==========================
နေပြည်တော် အောက်တိုဘာ ၁၅
ဦးသန်းအောင်။ ဆရာဦးကျော်ဝင်းက ကျွန်တော့်ကိုဆွေးနွေးဖို့ တိုက်တွန်းလာတဲ့ အတွက် ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ရေးကြမလား၊ ပြင်ကြမလားဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ကျွန်တော်သိထားသမျှလေးကို ဗဟုသုတနဲ့ ဥပဒေရှုထောင့်ကနေပြီး ရှင်းပြချင် ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ဆရာဦးကျော်ဝင်း ပြောသွားတဲ့အတိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်းဆိုတဲ့ အခန်း၊ အခန်း ၁၂ မှာ ပါပါတယ်။ ပုဒ်မ ၄၃၃ ကနေပြီး တော့ ပုဒ်မ ၄၃၆ အထိ ရှိပါတယ်။ အခုပြောနေကြတာက ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အသစ်ရေးကြမလား၊ ပြန်ပြင်မလား ပြောနေကြပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ အသစ်ပြန်ရေးဖို့ဆိုတဲ့ ပြဋ္ဌာန်း ချက် မပါရှိပါဘူး။ ပြင်ဆင်ဖို့ ပြဋ္ဌာန်းချက်ပဲ ပါပါတယ်။
အသစ်ရေးကြမယ် ဆိုရင်လည်းပဲ အကြောင်းတရား (၃)ရပ် အပေါ်မှာ အခြေခံပြီးတော့မှပဲ ဖွဲ့စည်းပုံအသစ် ရေးလေ့ရေးထ ရှိပါတယ်။ ပထမ အကြောင်းတရားက ဘာလဲဆိုတော့ နိုင်ငံတစ်နိုင်ငံကို တပ်မတော်က အာဏာသိမ်းလိုက်တယ်။ နောက်လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဖျက်သိမ်းလိုက်တယ်။ အဲဒီအခါမျိုးမှာ အသစ်ရေးရတော့တာ။ ဒုတိယ အကြောင်း တရားကတော့ လက်ရှိအစိုးရကို ပြည်သူတွေက မကြိုက်ကြတော့ဘူးဆိုရင် ဆူပူအုံကြွမှုတွေ ဖြစ်လာတယ်။ အစိုးရကို ဖြုတ်ချတယ်။ ကြားဖြတ် အဖွဲ့အစည်းတစ်ခုက အုပ်ချုပ်ရတယ်။ အဲဒီမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးကြရပါတယ်။ နောက်ဆုံးတစ်ခုကတော့ ပြည်သူတွေ က လက်ရှိရှိနေတဲ့ စနစ်၊ နိုင်ငံရဲ့ အသွင်သဏ္ဌာန်ကို ပြောင်းချင်တယ်။ ငြီးငွေ့လာကြပြီ။ စနစ်ဟောင်းကနေ စနစ်သစ်တစ်ခုကို ပြောင်းချင်ပြီ။ ပြည်သူတွေရဲ့ တညီတညွတ်တည်းသော ဆန္ဒနဲ့ပေါ့လေ။ အေးချမ်းတည်ငြိမ်စွာနဲ့ ပြောင်းချင်လာတဲ့ အခါကျတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အသစ်ပြန်ရေးပြီး ပြောင်းကြတယ်။
ဒီအကြောင်းတရား (၃)ရပ်ကလည်း ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းကြောင်းမှာ ပြန်ကြည့်ရင် တောင် သာဓကအနေနဲ့ တွေ့နိုင်ပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံအသစ်ကို
အသစ်ရေးတော့မယ်ဆိုရင် ဘာလိုအပ်လာလဲဆိုတော့ ပြန်လည်ပြုပြင်ရေး၊ ပြောင်းလဲရေး အတွက် အဲ့ဒီကာလအတွင်းမှာ ပြည်သူတွေရဲ့ အများသဘောဆန္ဒကို ရယူဖို့ လိုအပ်လာတယ်။ တကယ်လို့များ အများသဘော တူညီမှုမရဘူးဆိုရင် နိုင်ငံမတည်မငြိမ်မှုတွေ ဖြစ်လာမယ်၊ ကာလတွေ ရှည်ကြာတတ်ပါတယ်။ ဥပမာအားဖြင့် ကင်ညာနိုင်ငံကို ကြည့်လိုက်မယ်ဆိုရင် ကင်ညာနိုင်ငံမှာ ၁၉၉၇ ခုနှစ်ကနေပြီးတော့ ၂ဝ၁ဝခုနှစ်အထိ အဖြစ်ဆိုးနဲ့ ကြုံခဲ့ပါတယ်။ နောက်ဆုံး ၂ဝဝ၈ ခုနှစ်မှာ သူတို့နိုင်ငံမှာ အကြမ်းဖက်မှုတွေ ပေါ်ခဲ့တဲ့ နမူနာလေးရှိပါတယ်။
နောက်တစ်ခါ အသစ်ရေးတော့မယ်ဆိုရင် အသွင်ကူးပြောင်းရေး ကာလတစ်ခု လိုပါတယ်။ အဲဒီ့အသွင်ကူးပြောင်းရေး ကာလကလည်း ပဋိပက္ခနည်းရင် မြန်ပေမယ့် ပဋိပက္ခများရင် ကြာတတ်ပါတယ်။ နောက်တစ်ခုက အသွင်ကူးပြောင်းရေး ကာလအတွင်းမှာ တရားမျှတမှုနဲ့ ပြန်လည် ရင်ကြားစေ့ရေးအတွက် လုပ်ငန်းစဉ်တွေ လိုအပ်သလို ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ရေးတဲ့အခါမှာလည်း ဘက်လိုက်မှုကင်းကင်းနဲ့ မျှမျှတတလုပ်ဖို့ လိုပါတယ်။ အဲ့ဒီလိုမှ မလုပ်ဘူးဆိုရင် ကျွန်တော်တို့ အောင်မြင်မှု မရနိုင်ပါဘူး။ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်တတ်ပါတယ်။ ဥပမာအားဖြင့် လက်ရှိဖြစ်ပေါ်နေတဲ့ အီဂျစ်နိုင်ငံကိုကြည့်ရင် အဲဒီ့ပုံစံပါပဲ။ နောက်တစ်ခုက ဘက်စုံပြီးပြည့်စုံတဲ့ ပါဝင်မှုမျိုး လိုပါတယ်။ ပြည်သူတွေရဲ့ လိုလား ထောက်ခံမှုမျိုး လိုပါတယ်။ နောက်တစ်ခါ ကျွမ်းကျင်ပညာရှင်တွေရဲ့ အထောက်အကူတွေ လိုပါတယ်။ ဒါဟာ လိုအပ်ချက်တွေနဲ့ စိန်ခေါ်မှုတွေပါ။
အသစ်ရေးမယ်ဆိုရင် အကျိုးထက် အပြစ်က များပါတယ်။ အကျိုးကတော့ သိသာတဲ့ ပြောင်းလဲမှု ဖြစ်ပေါ်မယ်။ နောက်တစ်ခါ အဲဒီ့လို ရေးတဲ့အခါ ပြည်သူတွေရဲ့ လိုအင်ဆန္ဒနဲ့ ကိုက်ညီအောင် ဆောင်ရွက်နိုင်ရင် ပြည်သူတွေရဲ့ ထောက်ခံမှု၊ လိုလားမှု အပြည့်အဝရရှိမယ်။ နောက်တစ်ခါ ပြောင်းလဲနေတဲ့ ခေတ်အခြေအနေနဲ့ ထင်ဟပ်ပြီးတော့ လုပ်ကိုင် ဆောင်ရွက် နိုင်မယ်။
ဒါပေမယ့် အပြစ်ပြန်ကြည့်လိုက်တဲ့အခါ အကျိုးစီးပွား၊ အတွေးအခေါ်၊ လူမှု စီးပွားတွေ ကွာဟချက်ကြီးမားတဲ့ လူ့အဖွဲ့အစည်းမျိုး ဖြစ်နေတဲ့အခါကျတော့ အဲဒီ့မှာ မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တယ်။ ဒါ့ထက်ဆိုးတာက နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ အကြမ်းဖက်မှုတွေ ဖြစ်လာ နိုင်တယ်။
အဲဒီအခါကျတော့ စစ်ဘက်ကနေပြီး ဝင်ရောက်စွက်ဖက်ရတဲ့ ကိစ္စမျိုးတွေ ပေါ်လာတတ် ပါတယ်။ နောက်တစ်ခါ ငွေကုန်ကြေးကျတွေ များလာမယ်။ အချိန်ကာလတွေ ကြာလာမယ်။ အဲဒီ့လိုကြာလာတာနဲ့အမျှ ကျွမ်းကျင်မှု လိုအပ်ချက်တွေလည်း လိုလာမယ်။ ဒါ့ထက်ဆိုးတာက အသွင်ကူးပြောင်းတဲ့ ကာလအတွင်းမှာ ဖြစ်ပေါ်လာမယ့် အခက်အခဲတွေ အများကြီး ကြုံတွေ့ နိုင်ပါတယ်။
ဒါက အသစ်ရေးရင် တွေ့ရမယ့် ဆိုးကျိုး၊ အပြစ်တွေ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ကြမယ် ဆိုရင်ကော။ ဒါကတော့ အခုလက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ကျွန်တော်တို့ အခန်း (၁၂) မှာပါတဲ့ ပြင်ဆင်တဲ့နေရာမှာ လိုက်နာရတဲ့ သတ်မှတ်ထားတဲ့ အချက်တွေကို လိုက်နာဖို့လိုသလို အဲ့ဒီမှာ သတ်မှတ်ထားတဲ့ ဆန္ဒမဲအရေအတွက် ထောက်ခံဆန္ဒမဲရဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
နောက်တစ်ခါ လွှတ်တော်အတွင်းမှာ အချင်းချင်းသဘောတူညီမှု ရအောင် သဘောထား ကြီးကြီးနဲ့ စိတ်ရှည်ရှည်နဲ့ထားပြီး စည်းရုံးရမယ့်၊ ညှိနှိုင်းရမယ့်၊ နိုင်ငံရေး ရင့်ကျက်မှုလေးတွေ လည်း လိုပါတယ်။ ဘဏ္ဍာငွေ လိုအပ်ချက်ရှိမယ်။ ကျွမ်းကျင်မှု အထောက်အကူတွေ လိုအပ်တာတွေရှိမယ်။ ဒါတွေက လိုအပ်ချက်တွေနဲ့ စိန်ခေါ်မှုတွေပါ။ အဲ့ဒီတော့ ပြင်ဆင်တဲ့ နေရာမှာတော့ အကျိုးနဲ့အပြစ် ပြန်ကြည့်လိုက်တဲ့ အခါကျတော့ သူက အပြစ်ကနည်းပါတယ်။ အကျိုးရှိတာ များပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်တဲ့ အခါကျတော့ အချိန်တိုအတွင်းမှာ ပြင်ဆင်တာကတော့ ပြီးသွားနိုင်မယ်။ ဒါဟာ လွှတ်တော် တွင်း ကိစ္စဖြစ်နေတာမို့ ပြင်ဆင်တာ အချိန်တိုအတွင်းမှာ ပြီးသွားနိုင်တယ်။ အသစ်ရေးတဲ့ နေရာမှာ ကြုံတွေ့ရမယ့် အကြမ်းဖက်မှုတွေ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေလည်း မတွေ့နိုင်ဖို့ ပိုပြီးတော့ များပါတယ်။ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလဲသွားနိုင်တဲ့ အနေအထားတွေနဲ့လည်း ကြုံနိုင်ပါတယ်။
နောက်တစ်ခါ ပြင်ဆင်ဖို့အတွက်ဆိုရင်လည်း
ပြင်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါ
ကျွန်တော့်အနေနဲ့ကတော့ ပြင်ဆင်တာနဲ့ ပတ်သက်ပြီးတော့ ဆရာဦးကျော်ဝင်း ခုနက ပြောသွားသလို အသစ်ရေးမလား၊ ပြင်ဆင်မလားဆိုတဲ့ အပိုင်းလေးကို ဥပဒေရှုထောင့်မှ အမြင်လေးကို တင်ပြဆွေးနွေးတာပါ။ အားလုံးလည်း ဆွေးနွေးပြီးပြီဆိုတော့ ဆက်ပြီးတော့ ဆရာဦးသောင်းညွန့်ကို ထပ်မံဆွေးနွေးဖို့များ ရှိသေးလား၊ ရှိသေးတယ်ဆိုရင် ဆွေးနွေးပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
ဦးသောင်းညွန့်။ တက်ရောက်လာတဲ့ ပုဂ္ဂိုလ်ကြီးများက ကိုယ်တွေ့ကြုံလာခဲ့တဲ့ အတွေ့အကြုံ လေးတွေအပေါ်မှာ အခြေခံပြီးတော့မှ ဆွေးနွေးသွားတာဟာ နိုင်ငံတော်အတွက် အကျိုးဖြစ် စေမယ့် အခြေအနေကို ဖန်တီးနိုင်အောင် ဆွေးနွေးသွားတာ ဖြစ်တဲ့အတွက်ကြောင့် အင်မတန် မှ ကောင်းမွန်ပါတယ်။ စောစောက ဦးကျော်ဝင်း ဆွေးနွေးသွားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး လွှတ်တော်တွေမှာ ၂၅ ရာခိုင်နှုန်း ပါဝင်သင့်တယ် ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ ဆွေးနွေးသွားတာ ကောင်းပါတယ်။
၂၅ ရာခိုင်နှုန်း ပါဝင်မှုနဲ့ ပတ်သက်ပြီး အမျိုးသားညီလာခံ ကျင်းပစဉ်ကတည်းက ဒီအချက်နဲ့ ပတ်သက်လို့ လေးလေးနက်နက် စဉ်းစားခဲ့ကြပါတယ်။ စဉ်းစားတဲ့အခါမှာ အချက်နှစ်ချက် အခြေခံပြီး စဉ်းစားခဲ့ကြပါတယ်။ နံပါတ်တစ်အချက်က ကျွန်တော်တို့နိုင်ငံရဲ့ ယနေ့ရှိနေတဲ့ အခြေအနေ အရပ်ရပ်အရ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ
နောက်တစ်ချက်ကတော့ တပ်မတော်ဆိုတဲ့ အင်စတီကျူးရှင်းကြီးဟာ ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးသမိုင်းမှာ အင်မတန် အစဉ်အလာကြီးမားတဲ့ တပ်မတော်ဖြစ်ပါတယ်။ ဒီ တပ်မတော်ကို စတင်တည်ထောင်ခဲ့တာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဖွဲ့စည်းပြီး တစ်ဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်းပြီးတော့ လက်ရှိအခြေအနေအထိ ရောက်လာတဲ့ ဒီတပ်မတော်ဟာ နိုင်ငံမှာပေါ်ပေါက်လာတဲ့ အခက်အခဲတွေ၊ ပြည်တွင်း၊ ပြည်ပ ပြဿနာတွေအပေါ်မှာ ဖြေရှင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ တပ်မတော်မှာ တိုင်းရင်း သားတွေ အားလုံး တူညီစွာ ပါဝင်ဖွဲ့စည်းထားပါတယ်။
တိုင်းရင်းသားတွေအားလုံး ဖွဲ့စည်းထားတဲ့ တပ်မတော်ကြီးဟာ နိုင်ငံတော်ကို တကယ့်အရေး ကြုံလာတဲ့အခါတိုင်းမှာ ကာကွယ်ခဲ့တဲ့ အစဉ်အလာ ကြီးမားတဲ့ တပ်မတော်ကြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေတွေကို လျစ်လျူမရှုသင့်ဘူး ဆိုပြီးတော့ ဆွေးနွေးကြပြီးတော့မှ ဒီအချက်နှစ်ချက်ပေါ်မှာ အခြေခံပြီး အခြေခံမူတွေချတဲ့အခါ တပ်မတော်ပါဝင်ရမည်လို့ ပြဋ္ဌာန်း
ခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အသီးသီးမှာ တပ်မတော် ကိုယ်စားလှယ်တွေ ပါနေတယ်။ ပါနေတဲ့ ကိုယ်စားလှယ်တွေဟာ ဒီမိုကရေစီ နိုင်ငံ ထူထောင်တဲ့အခါမှာ၊ ဒီမိုကရေစီကျင့်စဉ်ကို ဖော်ဆောင်နေတဲ့အခါမှာ တပ်မတော် ကိုယ်စားလှယ်တွေက ကပျက်ကယက်လုပ်ခဲ့ခြင်း ရှိခဲ့သလား။ အခုထိမရှိခဲ့ပါဘူး။ သူတို့ဟာ လည်း လက်ရှိအခြေအနေမှာ တပ်မတော်သည် ဒီမိုကရေစီကို လိုလားသော တပ်မတော်လို့ မြင်ပါတယ်။
ဒါဟာ အချက်တစ်ချက်ပါ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်လည်း ဒီမိုကရေစီ လိုလားပြီးတော့ တဖြည်းဖြည်း ဖြေလျှော့ဖို့ ပြောဆိုခဲ့တဲ့ အချက်တွေလည်း ရှိပါတယ်။ တပ်မတော် ပါဝင်မှုနဲ့ ပတ်သက်လို့ အခြေခံဥပဒေမှာ သုံးထားတဲ့အသုံးအနှုန်း စကားအသုံး အနှုန်းကလည်း ၂၅ ရာခိုင်နှုန်းအထိဆိုပြီးတော့
နောက်တစ်ခုက ဒေါက်တာတူးဂျာ ဆွေးနွေးသွားတဲ့ ကိစ္စလေးတွေ၊ နောက် ဒေါက်တာ အင်ဒရူး ဆွေးနွေးသွားတဲ့ ကိစ္စလေးတွေ၊ Self Determination ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာ ကလည်း ဥပဒေဆိုတာဟာ အခြေခံ ဥပဒေရော၊ တည်ဆဲဥပဒေရော အားလုံးဟာ it is the living law အမြဲတမ်း ရှင်သန်နေရမယ်။ အခြေအနေနဲ့ အချိန်အခါပေါ်မှာ မူတည်ပြီးတော့ ပြင်သင့်ရင်လည်း ပြင်ရမယ်။ ဖြည့်စွက်သင့်ရင်လည်း ဖြည့်စွက်ရမယ်။ ဒါတွေဟာ အားလုံး တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း ဆွေးနွေးပြီးတော့ သဘောတူညီချက်နဲ့ လုပ်လို့ရှိရင် ပြင်လို့လည်း ရတယ်။ ဖြုတ်လို့လည်း ရတယ်။ ဖျက်လို့လည်း ရတယ်။
ဒီတော့ ခုနက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ပ
ဒီတော့ဒါတွေဟာ အားလုံးညှိညှိနှိုင်းနှိုင်းန
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တ
နိဂုံးပိုင်းဖြစ်သော အပိုင်း ၅ ဆက်လက်တင်ပြပါမည်။
မြန်မာ့အလင်းသတင်းစာမှ ကူးယူဖော်ပြသည်။