM version)
     Adreno 330 (LTE version)
Memory:
     3 GB LPDDR3
Storage:
     32/64 GB flash memory
Removable storage:
     microSDXC up to 64 GB
Battery:
     3,200 mAh [User replaceable]
Display:
     5.680 in (144.3 mm) Super AMOLED 388 ppi
     (1920×1080) (PenTile matrix) (16:9 aspect ratio)
Rear camera:
     13-megapixel, camera with autofocus, BSI, 1080p and 4K video recording
Connectivity:       
    Wi-Fi :802.11 a/b/g/n/ac (2.4/5 GHz)
    Wi-Fi Direct
    Wi-Fi hotspot
    DLNA
    Miracast
    GPS/GLONASS
    NFC
    Bluetooth 4.0
    Infrared
    USB 3.0 (Micro-B port, USB charging)
    USB OTG 1.3
    MHL 2.0
    HDMI (TV-out, via MHL A\V link)
    3.5 millimetres (0.14 in) headphone jack

Other:
     Accelerometer, Barometer, Gesture sensor, Gyroscope, Hall effect sensor, Hygrometer, Magnetometer, Proximity sensor, RGB light sensor, Thermomete
ပဲ ဖြစ်ပါတယ်..
Conclusion

(Credit: Josh Miller/CNET)
နိဂုံးချုပ် အနေနဲ့ တော့  Samsung က ထုတ်တဲ့ Note တွေဟာ အခြားစမတ်ဖုန်းတွေနဲ့ Screen အရွယ်အစားကြီးမားခြင်း၊  S Pen ပါရှိခြင်းတွေနဲ့ ပတ်သက်ပြီး ပြိုင်စံရှားပါပဲ။ Battery လဲ ကြာရှည်ခံတာ တွေ့ရသလို Multitasking တွေအတွက် Precessor လဲ ကောင်းမွန်တာ တွေ့ရပါတယ်။ ပြောစရာကတော့ Camera လေးပါပဲ။ ဒါပေမဲ့ Camera ကို Software Update မှာ ပြန်ပြင်သွားလိမ့်မယ်လို့ ထင်ပါတယ်။

စင်ကာပူစတိုးတွေမှာတော့ 32GB Version အတွက် စင်ကာပူဒေါ်လာ $1,048 နဲ့ September 28 မှာ စရောင်းမယ်လို့သိရပါတယ်။မိတ်တွေအနေနဲ့ ၀ယ်ယူချင်တယ်ဆိုရင် ပြည်တွင်းမှာပဲ ဈေးနှုန်းတစ်ချက် စုံစမ်းကြည့်ကြပါဦးလို့ အကြံပြုလိုက်ရပါတယ်။

 
Ref : cNetAsia
 
Writer : Steel Jelly

Read more →

Wednesday, September 25, 2013

Apple ထုတ်ကုန်များကို အရစ်ကျစနစ်ဖြင့် ရောင်းပေးတော့မည်

,

အမေရိကန်နိုင်ငံထုတ် Apple အမှတ်တံဆိပ် ကုန်ပစ္စည်းများကို ဧရာဝတီဘဏ်နှင့် ချိတ်ဆက်၍ အရစ်ကျစနစ်ဖြင့် ရောင်းချရန် စီစဉ်နေကြောင်း သိရသည်။
ယနေ့ ဂျန်းရှင်း မော်တင် ဈေးဝယ်စင်တာတွင် ကျင်းပပြုလုပ်ခဲ့သည့် Apple ထုတ်ကုန် အမှတ်တံဆိပ် ပစ္စည်းများ ရောင်းချမည့် MDrive ဆိုင်ဖွင့်ပွဲနှင့် သတင်းစာတွင် ရှင်းလင်းပွဲအပြီးတွင် Magellan Group ၏ အမှုဆောင် ဒါရိုက်တာလည်းဖြစ် မြန်မာပြည်တွင် Apple ထုတ်ကုန်များကို ပထမဆုံး တရားဝင် ကိုယ်စားလှယ်ယူ ရောင်းချခွင့် ရရှိထားသည့် MDrive အရောင်းဆိုင်၏ တာဝန်ရှိသူလည်း ဖြစ်သူ ကိုမြတ်ထူးက အထက်ပါ အတိုင်း ဧရာဝတီသို့ ပြောသည်။
“ကုမ္ပဏီဝန်ထမ်းဆိုရင် သက်ဆိုင်ရာ မန်နေးဂျင်းဒါရိုက်တာ၊ သူဌေးရဲ့ ထောက်ခံကြောင်း လက်မှတ်လိုတယ်၊ ဒါဆိုရင် တခြား ဘဏ်အကောင့်လည်း မလိုဘဲနဲ့ ထောက်ခံစာ တခုနဲ့တင် အရစ်ကျ စနစ်နဲ့ ရဖို့လုပ်ပေးမယ်။ နောက်တခုကတော့ ကိုယ်တိုင် ဖြစ်ဖြစ်၊ သက်ဆိုင်သူ တယောက်ကဖြစ်ဖြစ် ဘဏ်မှာ ငွေစုထားမယ်ဆိုရင် အာမခံပေးလို့ရမယ်” ဟု ကိုမြတ်ထူးက ရှင်းပြသည်။
ထို့အပြင် ပုဂ္ဂလိက ကုမ္ပဏီများ အနေဖြင့် ၎င်းတို့ ကုမ္ပဏီရှိ ကွန်ပျူတာ များကို Apple ထုတ်ကုန်များဖြင့် လဲလှယ်လိုပါက ဧရာဝတီဘဏ်နှင့် ချိတ်ဆက်ပြီး အရစ်ကျစနစ်ဖြင့် ဝယ်ယူလိုကြောင်း လက်မှတ်ထိုးမည် ဆိုပါက Mdrive အရောင်းဆိုင်မှ အရစ်ကျ ဝယ်ယူမည့် ကုန်ပစ္စည်းတန်ဖိုး၏ ၁၀ ရာခိုင်နှုန်း အာမခံငွေကို ဘဏ်တွင် အာမခံအဖြစ် တင်ထားပေးမည် ဖြစ်ကြောင်း၊ Apple ထုတ်ကုန် ပစ္စည်းများမှ မည်သည့်အမျိုးအစားကို မဆို တနှစ် အရစ်ကျ ကာလသတ်မှတ် ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။
အရစ်ကျစနစ်ဖြင့် ရောင်းချပေးရန် ချိတ်ဆက်ထားသည့် ဧရာဝတီဘဏ်မှ တာဝန်ရှိသူကလည်း သတင်းစာ ရှင်းလင်းပွဲတွင် Apple ထုတ်ကုန်ပစ္စည်းများ အရစ်ကျ ဝယ်ယူမည့်သူများအတွက် ချေးငွေများ ထုတ်ပေးရန် အဆင်သင့် ရှိနေပြီဟု ပြောကြား သွားသည်။
MDrive အရောင်းဆိုင် အနေဖြင့် Apple ပစ္စည်းကိုင်ထားသည့် မည်သူမဆို အခမဲ့ အကောင့်ဖွင့်နည်း၊ ဂိမ်းများ၊ တခြား ဆော့ဖ်ဝဲလ် အသုံးပြုနည်းများ ကိုလည်း အခမဲ့ ဝန်ဆောင်မှုပေးသွားမည်ဟု သိရသည်။
“မြန်မာနိုင်ငံမှာ အရစ်ကျစနစ်နဲ့ ရောင်းတာတွေ တဖြည်းဖြည်း တိုးလာတာ ကောင်းပေမယ့် ပစ္စည်းတခု ဝယ်မယ်ဆိုရင် အဆင့်ဆင့် ဖြတ်နေရတာ အချိန် အရမ်းကြာတယ်၊ ဆမ်ဆောင်းမှာ အရစ်ကျ ရောင်းတုန်းကလည်း ပစ္စည်းဝယ်ဖို့ တလကျော်လောက် စောင့်ရသလို ထောက်ခံချက်တွေလည်း အများကြီး တောင်းတယ်၊ AGD ဘဏ်နဲ့ ချိတ်ဆက် ရောင်းတာတွေလည်း အဲဒီလိုပဲပေါ့။ အာမခံချက်တွေ၊ အာမခံပေးမယ့်သူတွေ အများကြီး တောင်းနေတော့ အရစ်ကျ ဝယ်ဖို့ လူတွေ စိတ်မဝင်စားကြတော့တာ” ဟု MDrive အရောင်းဆိုင် ဖွင့်ပွဲသို့ တက်ရောက်လာသည့် ကိုဇော်မျိုးထွန်းက ပြောသည်။
လက်ရှိတွင် ဟန်းဆက်များ၊ ကင်မရာ၊ ဆိုင်ကယ်၊ လက်ပ်တော့၊ ကား နှင့် ဆင်းကတ် စသည့် ကုန်ပစ္စည်းများ အရစ်ကျ စနစ်ဖြင့် ရောင်းချမှုကို အာရှစိမ်းလန်းရေးနှင့် ဖွံ့ဖြိုးမှုဘဏ် (AGD) နှင့် ပုဂ္ဂလိက ကုမ္ပဏီတချို့က ဆောင်ရွက်နေပြီး နာမည်ကြီး အမှတ်တံဆိပ်တခု ဖြစ်သည့် ဆမ်ဆောင်း ကုမ္ပဏီကလည်း ၎င်းတို့၏ ထုတ်ကုန် ပစ္စည်းများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးလျက် ရှိသည်။
ထို့အပြင် ကားကုမ္ပဏီများနှင့် ပြင်ပ ဖုန်းအရောင်းဆိုင် တချို့ကလည်း သက်ဆိုင်ရာ ဘဏ်နှင့် ချိတ်ဆက်၍ သော်လည်းကောင်း၊ သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ရှိသူ၏ ထောက်ခံချက်ဖြင့် သော်လည်းကောင်း ကုန်ပစ္စည်းများကို အချိန်ကာလ သတ်မှတ်ပြီး အရစ်ကျစနစ်ဖြင့် ရောင်းချပေးလျက်ရှိသည်။
Read more →

Tuesday, September 24, 2013

မြန်မာပြည်မှာ ရောင်းတော့မယ့် Galaxy Note 3က လူစိတ်ဝင်စားမှု နံပါတ်တစ် ဖြစ်လာ

,


Monday, September 23, 2013

မကြာသေးမီက တောင်ကိုရီးယား အခြေစိုက် Samsungကုမ္ပဏီမှ ထုတ်လုပ်လိုက်တဲ့ မျက်နှာပြင် ၅.၇လက်မအရွယ် Galaxy Note 3ဟာ GSM Arena၀က်ဘ်ဆိုဒ်ရဲ့ နေ့စဉ် လူဝင်ရောက်ကြည့်ရှုမှု စာရင်းမှာ Appleရဲ့ iPhone 5Sကို ဖြတ်ကျော်ပြီး နံပါတ်တစ် နေရာကို ရောက်လာခဲ့ပါတယ်။ အဆိုပါ Galaxy Note 3အကြောင်း ကိုလည်း မြန်မာအိုင်စီတီမှ ပြည့်ပြည့်စုံစုံ ရေးသား တင်ဆက်ထားတဲ့ ဆောင်းပါးကို ဒီနေရာ http://ict.com.mm/reviews/mobile-phones/samsungs-galaxy-note-iii-review/ မှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။

ဈေးနှုန်းအရတော့ iPhone 5Sနဲ့ Galaxy Note 3ဟာ များစွာ ကွာခြားမှု မရှိပေမယ့် ပိုမိုကြီးမားတဲ့ မျက်နှာပြင်၊ 3GB RAMနဲ့ S-Pen Feature, NFCစတာ တွေဟာ ပရိသတ်တွေကို ဆွဲဆောင်သွားတာ ဖြစ်တယ်လို့ ခန့်မှန်း မိပါတယ်။ မြန်မာပြည်ဈေးကွက်မှာတော့ မကြာခင် အဆိုပါ Galaxy Note 3သာမက ဆမ်ဆောင်းရဲ့ စမတ်နာရီ Galaxy Gearကိုပါ Samsung Showroomတွေမှာ ၀ယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ Note 3မှာ မြန်မာစာ စနစ် အသင့်အသုံးပြု နိုင်အောင် စီစဉ်ပေးထားပြီး ဈေးနှုန်း ၇၁၅၀၀၀ကျပ်နဲ့ ရောင်းချပေးသွားမှာပါ။

View Coverပါ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ Galaxy Gearစမတ်နာရီကတော့ ၂၅၈၀၀၀ကျပ်နဲ့ တစ်နိုင်ငံလုံးက Samsung Showroomတွေမှာ ရောင်းပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Galaxy Gearကော Galaxy Note 3ကော နှစ်ခုပေါင်း ယူရင်တော့ ၉၅၅၀၀၀ကျပ်နဲ့ ၀ယ်ယူနိုင်မှာ ဖြစ်ကာ အဆိုပါ ဈေးနှုန်းတွေက စက်တင်ဘာ ၂၇၊ ၂၈၊ ၂၉ ပရိုမိုးရှင်း ကာလ သုံးရက်တည်းအတွက်သာ ဖြစ်တယ်လို့ Samsungမှ ကြေညာထားပါတယ်။ စက်တင်ဘာ ၂၅ရက်နေ့ Junciton Squareမှာ ကျင်းပမယ့် Samsungရဲ့ မိတ်ဆက်ပြသတဲ့ ပွဲမှာလည်း Galaxy Note 3, Galaxy Gearတို့ကို စမ်းသပ်ကြည့်ရှု သုံးစွဲနိုင်ပြီး ၀ယ်ယူလိုပါက တစ်ခါတည်း စာရင်းပေးထား နိုင်ကြောင်း သိရပါတယ်။

Galaxy Note 3ပြီးတော့ ဒုတိယနေရာမှာ ရှိနေတာကတော့ iPhone 5Sဖြစ်ပါတယ်။ ဒါ့အပြင် Galaxy S4, SIM Cardနှစ်ခု သုံးလို့ရတဲ့ Galaxy S Duos, ရေစိုခံ မျက်နှာပြင်ကျယ် စမတ်ဖုန်း Sony Xperia Z1နဲ့ Galaxy Coreစမတ်ဖုန်းတွေက နံပါတ် သုံး၊ လေး၊ ငါး၊ ခြောက် နေရာတွေမှာ အသီးသီး ရပ်တည်နေပြီး အဖြူ၊ အနက်၊ အဝါ၊ အနီ ကာလာ ၄မျိုးနဲ့ Windowsဖုန်း တစ်လုံး ဖြစ်တဲ့ Nokia 520ကလည်း လူစိတ်ဝင်စားမှု နံပါတ် ၇နေရာမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာ ထုတ်လုပ်မှု ရပ်ဆိုင်းသွားပြီ ဖြစ်တဲ့ iPhone 5ကတော့ ၀င်ရောက် ကြည့်ရှုတဲ့ လူတွေ ရှိနေဆဲ ဖြစ်ကာ လူစိတ်ဝင်စားမှု နံပါတ် ရှစ်နေရာမှာ ရပ်တည်နေပါတယ်။

Myanmar ICT
Read more →

Monday, September 23, 2013

iPhone 5S လက်ဗွေစနစ် ဟက်ကာတို့ ဖောက်နိုင်ပြီ

,


ဂျာမနီနိုင်ငံ ဘာလင်မြို့ အခြေဆိုက် Chaos Computer Club (CCC) လို့အမည်ရတဲ့ ဟက်ကာအဖွဲ့ဟာ iPhone 5S နဲ့ Touch ID fingerprint Scanner ကို အလွယ်တကူ ဖောက်ထွင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဖောက်တယ်ဆိုလို့ ဝက်အူရစ်၊မူလီတို့နဲ့ ဖောက်တာ ကို ပြောတာမဟုတ် ပါဘူး။ လက်ဗွေ အတုနဲ့ ဖုန်း လုံခြုံရေး စနစ်ကို ကျော်ဖြတ်တာ ဖြစ်ပါတယ်။ သူတို့ ရှင်းပြထားချက်က ဒီလိုပါ။ iPhone 5S မှာ ထူးခြားသွားတဲ့ လုံခြုံရေး စနစ်က အရည်အသွေးပိုကောင်းတဲ့ High resoulution ဓာတ်ပုံ ကိုရိုက်ကူး သိမ်းဆည်းထားခြင်းသာ ဖြစ်ပြီး ယင်းကဲ့သို့ အလားတူ ဓာတ်ပုံကို ဖန်တီးနိုင်ရင် အလွယ်တကူ ဖောက်ဝင်နိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူရဲ့  လက်ဗွေ မူရင်းကို ၂၄၀၀ dpi အရည်အသွေး ရရှိဖို့လိုအပ်တယ်။ ပြီးရင် ယင်းလက်ဗွေကို Laser printer နဲ့ 1200 dpi အထိ အနိမ့်ဆုံးအရည် အသွေးနဲ့ ပြန်လည်ထုတ်လိုက်နိုင်ရင် iPhone 5S ပေါ်မှာ အသုံးပြုလို့ ရသွားပါပြီ။

လေဆာနဲ့ Print လုပ်ထား တဲ့ ယင်း လက်ဗွေ အခွံကို လက်ထိပ်မှာကပ်ပြီး ဖိဖွင့်လိုက်ရုံပဲ ဖြစ်ပါတယယ်။ ပိုပြီး ရှင်းလင်း သွားအောင် အောက်ပါ ဗီဒီယိုကို လေ့လာကြည့်ရှု နိုင်ပါတယ်။

http://youtu.be/HM8b8d8kSNQ

ဒီအတွက် ဆုချဖို့ ကြေညာထားတဲ့ ဟက်ကာအဖွဲ့အစည်းများ ကို ပြန်လည် စစ်ဆေးမှု ပြုလုပ်နေပါပြီ။ တကယ်မှန်တယ်ဆိုရင် ဆုကြေးငွေ အတော်လေးရမယ့် ဖောက်ထွင်းမှုကြီးပါ။ Apple ရဲ့  iPhone 5S ကို ဖြန့်ဖြူး ရောင်းချတဲ့ ရက်ပိုင်းအတွင်းမှာပဲ Hack လုပ်နိုင်ကြောင်း Claim လုပ်ကြတဲ့ အဖွဲ့အစည်းနဲ့ Individual တွေ များနေပါပြီ။ Apple က ဘယ်လိုတုန့်ပြန်ပြောဆိုမယ် ဆိုတာကိုလည်း စောင့်ဆိုင်းနားစွင့်လျက် ရှိကြကြောင်း သိရပါတယ်။
.
Ref:mashable
အောင်ခမ်း (TSJ Team)
Read more →

Saturday, September 14, 2013

Samsung Galaxy S5 တွင်လည်း 64 bit Proccessor အသုံးပြုမည်

,

Samsung Mobile က စီးပွားရေး အရာရှိ Shin Jong-Kyun ကိုယ်တိုင် အင်တာဗျူးမှာ ဖြေကြားသွားတဲ့ သတင်း ဖြစ်ပါတယ်။ ယင်းကတော့ လာမယ့် Samsung Galaxy S5 ကို 64 bit processing speed ရှိတဲ့ Chip ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။

လက်ရှိ iPhone 5S ဟာ ကမ္ဘာပေါ်မှာ ပထမဦးဆုံး 64 bit processor နဲ့မြင်တွေ့ရတဲ့ စမတ်ဖုန်းပါ။ ဒါကြောင့် သာမန်အသုံးပြုနေတဲ့ 32 bit chip တွေထပ် ၂ ဆတောင်မြန်သွားပြီး ဂိမ်း အပြင် အခြားသော Application ပေါင်း မြေက်များစွာကို တစ်ပြိုင်နက်တည်း နဲ့ ခပ်မြန်မြန် Run နိုင်၊ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ Samsung ကလည်း အကြောမခံပဲ 64 Bit ကို လိုက်လုပ်ပါပြီ။ Note 3 ကတော့ ထွက်သွားပြီမို့ မရနိုင်တော့ပါဘူး။ Samsung Galaxy S5 ကိုတော့ 64 bit Processor နဲ့ မြင်တွေ့ ရမှာပါ။

အခြား သတင်းအနေနဲ့ Samsung Galaxy S5 ကို 16 megapixel ကင်မရာ နဲ့ အလူမီနီယံကိုယ်ထည်ကို အသုံးပြုမယ်လို့ ထွက်ရှိထားတာ နည်းနည်းတော့ ကြာပါပြီ။ ဒီအတွက်ကတော့ Samsung က အတည်မပြုသေးပါဘူး။ ဒါကြောင့် Samsung ဟာ Samsung Galaxy S4 ကို မာကဲတင်းကို အပီအပြင်ကြိုးစားနေပေမယ့် S5 အတွက်လည်း Research ကို အကောင်းဆုံး ကြိုးစားဖန်တီးလျက် ရှိကြကြောင်း သိရ ပါတယ်။
.
Ref:pocketint
အောင်ခမ်း (TSJ team)
Read more →

Thursday, September 5, 2013

Soney ရဲ့  နောက်ဆုံးထွက် ရေစုံခံ Xperia Z1

,

Thursday, September 5, 2013

Soney Xperia Z တုန်းက အောင်မြင်သလို နောက်ထပ် ရေစိုခံတဲ့ မျိုးဆက်သစ် ဖုန်းကို Sony တို့ မိတ်ဆက် လိုက်ပါပြီ။ Sony Xperia Z1 လို့ အမည်ပေးထား ပါတယ်။

အဓိက သိသိသာသာ တိုးတက်လာမှုက ကင်မရာ ဖြစ်ပါတယ်။ 20.7 megapixel အရည်အသွေးတောင် ရှိပါတယ်။ သူ့အတွက် ထောက်ပံ့တဲ့ Feature လည်း အင်မတန် စုံပြီး Info-eye, AR Effect, Timeshift Burst, Social Live တို့လို app တွေတောင် ပါဝင်လိုက်ပါသေးတယ်။ Processor ကလည်း 2.2 GHz Quad core ဆိုတော့ Processor အကောင်းဆုံးစမတ်ဖုန်းများ စာရင်းထဲကို ဝင်လာအုံးမှာပါ။ RAM ကတော့ 2GB ပါပဲ။ မျက်နှာပြင် အရွယ် ကတော့ ၅ လက်မ ရှိပြီး Full HD Screen ဖြစ်ပါတယ်။

16 GB memory ဗားရှင်းသာ ကြေညာထားပြီး Micro SD ကဒ်နဲ့ 64 GB expend လုပ်နိုင် ပါတယ်။ Android ကတော့ 4.2.2 နဲ့ပဲ ထွက်ရှိတာပါ။ Sony ရဲ့  အားနည်းချက်တစ်ခုက Android upgrade လုပ်ဖို့ အချိန်ကာလကြာခြင်း ဖြစ်ပါတယ်။ ဘက်ထရီကတော့ 3000 mAh ပါ။ ရေစုံခံ (Water Proof), ဖုန်အဝင်ခံ (Dust Proof) ကလည်းယခင်ကထက် များစွာ တိုးမြင့်လာတယ်လို့လည်း ဆိုပါတယ်။

ဈေးနှုန်းကိုတော့ မကြေညာ ရသေးပါဘူး။ အမေရိကန်ဒေါ်လာ ၆၀၀ အထက်မှာ ရှိနိုင်တယ်လို့ ခန့်မှန်း ထားကြ ပါတယ်။ မြန်မာပြည်မှာတော့ ၇ သန်းလောက် ပေါက်နိုင်တယ်လို့တောင် ဖုန်းဆိုင်အချို့  က ခန့်မှန်း ထားကြ ပါတယ်။ စက်တင်ဘာလ ကုန်ပိုင်းလောက် ဖြန့်ချိမှာ ဖြစ်ကြောင်း သိရပါတယ်။

Ref: pocketlint
Read more →

Friday, August 30, 2013

ကားရှိသူတိုင်းဆောင်ထားသင့်တဲ့ ကားပြုပြင်ထိန်းသိမ်းခြင်း Apk (5.3MB)

,
 
 
 
Andriod ဖုန်းအသုံးပြုသူများအတွက် မြန်မာလိုရေးသားထားတဲ့ ကားပြုပြင်ရေး ဆော့ဝဲလ်လေး တင်ပေး လိုက်ပါတယ်ခင်ဗျာ။ ကားပြုပြင်ထိန်းသိမ်းခြင်းကို အသေးစိတ်ရေးပေးထားတဲ့ ဆော့ဝဲလ်လေးဖြစ်ပါတယ်။
ဗားရှင်းက ၂.၀ပါ။ Android version 2.2 နှင့်အထက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

              Download=>> Link 1, Link 2

Read more →

Tuesday, August 27, 2013

မြန်မာ့ဆက်သွယ်ရေး ကွန်ရက်များ လုံခြုံရေး Microsoft အကြီးတန်းအရာရှိ လာရောက် ဟောပြောမည်

,

ရန်ကုန်၊ သြဂုတ် ၂၆

မြန်မာ့ဆက်သွယ်ရေး ကွန်ရက်များ လုံခြုံရေးအတွက် Microsoft ကုမ္ပဏီမှ အာရှဒေသဆိုင်ရာ လုံခြုံရေးနှင့် အကြံပေး အရာရှိချုပ် Mr.Pierre Noel သည် မြန်မာနိုင်ငံသို့ လာရောက်ကာ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဟောပြောပွဲတစ်ရပ် ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးဇော်မင်းဦးက The Voice သို့ ပြောကြားသည်။

ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာ့ဆက်သွယ်ရေး ကွန်ရက်များ လုံခြုံရေး၊ ဆိုက်ဘာ လုံခြုံရေးများ၊ ကွန်ပျူတာကွန်ရက် လုံခြုံရေးများနှင့် ပတ်သက်၍ ၎င်းထံမှ အတွေ့အကြုံများ၊ ဆွေးနွေးအကြုံပြုချက်များ ရယူရန်အတွက် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ယင်းဟောပြောပွဲကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က ဦးစီးကျင်းပခြင်း ဖြစ်ပြီး၊ မြန်မာနိုင်ငံ အရေးပေါ်လုံခြုံရေး တုံ့ပြန်ဖော်ဆောင်ရေးအဖွဲ့ (MMCERT) မှ အဖွဲ့ဝင်များနှင့် အစိုးရဌာန အသီးသီးမှ သတင်းအချက်အလက်များဆိုင်ရာ အရာရှိချုပ်များ တက်ရောက် ဆွေးနွေးကြမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

Microsoft ကုမ္ပဏီ၏ အာရှဒေသဆိုင်ရာ လုံခြုံရေးနှင့် အကြံပေး အရာရှိချုပ်ဖြစ်သော Mr. Pierre Noel သည် သတင်းအချက်အလက် လုံခြုံရေးနှင့် အခက်အခဲ ဖြေရှင်းနည်းဆိုင်ရာ စီမံခန့်ခွဲမှုများကို ၂၅ နှစ်ကျော် အတွေ့အကြုံရှိသူ ဖြစ်သည်။

ထို့အပြင် Mr. Pierre Noel သည် ဟောင်ကောင်အစိုးရ၏ နည်းပညာ လုံခြုံရေးဆိုင်ရာ အကြံပေးအရာရှိ၊ ဗြိတိန် ရဲတပ်ဖွဲ့နှင့် မစ်ဆူဘီရှီ ကော်ပိုရေးရှင်းတို့တွင် အကြံပေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်သည်။
Read more →

Monday, August 26, 2013

MWD TV နှင့် ThaZin FM အစီအစဉ်များကို Apple MAC များပေါ်မှ ခံစားကြည့်ရှုနားဆင်နိုင်ပြီ။

,
MWD Webportal မှ မိဘပြည်သူများအား အစီအစဉ်ကောင်းများ အမြဲတင်ဆက်ပေးလျှက်ရှိရာ ယခုဆိုလျှင် MWD TV နှင့် ThaZin FM အား Laptop, Desktop PC များပေါ်တွင် VLC Player ကို အသုံးပြု ၍လည်းကောင်း၊ Android ဖုန်းများအပေါ်တွင် Vplayer ကိုအသုံးပြု၍လည်းကောင်း၊ iPhone, iPad များအပေါ်တွင် Oplayer ကို အသုံးပြု ၍လည်းကောင်း ထုတ်လွှင့်ပေးလျှက်ရှိသော အစီအစဉ်ကောင်းများကို ခံစားနားဆင်နိုင်ရန် အကောင်းဆုံးကြိုးစားပေးခဲ့ပြီးဖြစ်ပါသည်။
ယခုတဖန် Apple Product များဖြစ်သော MacBook PRO, MacBook Air, နှင့် iMac များပေါ်တွင် MWD TV နှင့် ThaZin FM တို့ အား ခံစားနားဆင်ကြည့်ရှုနိုင်ရန်အတွက် အသုံးပြုပုံအား ထပ်မံ၍ ဖေါ်ပြပေးအပ်ပါသည်။
ပထမဦးစွာ မိမိ၏ PC တွင် VLC Player ရှိရန်လိုအပ်ပါသည်။ VLC Player ကို အောက်တွင် Download ရယူနိုင်ပါသည်။
ရရှိလာသောဖိုင်ကို Install ပြုလုပ်ပါက အောက်ပါပုံတွင်ပြထားသည့်အတိုင်း VLC Player Install ပြုလုပ်ပြီးဖြစ်မည်။



VLC Player ကို ဖွင့်လိုက်ပါက အောက်ပါအတိုင်း ကြည့်ရှုနိုင်သောအဆင့်သို့ ရောက်ရှိမည်ဖြစ်သည်။



အထက်ပါပုံတွင်ပြထားသည့်အတိုင်း Open media... ကိုဖွင့်လိုက်ပါက Box တစ်ခု ပေါ်လာမည်ဖြစ်သည်။



ထို့ နောက် Network tab တွင် URL ထည့်ရန် နေရာကို တွေ့ ရှိရမည်ဖြစ်သည်။
URL နေရာတွင် http://myawaddy.net.mm/mwdlive ကို ထည့်သွင်းပြီး Open ကို နှိပ်ပါ။



ထိုအခါ မြ၀တီ မှလွှင့်နေသော အသံကို ကြားရမည်ဖြစ်ပြီး ၂ စက္ကန့် မျှစောင့်ပါ။



လိုအပ်သော Loading ပြီးသွားသောအခါ ပြထားသည့်အတိုင်း MWD TV ကို အဆင်ပြေစွာကြည့်ရှုနိုင်မည်ဖြစ်သည်။



ThaZin FM အား နားဆင်ရန်အတွက် URL နေရာတွင် http://www.myawaddy.net.mm/thazinfm ကို ထည့်သွင်းနားဆင်နိုင်ပါသည်။





မိဘပြည်သူများအသုံးပြုသော အင်တာနက်သည် Proxy server အသုံးပြုထားပါက VLC Player ကိုဖွင့်၍ Command + ,  ကို နှိပ်ပါ။ ပေါ်လာသော Preferences ရှိ Input & Codecs tab မှ HTTP Proxy တွင် မိမိအသုံးပြုသော Proxy server နှင့် Port ကို ဖြည့်သွင်းပေးရမည်ဖြစ်သည်။



မိဘပြည်သူများအနေဖြင့် ကြည့်ရှုရာတွင် အခက်အခဲများရှိပါက mwdwebportal@gmail.com သို့ လွတ်လပ်စွာ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
Read more →

Saturday, August 24, 2013

LG လည်း iPhone နဲ့အပြိုင် Color Printer ထုတ်

,

LG ကစမတ်ဖုန်းအသုံးပြုတဲ့သူတွေအတွက်
မိမိရိုက်ကူးပြီးတဲ့ ပုံတွေကို Print ထုတ်လို့ရအောင်ဖန်တီးပေးလိုက်တာပါ။ Apple က iPhone သမားတွေအတွက်ထုတ်လုပ်ပြီး နိုင်ငံတကာမှာအသုံးပြုသူတွေ
အကြိုက်တွေ့နေတဲ့ အတွက် LG ကလည်းသုံးစွဲသူ သူ့ပရိတ်သတ်တွေ
နောက်မကျအာင်ဖန်တီးပေး လိုက်တာပါ။

ရိုက်ပြီး သွားတဲ့ပုံတွေကို ပုံမှာမြင်တွေ့ရတဲ့ အတိုင်း ဓာတ်ပုံဆိုဒ်ပမာဏ
အရွယ်အစားရှိတဲ့ ပုံတွေကို Print ထုတ်ပေးမှာဖြစ်ပြီး ဘယ်သွားသွား
သယ်သွားလို့ရမှာဖြစ်တဲ့အတွက် ပုံတွေကိုလက်ဆောင်ပေးတဲ့ အခါမှာ အတော်လေးကို အသုံးတည့်မှာပါ။

Bluethooth နဲ့ချိတ်ဆက်ပြီး အသုံးပြုလို့ရမှာဖြစ်သလို၊USB Cable နဲ့လည်း
လွယ်ကူစွာချိတ်ဆက်အသုံးပြုလို့အဆင်ပြေစေမှာပါ။

နိုင်ငံတကာမှာစတင်ဖြန့်ချိနေပြီး ဈေးနှုန်းကတော့ ကန်ဒေါ်လာ ၁၁၅ ဝန်းကျင်နဲ့ ရောင်းချပေးနေတယ်လို့သိရပါတယ်။

Ref:gadget
Khun Nay(August Myanmar Media Group)
Read more →

Friday, August 23, 2013

Android ဖုန်း တွေမှာ မှားဖျက်မိတဲ့ Messages, Contacts,Photos and Video စ,တာတွေကို Recovery လုပ်ပြီးပြန်ယူတဲ့ ဆောဝဲ

,

 

Wondershare Dr.Fone for Android ဆောဝဲလေးကတော့ Android ဖုန်း တွေမှာ မှား ပြီး Delete လုပ်မိတဲ့  Messages, Contacts,Photos and Video စတာတွေကို အားလုံးပြန်ယူလို့ရတဲ့ ဆောဝဲလေးပါ ဖုန်းကိုင်သူများ ရှိထားသင့်တဲ့ ဆောဝဲဆိုလည်း မမှားပါဘူး။ PC ဆောဝဲလေးဖြစ်ပါတယ်။ ဆောဝဲကို PC မှာ Install ပြီး Recovery လုပ်ဖို့ နည်းအပြည့်စုံကိုတော့ ဒီလင့် မှာဝင်လေ့လာပါ။ ဆောဝဲကိုတော့ အောက်က လင့် မှာ ဒေါင်းယူနိုင်ပါပြီ။ Full Version သုံးလို့ရအောင် Registration code ပါ ပေါင်းတင်ပေးလိုက် ပါတယ်။ စိတ်ဝင်စားရင် ဒေါင်းယူနိုင်ပါပြီ...။


အားလုံးအဆင်ပြေပါစေ.......။
Read more →

Thursday, August 22, 2013

ဖုန်း Sim Card lock ကျသွားတဲ့အခါဖြေရှင်းနည်း

,


အကြောင်းအမျိုးမျိုးကြောင့် ကိုယ့် Sim Card က lock ကျသွားပြီဆိုရင် ဖုန်းလိုင်းပျောက်ပြီး unlock ပြန်လုပ်ဖို့ ဖုန်းက PUK Code တောင်းပါလိမ့်မယ် PUK ဆိုတာ ဘာမှန်းမသိတာနဲ့တင် MPT ရုံးဆီရောက်ရောက်သွားရတယ် တကယ်တော့ ဖုန်းဝယ်ကတည်းက PUK code ကပါပြီးသားပါ (ပုံမှာပြထားသလို)
unlock ပြန်လုပ်ပုံကတော့ အဲ့ဒီ code ၈ လုံးကို ရိုက်ထည့်ပေးလိုက်ပါ ပြီးရင် ok နှိပ်ပါ။
PIN number အသစ်ပြန်လုပ်ခိုင်းပါလိမ့်မယ်။ 12345 လို့သာ ရိုက်ပြီး ok နှိပ်ပါ နောက်တစ်ခေါက် PIN number ကို confirm လုပ်ခိုင်းပါလိမ့်မယ်။ 12345 လို့ထပ်ရိုက်ပေးပြီး ok နှိပ်လိုက်ပါ။ ဒါဆိုပြီးပါပြီ Sim Lock, ပြုတ်ပြီး ဖုန်းလိုင်းပြန်တက်လာပါလိမ့်မယ်။
Read more →

TAP4CALL - FREE PHONE CALLS V1.3.4 FOR ANDROID

,


Android သမားတွေအတွက် အရမ်းလန်းတဲ့ Free Call ခေါ်လို့ရတဲ့ ဆော့ဝဲအလန်းလေးပါ ။
ထိုဆော့ဝဲကို အသုံးပြုရာတွင်လဲ ဘာအကောင့်မှလုပ်စရာမလိုပါဘူး ။ မိမိဖုန်းခေါ်လိုသော ဖုန်းနံပါတ်ကိုနှိပ်ပြီး တိုက်ရိုက်ခေါ်ဆိုနိုင်ပါတယ် ။ ကိုယ်ခေါ်ဆိုသော တစ်ဘက်ဖုန်းမှာ အင်တာနက်ရော ထိုဆော့ဝဲရောရှိစရာ လုံးဝမလိုပါဘူး ။

သင်ထိုဆော့ဝဲကို အသုံးပြုရာတွင် သင့်အား $.30 ကျပ်ပေးထားပါတယ် ထိုပိုက်ဆံနှင့် သင်ခေါ်ဆိုခြင်းဖြစ်ပါတယ် အကယ်၍Freeပေးထားသော ထိုပိုက်ဆံကုန်သွားပါက ပိုက်ဆံထက်ဝယ်စရာမလိုပါဘူး သင့်ဖုန်းSettings ထဲသွားပြီး Clear Data သို့မဟုတ် Uninstall လုပ်ပေးလိုက်ပါက အရင်တိုင်းပိုက်ဆံပြန်ရောက်လာပါတယ် ။



မရောက်လာဘူးဆိုပါက သူ့ဆော့ဝဲထဲမှာ Get free credits for calls ဆိုတာရှိပါတယ် ဝင်လိုက်ပါ ။ အဲဒီမှာ Free ပေးထားတဲ့ဂိမ်းတစ်ခုခုကို ဒေါင်းလိုက်ပါ ။ ပြီးသွားရင် ပိုက်ဆံအမောက်ပြထားတဲ့ဘေးက Reflash လုပ်တဲ့ မြှားအဝိုင်းလေးတွေ့ပါမယ် အဲတာလေးကိုနှိပ်ပေးလိုက်ပါ ပိုက်ဆံတိုးလာပါလိမ့် ပထမဖရီးပေးတဲ့ ပိုက်ဆံထက်တောင် ပိုများလာတတ်ပါတယ် 

Market မှာ အခုနောက်ဆုံထွက်ဆော့ဝဲကို လိုချင်သူများ အောက်မှာဒေါင်းယူပါ
Market ကို ဝင်လို့ရသူများက Play Store မှာဖရီးပေးထားပါတယ် သွားရောက်ဒေါင်းယူနိုင်ပါတယ်

Tap4Call - free phone calls V1.3.4 For Android ကို လိုချင်သူများ ဒီမှာဒေါင်းယူပါ ။
Read more →

phone bill မကုန်အောင် အင်တာနက် free သုံးမယ်

,




ဒီနည်းလေးးကတော့ ဆိုက်တဆိုက်ကနေတွေ့လို့ ကျနော်ပြန်ရှယ်ပေးလိုက်တာပါ...။အသုံးဝင်မယ်လို့ လည်း ထင်ပါတယ်..။ကျနော်ကိုယ်တိုင်က အင်တာနက်ကို free သုံးနေတာဆိုတော့ သူငယ်ချင်းများ ကိုလည်း ရစေချင်ပါတယ်.....။ဒီနည်းလေးကိုရေးသားတဲ့ ကိုနေလင်းဖြိုး ကိုလည်း အထူးပဲ ကျေးဇူးတင်ပါ တယ်ဗျာ...။ဖုန်းနဲ့ ကွန်ပြူတာ ကို ချိတ်ပြီးသုံးတဲ့ သူတွေ အတွက် တကယ်ကောင်းတဲ့ နည်းလေးပဲဗျာ..။

ကဲ အားလုံးပဲ ဒီတစ်ခါတော့ Facebook ထဲကကျွန်တော်ဘော်ဒါတစ်ယောက်ဆီကနေ ပိုက်ဆံမကုန်တဲ့ အင်တာနက်ဖုန်းသုံးနည်းကို ဖော်ပြလိုက်ပါတယ်။ သိထားရမှာက နည်းလမ်းတွေကိုရှာဖွေရတာဟာ အိပ်ရေးပျက်ခံ၊ အပင်ပန်းခံပြီးရှာရတာမို့ တစ်ခုခုဖြစ်ခဲ့ရင် အပြစ်မဆိုကြဖို့ ကြိုတင်ပြီး သတိပေးချင်ပါတယ်။ ဒီပို့စ်မှာ မူရင်းပို့စ်ပိုင်ရှင် ကိုယ်တိုင်စမ်းသပ်ဖော်ပြထားတဲ့နည်း၊ သူအသုံးပြုခဲ့တဲ့ Device တွေနဲ့ဆိုရင်တော့ အဆင်ပြေမှာပါ။ အခြား Device တွေကိုလည်း ကျွန်တော်အနေနဲ့ မစမ်းသပ်နိုင်လို့ နားလည်ပေးစေချင်ပါတယ်။ အောက်ကပို့စ်တွေဟာ မူရင်းပို့စ်ပိုင်ရှင်ရဲ့ စာသားအတိုင်းပဲဖြစ်ပါတယ်။ စာလုံးပေါင်းသတ်ပုံတွေကို ပြင်ဆင်ပေးတာက လွဲလို့ပေါ့။ :D




1. 3G အင်တာနက်ဖွင့်ထားသော Sim Card (မှတ်ချက်...GSM လဲရပါတယ်)

2. ကိုယ်ရဲ့ဖုန်းလုံခြုံးရေအတွက် စိုးရိမ်တယ်ဆိုရင် IMEI ကို Fake လုပ်ထားရပါမယ်

(ဒါကတော့ လိုအပ်ချက်မဟုတ်ပါဘူး ကျွန်တော်ကတော့ မလုပ်ဘူးအေးရော India ကဆိုရင်တော့လိုမယ်)

3. လုပ်နည်းကတော့ APN setting ချိန်းတာပါ အောက်မှာဖော်ပြထားပါတယ်။

(မှတ်ချက် ကျွန်တော်ကတော့ Samsung Galaxy Ace (GT-S5830i) andriod version 2.3.6 Root လုပ်ထားပါတယ်။ အဲဒီ Device စမ်းသပ်ထားတာဖြစ်လို့

Galaxy APN ချိန်းနည်းအတိုင်းတင်ပြပါမယ်) Kali Linux-Gnome (32bit) ပါ ဖုန်းကနေ USB Tethering လုပ်လိုက်တာနဲ့ auto ချိတ်ပါတယ်။ ဘာမှလုပ်ပေးစရာမလိုပါဘူး တကယ်လို အဲလိုမရဘူးဆိုရင် Backtrack Myanmar Group ကိုသွားပြီးမေးကြည့်ပါ။




Setting >>>Wireless and networks>>>Mobile networks>>>Acess Point Names

ကိုအဆင့်ဆင့်သွားပါ ပြီးရင် Menu key ကိုနှိပ်ပြီး New APN ကိုရွေးပါ ပြီးရင်

---Name နေရာမှာ 3G free (any) Type 1 WAP လို့ဖြည့်လိုက်ပါ

---APN နေရာမှာ wapwest.cellone.in လို့ရေးပေးပါ

---Proxy နေရာမှာ 110.100.3.2 လို့ရေးပါ

---Port နေရာမှာ 9209 လို့ရးပါ

---User name နေရာမှာ ppp လို့ထည့်ပါ

---Password နေရာမှာ ppp123 လို့ရေးပါ

---Server နေရာမှာ 110.100.3.2:9209 လို့ထည့်ပါ

---MCC တော့ 414 ပါပဲ

---MNC တော့ 01 ပါ

---Authentication type မှာ CHAP ကိုရွေးပါ

---APN type မှာ Internet ကိုရွေးပါ

ပြီးရင် Save လုပ်ပြီး ခုလုပ်ထားတဲ့ APN ကို ON ခဲ့ပါ။


ပြီးရင် အင်တာနက်ကို On လိုက်ပါ သိုမဟုတ် Use packet data ကို အမှန်ခြစ်လိုက်ပါ

ဟုတ်ကဲ့ အင်တာနက် မရသေးပါဘူး ရအောင်လုပ်ရပါအုံးမယ်။

ဘယ်လိုလုပ်ရမလဲဆိုတော့ Kali Linux OS တင်ထားတဲ့ computer မှာ usb tethering ကို on လိုက်ရပါမယ်။ အင်တာနက်တက်ပြီးဆိုတာနဲ့ *124# ကို ဖုန်းက Check လုပ်လိုက်ပါ။

တတ်နိုင်ရင် ဖုန်းထဲက background data တို့ sync တို့ကို ပိတ်ထားလိုက်ပါ ပြီးရင်သုံးလို့ ရပါပြီ။




*_အရေးကြီးဆုံးတစ်ခုက ကွန်ပျုတာမပိတ်မှီ သို့မဟုတ် tethering ကိုမဖြုတ်မှီ ဖုန်းကအင်တာနက်ကို အရင် ပိတ်ရပါမည်။ ဒီလိုမှမဟုတ်ရင်ပိုက်ပိုက်ဖြတ်ပါတယ်_*


MPT က မပိတ်သရွေ့တော့ရနေပါလိမ့်မယ်။ ပိတ်သွားရင် တားတားလဲမတတ်နိုင်ပု ဟိဟိ။


ဖြည့်စွက်ချက် ။ လိုအပ်ချက် တစ်ခုရှိသွားတယ်ဗျ kali မှာသုံးမှ မဖြတ်တာ ကျန်တာတွေမှာဖြတ်တယ်နော် ပြီးတော့ ကွန်ပျူတာမပိတ်ခင် အင်တာနက်အရင်ပိတ်ရတယ်။ မနေ့က kali OS (Gnome) နဲ့ သုံးတာ မဖြတ်လို့ ဒီနေ့ backtrakနဲ့သုံးတော့ ဖြတ်သွားတယ် မကျေနပ်လို့ kali နဲ့ ပြန်သုံးတာ မဖြတ်ဘူး kali ကိုနဲ့အဆက်သွယ်မဖြတ်ခင် အင်တာနက်ကိုအရင်ပိတ်ဖို့မမေ့နဲ့အုံးဗျ။












Read more →