Friday, August 16, 2013
ကညာပြောသော ယူရမည့် ယောက်ျားအကြောင်း
,
၁။ ယောကျာ်းတစ်ယောက်အဖို့  ရုပ်ရည်ချောဖို့ မလိုပါဘူး၊ပိုက်ဆံလေးထောရင် ပြီးတာပါပဲ
Shopping မှာမ၀ယ်ဘဲ ဈေးကိုအနည်းဆုံး ၃ ပတ်လောက်လျှောက်ကြည့်တာကို မငြီးမငြူ
ဂျီးမထူပဲ လိုက်နိုင်ရင်တော်ပါပြီ။
၂။ ယောကျာ်းတစ်ယောက်အဖို့  သူအရင်နေခဲ့တဲ့အိမ် ကျယ်ကျယ် မကျယ်ကျယ်အရေးမကြီးပါဘူး။
လက်ထပ်ပြီးရင်နေမဲ့ အိမ်ကိုသာ ကြီးကြီးလေး ၀ယ်ထားရင် ပြီးတာပါပဲ။
၃။မင်္ဂလာဆောင်မဲ့ စရိတ်အတွက်လည်း ပူစရာမလိုပါဘူး။သူ့ မှာရှိတဲ့ ပိုက်ဆံအကုန်
ကိုယ့်လက်ထဲ အပ်ထားမယ်ဆိုရင် ကိုယ်က စိုက်ထုတ်ပေးမှာပေါ့။
၎။အသွင်မတူ အိမ်သူမဖြစ်တဲ့ ။ အသွင်တူအောင် သူကဘောပွဲကြည့်မယ်ဆိုရင် ကိုယ်က ဘောလုံးသမားတွေကို လိုက်ကြည့်လိုက်ပေါ့။တစ်ပွဲမှာ တစ်ယောက်တော့ အရမ်းချောမှာ သေချာတယ်။
 (ကညာ့ မန်ယူအသင်းမှာဆိုရင် ချောတဲ့သူတွေ များတယ်..အဟိ..ဂယ်ကျောတာ..)
၅။သူ့ ကျန်းမာရေးကို ဂရုစိုက်ပေးရမယ်နော်။အသားဓါတ်လိုရင် ပဲများများသာကျွေးပေါ့။
အသားစားလို့ သွားကိုက်ရင် သူအရမ်းခံစားနေရမှာပေါ့။ကိုယ့်ယောကျာ်းခံစားနေရရင် ဘယ်မိန်းမမှ မကြည့်ရက်ဘူးလေ။ဒါကြောင့် အသားဆိုရင် ကိုယ်သာအနစ်နာခံပြီး စားပြစ်လိုက်ပေါ့။
၆။ကိုယ့်ယောကျာ်းက ခေတ်နဲ့ တစ်ပြေးညီ ဖြစ်နေရင် နောက်မိန်းမယူသွားမှာကို စိုးရိမ်နေရလိမ့်မယ်။
အဲဒီတော့ ပုဆိုးနှစ်ထည် အင်ကျီ နှစ်ထည်လောက်ဆို လုံလောက်ပြီ။ကိုယ်ကတော့ ခေတ်နဲ့ အညီနေနိုင်
မှယောကျာ်း အချစ်မလျော့မှာမို့  လှတပတလေးဆို ၀ယ်သာဝယ်။ ဈေးနှုန်းဆိုတာ ကိုယ်ပြောမှ သူသိတာ မဟုတ်လား။
၇။ ထမင်းဟင်းချက်တဲ့ အခါမှာလည်း ချို၊ ချဉ်၊ ငန်၊ စပ်၊ ပျော့ ၊ တူး၊ မနပ်ဆိုတဲ့ စကားနဲ့ အညီ တစ်နေ့ တစ်နေ့ 
အရသာ မထပ်အောင်ချက်ကျွေးရမယ်နော်။ ကိုယ်က လုံးဝ မစားနိုင်ရင်တော့ တစ်ခုခု စားစရာ ၀ယ်ပြီး ချက်ပြုတ်နေတုန်း စားထားလိုက်လေ။ထမင်းဘာလို့  သိပ်မစားတာလဲ မေးရင်တော့ ၀ိတ်ချနေတယ်
လို့ ပြောလိုက်ပေါ့၊
၉။အိမ်သန့် ရှင်း လုပ်ရတာလည်း လွယ်ပါတယ်။ ရှုပ်ထားတာမှန်သမျှ လွှင့်သာပြစ်လိုက်။
နောက်ဆို ဘယ်သူမှ ရှုပ်အောင် လုပ်ရဲမှာ မဟုတ်တော့ဘူး။
၁၀။ကိုယ့်ကို အသက်တစ်မျှ တန်ဖိုးထားတဲ့ သူ့ ကို ကိုယ့်ဆီ ပိုက်ဆံမအပ်လို့  စိတ်မဆိုးလိုက်နဲ့ နော်။
Credit Card တွေကို သူ့ ဆီကနေ တောင်းထားလိုက်ပေါ့။
၁၁။သူက ကိုယ်လိုချင်တာ ၀ယ်ပေးဖို့  ငြင်းဆန်နေရင် ၊ ကိုယ့်ကို အလိုလိုက် အလျော့ပေးဖို့ တွန့် ဆုတ် နေရင်တော့  Holly Wood ကရွှေမင်းသမီးတစ်ယောက်မှာ ယောကျာ်းဘယ်နှစ်ယောက် ယူခဲ့တဲ့ စာရင်းလေး
လုပ်ပြီး သူ့ ကိုပြောပြဖို့ မမေ့နဲ့ နော်။
၁၂။ ဒီလူနဲ့  စိတ်သဘောထားချင်း မတိုက်ဆိုင်လို့  ကွာရှင်းချင်လည်း ကွာရှင်းလိုက်ပေါ့။
ကဲ ဘယ်လိုလဲ သူငယ်ချင်းကောင်း ယောင်းမတို့ ရေ…ကညာပြောတဲ့အချက်အားလုံးကိုထောက်ခံတယ်မလား.. ဟီဟိ.
0 comments to “ကညာပြောသော ယူရမည့် ယောက်ျားအကြောင်း ”
Post a Comment