Thursday, September 12, 2013

မြန်မာ့ အထူးကိုယ်စားလှယ် အဖွဲ့၏ ဆွေးနွေးပွဲ အောင်မြင်မှုကြောင့် တရားမဝင် မြန်မာလုပ်သားများအား မလေးရှားနိုင်ငံမှ အထောက်အထား ထုတ်ပေးတော့မည်။

,


မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာအလုပ်သမားများကို မြန်မာသံရုံး တွင် One Stop Service စင်တာဖွင့်လှစ်ကာ အထောက်အထား ထုတ်ပေးရန် နှစ်နိုင်ငံအစိုးရ သဘောတူညီလိုက်ပြီ ဖြစ်ကြောင်း မလေးရှားနိုင်ငံ သတင်းစာ The Star တွင် စက်တင်ဘာလ ၁၁ ရက်နေ့က ဖော်ပြထားပါတယ်။

မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာအလုပ်သမားများ အရေးကို ဖြေရှင်းရန် ရောက်ရှိနေသည့် အထူးကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်နှင့် မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီး Datuk Seri Dr Ahmad Zahid Hamidi တို့ စက်တင်ဘာလ ၁၀ ရက်နေ့က တွေ့ဆုံစဉ် ယင်းသို့ သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

မလေးရှားနိုင်ငံ လုပ်ငန်းခွင်များအတွက် လုပ်သားလိုအပ်မှု၊ လူသားချင်း စာနာမှုနှင့် အာဆီယံ စိတ်ဓာတ်အပေါ် ရပ်တည်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရ၍ ယင်းသို့ သဘောတူညီခဲ့ခြင်းဖြစ်ပြီး တရားမဝင် လုပ်သားများ တရားဝင် မှတ်ပုံတင်နိုင်ရန် မလေးရှား လူဝင်မှုကြီးကြပ်ရေးကလည်း တရားဥပဒေကြောင်းအရ စိစစ်ကာ ကူညီသွားမည် ဖြစ်ကြောင်း Datuk Seri Dr Ahmad Zahid Hamidi ပြောဆိုကြောင်း The Star တွင် ဖော်ပြထားပါတယ်။

0 comments to “မြန်မာ့ အထူးကိုယ်စားလှယ် အဖွဲ့၏ ဆွေးနွေးပွဲ အောင်မြင်မှုကြောင့် တရားမဝင် မြန်မာလုပ်သားများအား မလေးရှားနိုင်ငံမှ အထောက်အထား ထုတ်ပေးတော့မည်။”

Post a Comment