Thursday, November 7, 2013

ဆီးဂိမ်းဘောလုံးပြိုင်ပွဲအုပ်စုများ ရေးဆွဲ

,

ရန်ကုန် နိုဝင်ဘာ ၆
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အမျိုးသား အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်လာပြီဖြစ်သည်။ မဲနှိုက် ရေးဆွဲမှုအရ မြန်မာယူ-၂၃ အမျိုး သားအသင်းမှာ အုပ်စု(ခ)တွင် ထိုင်း၊ အင်ဒိုနီးရှား၊ တီမော၊ ကမ္ဘောဒီးယား တို့နှင့်အတူ ပါဝင်နေပြီး မြန်မာအမျိုး သမီးအသင်းမှာ ဗီယက်နမ်၊ အင်ဒို နီးရှား၊ ဖိလစ်ပိုင်တို့နှင့်အတူ ကျရောက် နေသည်။
အမျိုးသား ဘောလုံးပြိုင်ပွဲကို အသင်း(၁၀)သင်းစလုံး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု(က)တွင် လက်ရှိချန်ပီယံ မလေးရှား၊ ဗီယက် နမ်၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်း၊ အုပ်စု(ခ)တွင် အိမ်ရှင်မြန်မာ၊ အင်ဒို နီးရှား၊ ထိုင်း၊ တီမောနှင့် ကမ္ဘော ဒီးယားတို့ပါဝင်နေသည်။ အုပ်စုပွဲစဉ် များကို ဒီဇင်ဘာ ၂ ရက်တွင် စတင် ကျင်းပသွားမည်ဖြစ်ပြီး အုပ်စု (က)ပွဲစဉ်များကို နေပြည်တော်ရှိ ဇေယျာ သီရိကွင်းနှင့် မြန်မာအသင်း ပါဝင် သော အုပ်စု(ခ) ပွဲစဉ်များကို ရန်ကုန် မြို့ရှိ သုဝဏ္ဏကွင်းတွင် ကျင်းပသွား မည်ဖြစ်သည်။ မြန်မာအသင်းမှာ အုပ်စုအဖွင့်ပွဲအဖြစ် ဒီဇင်ဘာ ၇ ရက် တွင် ကမ္ဘောဒီးယားအသင်းနှင့် စတင် ကစားရမည်ဖြစ်သည်။
အမျိုးသမီး ဘောလုံးပြိုင်ပွဲကို အသင်းရှစ်သင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု(က)တွင် မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ အုပ်စု(ခ)တွင် ထိုင်း၊ လာအို၊ မလေးရှားနှင့် တီမောတို့ပါဝင်နေသည်။ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို မန္တလေးမြို့ရှိ အဆင့် မြင့်ဘောလုံးကွင်းတွင်ကျင်းပသွားမည် ဖြစ်ပြီး မြန်မာအသင်း အနေဖြင့် အုပ်စု တက်နိုင်မည်ဖြစ်သော်လည်း ဆီမီး ဖိုင်နယ်တွင် ပွဲမကျပ်စေရန်အုပ်စု ပထမရရှိရန် လိုအပ်နေသည်။
မြန်မာယူ-၂၃ အသင်းပွဲစဉ်များ
၇-၁၂-၂၀၁၃ မြန်မာ - ကမ္ဘောဒီးယား
၉-၁၂-၂၀၁၃ မြန်မာ - တီမော
၁၄-၁၂-၂၀၁၃ မြန်မာ - ထိုင်း
၁၆-၁၂-၂၀၁၃ မြန်မာ - အင်ဒိုနီးရှား
မြန်မာအမျိုးသမီးအသင်းပွဲစဉ်များ
၁၀-၁၂-၂၀၁၃ မြန်မာ - ဖိလစ်ပိုင်
၁၃-၁၂-၂၀၁၃ မြန်မာ - အင်ဒိုနီးရှား
၁၅-၁၂-၂၀၁၃ မြန်မာ - ဗီယက်နမ်

0 comments to “ဆီးဂိမ်းဘောလုံးပြိုင်ပွဲအုပ်စုများ ရေးဆွဲ”

Post a Comment