Monday, October 14, 2013

မြန်မာ နိုင်ငံ လေကြောင်း နှင့် အာကာသ ပညာ တက္ကသိုလ် မှ ကျောင်းသား ပရောဂျက် ဖြစ်တဲ့ DAWN SWAZ မောင်းသူ မဲ့လေယာဉ် အောင်မြင် စွာ ပျံသန်း နိုင်ခဲ့

,


Final PV ကျောင်းသား ရှစ်ယောက် နှင့် ဖွဲ့စည်း လုပ်ဆောင် ခဲ့တဲ့ DAWN SWAZ Project ဟာ ယနေ့ နံနက် ၇း၃၀ နာရီ မှာ အောင်မြင် စွာ Flight Test လုပ်ဆောင် နိုင်ခဲ့ ပါပြီ။ DAWN SWAZ မောင်းသူ မဲ့လေယာဉ် ဟာ ယမန် နှစ် က SWAK ZAH လေယာဉ် ငယ် ကို ဒီဇိုင်း ပိုင်း ဆိုင်ရာ modify ပြန်လုပ် ထားတာ ဖြစ်ပါတယ်။

ထူးခြား သွားတာ ကတော့ ယမန်နှစ် က Brushless Motor ကို အသုံးပြု ပြီးမောင်းနှင် ခဲ့ပေ မယ့် ဒီနှစ်မှာ တော့ OS-95 Engine ကို သုံးပြီး စမ်းသပ် အောင်မြင် နိုင်ခဲ့ ပါတယ်။ Engine Power 2.9 hp ဖြစ်ပြီး Wing Span 9ft, Fuselage Length 5.85ft နဲ့ Weight 23lb ကို အဲ့ဒီ အင်ဂျင် က သယ်ဆောင် နိုင်ခဲ့ပါ တယ်။ နောက်ပီး aerial photographing လုပ်နိုင် ခဲ့ပါ တယ်။

ကျွန်တော် တို့ အဖွဲ့သား အားလုံး ဟာ အခက် အခဲတွေ အများကြီး နဲ့ရင်ဆိုင် ခဲ့ရ ပါတယ်။ အထူး သဖြင့် အချိန်လု ယူ ခဲ့ရတာ ပါ။ ပရောဂျက် ကာလ ဟာ စာမေးပွဲ ရက်တွေ နဲ့ boxing day တွေ လို ဖြစ်သွား ခဲ့ရ ပါတယ်။ အကူအညီ ပေးကြ တဲ့ဆရာ ဆရာမ တွေ ရော supervisor ရော အကုန် လည်း ပင်ပန်း ခဲ့ကြ ရပါ တယ်။

ဒီနေ့ မပျံခင် မနေ့ည က ကျွန်တော် တို့ Engine Test လုပ် ပါတယ် လိုအပ် တဲ့ full power ကို မပေးနိုင် လို့ စိတ်ပူပန် ခဲ့ကြ ရပါတယ်။ ဒါပေမယ့် MAEU UAV Research Section ရဲ့ အနီးကပ် ကူညီ ပေးမှု ကြောင့် ည ဆယ်နာရီ ခွဲ လောက်မှာ ကျွန်တော် တို့ လိုချင် တဲ့ full power ကို အင်ဂျင် က ပေးနိုင် ခဲ့ပါတယ်။ အဲဒီလို အခက် အခဲတွေ အများကြီး နဲ့ရင်ဆိုင် ခဲ့ရတဲ့ DAWN SWAZ လေယာဉ် ဟာ မနှစ် က SWAK ZAH လေယာဉ် လိုပဲ အံ့သြ စရာ ကောင်း လောက် အောင် ပျံသန်း အောင်မြင် နိုင်ခဲ့ ပါပြီ ခင်ဗျာ။

DAWN SWAZ project အောင်မြင် အောင် လို့ ကူညီ အားပေး ခဲ့ကြသော ကျွန်တော် တို့ ရဲ့အဖေ အမေ များ Theory Senses တွေ ကို ပြည့်ပြည့် ဝဝ အသုံးချ နိုင်အောင် ကျွန်တော် တို့ကို သင်ကြား ပို့ချ ခဲ့သော Propulsion and Flight Vehicles Department မှ ဆရာ ဆရာမ များ၊ တည်ဆောက် ရေး အပိုင်း ကို အနီးကပ် ကူညီ ပံ့ပိုး ပေးခဲ့သော MAEU UAV Research Section မှ ဆရာ ဆရာ များ နှင့် ဖေးမ ကူညီ အားပေး ခဲ့ကြ သော ပါမောက္ခ ချုပ် ကြီး နှင့် တကွ ကျောင်း ရှိ ဆရာ ဆရာမ များ အားလုံး အားလုံး ကို ကျွန်တော် တို့ DAWN SWAZ Group မှ လှိုက်လှိုက် လှဲလှဲ ကျေးဇူးတင် ရှိပါကြောင်း MAEUSU page မှ တဆင့် မှတ်တမ်း တင် ဖော်ပြ အပ် ပါတယ် ခင်ဗျား။

Fly Your Dreams to the Highest Ceiling!

DAWN SWAZ Group

မြန်မာ နိုင် ငံ လေ ကြောင်း နှင့် အာကာသ ပညာ တက္ကသိုလ် မှ နောက်ဆုံး နှစ် ကျောင်းသား များ ၏ UAV လေယာဉ် ငယ် DAWN SWAZ အောင်မြင် စွာ တည်ဆောက် ပြီးစီး ခဲ့ခြင်း အား MAEUSU မှ ၀မ်းမြောက် ဂုဏ်ယူ ပါသည်။

ယာယီအမှုဆောင် အဖွဲ့ ( MAEUSU )

0 comments to “မြန်မာ နိုင်ငံ လေကြောင်း နှင့် အာကာသ ပညာ တက္ကသိုလ် မှ ကျောင်းသား ပရောဂျက် ဖြစ်တဲ့ DAWN SWAZ မောင်းသူ မဲ့လေယာဉ် အောင်မြင် စွာ ပျံသန်း နိုင်ခဲ့”

Post a Comment