Wednesday, October 16, 2013

“ ပြည်သူတွေရဲ့အသက်အန္တရာယ်လုံခြုံရေးအတွက် ရဲရဲဝံ့ဝံ့ ဆောင်ရွက်ခဲ့တဲ့ မန်းစည်ပင်(အောက်ခြေ၀န်ထမ်းတွေ)ကို ဂုဏ်ပြုကြပါစို့ ”

,


မနေ့ကမန္တလေးမှာတွေ့ရှိခဲ့တဲ့ဗုံးတစ်လုံးစနက်တံဖြုတ်လို့မရတော့တဲ့အချိန်၊ ဖောက်ခွဲပစ်ဖို့ ဖြစ်လာတဲ့အချိန်\
 ဘေးပတ်ဝန်းကျင်က အများပြည်သူတွေမထိခိုက်ဖို့ သဲအိပ်များအရေးတကြီးလိုအပ်လာတဲ့အချိန်မှာ မန္တလေးစည်ပင်သာယာမှ ၀န်ထမ်းများဟာသဲအိပ်များကို ကားဖြင့်သယ်လာပြီး ကိုယ်တိုင်သယ်မက ပေါက်ကွဲလုနီးနေတဲ့ ဗုံးရဲ့ အစ၊အနတွေ မထိပါးရအောင် စွန့်စွန့်စားစား
လုပ်ဆောင်ခဲ့ရပါတယ်။ဒီလိုအခြေအနေမျိုးမှာ -တော်တန်ရုံလူတောင်အနားကပ်ခွင့်မပေးတဲ့နေရာ၊
အချိန်မရွေး အသက်နဲ့ကိုယ် အိုးစားကွဲသွားနိုင်တဲ့နေရာ၊အခိုင်းခံအောက်ခြေသိမ်း အလုပ်လုပ်နေရပေမယ့်
ခိုင်းသမျှကို ငြင်းပယ်ခွင့်မရှိတဲ့သူတွေဖြစ်တဲ့ မန်းစည်ပင်သန့်ရှင်းရေး အောက်ခြေ၀န်ထမ်းတွေကို...လေးစားဂုဏ်ပြုမိပါတယ်။ အထူးသဖြင့် စည်ပင်အမျိုးသမီးဝန်ထမ်းလေးတွေကို ဤပုံမှာမြင်တွေ့ရပါတယ်။

Photo Credit to : San Yu Kyaw

0 comments to ““ ပြည်သူတွေရဲ့အသက်အန္တရာယ်လုံခြုံရေးအတွက် ရဲရဲဝံ့ဝံ့ ဆောင်ရွက်ခဲ့တဲ့ မန်းစည်ပင်(အောက်ခြေ၀န်ထမ်းတွေ)ကို ဂုဏ်ပြုကြပါစို့ ””

Post a Comment