Tuesday, October 15, 2013

Trader ဟိုတယ် ပေါက်ကွဲမူ သံသယရှိသူ ကိုဖော်ထုတ်ရရှိ

,

ရန်ကုန် အောက်တိုဘာ ၁၅
ကုန်သည်ကြီးများ ဟိုတယ်၏ ညသန်းခေါင်ကျော် ပေါကိကွဲမူဖြစ်စဉ် တွင် အဓိက တရားခံကို ဖော်ထုတ် ရရှိထားကြောင်း သက်ဆိုင်ရာမှ သိရသည်။
အဆိုပါပုဂ္ဂိုလ်မှာ ပေါက်ကွဲမူမဖြစိပွားမှီ နောက်ဆုံးတည်းခိုခဲ့သူဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် အမျိုးသား ဖြစ်ကြောင်း မှတ်ပုံတင်နံပါတ် ၃ /ဖမန (နိုင်)၀၂၂၅၇၆ ဖြစ်ကာ အမည်မှာ စောမြင့်လွင်(ဘ) ဦးကိုညွန့် ဖြစ်ကြောင်း သက်ဆိုင်ရာမှ လတ်တလော စုံစမ်းချက်များအရ သိရသည်။
"သူက ဖောက်ခွဲ ရေးပစ္စည်းတွေ ထားပြီး Taxi ကို ခုနှစ်သောင်းပေးပြီး လစ်တာ Taxi ပေါ်မှာ သူမှတ်ပုံတင် ကျန်နေခဲ့တယ်"ဟု တာဝန်ရှိသူ အရာရှိတစ်ဦးက ဆိုသည်။
အဆိုပါ သံသယရှိသူ အနေဖြင့် သာကေတ နှင့် အလုံမြို့နယ်တို့ တွင်တွေ့ရှိသည့် ဖောက်ခွဲရေးပစ္စည်း များနှင့် လည်းဆက်ဆပ်နေနိုင်ကြောင်း ရန်ကုန်မြို့ လုံခြုရေးတာဝန်ယူထားသူ တပ်မတော် အရာရှိ တစ်ဦး က သုံးသပ်ပြောကြားသည်။
လက်ရှိ အချိန်တွင် အခင်းဖြစ်ပွားရာ ကုန်သည်ကြီးများဟိုတယ်၏ အလွာ ၉ တစ်ထပ် လုံးပြောင်းရွေ့ ထားကြောင်း ဒဏ်ရာရရှိသူ အမေရိကန် အမျိုးသမီး၏ ကလေးနှစ်ကို အခန်းပြောင်းရွေ့ကာ စောင့်ရှောက် ထားကြောင်း ဟိုတယ်လုံခြုံရေးတာဝန်ရှိသူတစ်ဦးထံမှသိရသည်
အဆိုပါ အမေရိကန် ဇနီးမောင်နှံ၏ လက်ရှိကိုင်ဆောင်ထားသော နိုင်ငံကူး လက်မှတ်များမှာ pp 488927770 နှင့် pp 488932812 ဖြစ်ကာ ယနေ့ နေ့လည် ၁ နာရီ တွင် ယင်းဟိုတယ်တွင် စတင်တည်း ခိုခြင်း ဖြစ်ကြောင်း ဟိုတယ်ရင်းများ အရသိရသည်။
People power

0 comments to “Trader ဟိုတယ် ပေါက်ကွဲမူ သံသယရှိသူ ကိုဖော်ထုတ်ရရှိ”

Post a Comment