မနှစ်က ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss International ပြိုင်ပွဲမှာ Miss Internet ဆုရခဲ့တဲ့ နန်းခင်ဇေယျာ ဟာ မြန်မာနိုင်ငံကို ရောက်လာတဲ့ နိုင်ငံတကာက Miss International တွေကို အခုရက်ပိုင်း ရန်ကုန်မှာ လိုက်လံ ရှင်းလင်းပြသရတဲ့ တိုးရစ်ဂိုက် တာဝန် ယူနေပါတယ်။
![]() |
ဓာတ်ပုံများ- နန်းခင်ဇေယျာ |
ဒီကနေ့ မနက်ကတော့ နန်းခင်ဇေယျာ ဦးဆောင်တဲ့ မယ်တွေဟာ မြန်မာ့ရှေးဟောင်းမြို့တော်ဖြစ်တဲ့ ပုဂံ ဒေသဆီကို ထွက်ခွာသွားပါပြီ။
Bye Yangon . See you soon Bagan fans! လို့ နန်းခင်ဇေယျာက ဆိုထားပါတယ်။
ရန်ကုန်မှာ သူတို့ အဖွဲ့ ရှိစဉ်မှာ မြန်မာ့လူမှုဘ၀တွေကို လေ့လာခဲ့ကြသလို တင်ဆက်မှုတချို့လည်း လုပ်ဆောင်ခဲ့ကြပါတယ်။ ရန်ကုန်မြို့တခွင် အလှမယ်တွေရဲ့ လှုပ်ရှားမှု ဓာတ်ပုံတွေကို နန်းခင်ဇေယျာက သူ့ ဖေ့စ်ဘုတ်ကတဆင့် အသိပေး ဖော်ပြထားချက်တချို့ စုစည်း ဖော်ပြပေးလိုက်ပါတယ်။
![]() |
နန်းခင်ဇေယျာ၊ နိုင်ငံတကာ မယ်တချို့နဲ့ ရန်ကုန်ကို ရောက်နေတဲ့ နာမည်ကြီးထိုင်းအဆိုတော် ကာရာဘောင်း |