==========================
နေပြည်တော် အောက်တိုဘာ ၁၅
ဦးသန်းအောင်။ ဟုတ်ကဲ့ပါခင်ဗျာ၊ ဆရာ ဖြည့်စွက်ဆွေးနွေးသွားတဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။ ဆရာ ဒေါက်တာ မနန်တူးဂျာအနေနဲ့ရော ဘာများဖြည့်စွက် ဆွေးနွေးချင်တာ လေးတွေရှိဦးမလဲ ခင်ဗျ။
ဒေါက်တာမနန်တူးဂျာ။ ကျွန်တော်နည်းနည်း ဖြည့်စွက်ဆွေးနွေးချင်တာက တိုင်းရင်းသား အခွင့်အရေးမှာ ယခင်ပြဋ္ဌာန်းခဲ့တဲ့၊ သုံးစွဲခဲ့တဲ့ အခြေခံဥပဒေများမှာမပါတဲ့ တိုင်းရင်းသား အခွင့် အရေးတစ်ရပ်လို့ ဆိုလို့ရတဲ့ အချက်တစ်ခု ဒီလက်ရှိအခြေခံဥပဒေမှာ ပါနေတယ်။ အဲဒါ ဘာလဲဆို တိုင်းရင်းသားရေးရာဝန်ကြီး ခန့်အပ်နိုင်တဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဒါလည်း ထူးခြားတဲ့ တိုင်းရင်းသား အခွင့်အရေးတစ်ရပ်လို့ မှတ်ယူလို့ ရပါတယ်ဆိုတာကို ကျွန်တော် ဖြည့်စွက် ပြောကြားလိုပါတယ်။
ဦးသန်းအောင်။ ဟုတ်ကဲ့ပါခင်ဗျာ။ ဒေါက်တာ အင်ဒရူးအနေနဲ့ရော ဘာများ ဖြည့်စွက်ဆွေးနွေး ချင်တာလေးတွေ ရှိသေးလဲခင်ဗျ။
ဒေါက်တာအင်ဒရူးငွန်ကျုံးလျန
ဒုတိယအချက်အနေနဲ့ ပြောချင်တာက ဇယား(၁)၊ ဇယား(၂)မှာ ဇယား (၂)ကို တိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေကို လုပ်ပိုင်ခွင့်ပိုပြီးတော့ ပေးသင့်တယ်လို့ ယူဆတဲ့အချက်တွေ ဖြစ်ပါ တယ်။ အဲဒီလို မပေးခင်မှာလည်း ခုနက ဒီလိုပေးပြီးတော့ တကယ်တမ်း အလုပ်မလုပ်နိုင်တဲ့ ဟာတွေကိုလည်း အလုပ်မဖြစ်အောင် အဟန့်အတားဖြစ်နေတဲ့ တည်ဆဲဥပဒေတွေကိုပါ တစ်ခါတည်း နှစ်ခုစလုံး အခြေခံဥပဒေလည်း ပြုပြင်ရင်း၊ လိုတိုးပိုလျှော့လုပ်ရင်းနဲ
ကြုံတွေ့ရလိမ့်မယ်လို့ ယူဆပါတယ်။
ဦးသန်းအောင်။ ဆရာ ဖြည့်စွက်ဆွေးနွေး သွားတာလည်း ကောင်းပါတယ် ခင်ဗျ။ ဆက်ပြီး တော့ ဆရာဦးကျော်ဝင်း ဘာများဆွေးနွေးချင်တာလေးမျာ
ဦးကျော်ဝင်း။ ကျွန်တော်တို့ နားလည်သလောက် ဆိုရင်ပေါ့။ အခြေခံ ဥပဒေတစ်ခုနဲ့ ပတ်သက်ရင် လက်တွေ့ အလုပ်လုပ်ကြည့်ရင်းနဲ့ ရှေ့ဆက်ဖို့ အဟန့်အတားဖြစ်နေတယ်၊ အခက်အခဲ ရှိနေတယ်ဆိုတာမျိုးတွေ တွေ့ရင်တော့ ညှိနှိုင်းပြင်ဆင်သင့်ပါတယ်။
တပ်ကိစ္စကျတော့ ဒီနေ့သွားနေတဲ့ အပြောင်းအလဲကို ကတိမ်းကပါးဖြစ်စေတဲ့ အဟန့်အတား ဖြစ်စေတဲ့ အပြုအမူတွေ ကျွန်တော်လည်း အခုထိတော့ မတွေ့ဘူး။ အထူးသဖြင့် ကျွန်တော် သတိပြုမိတာက ဒါလည်း လွှတ်တော်ထဲ ရောက်ပြီးမှပါ။ တပ်က တပ်ရဲ့ရပ်တည်မှုက ဘယ် နိုင်ငံရေး ပါတီတစ်ခုနဲ့မှ သိပ်မပတ်သက်ဘူး။ သူ့မူနဲ့သူ သွားနေသလိုပဲ။ အဲဒါလည်း လွတ်လပ်တဲ့ Professional Institution ဖြစ်ဖို့အတွက်ကျ အလားအလာကောင်း တစ်ခုလို့ မြင်ပါတယ်။ ချုပ်လိုက်ရင်တော့ လောလောဆယ် တပ်ကိစ္စ ၂၅ ရာခိုင်နှုန်းကိစ္စက အဆောတလျင် ကိုင်စရာလည်း မလိုသေးဘူး။ ကိုင်လည်း မကိုင်သင့်ဘူးလို့ ထင်ပါတယ်။ အကုန်လုံး ချုပ်လိုက်ရင်တော့ ဒါတော့ ကျွန်တော်တစ်ဦးချင်းနဲ့ပဲ ဆိုင်ပါတယ်။ ကျွန်တော်တို့ တစ်သက်တာအတွက်တော့ အခုကြုံနေတဲ့ အပြောင်းအလဲလို စိတ်ကူးတွေနဲ့ မျှော်လင့်လို့ ရတာမျိုးကို ပွင့်ပွင့်လင်းလင်းပြောရရင်
ဦးသန်းအောင်။ ဆွေးနွေးသွားတာတွေ ကြားလိုက်ရတဲ့အခါကျတော့ ဆရာတို့ဆွေးနွေးတဲ့ အပေါ်မှာ ဘာသွားထပ်ပြီး တွေ့လိုက်သလဲဆိုတော့ အားလုံးခြုံကြည့်လိုက်ရင် ကျွန်တော်တို့ နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီနေ့ထိဆိုရင် သုံးခုရှိသွားပါပြီ။ ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံ ဥပဒေကလည်း သူ့အကြောင်းတရားနဲ့သူ လွတ်လပ်ရေး ရရှိဖို့အတွက် ရေးဆွဲခဲ့တဲ့ ဥပဒေပါ။ ၁၉၇၄ ခုနှစ် ဥပဒေကတော့ ကျွန်တော်တို့နိုင်ငံကို ဆိုရှယ်လစ်စနစ်နဲ့ ချီတက်မယ်ဆိုပြီးတော့ ရေးဆွဲခဲ့တဲ့ဥပဒေပါ။ အခု ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ လူတွေက ဆိုရှယ်လစ်စနစ်ကို မကြိုက်ကြတော့ဘူး။ လက်မခံကြတော့ဘူး။ ဒါကြောင့် ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ သွားမယ်ဆိုပြီးတော့ ရေးဆွဲခဲ့ကြတာပါ။ ကျွန်တော်တို့နိုင်ငံ သမိုင်းကို ပြန်ကြည့်လိုက်တဲ့ အခါကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးခုစလုံးဟာ သူ့အကြောင်းတရား နဲ့သူ ပြည်သူတွေကနေ ပြောင်းလဲချင်တဲ့စိတ်တွေ ပေါ်လာပြီး စနစ်တစ်ခုကနေ တစ်ခုကို ပြောင်းချင်တဲ့ ဆန္ဒတွေပေါ်လာပြီးတော့ ပြောင်းလာတဲ့ အနေအထား၊ အသစ်ရေးလိုက်ရတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုရင် (၁၅) နှစ် လောက် လက်ခံကျင့်သုံး လိုက်ရပါတယ်။ (၇၄) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုရင်လည်းပဲ (၁၄) နှစ်လောက် လက်ခံကျင့်သုံးလိုက်ရပါတယ်။
အခုအချိန်မှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို
အဓိကကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ကြတဲ့ အဖွဲ့ အစည်းတွေ အနေနဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှပါတဲ့ ပြဋ္ဌာန်းချက်တွေကို အတိအကျ လိုက်နာပြီးတော့ ဆောင်ရွက်ဖို့ လိုပါတယ်။ မဆန့်ကျင်မိဖို့လည်း လိုပါတယ်။ ဒါကတော့ နိုင်ငံတိုင်းကို ပြန်ကြည့်လိုက်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေအနေ အချိန်အခါအလျောက်
လိုအပ်လာရင် ပြင်ရတာချည်းပါပဲ။ မပြင်ရတဲ့နိုင်ငံဆိုတာ မရှိပါဘူး။ ပြင်သင့်ရင်တော့ ပြင်ရမှာပါ။ အသစ်ရေးတယ်ဆိုတာဟာ အန္တရာယ်အလွန်ကြီးပါတယ်။ ပြင်ဆင်ခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံဟာ လက်ရှိလျှောက်လှမ်းနေတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှ
အခုဆိုရင်လည်း ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီးတေ
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည
မြန်မာ့အလင်းသတင်းစာမှ ကူးယူဖော်ပြသည်။