♦ သဘောတူညီချက်မူကြမ်းကို တင်ပြပြီးဖြစ်သည့်အတွက် ပြင်ဆင်စရာများရှိပါက ပြင်ဆင်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်မည် ဖြစ်ပါကြောင်း၊ လွှတ်တော်တွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာဆန်းစစ်ရေး ကော်မတီ ဖွဲ့စည်းထားပြီး ပြင်ဆင်စရာများရှိသည်များ ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊
ယခုမိမိတို့ ဆောင်ရွက်ရာတွင် တပ်မတော်၊ အစိုးရနှင့်လွှတ်တော်များက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖွဲ့စည်းရေး ဆွေးနွေးလျက် ရှိသည့်အပြင် တိုင်းရင်းသား အဖွဲ့ အစည်းများကိုလည်း လွှတ်တော်ပြင်ပမှ ပါဝင်ခွင့်ရရှိအောင် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အခွင့်အလမ်းအားလုံးကို ပေးထားပြီး ဖြစ်ပါကြောင်း။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ
------------------------------
♦ ယမန်နေ့ ညနေပိုင်းက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ပေးထားသည့်စာတမ်းကို မိမိတို့ ဆွေးနွေးသုံးသပ်ကြည့်သည့် အခါ ချက်ချင်းဆုံးဖြတ်ပေးနိုင်သည့် အနေအထား မရှိပါ ကြောင်း၊ မိမိတို့ခေါင်းဆောင်များထံ တင်ပြညှိနှိုင်းဆွေးနွေးပြီးမှသာ
လိုင်ဇာကွန်ဖရင့်၏ သဘောတူညီချက်အရ ရေးဆွဲထားသော စာတမ်းကိုလည်း အစိုးရအဖွဲ့ သို့ ပေးထားပြီးဖြစ်ပါကြောင်း၊ အားသာချက်၊ အားနည်းချက်များကို သုံးသပ်ပြီး၊ ပြန်လည် ရှင်းလင်းပြောကြားပြီး အားလုံးနားလည်မှုဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ပါကြောင်း။
ဦးနိုင်ဟံသာ
တိုင်းရင်းသား အဖွဲ့အစည်းများမှ အဖွဲ့ခေါင်းဆောင် မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေ
------------------------------
♦ လိုင်ဇာကွန်ဖရင့်တွင် စာတမ်းဖတ်ပွဲ ကျင်းပပြီး Techanical Team အဖွဲ့များက အကြံပြုစာတမ်း များရှိ ခေါင်းစဉ်များအောက်တွင် ပါရှိသော သဘောထားများမှာ နှစ်ဖက်ရေးဆွဲထားသော အချက်များ ပါဝင်ပါကြောင်း၊ အပစ်အခတ်ရပ်စဲရေး အတွက် စာချုပ်ချုပ်ဆိုနိုင်ရေးကို ခေါင်းဆောင်များ အားလုံးက Mendate ချထားပေးပြီး ဖြစ်ပါကြောင်း။
ဗိုလ်ချုပ်ဂွမ်မော်၊ ကေအိုင်အို
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အစည်းအဝေးအပြီးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲမှုများ ရပ်စဲရေးတွေ့ဆုံဆွေးနွေးပွဲ ပူးတွဲထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်နိုင်ခဲ့သည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
♦ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ သဘောထားအမြင်များ♦
''ဒီနေ့ဆွေးနွေးတာ ပထမအဆင့်လို့ ပြောလို့ ရတာပေါ့။ ဒီကနေ့ ကျွန်တော်တို့ ပြောလိုက်တဲ့ အချက်တွေ ရှိပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအဆင့် ရောက်ဖို့ အတွက် ပြုစုထားတဲ့မူကြမ်းပေါ့။ အဲဒါကို သူတို့ပြန်လည် ဆွေးနွေးသုံးသပ်ပြီးတော့ ဒုတိယအဆင့်မှာ သူတို့ဘယ်ဟာကို သဘောတူတယ်။ သဘောမတူဘူးဆိုတာ ဆွေးနွေး မယ်။
အားလုံးသဘောတူပြီးရင်တော့ လက်မှတ်ရေးထိုးတဲ့အဆင့် ရောက်သွားမှာပေါ့။ ဒီနေ့ ဆွေးနွေးပွဲကတော့ တစ်နိုင်ငံလုံး အနေအထားနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် အဓိက အဆင့်တစ်ဆင့်ကို ရောက်သွားတယ်လို့ ပြောလို့ရတာပေါ့''
''ဒီနေ့ဆွေးနွေးပွဲ အနေအထားရော၊ မနေ့က ဆွေးနွေးပွဲ အနေအထားကို ကြည့်ရင်တော့ အပစ်အခတ် ရပ်စဲရေးအတွက် အဖွဲ့တွေကလည်း စိတ်ဆန္ဒ အပြည့်အဝ ရှိတယ်လို့ သုံးသပ်ပါတယ်။
ကျွန်တော်တို့ တပ်မတော်ကလည်း အပစ်အခတ်ရပ်စဲချင်လို့ အထူးသဖြင့်တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လက်မှတ်ရေးထိုးနိုင်ဖို့ကို ထဲထဲဝင်ဝင် ဆောင်ရွက်ပြီး ငြိမ်းချမ်းရေး ရရှိအောင်လို့ ဆောင်ရွက်နေပါတယ် ''
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)
------------------------------
''လိုင်ဇာ ဆုံးဖြတ်ချက်တွေကို အစိုးရဘက်က လေ့လာမယ်။ ပြန်ပြီးတင်ပြတဲ့ သဘော တူညီချက် မူကြမ်းကို တိုင်းရင်းသားတွေက ပြန်လေ့လာပြီးတော့ ပြန်တွေ့ကြမယ်။ ဒါကလည်း ဒီဆွေးနွေးပွဲက အင်မတန် ကောင်းပါတယ်။ လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ ရပါတယ်။ သေနတ်နဲ့ပစ်မယ့်အစား ပါးစပ်နဲ့ဆွေးနွေးတာ ပိုကောင်းတာပေါ့။ ကျွန်တော် ပြောချင်တာကတော့ လူထုရော၊ ကမ္ဘာမှာရော အားလုံးက လောကြီးစရာ မလိုဘူး ထင်ပါတယ်။ သူတို့မျှော်လင့်တာ မြန်မြန်မလုပ်ဆောင်နိုင်လို့ စိတ်မပျက်စေချင်ပါဘူး''
ဦးခွန်ဆိုင်၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီမှ အကြံပေး
------------------------------
''၂ဝ၁၁ခုနှစ် သြဂုတ်လကစပြီး ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့တယ်။ ဖိတ်ခေါ်ပြီးနောက်ပိုင်းမှာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတယ်။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးတယ်၊ အဖွဲ့ (၁၄) ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲခဲ့ပြီး ကျန်တဲ့နှစ်ဖွဲ့နဲ့လည်း ဆွေးနွေးနေပါတယ်၊ ဒီဆွေးနွေးပွဲ တွေရဲ့ ရလဒ်က နေပြီးတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ စုစည်းပြီးတော့ အစည်းအဝေးပွဲ လုပ်ခွင့်ပေးခဲ့တယ်၊ အဲဒီအစည်းအဝေးပွဲ ရလဒ်ကနေပြီး တော့လည်း ဒီမှာပြန်ပြီး ဆွေးနွေးနိုင်ခဲ့တယ်၊ တင်ပြလိုတာကတော့ လွတ်လပ်ရေးရပြီး နောက်ပိုင်း ၆၅ နှစ် အတောအတွင်းမှာ ပဋိပက္ခကို လက်နက်နဲ့ဖြေရှင်းခဲ့တဲ့ တိုင်းရင်းသားတွေနဲ့ တာဝန် ရှိတဲ့သူတွေ ပထမဦးဆုံး ဆွေးနွေးနိုင်ခဲ့တဲ့အတွက် နိုင်ငံအတွက် ရလဒ်ကောင်းတွေ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ တစ်ဖက်နဲ့တစ်ဖက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တာ တွေလည်း Statement တစ်ခုထုတ်ပြန်နိုင်ခဲ့ပါတယ်၊ ဆက်တော့ဆွေးနွေးဖို့ လိုလိမ့်မယ်၊ အခုလိုနှစ်ဖက်ပူးပေါင်း ဆွေးနွေးတာကိုလည်း နှစ်ဖက်လုံး အသိအမှတ် ပြုတယ်၊ ဒီဇင်ဘာလမှာလည်း ဘားအံမှာ ဆွေးနွေးပြီးတော့ သိပ်အကြာကြီးမဟုတ်ဘဲ မြန်မြန် လက်မှတ်ရေးထိုးဖို့ လုပ်ပါ့မယ်လို့ ပြောတဲ့ အတွက် အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေး ပွဲကြီး မကြာခင်ဖြစ်လာလိမ့်မယ်လို့ ယုံကြည် ပါတယ်''
ဦးလှမောင်ရွှေ
မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center)
------------------------------
''အခုလို ပထမဦးဆုံးအကြိမ် စုံစုံညီညီ တွေ့ဆုံတာဖြစ်လို့ လက်မှတ်ထိုးတဲ့အဆင့်ကို မရောက်သေးသော်လည်း ကျွန်တော်တို့ ရှေ့ဆက် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေအတွက် အားလုံး လမ်းပွင့်သွားတာပေါ့။ ရှေ့မှာ အားလုံးပူးပေါင်း လုပ်ဆောင်သွားမယ် ဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးကို ညှိနှိုင်းပြီး လုပ်ဆောင်သွား နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်'
ဦးခိုင်သုခ
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ