Saturday, November 2, 2013

မျိုးစောင့်ဥပဒေကို စန္ဒာမင်းက အစ ဖြူဖြူသင်းက အဆုံး အရမ်း ကန့်ကွက်နေတာဆိုတော့ …

,




(ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် နှင့် Interview မှကောက်နုတ်ချက်)

မေး- မျိုးစောင့်ဥပဒေကို အန်တီဝိုင်းက တကယ်တင်မယ်လို့ အတိအကျ အသံထွက်လာတဲ့ အခါမှာ ဘယ်လို အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့ ခဲရပါသေးလဲ။ (ဇူးဇူးမေး)

ဖြေ- အန်တီဝိုင်း တကယ်တင်မယ် ဆိုတဲ့ဟာ ပါသွားတဲ့အခါ မီဒီယာတွေကမေး ဟိုကမေး ဒီကမေးတဲ့ အပြင် အမျိုးသမီးအဖွဲ့က စန္ဒာသန့်ပါတယ်။ ဆွေဆွေစိန်လတ်ပါတယ်။ ကျန်တဲ့သူတွေရော တော်တော်များများ ပါတယ်။ သူတို့ ဘယ်နှဖွဲ့ စည်းဝေးပြီး လုပ်ထားတာလဲတော့ မသိဘူးပေါ့နော်။ သူတို့က အန်တီ့ဆီကို ဖုံးဆက်တယ်။ အစည်းအဝေးလုပ်ချင်တယ်။ အန်တီဝိုင်းက လုပ်လေ ခေါင်းစဉ်ကဘာလဲလို့ မေးတော့ " မျိုးစောင့်ဥပဒေတဲ့ " ရပါတယ်။ ဒါပေမယ့် အဲဒီရက်က အားမအားမသိသေးဘူး ဆိုတော့ သူတို့ကပြောတယ်။ " အန်တီဝိုင်း အားမအား မသိဘူး။ မဖြစ်ဖူး။ အန်တီဝိုင်းက အဓိက ကျတယ် " လို့ပြောတော့ အန်တီဝိုင်း သဘောပေါက်တယ်။

ဒီဟာကို သူတို့က လုံးဝ ကန့်ကွက်တယ်ဆိုတာ မီဒီယာကနေ ထုတ်ဖော်နေတာလေ။

ဒါနဲ့ပတ်သက်ပြီးအန်တီဝိုင်းကို ထိပ်တိုက်လာရှင်းတာပဲ ဆိုပြီး သိတယ်။

သူတို့က NLD အမတ်တွေ အားလုံးဖိတ်မယ်။ တိုင်းရင်းသားအမတ်တွေ အမျိုးသမီးအမတ်တွေ လည်း အကုန်ဖိတ်ပြီးတော့မှ အန်တီဝိုင်းနဲ့ ဆွေးနွေးမယ်ဆိုတာ အန်တီဝိုင်းက

NLD အနေနဲ့ကလည်း စန္ဒာမင်းကအစ ဖြူဖြူသင်းတို့ အဆုံး ဒါကို အရမ်းကန့်ကွက်နေတာဆိုတော့ နောက်ဆုံးကြတော့ အန်တီဝိုင်း တစ်ယောက်တည်းနဲ့ သူတို့နဲ့ စကားစစ်ထိုးပွဲ ဖြစ်မှာပဲ သိတယ်။ သို့သော်ငြား ရတယ်ဆိုပြီး တွေ့ဖို့ ချိန်းလိုက်တယ်။ အန်တီနေတဲ့ စည်ပင်သာယာ ဧည့်ရိပ်သာပေါ့။ အဒိကိုလာကြပြီး အဲဒိစားသောက်ဆိုင်ရဲ့ ဘေးမှာ အစည်းအဝေးခန်းရှိတယ်။ အဲဒိမှာတွေ့ချင်တယ် ဆိုတော့ ရပါတယ်လို့။

အဲဒိကျတော့ ဘာပြောလဲဆိုတော့ စန္ဒာသန့်က စပြောတယ်။

" ဒီမျိုးစောင့်ဥပဒေကို တင်မယ်လို့ပြောတာသည်

နိုင် ငံ ရေး လုပ် စား တာ

လို့ သူတို့ဘက်က စွပ်စွဲမယ်တဲ့ " အန်တီဘာမှ မပြောဘူး။

ပြီးတဲ့အခါကျတော့ -

" လူ့အခွင့်အရေးကို ချိုးဖောက်တယ်။

ဘယ်ပဋိညာဉ်ကို ချိုးဖောက်တယ်။

စီဒေါကို ချိုးဖောက်တယ် ပေါ့ "

တစ်ခုပြီးတစ်ခု သူတို့က ပြောတယ်။ ပြောပြီးတဲ့အခါကျတော့ ဒါကြီးက နိုင်ငံတော်တွင်းမှာ ပဋိပက္ခ ဖြစ်အောင် ဖန်တီးတဲ့ ဖန်တီးချက်ကြီးပေါ့။ အဲဒိကျတော့ သူတို့က ဒါကို လက်သင့်မခံဘူး ဆိုတဲ့ သဘောပေါ့။

သူတို့ပြောပြီးတဲ့အခါကျတော့ အန်တီဝိုင်းက

" ငါကိုယ်တိုင်ပဲ အဲဒိမျိုးစောင့်ဥပဒေ တင်မယ်လို့ပြောခဲ့တယ်။"

ဘာဖြစ်လို့လဲဆိုတော့ ဒီဆရာတော် ဘုရားတွေရဲ့ ရည်ရွယ်ချက်သည် အကြောင်းရှိလို့သာပဲ ဒါကိုလုပ်တာအဲလို့ ကိုယ်က ယုံတဲ့အတွက်ရယ်။

နောက်တစ်ခါ အမျိုးဘာသာသာသနာနဲ့ ပတ်သက်ပြီးတော့ အခု တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့ အခြေအနေ မြန်မာပြည်မှာ ဖြစ်နေတဲ့ အခြေအနေ အားလုံးကို ကြည့်ပြီးတော့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး အတွက် လုံလုံခြုံခြုံ ကျစ်ကျစ်လျစ်လျစ် ဖြစ်ဖို့ကတော့ လိုအပ်တယ်။ တစ်ကယ်လို့သာ အားလုံးသဘောတူ ပြီးတော့ ဘယ်သူ့ဘယ်သူမှ မထိခိုက်တဲ့ ဥပဒေ ထွက်လာရင် နောင်အရှည်အတွက် သင့်တင့်ပြီးတော့ ကောင်းမွန်တဲ့ ဥပဒေကောင်းတစ်ခု ဖြစ်လာနိုင်တယ် လို့ ငါ ယုံတဲ့အတွက်မို့ ဒါကိုတင်မယ်။ အဲဒိလို ဆုံးဖြတ်ခဲ့တယ်။

" အခုငါ့ကို နိုင်ငံရေး လုပ်စားတယ်လို့ စွပ်စွဲစွပ်စွဲ

ဒိထက်ပြင်းထန်တဲ့
စွတ်စွဲပုတ်ခတ်မှုမျိုးနဲ့ စွတ်စွဲလည်း ငါက လုပ်မှာပဲ "လို့

အန်တီဝိုင်းက အဲဒီလိုပြောလိုက်တယ်။

(နိုင်ငံရေး လုပ်စားနေတာ ဘယ်သူတွေလဲ ? )

မျိုးစောင့်ဥပဒေပေါ်ထွက်လာမှာကို ဘာကြောင့် ဒီလောက် ခါးခါးသီး ဖြစ်နေရတာလဲ ?

ဖြေပေးပါ။

ကိုသီရိ

0 comments to “မျိုးစောင့်ဥပဒေကို စန္ဒာမင်းက အစ ဖြူဖြူသင်းက အဆုံး အရမ်း ကန့်ကွက်နေတာဆိုတော့ …”

Post a Comment