Saturday, October 19, 2013

အမျိုးသားယဉ်ကျေးမှုအမွေကို ဘယ်သူကထိန်းမလဲ ကျုပ်တို့လား သူများလား

,


ပခုက္ကူခရိုင် မြိုင်မြို့နယ်သည် မြန် မာ့သမိုင်းအမွေအနှစ်များ ပေါကြွယ်ဝရုံ မျှမက စာဆိုပညာရှင်အများ  ပေါ်ထွက်ရာ ဒေသတစ်ခုလည်းဖြစ်သည်။ ကမ္ဘာ ပေါ်တွင် လွန် ခဲ့သောအနှစ်သန်း ၄ဝက လူသား မျိုးနွယ်၏ အစောဆုံး ပရိုင်း မိတ်ကျောက်ဖြစ်ရုပ်ကြွင်းကို ထိုမြို့နယ်၌ တွေ့ရှိရ သည်။ ခေတ်အဆက် ဆက် ဆောက်လုပ်ခဲ့ သမျှသော အသားကျောင်း များတွင်လည်း နှစ်အရှည်ကြာဆုံးကျောင်း ကို ထိုမြို့နယ် ဗိမာန်မရွာတွင် တွေ့ရှိရ သည်။
ကျောင်းကြီး၏ ထုပ်တန်းပေါ်မှ စာကြောင်း ၁၃ ကြောင်းပါ ကမ္ပည်းစာ အရ ”မနောရမ္မာ ရွှေကျောင်း” ကြီးကို  မြန်မာနှစ် ၁၁ဝဝ ပြည့် (ခရစ်နှစ် ၁၇၃၈)က ဆောက် လုပ်ခဲ့သည်။ ယခု အခါ သက်တမ်း ၂၇၅ နှစ် ရှိပေပြီ။ သမိုင်းယဉ်ကျေးမှုအမွေမို့ ချစ်ကြရ မည်ဆိုလျှင် ထိုကျောင်းကို မြန်မာတို့ သံကွန်ချာ ခုနစ်ထပ် အုပ်ကာ ကုမ္ဘဏ် တစ်ထောင်အစောင့်အကြပ်ဖြင့် ထိန်း သိမ်းစောင့်ရှောက် ထားသင့်ပေသည်။  အမျိုးသား သမိုင်းယဉ်ကျေးမှု အမွေအ နှစ်များဖြစ် သဖြင့်ကျောင်းတွင်း ရှိ ကျောင်း နှင့် အတူလှူထားခဲ့သော အသုံးအဆောင် များကို စနစ်တကျထားရှိကာ ပြည်တွင်း ပြည်ပ ပညာရှင်များကို လာရောက်လေ့ လာနိုင်အောင် ဒေသယဉ်ကျေးမှု ပြ တိုက် အဖြစ် ပြုလုပ်ဖွင့်လှစ်ထားသင့် သည်။
ကျောင်းကြီးသည် မူလက တစ် ဆောင်တည်းမဟုတ်ချေ။ အမိုးကလည်း မူလအမိုးမဟုတ်တော့၊ ကျောင်းကမ္ပည်း စာအရ စုလစ်မွမ်းချွန်တို့ဖြင့် အလွန် တင့်တယ်လှပစွာ တည်ဆောက်ထား ခဲ့သည်။  ကျောင်းမှာ အလျား ခုနစ်ပင် ခြောက်ခန်းနှင့် အနံခြောက်ပင် ငါးခန်း ဖွဲ့ကာတည်ဆောက်ထားသည်။ ခန်းဖွင့် အကျယ်မှာ လေးတောင် ရှိ သည်။ ဝင် ထွက်ပေါက်တံခါးတို့ကို တံကဲပုံပန်း အလှဖော်ထားသည်။ အပြင်ဘက်မှ ကျောင်းပျဉ်ထောင်နံရံပေါ်တွင်လည်း လေ့လာစရာများ ပန်းထွင်းလက်ရာများ ရှိ သည်။ ရွှေနန်း ပြာသာဒ်ပုံ၊ ယင်း အောက်တွင် ရာဇပလ္လင်ပုံ ထိုပုံပေါ်တွင် ဥဒေါင်းရုပ်ကို ဟန်အမျိုးမျိုးဖြင့် ထုလုပ် ထားသည်။
ကျောင်းအတွင်းပိုင်းတွင် ပန်းပု ရုပ်ကြွရုပ်လုံးပညာရှင်များ သစ်စေး ဟင်္သာပြဒါးကိုင်ကြရသူများ၊ ရွှေဆိုင်း ပညာရှင်များ၊ ပန်းပွတ်ပညာရှင်များ၊ ရွှေဇဝါရေးပညာရှင်များ၊ စာတိုက် သေတ္တာလုပ် ပညာရှင်များ၊ သရိုးပန်းချီ ပညာရှင်များ၊ ပေစာရေးများ၊ ပန်းပဲ သမားများဖြင့် တည်ဆောက်ခဲ့ကြသည်။ ကျောင်းတစ်ကျောင်း ဆောက်လုပ်ခြင်း တွင်
ရတနာသုံးပါးနှင့် ပြည့်စုံအောင် ပူဇော်ခဲ့ကြသည်။ စစ်နှင့် ဝေးကွာသော အရပ်ဖြစ်သောကြောင့် စိတ်တိုင်းကျ တည်ဆောက်နေခြင်း ဖြစ်ဟန်ရှိသစဥ့်ကန်ရွာမှ ဦးဆုသာတို့ မိသားစုနှင့် ဆွေမျိုး တစ်စုတို့က နောင်သံသရာပါ အောင် ကျောင်းကြီးကို တည်ဆောက် ခဲ့ကြသည်။ ပိဋကတ်တော်များကို ရေး ကူးလှူဒါန်းခဲ့ကြသည်။ စစ်ဘေး စစ် ဒဏ် ကြောင့် သာသနာညှိုးနွမ်းသွားမည်ကို လည်း အထူးစိုးရိမ်ကြောင့်ကြမှု ဖြစ် ပေါ်နေကြဟန် ရှိသည်။ ကျောင်းကြီးကို စုဆောင်းထားသမျှ တရားသဖြင့် ရှာ ဖွေထားေ သာ (ဓမ္မိယလဒ္ဒ) ငွေကြေးများ ကို အိတ်သွန်ဖာမှောက် အကုန်အကျခံ ကာတည်ဆောက်ခဲ့ဟန်ရှိသည်။ ကျောင်း တော်ကြီး၏ အဆင်တန်ဆာတို့က လည်း ကြည့်မြင်ရ သူတို့ကို ကြည်ညိုမှု သဒ္ဓါတရားပွားလာအောင် ဖန်တီးထား ခြင်းဖြစ်ဟန် ရှိသည်။
အတွင်း တံခါးပေါက်များတွင် တပ်ဆင်ထားသော သိကြားရုပ် ဗြဟ္မာ ရုပ်တို့ကလည်း စံပြုလောက်အောင် လှပအချိုးအစားကျသည်။ တောကြို အုံ ကြားတွင် ရှိနေသော် လည်း ဘာသာ သာသနာပညာနှင့် အနုပညာလက်ရာ တို့တွင် ရှေးကပခန်းနယ်၊ ယခုမြိုင်မြို့  နယ်သည် ခေတ်ရှေ့ဆောင် ဆိုရမ လောက် ထွန်းတောက်ခဲ့ သည်။ ခေ တ် ပြိုင် နာမည်ကြီးခဲ့သော ပထမကျော် အောင်စံထားဆရာတော်၏ ပိုက်သင်ရွာ၊ ကြည့်ကန်ရှင်ကြီး၏ ကြည့်ကန်ရွာ၊ ဓမ္မ သတ်ကျမ်းပြု အတွင်းဝန် ဝဏ္ဏဓမ ၼေ ကျာ် ထင်၏ ဇာတိ ဖျသီးရွာ၊ နှစ်ဆယ့်တစ်ရာ စု မြိုင်မှ တိပိဋကဆရာတော့်ဇာတိ ကျောက်တိုင်ရွာတို့နှင့်လည်း မဝေးလှ ချေ။ စစ်ကွင်းရာတွင် မနော ရမ္မာ ရွှေ ကျောင်း ကြီး သည် မီးလျှံကြားမှ ပဒုမ္မာ ရွှေကြာပန်းကြီးတစ်ပွင့် ပေါ်ပေါက်ဖူး ပွင့်လာ သကဲ့သို့ရှိချေသည်။
မနောရမ္မာ(စိတ်နှလုံးပျော်မွေ့ ဖွယ်ရာကျောင်း၊ အရပ်အခေါ်အုံတုံ ကျောင်း)ကို စဥ့်ကန်(စိန့်ကန်)ရွာနေ ဦးဆုသာ၊ ဇနီး ဒေါ်ဇံဖြိုးနှင့် ဇနီးသား သမီး ဆွေမျိုးအပေါင်းတို့က စုပေါင်း ဆောက်လုပ်ခဲ့ကြခြင်း ဖြစ်သည်။ ထို ကျောင်းဆောက်မှတ်တမ်းကို အရှေ့ဘက်ထုပ်တန်းတွင် ပါဠိ၊ နိသျ၊ မြန်မာ သုံးမျိုးစာ ၁၃ ကြောင်း ရေးထိုး ထားသည်။ မြန် မာဘာသာစကားပြေဖြင့် ကျောင်းတည်၊ ကျောင်းတင်မှတ်တမ်းနှင့် ပိဋကတ်တော်များလှူသည့် မှတ် တမ်းထိ အပြည့်အစုံဖော်ပြသည်။
မနောရမ္မာရွှေကျောင်းကြီးတွင် ယခုအခါ ဘုရားဆောင်မတွေ့ရတော့ သော်လည်း ကျောင်းကြီးပေါ်တွင် ဘုရားဆင်းတုတော် သုံးဆူနှင့် ဘုရား ဆောင်ငယ်နှ စ်ဆောင် ကိုကား တွေ့ရှိရ သည်။ဆင်းတုတော် သုံးဆူသည် ခေတ် သုံးခေတ်ကို ဖော်ပြနေသကဲ့သို့ ရှိပေ သည်။ အားလုံးသည် စကျင်ကျောက် ဆင်းတုတော်များ ချည်း ဖြစ်သည်။ ဆင်း တုတော်များ၏ မုဒြာနှင့် အာသနတို့ သည် ပုံစံတူဖြစ်ကြသော်လည်း အသေး စိတ်ဖော်ပြပုံနှင့် မျက်နှာတော်တို့ သည် ခြားနားကြပေ သည်။အ သာြး ဖင့် ဆောက်လုပ်ထား သော ဘုရားကျောင်းဆောင်ငယ် နှစ်ခု ကိုလည်း တွေ့ရှိရသည်။ ပထမကျောင်း ဆောင်ငယ်မှာ စုလစ်မွမ်းချွန် တို့ဖြင့် အလွန်လှ ပသော ပုံ သဏ္ဌာန်ဖြင့် တည် ဆောက်ထားသည်။ ထုပ်တန်းစာထဲ တွင်တွေ့ရှိရသည့်အတိုင်း ဖြစ်သည်။ ဒုတိယကျောင်းဆောင်မှာ ကြီးမားပြီး အမိုးနှစ် ထပ်ဖြင့် ဆောက် လုပ် ထားသော ကျောင်းဆောင်ငယ်ဖြစ်သည်။
ထိုပုံကိုကြည့်လျက် မူလကျောင်း အမိုးကို အာရုံဖြင့် မှန်းဆကြည်ညိုနိုင် ပါသည်။ ကျောင်းနှင့် ပတ်သက်သော ရက်စွဲဖြစ်စဉ်အချို့ကိုလည်း တွေ့ရသမျှ ဖော်ပြလိုက် ပါသည်။
၁။ ၁၁ဝဝပြဥ့် ကဆုန်လပြဥ့်ကျော် ၁၅ံ စနေ(၆ မေ ၁၇၃၈) ကျောင်းစတည်။
၂။ ၁၁ဝဝပြဥ့်ဝါဆိုလ္ဆန်း ၁၄ံ တနင်္ဂနွေ (၁၈ ဇွန် ၁၇၃၈)ရှင်ဥတ္တမသာ ရကို ကျောင်းတင်လှူ။
၃။ ၁၁ဝ၃ သီတင်ကျွတ်လပြဥ့်ကျော် ၆(၁၉ စက်တင်ဘာ ၁၇၄၁) ကရက ပါဠိတော်ရေးကူးပြီး။
၎။ ၁၁ဝ၄ ဒုဝါဆိုလ္ဆန်း ၁၂ သော ကြာ(၂ ဇူလိုင် ၁၇၄၂)ရွှေဇဝါရေးပြီး၊ ဒုကြိမ်ကျောင်း တင်လှူ။
ကျောင်းတော်ကြီး တည်ဆောက် ရာတွင် ၃ နှစ်ကျော်ကြာခဲ့ပြီး ကုန်ကျ ငွေပေါင်း ၂၅၂၈ ကျပ် ရှိသည်။ ထိုငွေ သည် သူ့ခေတ်အလျောက် ရွှေကို ဝယ်လျှင် ရွှေ ၁၇၆.၆ ကျပ်သား ဝယ်နိုင်ပါသည်။ ထိုခေတ်က ရွှေဈေးသည် တစ်ကျပ်သားလျှင် ငွေဖြင့် ၁၆ ကျပ် သာ ကျပါသည်။ စပါးဝယ်ယူလျှင် စပါးတင်း ပေါင်း ၅၆၅ဝဝ တင်း (စပါး ၁ဝဝ လျှင် ငွေ ၅ကျပ်နှုန်း) ဝယ် ယူနိုင်ပါသည်။ သို့မဟုတ်၍ ငါးပိ ဝယ်ယူမည် ဆိုပါက ငါးပိပိဿာ ပေါင်း ၁၁၃ဝဝဝ (ငါးပိဿာ ၁ဝဝလျှင် ငွေနှစ် ကျပ်ခွဲနှုန်း) ဝယ်ယူနိုင်ပါသည်။
ဦးဆုသာမိသားစုနှင့်နှစ်ဖက်ဆွေ မျိုးတို့က မနော ရမ္မာရွှေကျောင်းကြီး ကို ညောင်ရမ်းခေတ်နှောင်း နိုင်ငံ မငြိမ် မသက်ဖြစ်နေစဉ် တည်ဆောက်လှူဒါန်း ခဲ့ကြခြင်းဖြစ် သည်။ နိုင်ငံပြိုလဲနေသော အချိန်တွင် ယင်းတို့တစ်သက်တာ စု ဆောင်းခဲ့ရသည့်ဥစ္စာတို့ကို ရန်သူမျိုးငါး ပါးက လက်မဦးမီ ယင်းတို့က သာသနာ တော် အတွက်လက်ဦးမှု ရယူလိုက်ခြင်း ဖြစ်သည်။ ထိုကျောင်းကို ကျွန်တော်တို့ ထိန်းသိမ်းကြရန် တာဝန်ရှိနေပေသည်။
ဗညားရိုး

0 comments to “အမျိုးသားယဉ်ကျေးမှုအမွေကို ဘယ်သူကထိန်းမလဲ ကျုပ်တို့လား သူများလား”

Post a Comment