Friday, September 27, 2013

ဖြေကြည့်ပါ ကေအိုင်အေ

,


၁။ ကချင်ပြည်မှာ ဆက်ကြေး ကောက်ပါသလား ......မကောက်ပါဘူးလား.....

၂။ ကချင်ပြည်က ဗမာလူမျိုး အရပ်သား အစိုးရ ၀န်ထမ်းတွေကို .....
ရန်ရှာ သတ်ဖြတ်ခဲ့သလား ...မသတ် ခဲ့ဘူးလား...

၃။ ဗမာမဟုတ်တဲ့ ....ရှမ်းနီ နဲ့  ကချင်လူမျိုးစုငယ်တွေဖြစ်တဲ့ .....
ရ၀မ် ...မရူ...လရှီ ...လီဆူး ....စတဲ့ ...လူမျိုးစုငယ်လေးတွေကို ...
ဂျိန်းဖော အများစု ကြီးစိုးထားတဲ့  ကေအိုင်အေက ....
အနိုင်ကျင့် တိုက်ခိုက်မှုတွေ ရှိခဲ့ လား....မရှိခဲ့ ဘူးလား......

၎။ စစ်အာဏာရှင် အစိုးရနဲ့  ငြိမ်းချမ်းရေးယူထားတဲ့ ကာလအတွင်း .....
ကချင်ပြည်ထဲက သစ် ၊ကျောက်စိမ်း နဲ့  အဖိုးတန် တွင်းထွက်တွေ ....
တရုတ်ပြည်ကို ရောင်းခဲ့လား....မရောင်းခဲ့ဘူးလား....

၅။ ယခု ကိုင်ဆောင်နေတဲ့ လက်နက် ခဲယမ်းများ ဘယ်က ၀ယ်ပါသလဲ......
ဘယ်က ပိုက်ဆံနဲ့ ဝယ်ပါသလဲ......
ကေအိုင်အေ ခေါင်းဆောင်တွေရဲ့  နေအိမ်တွေ ဘယ်မှာရှိပါသလဲ....

၆။ ကေအိုင်အေ ထိန်းချုပ်နယ်မြေများထဲမှာ .......
ဘိန်းခင်းများရှိပါသလား.......မရှိပါဘူးလား......

၇။ ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များအားလုံး .....
အပစ်အခတ် အရင်ရပ်ပြီး ဒေသကို ဖွံ့ ဖြိုးတက်အောင် လုပ်ရင်း....
ငြိမ်းချမ်းရေးဆွေးနွေးပါသည်.....
ကရင်ပြည်နယ်မှာ တပ်နဲ့ ပူးတွဲပြီး မြေမြုပ်မိုင်းများ ပြန်ဖော်တဲ့ အထိ.....
ဝ ဒေသ မှာ စီးပွားရေး အခြေခံအဆောက်အအုံများ .....
တည်ဆောက်နေပြီ ဖြစ်တဲ့ အထိ ခရီးရောက်နေပါပြီ.......
ကေအိုင်အေ ဘယ်လောက်အထိ ......
ကချင်ပြည်နယ်ကို ကောင်းအောင် ...ဖွံ့ ဖြိုးတိုးတက်အောင် လုပ်နိုင်ပါပြီလဲ......

၈။ တကယ်လို့  ငြိမ်းချမ်းရေးမယူပဲ တိုက်မယ်ဆိုရင်.......
အစိုးရက နယ်ခြားစောင့်တပ်များနဲ့  အခြား ကချင်မျိုးနွယ်စုငယ်များ.....
ရှမ်းနီ များကို ကိုယ့်နယ်မြေ ကိုယ်ကာကွယ်ဖို့ လက်နက်များတပ်ဆင်ပေးလိုက်ပြီး ....
တိုက်ခိုက်ရေး တပ်မ ၁၅မ လောက် တက်လာရင် ဘယ်လို လုပ်ပါမလဲ.......
( ယခုထိ တပ်မ ၅ မ အထိပဲ အင်အား အများဆုံး ၀င်ဘူးပါသေးတယ်)

၉။ ချက်ချင်း အပစ်အခတ်ရပ် ...တစ်နိုင်ငံလုံး ဆွေးနွေးပွဲကို တက်ပါ ......
ကချင်ပြည်သူတွေကို ငဲ့ သင့်ပါပြီ.....ကေအိုင်အေ......

( စိတ်ပျက်နေတဲ့ ရဲမိုး )

0 comments to “ဖြေကြည့်ပါ ကေအိုင်အေ”

Post a Comment