Wednesday, November 6, 2013

ရှရှားနိုင်ငံ ၊ မော်စကိုမြို့တွင် ဗုဒ္ဓဘာသာ သာသနာ ထွန်းကားဖို့အတွက် မြန်မာဘုန်းတော်ကြီးကျောင်း တည်ရှိနိုင်ရန် နေရာတစ်ခု ငှားရမ်း (သို့မဟုတ်) ၀ယ်ယူနိုင်ရန် အလှူရှင်များအား ရိုသေလေးစားစွာ ဖိတ်ခေါ်ခြင်း

,
 ။
===================================
နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ ဗုဒ္ဓဘာသာဝင်တွေအတွက် မြန်မာဘုန်းကြီးကျောင်းတစ်ခု အမှန်တကယ်ရှိသင့်ပါတယ် ။ နိုင်ငံရပ်ခြားမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော်လည်း မိမိအားကိုးရာဘာသာကို မမေ့မလျော့ပဲ ပိုမိုသက်ဝင်ယုံကြည်စေနိုင်တဲ့အပြင် ဗုဒ္ဓဘာသာကို လေ့လာလိုက်စားလိုတဲ့ နိုင်ငံခြားသားများအတွက်လည်း များစွာအဆင်ပြေလှပါတယ် ။

မော်စကိုမြို့တွင် မြန်မာဘုန်းတော်ကြီးကျောင်းတစ်ခု ပေါ်ထွက်လာမည်ဆိုပါက ဗုဒ္ဓဘာသာဝင်လူမျိုးများ မျှော်လင့်တောင်းတကြတဲ့ ၀ိပဿနာတရားပွဲများ ပုံမှန်ကျင်းပနိုင်ခြင်း ၊ ဗုဒ္ဓ၏အဆုံးမများဖြင့် သာသနာအရိပ်အောက်တွင် လုံခြုံစွာနေနိုင်ခြင်း ၊ ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်ပြီး စနစ်တကျ လေ့လာလိုက်စား ကျင့်ကြံလိုကြတဲ့ ရုရှားလူမျိုးများအတွက် ဘုရားဝတ်ပြု၊ တရားအားထုတ်နိုင်ခြင်း ၊ တရားပြရန် ကြွရောက်လာကြမည့် မထေရ်မြတ် သံဃာတော်များ အလွယ်တကူ သီတင်းသုံးနိုင်ခြင်း အစရှိတဲ့ သာသနာပြုလုပ်ငန်းများစွာ ဖြစ်ပေါ်လာမည့် အရေးအတွက် ယခုလို ကြုံကြိုက်လှတဲ့အချိန်အခါမျိုးတွင် စေတနာသဒ္ဒါထက်သန်စွာ ကုသိုလ်ပါဝင်လှူဒါန်းနိုင်ကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတယ် ရှင် ။
===================================
ကုသိုလ်ပါဝင်လှူဒါန်းလိုသည့် အလှူရှင်များအနေဖြင့် ဖော်ပြပါ တာဝန်ခံများထံ ဆက်သွယ်လှူဒါန်းနိုင်သလို ဆရာတော် အရှင်ဆေကိန္ဒ ထံသို့လည်း တိုက်ရိုက် လှူဒါန်းနိုင်ပါပြီ ရှင် ။

(၁) မော်စကိုမြို့ မှ ကို Moe Wai Yan Oo ထံ သို့ ဆက်သွယ် လှူဒါန်းနိုင်ပါတယ် >> https://www.facebook.com/moewaiyanoo

(၂) မြန်မာနိုင်ငံ မှ ဦး Yaung Ni Oo ၊ ဖုန်း 09-5064048 (via Bank - ဦးကျော်သူရ ၊ ၅/ခဥတ(နိုင်)၀၅၇၇၀၈ KBZ, လှည်းတန်း) (သို့မဟုတ်) ဒေါ် Yamin Thura ၊ ဖုန်း 09-5101509

(၃) စင်္ကာပူ မှ မဖြူဖြူခိုင် ၊ ဘဏ်အကောင့်နံပါတ် DBS Savings Plus 018-2-093363 နှင့် ဖုန်း +65 9489 4422
===================================
ကုသိုလ်ပါဝင်ကြသူ သူတော်ကောင်း အလှူဒါယကာ အပေါင်းတို့သည် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါး၏ စောင့်ရှောက်မှုအောက်မှာ အဝေရာဟောန္တု၊ အဗျာပဇ္ဇာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီအတ္ထနံ ပရိဟရန္တု ကြပါစေသတည်း။ ။

(( ဤပိုစ့်တွင်ပါဝင်သောစာအချို့သည် မောင်လေး ဖိုး သားလေး ထံမှ ကူးယူခြင်းဖြစ်ပါတယ် ))

ချစ်ခင်စွာဖြင့်
Ma Ma Sit

0 comments to “ရှရှားနိုင်ငံ ၊ မော်စကိုမြို့တွင် ဗုဒ္ဓဘာသာ သာသနာ ထွန်းကားဖို့အတွက် မြန်မာဘုန်းတော်ကြီးကျောင်း တည်ရှိနိုင်ရန် နေရာတစ်ခု ငှားရမ်း (သို့မဟုတ်) ၀ယ်ယူနိုင်ရန် အလှူရှင်များအား ရိုသေလေးစားစွာ ဖိတ်ခေါ်ခြင်း”

Post a Comment