Friday, November 1, 2013

Facebook ကို လွမ်းမိုး ခဲ့သူ - Chris Putnam

,

Faebook Comment Box ထဲမှာ :putnam လို့ ရိုက်လိုက် ရင် ထွက်လာ တဲ့ ခေါင်းပုံ ကို ကျနော် ဆိုရင် အစ က ဂျက်စတင် ဘီဘာ ခေါင်း လို့တောင် အနီးစပ် ဆုံး လျှောက်ထင် လိုက် ပါသေး တယ်။ သို့ပေမယ့် အဲဒါ မှားပါ တယ်။ အဲ့ဒီ Emotion icon ပိုင်ရှင် က Chris Putnam လို့ အမည် ရတဲ့ လူငယ်လေး ဖြစ်ပါတယ်။

Georghia Southern University မှာ တက္ကသိုလ် တက်နေစဉ် ၂၀၀၅ ခုနှစ် က Facebook ကို ဟက်ခဲ့ ပါတယ်။ အကောင့် ပေါင်း ၁ ထောင် ကျော်ရဲ့  Profile page ကို Myspace Social Network က ပုံစံ ဖြစ်အောင် ပြောင်း လဲခဲ့ပြီး Contat Detail အချို့  ကိုတောင် ဖျက်ခဲ့ ပါသေးတယ်။ Cross-site scripting ကို အသုံးပြု ခဲ့ခြင်း ဖြစ်ပါ တယ်။ သူ့ရဲ့ လုပ်ဆောင် ချက် ကို Facebook က ထောက်လှမ်း မိခဲ့ပြီး Co-founder ဖြစ်သူ Dustin Moskovitz က ခေါ်ယူ တွေ့ဆုံ ခဲ့ပါတယ်။ အလုပ်လုပ် ဖို့ အတွက် အကမ်းလှမ်း ခံရပြီး Facebook security နဲ့ Developing Team မှာ ထူးချွန် တဲ့ Engineer တစ်ယောက် ဖြစ် ခဲ့ ပါတယ်။

Facebook မှာ Photo Album တင်တာ နဲ့ ဗီဒီယို တင်တာတွေ ကို Chrit Putnam ဦးဆောင် ဖန်တီး ခဲ့တာ ဖြစ်ပါတယ်။ သို့ပေ မယ့် ကုမ္မဏီ မှာ စုစုပေါင်း ၄ နှစ် ပဲ လုပ်ကိုင် ခဲ့သူပါ။ သက္ကရာဇ် ၂၀၁၀ ခုနှစ်မှာ ကုမ္မဏီမှ ထွက်ခွာ ခဲ့ပါတယ်။ သူထွက်ပြီး နောက် Facebook chat, Comment မှာ လို့ ရိုက်ရင် Chris Putnam ရဲ့  ခေါင်းပုံစံ ပေါ်စေဖို့ Facebook က အမှတ် တရ ပြုလုပ် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

အောင်ခမ်း ( TSJ Team )

0 comments to “Facebook ကို လွမ်းမိုး ခဲ့သူ - Chris Putnam”

Post a Comment