Friday, October 18, 2013

စည်းလုံးခြင်းသည် အင်အား

,
 
ကဲ ...သူငယ်ချင်းတို့ ရေ .....

ဗုံးတွေ ပေါက်ကွဲတာနဲ့ ပတ်သက်ပြီး ဒီကနေ KNU က ထုတ်ပြန်တဲ့ သတင်းတွေ လဲ အားလုံးကြားပြီးကြရောပေါ့...နာမည်တွေ တောင် အတည်အကျနဲ့  စောနေတိုး က ခိုင်းစေသူ ၊ စောမြင့်လွင် က လုပ်ဆောင်သူ အစရှိသဖြင့်ပေါ့ အားလုံး ထုတ်ပြန်ပြီးပြီဆိုတော့ အားလုံး အမြင်ရှင်းလင်းလောက်ပြီနဲ့ တူပါတယ်....။

အဲတော့ ကျွန်တော်တို့ တွေ အားလုံး ပြသနာကို ပြန်ပြီး သုံးသပ်ကြရင်း ကိုယ့်အချင်းချင်း အပစ်ပြော စောတတ်တဲ့ အကျင့်လေးတွေ ကို ဆင်ကျင်ကြဖို့  ဒီ Post လေးကို ရေးလိုက်တာပါ..။

ဗုံးစကွဲပြီ.....ပြသနာက စပြီး တက်ပြီ.....စပြီး ပြသနာ တက်တာနဲ့  ထုံးစံအတိုင်းပေါ့ ပြောနေကြ အစိုးရ ကို လွယ်လွယ်ကူကူ ပဲ အပစ်တွေ ပုံချ...လိုက်ခြင်းဖြင့် ပြသနာကို စတင် ငုတ်ရိုက်ကြတော့တာပါပဲ..။

မိမိပြောတဲ့ အပစ်တွေ ဟာ လဲ ခြေခြေမြစ်မြစ် မရှိ .... လက်ဆုတ်လက်ကိုင်လဲ မရှိပဲ...ဇွတ်ရော အတင်းရော အားပါးတရ ဆွမ်းကြီး ၀ိုင်းလောင်းကြတာဟာ....အတော်ကို အရုပ်ဆိုးတဲ့ ချာတူလန် စိတ်ဓါတ်တွေပဲ ဖြစ်ပါတယ်..။

ဗုံးဆိုတာဟာ လက်နက်ကိုင် အဖွဲ့ အစည်း တွေ လက်ထဲမှာပဲ ရှိတယ်....လက်နက်ကိုင်လို့ ဆိုရာမှာ တပ်မတော် တစ်ခုပဲ လို့  ထင်ရင် သေချာပေါက်မှားတယ်ကွ ဆိုတဲ့ အချက် ကို ယခု ဗုံးပေါက်ကွဲမှု့  ဖြစ်စဉ်က သက်သေပြလိုက်တာပါပဲ..။

နူတ်သီးကောင်း လျှာပါး တွေ မလိုပါဘူး...အသိတရားတွေ နဲ့  အတူ အမျှော်အမြင် အပြည့်နဲ့ ဆင်ကျင်တုံ တရားတွေ ပဲ လိုပါတယ်..။

ပြောချင်တာက လက်ရှိ အစိုးရဟာ အရင်မူ နဲ့  အုပ်ချုပ်နေတာ မဟုတ် ဘူးဆိုတာကို ပြောပြချင်တာပါ..။ လူတွေ ကတော့ ဒီလူတွေပါပဲ...သို့ ပေသော်ငြားလဲပဲ အဆိုးထဲက အကောင်းကို ရှာပြီး တွေးကြမယ် ဆိုရင် လူတွေ တူပေမယ့် " မူ "တွေ မတူတော့တာကို အားလုံး နားလည်ဖို့ လိုပါတယ်...။ အခုအစိုးရဟာ ဒီမိုကရေစီအုပ်ချုပ်ရေးကို ပြောင်းလဲ ကူးပြောင်းပေးနေတဲ့ အစိုးရပဲ ဖြစ်ပါတယ်..။အဲဒီအတွက် အားလုံး ၀ိုင်းကြ ၊ ၀န်းကြဖို့  လိုတယ် ဆိုတာကို ဆိုလိုချင်တာပါ..။

အဲတော့ ကိုယ်တို့ တွေအားလုံးဟာ အပြောင်းလဲ ကောင်းတွေ လိုချင်တယ် ဆိုရင် လက်ရှိ အလုပ်လုပ်နေတဲ့ အစိုးရကို အားပေးရမယ် ၊ သူတို့ ကောင်းတာတွေ လုပ်တာတွေကို အသိမှတ်ပြုပေးရမယ်..၊ ဒါမှသာ အကောင်းဆုံး ရှေ့ ဆက်ပြီး အလုပ်လုပ်ချင်စိတ်တွေ ပိုများလာမှာပဲ ဖြစ်တယ်..။နောက်ပြီး အချင်းချင်း ပူးပေါင်းရမယ်....။ ဒါမှသာ တိုင်းပြည်ရှေ့ ကို မြန်မြန်ရောက်မှာပဲဖြစ်တယ်..။

အစိုးရ လုပ်တာ မှားတာ ၊မကြိုက်တာ ၊ မမျှတတာတွေ ပါရင်လဲ အပြုသဘောနဲ့  နိုင်ငံကြီးသား ပီပီ အချက်အလက်နဲ့  ဝေဖန်ထောက်ပြ တဲ့ အပြုသဘောတွေကို အလေ့အကျင့် ရစေချင်တာပါ..။ကိုယ်ပြောတာက အစိုးရကို ပူးပေါင်းဖို့ ၊ အားပေးဖို့  ၊ အသိမှတ်ပြုဖို့  ဆိုတာတွေက တိုင်းပြည် အပြောင်းအလဲ အတွက် အထောက်အပံ့ကောင်း ဖြစ်စေဖို့ ကို သီးသန့်  ပြောတာဖြစ်ပါတယ်..။

ကိုယ်ပြောနေတာတွေဟာ လက်ရှိ အစိုးရကို မဲပေး ခြင်း ၊ မဲ မပေးခြင်းနဲ့ မဆိုင်ပါဘူး..။ မဲ ပေးတာကတော့ ကိုယ်လူတို့  မျက်စိတွေ ၊ နားတွေ ၊ ဦးနှောက်တွေ ဖွံ့ ဖြိုးသလောက် တိုင်းပြည်ရှေ့ တန်းရောက်မယ့် အရေးပဲဖြစ်ပါတယ်..။ ဒါက တစ်ပိုင်းပါ...။ ရောမချစေချင်ပါဘူး...။ဒါက လူတိုင်းရဲ့  နိုင်ငံသား အခွင့် အရေးတစ်ရပ်ပါ..။ ကျွန်တော် မဲပေးတဲ့ ကိစ္စ ကို ပြောနေချင်းမဟုတ်ပါဘူး..။ အမြင်မလွဲစေချင်ပါ..။

ပြသနာတစ်ခုခု ဖြစ်လာရင်လဲ ကိုယ့် အချင်းချင်း အပစ်တွေ မပြောကြပဲ...ပြသနာ ရဲ့ ပုစ္ဆာကို ပူးပေါင်းပြီး အဖြေထုတ်ဖို့  ကို ပဲ ပြောချင်တာပါ..။ အဖွဲ့ အစည်း အသီးသီး ၊ ပါတီအသီးသီး ၊ နယ်ပယ် အသီးသီး နှင့်အတူ ပြည်သူတွေက အစ အားလုံး ပူးပေါင်း ပါဝင်ဖြေရှင်းတဲ့ အလေ့အကျင့်လေး ကို ဒီမိုကရေစီ အုပ်ချုပ်ရေးမှာ အမှန်တကယ် လိုအပ်ပါတယ်..။ဒီအတွက် ပဲ ကိုယ်ပြောချင်တာပါ..။

ပြသနာကို စပြီး ဖြစ်တာနဲ့  မိမိရဲ့  အခံ တွေ နဲ့  စပြီး မတွေးကြပဲ ၊ အမှန်ကို မြင်ဖို့  အခံ တွေ ကို အရင် ဖယ်ထုတ်ပြီး တွေးပေးကြရင်း...

တိုင်းပြည်အတွက် အုတ် ကောင်းတစ်ချပ် ၊သဲ ကောင်း တစ်ပွင့် အဖြစ် ပါဝင်နိုင်ကြပါစေလို့  ဆန္ဒပြုရင်း...။

အားလုံးကို လေးစားလျှက် ..

ဘစည်(စင်ကာပူ)

0 comments to “စည်းလုံးခြင်းသည် အင်အား”

Post a Comment