
“သမီးလေး ကအစာအိမ် ရောဂါ ဖြစ်နေတာ တော်တော်လေးကြာပါပြီ။ ဒီရက်ပိုင်း မှာတော့ အစာအိမ်ရောဂါ အပြင် အသည်းရောင်၊ အသားဝါ ရောဂါပါ ထပ်ဖြစ်ပြီး ရောဂါက ပိုဆိုးလာပြီး ဆုံးသွား တာပါ။ သမီးက သူ့ရဲ့ ဒုတိယ စီးရီးထွက်ဖို့ လုပ်နေတာပါ။ သီချင်း ရှစ်ပုဒ်တောင် သွင်းထားပြီး ပါပြီ” လို့ စန္ဒီရဲ့ မိခင်ဖြစ်သူက ထပ်လောင်းပြောကြား ပါတယ်။
တေးသံရှင် စန္ဒီ(ခ) မအေးမြတ်စန္ဒီသော်ဟာ အသက် ၃၀ အရွယ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပြီး အောက်တိုဘာလ ၁၈ ရက်နေ့၊ ညနေ ၃နာရီ အချိန်မှာ ရေဝေး သုဿန်သို့ ပို့ဆောင် မီးသဂြိုလ်မှာ ဖြစ်ကြောင်း ဒေါ်မြတ်မြတ်က ဆိုပါတယ်။
