Wednesday, November 6, 2013

မိုးသီးဇွန် စင်ပြိုင်လွှတ်တော် မိတ်ဆက်ခြင်း ခေါင်းစဉ်ဖြင့် ဟောပြောပွဲပြုလုပ်

,


 


       နိုဝင်ဘာ ၄ ရက်နေ့တော်ဝင်နှင်းဆီ စားသောက်ဆိုင် ရဲ့ သီရိခန်းမ မှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဦးဆောင်ပါဝင်ပြီး စင်ပြိုင်လွှတ်တော် မိတ်ဆက်ခြင်း ခေါင်းစဉ် နဲ့ ဟောပြောပွဲတစ်ခု ကျင်းပခဲ့တယ်လို့ မိုးသီးဇွန် ရဲ့ ကိုယ်ပိုင် ဘလော့မှာ ဖော်ပြထားတာကို တွေ့ရှိရပါသည်။

        ထိုဟောပြောပွဲသို့  အင်အား ၂၀၀ ခန့်သာ တက်ရောက်ခဲ့ပြီး  ABSDF အဖွဲ့ဟောင်း ကိုကိုအောင်မှ“မိုးသီးဇွန် မှာကျောင်းသား တပ်မတော် ကို ဖွဲ့စည်းပြီး အစိုးရ အားဆန့်ကျင်ခဲ့ကြောင်း ၊ ယခု အခါ အစိုးရဖိတ်ခေါ်ချက်ဖြင့် အမိမြေငြိမ်းချမ်းရေးအတွက် မစ်ရှစ်အဖွဲ့ဖွဲ့စည်းပြီး တိုင်းပြည်အတွက် အကျိုးရှိအောင် လုပ်ဆောင်ပေးဖို့ အတွက် ဖိတ်ခေါ်ခြင်းကြောင့် လာရောက်ခဲ့ရခြင်းဖြစ်ကြောင်း” ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

        ဆက်လက်၍ မိုးသီးဇွန်မှ “ယနေ့ တိုင်းပြည်တွင် ဒီမိုကရေစီ ရရှိလာပြီး ပြုပြင်ပြောင်းလဲမှုများမှာ မိမိတို့ကြောင့်သာဖြစ်ပြီး ဆက်စပ်မှု ရှိကြောင်း ၊ NLD ပါတီ က လွှတ်တော် ထဲမှာ အမတ် (၄၂)နေရာ ရရှိထားသော်လည်း အားမကိုးရကြောင်း ၊မိမိတို့ အနေနဲ့ စင်ပြိုင်လွှတ်တော် ဖွဲ့စည်းလိုခြင်းမျိုးမဟုတ်ပဲ ပြည်ထောင်စု လွှတ်တော်ကို အထောက်အကူပြုနိုင်ရန်အတွက်ရည်ရွယ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

0 comments to “မိုးသီးဇွန် စင်ပြိုင်လွှတ်တော် မိတ်ဆက်ခြင်း ခေါင်းစဉ်ဖြင့် ဟောပြောပွဲပြုလုပ်”

Post a Comment