Thursday, September 26, 2013

အစ္စလာမ်မစ် အစွန်းရောက် ၀ါဒီများ သိမ်းပိုက်ထားသည့် မြို့အား အီဂျစ် အစိုးရ တပ်ဖွဲ့များ ပြန်လည် သိမ်းပိုက်

,


အီဂျစ်အစိုးရ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များသည် အစ္စလာမ်မစ် အစွန်းရောက် ၀ါဒီ သမားများက တစ်လကြာ သိမ်းပိုက် ထားသည့် မင်ယာပြည်နယ် အတွင်းရှိ ဒဲလ်ဂါမြို့ကို စက်တင်ဘာ၁၆ ရက်တွင် စီးနင်း ၀င်ရောက်ခဲ့ပြီး ၎င်းမြို့ကို ပြန်လည် သိမ်းပိုက် ခဲ့ကြသည်ဟု ဒေသတွင်း အရာရှိများ၏ ပြောကြား ချက်အရ သိရသည်။

ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သည်များ ပါဝင်သော လုံခြုံရေး အဖွဲ့သည် ဒဲလ်ဂါမြို့အတွင်းသို့ စက်တင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် ၀င်ရောက် ခဲ့ပြီး မျက်ရည် ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့ ကြကြောင်းနှင့် အစ္စလာမ်မစ်အစွန်းရောက် ၀ါဒီသမားများကို တစ်အိမ် တက်ဆင်း ရှာဖွေခဲ့ကြ

ကြောင်း၊ အစွန်းရောက် ၀ါဒီသမား ၅၆ ဦးကို ဖမ်းဆီး နိုင်ခဲ့ပြီး လက်နက်များကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း ဒေသတွင်း အရာရှိများက ပြောကြားသည်။

အစ္စလာမ်မစ် အစွန်းရောက် ၀ါဒီသမားများသည် ၎င်းတို့ သိမ်းပိုက်ထားသည့် ၃၁ ရက်ကာလ အတွင်း ယင်းမြို့ အတွင်းရှိ ခရစ်ယာန် ဘုရားကျောင်း သုံးခုကို မီးရှို့ ဖျက်ဆီးခဲ့ သည့်အပြင် ခရစ်ယာန် ဘာသာ ၀င်များ၏ နေအိမ် များကိုလည်း ဖျက်ဆီးခဲ့ကြကြောင်း၊ မိသားစုအနည်း

ဆုံး ၁၀၀ ခန့်သည် ၎င်းတို့၏ အသက်ရှင်သန် နိုင်ရေးအတွက် ဒဲလ်ဂါမြို့ အတွင်းမှ ထွက်ပြေး ခဲ့ရကြောင်း လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့မှ အီရှက်ခ် အီဗရာဟင်၏ ပြောကြားချက် အရ သိရသည်။

အီဂျစ် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သည်များသည် လူဦးရေ ၁၂၀၀၀၀ ခန့် နေထိုင်သည့် ဒဲလ်ဂါမြို့သို့ပြန်လည် သိမ်းပိုက် ခဲ့ပြီးနောက်တွင် မြို့တွင်း ၀င်ပေါက် ၃၂ ပေါက်ကို ပိတ်ပစ်ခဲ့ပြီး နေ့ဘက် အပြင် မထွက်ရ အမိန့်ကို ချမှတ် ခဲ့သည်ဟု သိရသည်။

0 comments to “အစ္စလာမ်မစ် အစွန်းရောက် ၀ါဒီများ သိမ်းပိုက်ထားသည့် မြို့အား အီဂျစ် အစိုးရ တပ်ဖွဲ့များ ပြန်လည် သိမ်းပိုက်”

Post a Comment