Thursday, October 31, 2013

နယ်စပ်ဒေသ လုံခြုံရေး၊ နယ်ခြား ပူးပေါင်းဆောင်ရွက်ရေးစာချုပ် လက်မှတ်ရေး ထိုးနိုင်ရေး၊ မြန်မာ့ တပ်မတော် ခေတ်မီရေး ပူးပေါင်းဆောင်ရွက်

,

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
နေပြည်တော် အောက်တိုဘာ ၃၀

♦ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အိန္ဒိယသမ္မတနိုင်ငံ အိန္ဒိယကြည်းတပ်ဦးစီးချုပ် General Bikram Singh ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော်ရှိ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

♦ ယင်းသို့ တွေ့ဆုံစဉ်-

• မြန်မာနိုင်ငံ အစိုးရအဆက်ဆက်က အိန္ဒိယနိုင်ငံနှင့် ချစ်ကြည် ရင်းနှီးမှုကို အလေးထား တည်ဆောက်ခဲ့ သကဲ့သို့ လက်ရှိအစိုးရ လက်ထက်တွင်လည်း ချစ်ကြည်ရင်းနှီးမှုကို အလေးထား ဆောင်ရွက်နေ မှု၊

• နိုင်ငံတော်သမ္မတကြီး၏ အိန္ဒိယနိုင်ငံ ခရီးစဉ်နှင့် အိန္ဒိယဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော စာချုပ်များ အရ ဆောင်ရွက်ရန်ရှိသည်များကို စတင် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊

• အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ကူညီပံ့ပိုးဆောင်ရွက်နေမှု၊

• တပ်မတော်နှစ်ရပ် အကြား ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် အိန္ဒိယနိုင်ငံတွင် သင်တန်းများ တက်ရောက်နိုင်ရေး ရွေးချယ်စေလွှတ်နိုင်ရန် ပညာသင်ဆုများ အများအပြား ကမ်းလှမ်း ဆောင်ရွက် သွားရန် စီစဉ်ထားရှိမှု၊

• မြန်မာ့ တပ်မတော် ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးသွားရန် စီစဉ်ထားရှိမှု၊

• အိန္ဒိယနိုင်ငံ နယ်စပ်တွင် အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်နေသည့် သောင်းကျန်းသူများအား နှိမ်နင်းရာတွင် မြန်မာနိုင်ငံဘက်မှ ကူညီပေးခဲ့မှုများ အတွက် ကျေးဇူးတင် ရှိမှု၊

• နယ်စပ်ဒေသတွင် လုံခြုံရေး ကင်းလှည့်ခြင်းဖြင့် နယ်စပ်ဒေသ လုံခြုံရေးအတွက် များစွာ အကျိုးရှိမှု၊

• နှစ်နိုင်ငံအကြား နယ်ခြား ပူးပေါင်းဆောင်ရွက်ရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်ဆောင်ရွက်နေမှု တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

♦ အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်သန်းစိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အိန္ဒိယကြည်းတပ်ဦးစီးချုပ် ဦးဆောင်သောအဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့် စစ်သံမှူးတို့ တက်ရောက်ကြသည်။

0 comments to “နယ်စပ်ဒေသ လုံခြုံရေး၊ နယ်ခြား ပူးပေါင်းဆောင်ရွက်ရေးစာချုပ် လက်မှတ်ရေး ထိုးနိုင်ရေး၊ မြန်မာ့ တပ်မတော် ခေတ်မီရေး ပူးပေါင်းဆောင်ရွက်”

Post a Comment