Monday, October 21, 2013

သူရိယအလင်း ဂျာနယ်ကိစ္စ ထုတ်ဝေသူ ရှင်းလင်း

,



ပြီးခဲ့တဲ့သောကြာနေ့ညက ရန်ကုန်မြို့ သူရိယအလင်းဂျာနယ်တိုက်တွင်းက ကွန်ပြူတာတွေကို ၀င်ရောက်သိမ်းဆည်းခဲ့တာနဲ့ပတ်သက်ပြီး သူရိယအလင်းဂျာနယ် ထုတ်ဝေသူဦးယုနိုင်က ဂျာနယ်ကို စနေနေ့မှာ မဖြန့်ဝေနိုင်အောင် ဆောင်ရွက်တာဖြစ်တယ်လို့ RFA ကို ပြောဆိုပါတယ်။
သူရိယအလင်း ဂျာနယ်အမူဆောင်အရာရှိချုပ်ဦးမိုးဟိန်းရဲ့ စနေနေ့က သတင်းစာရှင်းပွဲမှာ လူ ၁၅ယောက်လောက်က ဂျာနယ်တိုက်အတွင်းဝင်ပြီး ကွန်ပြုတာတွေ သိမ်းသွားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ဝေသူဦးယုနိုင်က အမူဆောင် အရာရှိချုပ် ဦးမိုးဟိန်းဟာ ပုဂ္ဂိုလ်ရေးထိုးနက်ချက်တွေ၊ စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီညွတ်တဲ့ ဆောင်းပါးတွေ ရေးသားတာကြောင့် သတိပေးခဲ့ကြောင်း၊ ဒါပေမဲ့ မလိုက်နာတဲ့အတွက် ဂျာနယ်ကိုဆက်လက် မထုတ်ဝေတော့ဘဲ ရပ်ဆိုင်းဖို့ဆုံးဖြတ်ပြီး ဂျာနယ်တိုက်ကို တရားဝင်သွားရောက် ခဲ့တာလို့ RFAကို ပြောပါတယ်။
ဂျာနယ်တိုက်ကို သွာရောက်ချိန်မှာ အမူဆောင်အရာရှိချုပ် ဦးမိုးဟိန်းမရှိကြောင်း၊ ကွန်ပြူတာတွေကို သယ်ယူစဉ်အတွင်း ဂျာနယ်တိုက်အတွင်းက လုံခြုံရေးကင်မရာကို အ၀တ်နဲ့အုပ်လိုက်တယ်၊ ဖြုတ်ယူ သွားတယ်ဆိုတာကိုတော့ မသိရှိကြောင်း ပြောဆိုပါတယ်။
ဂျာနယ်တိုက်ကိုသွားရောက်ရာမှာ စီးပွားကူးသန်း ဝန်ကြီး ဦးဝင်းမြင့်ရဲ့သား ကိုသူရိန်ဝင်းမြင့် ပါကြောင်း၊ ဒီဆောင်ရွက်ချက်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မြေးဖြစ်သူ ဖိုးလပြည့်က ဖိအားပေးလို့ ဆိုတာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

0 comments to “သူရိယအလင်း ဂျာနယ်ကိစ္စ ထုတ်ဝေသူ ရှင်းလင်း”

Post a Comment