Tuesday, August 27, 2013

Eleven Media ၏ ဖော်ပြမှု မြစ်မခ အထိနာ

,

မြစ်မခမီဒီယာ ၀က်ဘ်ဆိုက်တွင် မြိတ်မြို့နယ် အကြမ်းဖက် သမားဟု သံသယဖြစ်ဖွယ် အမျိုးသား သုံးဦးကို ဖမ်းမိပြီဟု ဖော်ပြထားသည့် သတင်းမှာ မမှန်ကန်ကြောင်း သြဂုတ် ၂၆ ရက်က မြန်မာနိုင်ငံ ရဲဌာနချုပ် လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်နှင့် တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက The Daily Eleven သို့ ပြောကြောင်း Eleve Media Group စာမျက်နှာတွင် ဖော်ပြထားသည်။ ဆက်လက်ပြီး Eleven က မြိတ်မြို့မ ရဲစခန်းမှလည်း အဆိုပါ သတင်းမှာ မဟုတ်မမှန်ကြောင်း၊ ဖောက်ခွဲရေး သမားများ ဖမ်းမိထားခြင်း မရှိကြောင်း ထို့ပြင် သတင်းနှင့် ထောက်လှမ်းရေး တပ်ဖွဲ့များထံ စုံစမ်းမေးမြန်းသော်လည်း ဖောက်ခွဲရေး သမားများကို ဖမ်းမိသည်မှာ မဟုတ်ကြောင်း၊ သတင်းမှားယွင်းနေကြောင်း အတည်ပြု ပြောကြားခဲ့ကြောင်း ရေးသား ထားသည်။
ထို့ပြင် မြိတ်မြို့နယ် အကြမ်းဖက်သမားဟု သံသယဖြစ်ဖွယ် အမျိုးသားသုံးဦးကို ဖမ်းမိပြီ ဟု သတင်းဖော်ပြခဲ့သည့် မြစ်မခ အွန်လိုင်း မီဒီယာသည် သတင်းအေဂျင်စီ တစ်ခုအဖြစ် သတင်း များ ပြန်လည် ရောင်း  ချကြောင်း၊ ထိုသတင်းကိုပင် သြဂုတ် ၂၆ ရက်တွင် ထုတ်သည့် ပြည်တွင်း ပုဂ္ဂလိ က နေ့စဉ်ထုတ် သတင်းစာများဖြစ်သော စံတော်ချိန် နေ့စဉ် သတင်းစာ၊ ရွှေနိုင်ငံသစ် နေ့စဉ် သတင်း စာနှင့် ပြည်မြန်မာ နေ့စဉ် သတင်းစာတို့တွင် ရေးသား ဖော်ပြခဲ့ကြောင်း တွေ့ရှိရသည်ဟူ ၍ ရေးသား ထား သည်။
Eleven ၏ အဆိုပါသတင်းမှားကြောင်း ဖော်ပြမှုသည် မြစ်မခ သတင်းအေဂျင်စီအပါအ၀င် သတင်း တစ်ခု ကို သေချာမစုံစမ်းဘဲ ဖြန့်ဝေခဲ့သည့် စံတော်ချိန် နေ့စဉ်သတင်းစာ၊ ရွှေနိုင်ငံသစ် နေ့စဉ် သတင်း စာနှင့် ပြည်မြန်မာ နေ့စဉ်သတင်းစာတို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သည်။ Eleven မှ ထိုသတင်း ကို မိမိတို့ နေ့စဉ်ထုတ် သတင်းစာတွင် မဖော်ပြဘဲ  ထိုသတင်းမှန်မမှန် ကို သေချာစွာ စုံစမ်းခဲ့သည်။ Elven ၏ရေးသားချက်တွင် မြစ်မခ၏ အဆိုပါသတင်းသည် သက်ဆိုင်ရာ သတင်း ရင်းမြစ် လုံးဝမပါရှိ ဘဲ ရေးသား ထားခြင်းဖြစ်ကြောင်း  ဖော်ပြထားသည်။ ထို့ပြင် သက်ဆိုင်ရာ ရဲမှူး၊ တာဝန်ရှိသူများ အဆင့်ဆင့် သို့ စုံစမ်းမေးမြန်း၍ မြစ်မခနှင့် သတင်းစာသုံးစောင် ၏ သတင်းမှား ယွင်းဖော်ပြမှု ကို ဝေ ဖန်ထောက်ပြ ထားသည်။ Eleven ၏ အချက်ကျကျ ထောက်ပြမှုသည် မြစ်မခ သတင်းအေဂျင်စီနှင့် သတင်းစာ သုံးစောင်အပေါ် နေ့စဉ်သတင်းစာဝယ်ဖတ်သူပြည်သူများ၏ ယုံကြည် မှုကို ကျ ဆင်းစေခဲ့ သည်။
ယနေ့ စာပေလောကသည် ပွင့်လင်းမြင်သာလာသည်နှင့် အမျှ သတင်းမျိုးစုံကိုလည်း လွတ်လွတ် လပ်လပ် ရေးသားဖော်ပြလာနိုင်ကြသည်။ နေ့စဉ်ထုတ်သတင်းစာများ အပြိုင်အဆိုင် ထုတ်လာကြ သည်။ မျိုးစုံတိုးပွားလာသည့် သတင်းစာများသည်ပြည်သူများ မျက်စိပွင့်နားပွင့် ဖြစ်လာစေသည့် အတွက် ကောင်း သည်ဟု ဆိုနိုင်သည်။ သို့သော် သတင်းစာထုတ်ဝေသူများအဖို့ ဈေးကွက်ရအောင် ပြိုင်ဆိုင်ဖို့ ဖြစ်လာသည်။ အမျိုးမျိုးသော သတင်းစာများအကြား မိမိတို့ သတင်းစာနာမည်ရ ဖို့လိုလာ သည်။ သို့မှသာ ရောင်းအားတက်မည်ဖြစ်သည်။ ရောင်းအားတက်မှ ငွေရလမ်းဖြောင့်မည် ဖြစ်သည်။ ထို့ကြောင့် သတင်းဦး သတင်းထူးကို သတင်းစာတိုင်းမှ သူ့ထက်ငါဦးအောင် လုကြသည်။ ဒါကတော့ သူတို့၏ လုံ့လ၊ ၀ိရိယ၊ ကြိုးစားမှုနှင့်ဆိုင်သည်။
သို့သော် တချို့ကြတော့ မိမိသတင်းစာ နာမည်ရရေး အတွက် လူပြိုန်းကြိုက်သတင်း၊ အပုပ်အညှီ သတင်းများ ထည့်ကြသည်။ တချို့က အောက်လမ်းနည်း ကိုသုံးလာကြသည်။ မိမိသတင်းစာနာမည်ရရန် မိမိနှင့် အပြိုင် ထုတ်ဝေနေသော သတင်းစာများ နာမည်ပျက်ဖို့ လိုသည် ဆိုသည့် ဘယ်သူသေသေ ငတေမာ ရင်ပြီးရော လုပ်လာကြသည်။ ဒါကတော့ မကောင်း။ ငွေမျက်နှာ တစ်ခုတည်းကြည့် သ လို ဖြစ်နေသည်။ ပြည်သူ့အတွက် စတုတ္ထမဏ္ဍိုင် သည် ငွေမျက်နှာတစ်ခု သာကြည့် လို့မ ရ။ တော် တည့် မှန်ကန်ရမည်။ ပြည်သူ့ဆီသို့ မှန်ကန်သော သုတ၊ရသ၊ သတင်း များ ဖြန့်ချပြနိုင်ရမည်ဖြစ်သည်။
ယခုကဲ့သို့  Eleven မီဒီယာ၏ သတင်းတစ်ခုအပေါ် တိတိကျကျစုံစမ်းမှုသည် စာဖတ်ပြည်သူများအ တွက် မှန်ကန်သော သတင်းများကို ရရှိစေသည့်အတွက် ကောင်းသည်ဟု ပြောရမည်။ မြစ်မခ သတင်း အေဂျင်စီ အပါ အ၀င် စံတော်ချိန်နေ့စဉ် သတင်း စာ၊ ရွှေနိုင်ငံသစ်နေ့စဉ်  သတင်း စာနှင့် ပြည်မြန်မာ နေ့စဉ်သတင်းစာ တို့၏ သတင်းတစ်ခုကို တိကျစွာမစုံစမ်းဘဲ သတင်း ဦး၊ သတင်းထူး ဆိုပြီး ဖော်ပြမှုသည် Eleven ၏ သတင်း မှားဖြစ်ကြောင်း ထောက်ပြဝေဖန် မှုကြောင့်စာဖတ် ပြည်သူများ  ၏  ယုံကြည်မှုကို လျော့ကျစေခဲ့သည်။ စာဖတ်သူယုံကြည်မှုမရှိပါက အဆိုပါသတင်းစာ သုံးစောင်အ တွက် ရောင်းအား မှာ ကျဆင်းသွားမည်မှာ အမှန်ဖြစ်သည်။ Eleven အနေဖြင့် ပြည်သူများ အား တိကျသည့် သတင်းအား ပေးလိုသည့် စေတနာ အမှန်ကြောင့်လား။ ဒါမှမဟုတ် ခဲတစ်လုံးတည်းဖြင့် ငှက်လေးကောင်ပစ်ခဲ့သည်လား ဆိုတာ ကတော့………………..

နိုင်ငံသစ်

Credit to နိုင်ငံသစ်

0 comments to “Eleven Media ၏ ဖော်ပြမှု မြစ်မခ အထိနာ”

Post a Comment