Tuesday, October 15, 2013

မလေးရှားနိုင်ငံပတ်စပို့ ကိုင်ဆောင်ထားသူ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးကို စစ်ဆေးနေ

,

----- ----- ----- ----- -----

မန္တလေးမြို့ ရွှေဘဲစားတော်ဆက်အနီးမှာတွေ့ရှိခဲ့တဲ့ ဗုံးနဲ့ပတ်သတ်ပြီး မသင်္ကာဖွယ်ရာ နိုင်ငံခြားသားနှစ်ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စစ်ဆေးနေတယ်လို့သတင်းရရှိပါတယ်။

မလေးရှားနိုင်ငံပတ်စပို့ ကိုင်ဆောင်ထားသူ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးကို မန္တလေးတိုင်းဒေသကြီးနဲ့ ခရိုင်ရဲတပ်ဖွဲ့တို့က တောင်သမန်အင်းမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

နိုင်ငံခြားသားနှစ်ဦးဟာ ရွှေဘဲစားတော်ဆက် စားပွဲအမှတ် ၁၄ မှာ နောက်ဆုံးထိုင်ခဲ့သူတွေဖြစ်ပြီး အထုပ်တစ်ထုပ်ကျန်ခဲ့လို့ စားပွဲထိုးတွေက လိုက်လံပေးရာ သူတို့ပစ္စည်းမဟုတ်ကြောင်း ငြင်းဆိုခဲ့သူတွေဖြစ်တယ်လို့သတင်းရရှိပါတယ်။


Credit : The Modern News Journal

0 comments to “မလေးရှားနိုင်ငံပတ်စပို့ ကိုင်ဆောင်ထားသူ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးကို စစ်ဆေးနေ”

Post a Comment