Tuesday, November 5, 2013

ပြည်သူများ၏ အသံကိုနားထောင်ရမည်ဆိုသော်လည်း ပြည်သူများ၏ ဆန္ဒကို လိုက်လျောရန်မလိုဟု ဒေါ်စုပြောကြား

,

၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီရုံး၌ ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းထောက်များ တွေ့ဆုံမေးမြန်းစဉ် သတင်းထောက်တစ်ဦးမှမီတာခတက်သွားသည့်ကိစ္စနှင့်ပါတ်သက်၍ မေးမြန်းခဲ့မှုအပေါ် ပြုပြင်ပြောင်းလဲရေး
ကို သေသေချာချာမစဉ်းစားထား၍ဖြစ်ပြီး ပြည်သူများ၏ အသံကိုနားထောင်ရမည်
ဆိုသော်လည်း ပြည်သူများ၏ ဆန္ဒကို လိုက်လျောရန်မလိုဘဲ နိုင်ငံ၏ရေရှည်ကောင်းကျိုးအတွက်ဆိုလျှင် အမုန်းခံရဲရမည်ဟုပြောကြားခဲ့ခြင်းဖြစ်သည်။

လူတိုင်းကငြိမ်းချမ်းရေးကိုလိုလားကြကြောင်းစိတ်ထားမှန်သည့်သူများရှိသလို ငြိမ်းချမ်းရေးကိုမလိုလားသူ
များလည်းရှိကြောင်း၊ လူတိုင်းလူတိုင်းသည် နိုင်ငံရေးလုပ်မည်ဆိုလျှင် နိုင်ငံရေးလိပ်ပြာသန့်သန့်ဖြင့် လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်အတွက် ကောင်းသည်ဟုထင်မြင်လျှင် အမုန်းခံပြီး လုပ်ကိုင်နိုင်ရမည်ဖြစ်ကြောင်း အထက်ပါမေးမြန်းမှု၌ ပြောကြားခဲ့သည်။

အခြားသတင်းထောက်တစ်ဦးမှလည်း ပြည်သူ့လွှတ်တော်ဥက္ကဌ၏ သမ္မတအရည်အချင်း ကန့်သတ်ချက်များ ပြင်ဆင်သင့်သည်ဟု ပြောကြားခဲ့မှုနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ကာ ဒီမိုကရေစီသမားမှန်လျှင် အခြေခံဥပဒေပါ ပုဒ်မ ၅၉ အားပြောင်းလဲမှသာ ဒီမိုကရေစီသမားဖြစ်နိုင်ကြောင်း ဥက္ကဌကြီးအနေဖြင့် ဒီမိုကရေစီလိုလားသည်ကို သဘောကျကြောင်း ဖြေကြားခဲ့ပြီး ဥရောပခရီးစဉ်နှင့် ပါတ်သက်၍ မိမိက အင်္ဂလိပ်ဘာသာဖြင့်ပြောကြားခဲ့ပြီး မည်သူက မည်သို့ ဘာသာပြန်လိုက်သည်ကို မသိရှိကြောင်း၊ သတင်းထောက်တွေက မိမိကိုယ်တိုင်သိရှိအောင် အားစိုက်ရမည်ဖြစ်ပြီး မည်သည့်အကြောင်းပြောခဲ့သည်ကို ၄င်းတို့ကိုယ်တိုင် စုံစမ်းပြီး လေ့လာရမည်ဟု ပြောကြားခဲ့သည်။

0 comments to “ပြည်သူများ၏ အသံကိုနားထောင်ရမည်ဆိုသော်လည်း ပြည်သူများ၏ ဆန္ဒကို လိုက်လျောရန်မလိုဟု ဒေါ်စုပြောကြား”

Post a Comment