Thursday, August 29, 2013

ဦးလှဆွေ သို့ အိတ်ဖွင့်ပေးစာ

,

အန်ကယ်ခင်ဗျား

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ကိုယ့်ခံယူချက်နဲ့ ပြတ်ပြတ်သားသားရပ်တည်ပြီး
ဖြေရှင်းတဲ့အတွက် ၀မ်းသာပါတယ်။ အန်ကယ်က ခံယူချက်နဲ့ ဘင်္ဂါလီ White Card ကိုင်ဆောင်ထားသူတွေ ပါတီထောင်ခွင့်ဥပဒေကို ပြုပြင်ဖို့အတွက် ကန့်ကွက်မဲပေးခဲ့တာကို အန်ကယ့်ဘက်က အမြင်ကိုရှင်းထားတာတွေ့ရတာကောင်းပါတယ်။

ပထမဆုံးအန်ကယ်ဟာ လွှတ်တော်အမတ်တစ်ဦးဖြစ်တယ်ဆိုတာကို အရင်ဆုံးထောက်ပြချင်ပါတယ်။ လွှတ်တော်ထဲမှာရှိတဲ့အန်ကယ့်အနေနဲ့ တာဝန်ယူရမည့်အပိုင်းနဲ့ အကျိုးဆက်ဟာ လွှတ်တော်ပြင်ပမှာရှိတဲ့ သာမန်လူတစ်ဦးတစ်ယောက်ထက်တော့ ပိုတယ်ဆိုတာသေချာပါတယ်။ ဒီကိစ္စမှာ အန်ကယ်
သုံးသပ်ရပ်တည်ခဲ့တာဟာ အရမ်းကို ယေဘူယျဆန်လွန်းနေပါတယ်။ အန်ကယ်က ဒီဘင်္ဂါလီအရေးကို ထွက်ပေါက်ပေးဖို့ လမ်းကြောင်းတစ်ခုတည်းရှိတယ်လို့ ယူဆထားပြီး အဲဒီလမ်းကြောင်းကလည်း ဘင်္ဂါလီတွေကို နိုင်ငံသားပေးမှဖြစ်လိမ့်မယ်ဆိုတာမျိုး စဉ်းစားပါတယ်။ဖြေရှင်းစရာလမ်းကြောင်းရှိတယ်
ဆိုတာအမှန်ပါ။ဒါပေမယ့် ဘင်္ဂါလီတွေကိုနိုင်ငံသားအကုန်စုပေးလိုက်ရုံနဲ့တော့ပြီးသွားမယ့်ပြဿနာ
တစ်ခုတော့မဟုတ်ပါဘူး။

ဘူးသီးတောင် မောင်းတောနေရာတွေမှာ လူဦးရေတိုးတက်လာမှု ဆယ်စုနှစ်အခြေဇယားကိုကြည့်ရင် ဒီလူတွေဟာ နှစ်ရှည်လများဒီမှာ Origin လုပ်ခဲ့သူတွေမဟုတ်ဘူးဆိုတာသိသာပါတယ်။ ရခိုင်လူမျိုးအများစုအခြေအနေကနေ ဘင်္ဂါလီလူမျိုးအများစုအခြေအနေဖြစ်လာတာဟာ တစ်ဖက်ခြမ်းက စိမ့်ဝင်လာခဲ့တဲ့သူတွေလူဦးရေအင်အားနဲ့ဖိတွန်းလို့ဖြစ်လာတာဆိုတာအသိသာကြီးပါ။ ဒီအတွက်
ဖြေရှင်းတဲ့နေရာမှာသူတို့ကိုနိုင်ငံသားပေးရုံနဲ့ဖြေရှင်းလို့မရဘဲ ဘင်္ဂလားဒေ့ရှ်နဲ့သက်ဆိုင်မှုရှိတဲ့
အချက်ကိုပါထည့်သွင်းစဉ်းစားရပါလိမ့်မယ်။ဒီလိုမဟုတ်ဘဲနိုင်ငံသားပေးနေမယ်ဆိုရင်တော့ဘင်္ဂါလီဝင်တာကို
 ထိန်းသိမ်းဖို့နိုင်မယ်တောင်မထင်ပါဘူး။ပြီးတော့ဒီကျူးကျော်ဝင်ရောက်နေသူတွေကအေးအေးဆေးဆေးနေ
ဖို့ထက်အစ္စလာမ်မစ်နိုင်ငံတော်တည်ထောင်ရေးဆိုတာမျိုးတွေလုပ်နေတယ်ဆိုတာလည်းအန်ကယ်ကြားမိမှာပါ။ အဲလိုအချိန်မှာ လွှတ်တော်တာဝန်ရှိသူအနေနဲ့တောင် တိုင်းရင်းသားတွေဘက်က၊ နိုင်ငံဘက်က အကာအကွယ်တွေမလုပ်ဘူးဆိုရင်၊ အဲဒီနေရာကလူတွေကို လွှတ်တော်ထဲကိုဝင်ရောက်လာ
ခွင့်ပေးမယ်ဆိုရင်ရခိုင်ပြည်နယ်ဟာအန္တရာယ်ရှိလာနိုင်မယ့်အနေအထားဖြစ်ပြီး ရခိုင်တွေအတွက်
 မတရားရာကျပါလိမ့်မယ်။

နောက်တစ်ချက်အန်ကယ့်အနေနဲ့စဉ်းစားရမှာက၀ှိုက်ကဒ်ကိစ္စကို အတော်ကြီးတောင့်ခံထားလို့သာ
နိုင်ငံတကာဖိအားတွေဒီလောက်နည်းနေတာပါ။ တကယ်လို့သာ ကျွန်တော်တို့နိုင်ငံဘက်က အလျှော့ပေးလိုက်တာနဲ့ ရိုဟင်ဂျာဆိုတဲ့လူမျိုးနဲ့ အတင်းကာရောကြီး ဖိအားပေးလက်ခံခိုင်းမယ့်သူတွေ အများကြီးစောင့်နေတယ်ဆိုတာလည်းအသိသာကြီးပါ။ ကျွန်တော့်အနေနဲ့က၀ှိုက်ကဒ်ကိုင်ဆောင်ထား
သူတွေအကုန်လုံးကိုမျက်စိမှိတ် နှင်ထုတ်ဖို့ဆိုတဲ့အဖြစ်မျိုြးေ
ပာနေတာမဟုတ်ပါဘူး။ ၀ှိုက်ကဒ်သမားတွေကို ၈၂ဥပဒေနဲ့ စိစစ်ရပါလိမ့်မယ်။ အဲလိုစိစစ်ပြီး
နိုင်ငံသားပေးသင့်တာပေးရပါမယ်။ ဒါပေမယ့် သေချာတာက ဒီလူသိန်းပေါင်းများစွာလုံးဟာ
နိုင်ငံသားဖြစ်ခွင့်မကိုက်ညီပါဘူး။ တချို့ဆိုရင် ဗမာစကားတောင် နကန်းတစ်လုံးမတတ်ဘဲ
ဝှိုက်ကဒ်ကိုင်ဆောင်ထားသူတွေရှိပါတယ်။အန်ကယ်ကဒါကိုဖြေရှင်းရေးထွက်ပေါက်
တစ်ခုအဖြစ်သုံးသပ်ခဲ့တယ်။ ဒါပေမယ့် ၀ှိုက်ကဒ်တွေကို ပါတီထူထောင်ခွင့်ပေးခြင်းက
နိုင်ငံတော်ကာကွယ်ရေးနဲ့တိုင်းရင်းသားအရေးကိုပိုမိုအားပျော့လာစေရုံကလွဲလို့ဘာအတွက်မှအဖြေဖြစ်
လာနိုင်မယ်လို့ ကျွန်တော်တော့မမြင်မိပါဘူး။White Card ဟာ Green Card ရဲ့ အခြေခံဖြစ်နေပါစေဦး။ နောက်ဆုံးကုန်ကုန်ပြောရရင် Green Card သမားဆိုရင်တောင် နိုင်ငံသားမဟုတ်သေးပါဘူး။ ကျွန်တော်နားလည်တာက Green Card ဟာ permanent resident သဘောမျိုးနဲ့ပုံစံတူတယ်ထင်ပါတယ်။ ကျွန်တော်သိရသလောက် အမေရိကန်လိုနိုင်ငံမျိုးမှာPR တွေရှိပါတယ်။ ဒါပေမယ့် သူတို့နိုင်ငံသားဖြစ်ခွင့်မရသမျှPRတွေတောင်
မှမဲပေးခွင့်မရှိပါဘူး။အခုကဥပဒေက၀ှိုက်ကဒ်ကိုမဲပေးခွင့်တင်မဟုတ်ဘဲပါတီထောင်ခွင့်လိုမျိုးပါ ပေးထားတယ်ဆိုတာဟာ အရမ်းလွန်တယ်လို့အန်ကယ်မထင်မိဘူးလားခင်ဗျာ။လူဦးရေပေါက်ကွဲမှုနဲ့ကြုံနေရတဲ့နိုင်ငံကြီးတွေကြားထဲ
မှာနေပြီးဝှိုက်ကဒ်လိုမျိုးကိုပါတီထောင်ခွင့်ပေးထားမယ်ဆိုရင်တော့ နိုင်ငံသားမဟုတ်တဲ့ပါတီတွေအများကြီြး
ဖစ်လာနိုင်တဲ့အခြေအနေရှိနေမှာပေါ့ခင်ဗျာ။ နောက်တစ်ချက်က အခုလက်ရှိ လွှတ်တော်ထဲမှာရှိနေတဲ့
အန်ကယ်တို့ပါတီက အမတ် ၃ယောက် ဘယ်လောက်မွှေနေလဲဆိုတာလည်းအန်ကယ့်အမြင်ပါ။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုတွင်တွင်ကျယ်ကျယ်သုံးပြီးနိုင်ငံခြားရုပ်သံနဲ့အစီအစဉ်မှာ ဘာသာရေး
လွတ်လပ်ခွင့်မရှိဘူး ဘာညာနဲ့ပြောသွားတာ အန်ကယ်မမေ့လောက်ပါဘူး။ ကမ္ဘာပေါ်မှာလည်း အတော်ဂယက်ရိုက်ခဲ့ရပါတယ်။ ဒါဆို အန်ကယ်မှန်းတဲ့ အများဆုံး နှစ်ယောက် သုံးယောက်ပဲ ၀င်တာ ပြဿနာမရှိလောက်ပါဘူးဆိုတဲ့ မှန်းချက်က ယုံရခက်နေပါတယ်ဗျာ။ နောက်ဆုံးအနေနဲ့ကတော့ အန်ကယ်က တကယ့်အခြေအနေကို ထဲထဲဝင်ဝင်မသုံးသပ်ဘဲအပေါ်ယံရှပ်သုံးသပ်နေတဲ့အခါမှာ ဘင်္ဂါလီတွေအတွက်ဝှိုက်ကတ်ပေး၊ဂရင်းကတ်ပေး၊ ပါတီထောင်ခွင့်ပေးလိုက်မယ်ဆိုတဲ့ ဖြေရှင်းနည်းကြီးက အလုပ်မဖြစ်နိုင်လောက်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ အန်ကယ့်အနေနဲ့ လွတ်လပ်စွာ ကွဲလွဲနိုင်ပေမယ့် အန်ကယ့်လို လုပ်ပိုင်ခွင့်ရှိသူတစ်ယောက်အနေနဲ့ တိုင်းရင်းသားနဲ့ နိုင်ငံတော်အရေးကို အရင်ဦးစားပေးပြီးမစဉ်းစားဘူးဆိုရင်တော့ ကျွန်တော်တို့နိုင်ငံ အန္တရာယ်ရှိသလိုခံစားရပါတယ်။ အင်အားမကြီးထွားလာစေသင့်တဲ့အရာကို အင်အားကြီးထွားလာစေခဲ့မိလို့မှားမှန်းသိတဲ့အချိန်
နောင်တရတဲ့အချိန်ပြုပြင်လို့မရတော့မှာကိုစိုးမိပါတယ်။

သူရိန်လှိုင်ဝင်း

ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်။ တစ်လုံးတစ်ပါဒ မျှ ဖြည့်စွက်ရေးသားထားခြင်းမရှိပါ။

ရွှေသတင်းသစ်

0 comments to “ဦးလှဆွေ သို့ အိတ်ဖွင့်ပေးစာ ”

Post a Comment