Friday, November 1, 2013

KIA တပ်စခန်းတခု တပ်မတော်မှတိုက်ခိုက်သိမ်းပိုက်

,

=======================
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) တပ်ရင်း (၃၄) ဒေသ KIA တပ်ခွဲ (၁) တပ်ချထားသည့်လွယ်ခမ်ဘွမ် (Loi Hkam Bum) စခန်းကို တပ်မတော်မှ ယမန်နေ့ ကြာသပတေး ညနေ ၃ နာရီခွဲခန့်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း။

ခလရ တပ်ရင်း (၁၇) အင်အား ၁၀၀ ကျော်၊ စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် နှစ်ဖက်တပ်မှ ပြင်းထန်စွာပစ်ခတ်တိုက်ခိုက်ပြီးနောက် KIA မှ နောက်ဆုတ်လိုက်ရ။

မိုးကုတ်အခြေစိုက်တပ်ရင်းဖြစ်ပြီး ယခုချိန် ခလရ တပ်ရင်း (၁၇၊ ၉၅) တပ် များ ဆက်လက်လှုပ်ရှား နေကြောင်းသိရသည်။ တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှု အတည်မပြုနိုင်သေး။

တပ်မတော်သည် KIA တပ်ခွဲ (၁) ၏ တပ်စခန်းတွင်နေရာယူထားလျက်ရှိရာ KIA တပ်ဖွဲ့များကလည်း ၎င်းအနီးဝန်းကျင်တွင်ဆက်လက်ရှိနေဆဲဖြစ်ပြီး နှစ်ဖက်တပ်မှ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း သိရသည်။

၎င်း KIA တပ်စခန်းသည် အရေးပါသောနေရာတခုဖြစ်ပြီး ကျောက်မဲ၊ ခင်ခါဘက်မှ ထိုးစစ်လာသော အစိုးရတပ်အား ခုခံတိုက်ခိုက်နေသော နေရာကောင်းလည်းဖြစ်သည်။

တပ်မတော်နှင့် KIA တပ်များသည် ဆက်လက်ပြီး တပ်မဟာ (၃) မဘိန်းမြို့နယ်တွင်လည်း နည်းဗျူဟာ(၁) နှင့် KIA တပ်ရင်း (၁၂) ကြား ယမန်နေ့ ညနေ ၄ နာရီမှ မိုးချုပ်သည်အထိ ကောင်ဂျာရွာတွင် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း။
တပ်မတော်နှင့် KIA တပ်ရင်း ၁၂ ကြား လမ်းများပိတ်ပြီး နှစ်ဖက်တပ်မှ နေရာကွက်ကျား တိုက်ခိုက်မှုများဖြစ်ပွားနေဆဲဖြစ်ကြောင်း။

တဖက်တွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသော်လည်း အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁ ရက်ထိပြုလုပ်မည့် တနိုင်ငံလုံးအတိုင်းတာအပစ်ခတ်ရပ်စဲရေးကိစ္စဆွေးနွေးမည့် Ethnic Armed Organizations Conference တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီလာခံကို KIO ဌာနချုပ် လိုင်ဇာမြို့တွင် ပြုလုပ်နေဆဲဖြစ်သည်

0 comments to “KIA တပ်စခန်းတခု တပ်မတော်မှတိုက်ခိုက်သိမ်းပိုက်”

Post a Comment