Monday, November 11, 2013

မိုးစက်ဝိုင် ဘာဆု ရခဲ့သလဲ

,

မြန်မာနိုင်ငံ အနေနဲ့ နှစ်ပေါင်း ငါးဆယ် ကာလအတွင်းမှာ ပထမဆုံး အကြိမ် အဖြစ်ပါဝင်ဆင်နွဲခွင့်ရခဲ့တဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံမှာ ကြီးမှူးကျင်းပတဲ့ Miss Universe 2013 ပြိုင်ပွဲကြီး က  နိုဝင်ဘာ ၉ ရက်နေ့မှာ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီပွဲကို မြန်မာ နိုင်ငံကိုယ်စားပြု ပြိုင်တဲ့ မြန်မာ့ မိုးစက်ဝိုင် ကို မြန်မာ အများစုက ဆုအမျိုးအမျိုးတွက် မှန်းထားခဲ့ကြသလို ၊ သူမ ကိုယ်တိုင်လည်း ယုံကြည်မှု အပြည့် ၊ နိုင်ငံချစ်တဲ့ အပြည်နဲ့ကိုယ်စားပြု ၀င်ပြိုင်ခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ဒီပွဲမှာ မိုးစက်ဝိုင် ဘာတွေလုပ်ခဲ့လဲ ဘာ ဆုတွေ ရခဲ့လဲ ။
Miss Universe 2013 မှာ မြန်မာကိုယ်စားပြုမယ် မိုးစက်ဝိုင် ဘာဆုတွေ ရခဲ့သလဲဆိုရင်တော့ ဘာဆုမှ မရခဲ့ပါဘူး။ဒီအတွက် လည်း မျှော်လင့်ချက်တွေ ယုံကြည်ချက်တွေနဲ့ နိုင်ငံအတွက် ဂုဏ်ထူးဆောင် ဖို့ သွားခဲ့တဲ့ သူအတွက် စိတ်အားပျက်စရာ ဆိုပေမယ့် ဒါဟာ ပြိုင်ပွဲ တစ်ခု ရဲ့ ဖြစ်ရိုးဖြစ်စဉ်ဓမ္မတာ ဖြစ်သလို နိုင်ခြင်းရှုံးခြင်းဆိုတာဟာလည်း သဘာဝ အတိုင်းပဲမို့ ထူးပြီး မခံစားစေချင်ပါဘူး။လောကကြီးမှာ အကောင်း ၊ အဆိုးက အမြဲဒွန်တွဲနေတယ်ဆို အမှန်အကန်ဆုံးသော နိယာမ တစ်ခုပါ။အဓိက ကတော့ ခံယူရဲတဲ့ ခံယူတတ်တဲ့ စိတ်တစ်ခုရှိဖို့ပဲလိုတာပါ။ အခုလည်း မိုးစက်ဝိုင် ဆုမရခဲ့ဘူး ရှက်ပါတယ် ဆိုသလို ခပ်တိမ်တိမ် အတွေးတွေနဲ့ လှောင်နေသူတွေ ကို တွေ့မြင်နေရတော့ စိတ်ထဲဘ၀င်မကျတာနဲ့ဒီစာကို ရေးလိုက်တာပါ။
ပထမဆုံး အနေနဲ့ပြောရရင် ပြိုင်ပွဲဟာ ၁ ယောက်တည်း ပြိုင်ပြီး ပထမ ပေးတဲ့ ပွဲမျိုးမဟုတ်ပဲ နိုင်ငံပေါင်း ၈၆ နိုင်ငံက ၀င်ပြိုင်ကြတဲ့ ပွဲမှာ ဆုရသူလည်း ရှိသလို ဆုမရသူလဲ ရှိမှာပါပဲ။တကယ်တော့ ပြိုင်ပွဲဝင်တဲ့ အကြောင်းတရားတွေထဲမှာ ဆုရချင်တာ က  ကဏ္ဍတစ်ခုပါ။ အခြားသော ကဏ္ဍတွေကတော့မြန်မာကို ကမ္ဘာက သိစေဖို့ ၊ မြန်မာဆိုတဲ့ နာမည်တစ်လုံးအတွက် ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်လို့ အစကတည်းက mission complete ဖြစ်ပြီးသားပါ။ ကမ္ဘာမှာ မြန်မာ ကို လူအာရုံစိုက်လာအောင် သူမ လုပ်နိုင်ခဲ့တယ်။ မြန်မာ့ဂုဏ်ကို သူမ  ဖော်ပြခဲ့တယ်။ဒီအတွက် သူမဟာ ဆုမရခဲ့ပေမယ့် တာဝန်ကျေပြီးသားပါ။
ဒါနဲ့နည်းနည်းစပ်ဆက်ပြီးတော့ မိုးစက်ဝိုင် ဘာကြောင့်ဆုမရသလဲ ဆိုတာတော့ သိတဲ့သူတွေ မသိတဲ့သူတွေလည်းရှိမှာပါ။ ဒါလေးကို ပြောချင်ပါတယ်။ ပြိုင်ပွဲအတွက် ဆုရွေးချယ်ပွဲမတိုင်ခင်ည အထိတောင် မြန်မာက Voting  page မှာ ပထမ ရနေရာကနေ ဦးဆောင်နေပြီးတော့ ဆုကြေငြာမယ့်အချိန် နာရီ ပိုင်းအလိုမှသာ ဖြုတ်ချခြင်း ခံခဲ့ရတာပါ။ ဘာကြောင့်လဲဆိုတော့ မြန်မာတွေဟာမိုးစက်ဝိုင်ကို  Hacking Tools တွေသုံးပြီး Votes ပေးနေပါတယ်ဆိုတဲ့  Report တွေကြောင့်ပါ။ဒီ  Reports တွေကို ဘယ်သူတွေတင်တာလဲ ဆိုတော့ လည်း မြန်မာတွေပါပဲ။  မြန်မာ့  Image အတွက် မြန်မာက ပဲ ပုတ်ချ ခဲ့တာမို့ မိုးစက်ဝိုင် ဆုမရတာ ထူးပြီးတော့ ၀မ်းနည်းစရာ မရှိပါဘူး။ဒါပေမယ့် ဒီပွဲမှာ မိုးစက်ဝိုင် နိုင်ငံအပေါ်မှာ တာဝန်ကျေခဲ့ပါတယ်။ သူမ အတတ်နိုင်ဆုံး အစွမ်းကုန် ကြိုးစားပေးခဲ့ပါတယ်။ကမ္ဘာမှာ မြန်မာ ရယ်လို့ လူတွေ သတိထားမိအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။
ဒါပေမယ့် သူမ ဘာဆုမှ မရခဲ့တာ ကတော့ မြန်မာ နိုင်ငံက  Do not forget မောင်သာဖြိုး တွေကြောင့်

သာဖြစ်တာမို့ ဆုမရသော်လည်း စိတ်ပါလက်ပါ တာဝန်ကျေတဲ့ မိုးစက်ဝိုင် အတွက် စိတ်မကောင်းရုံမှ တစ်ပါး အခြားမရှိပါ။

- စန္ဒီမြင့်မောင်

0 comments to “မိုးစက်ဝိုင် ဘာဆု ရခဲ့သလဲ”

Post a Comment