မြို့မှာ ကျောင်းသွားတက်နေတဲ့ သားဖြစ်သူက၊ နယ်မှာနေတဲ့ သူ့အဖေဆီကို ဖုန်းဆက်နေတယ်။ သာကြောင်းမာကြောင်း ပြောပြီးတဲ့အခါ သားဖြစ်သူက မေးတယ်.. . .. .
"ဒါနဲ့ စကားမစပ်၊ တစ်ထောင်တန်ပေါ်မှာ ခြင်္သေ့ပုံ ရိုက်ထားတုန်းပဲလားအဖေ"
"အေးပေါ့ကွ၊ ဘာလို့မေးတာလဲ"
"အော်. .. မမြင်ရတာကြာတော့ ပြောင်းများ သွားပလားလို့ပါ"
ဒီတော့မှ အဖေလုပ်သူလည်း သဘောပေါက်သွားပြီး.. . .. .
"အောင်မယ်၊ ခွေးမသား၊ ပိုက်ဆံပို့ပါအုံးအဖေဆို ပြီးတာကိုများ"