skip to main  |
      skip to sidebar
        
      
        
      
အမေရိကန်တွင် Samsung ဖုန်းများရောင်းချခွင့် ရပ်ဆိုင်းရတော့မည်

 
 
 ၁၅.၈.၂၀၁၃၊ ကြာသပတေးနေ့
 
 ပြိုင်ဆိုင်မှုအင်အား ပြင်းထန်လာသော ကမ္ဘာကျော် မိုဘိုင်းလုပ်ငန်းစုကြီး 
နှစ်ခုဖြစ်သည့် ပန်းသီး(Apple) နှင့် Samsung တို့သည်ပြင်းထန်သည့် 
မိုဘိုင်းဈေးကွက် တိုက်ပွဲတစ်ခုကို ပြီးခဲ့သည့် သောကြာနေ့က အမေရိကန် 
နိုင်ငံတွင်ရင်ဆိုင်ခဲ့ကြ သည်။အဆိုပါ တိုက်ပွဲတွင် Samsung ဘက်မှ 
အရေးနိမ့်ခဲ့ကြောင်းကို ပန်းသီးအင်တာနက် စာမျက်နှာအချို့တွင် 
ကြေညာခဲ့ကြောင်းသိရသည်။ အဆိုပါ အရေးနိမ့်မှုကြောင့် Samsung တံဆိပ် 
မိုဘိုင်း ပစ္စည်းအချို့ အမေရိကန်နိုင်ငံတွင် ရောင်းချခွင့် ပိတ်ပင်ခံ 
ရနိုင်ဖွယ်ရှိကြောင်းလည်း သိရှိရသည်။
 
 လက်ရှိအချိန်တွင် 
အမေရိကန်နိုင်ငံရှိ မိုဘိုင်းဈေးကွက် စစ်တမ်းများအရ ပန်းသီး Apple ထက် 
Samsung မှာ ရောင်းချ မှုအားအကောင်းဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့ သည်။ 
ထို့ကြောင့် ၎င်းတံဆိပ် နှစ်မျိုးစလုံးကို အမေရိကန် နိုင်ငံရှိ အပြည် 
ပြည်ဆိုင်ရာ ကုန်သွယ်မှုကော်ပိုရေးရှင်း (ITC) မှ 
ဦးဆောင်စစ်ဆေးမှုများပြုလုပ်ကာ အဆိုပါ တံဆိပ်နှစ်မျိုးစလုံး၏ အား 
နည်းချက်၊အားသာချက်များအား ထုတ်ဖော်ကြေညာပေးခဲ့သည်။ ယင်းကဲ့သို့ စစ်ဆေး 
ထုတ်ဖော်မှုပြု လုပ်ရာတွင် Samsung ဘက်မှ နည်းပညာအချို့မှာ ပန်းသီး Apple 
နည်းပညာအချို့ကို တုပပြုလုပ်ထားကြောင်း လည်းတွေ့ရှိခဲ့ကြ 
သည်။၎င်းစစ်ဆေးမှုတွင်ပန်းသီး (Apple) ကို Samsung က 
ရှုံးနိမ့်သွားခဲ့သောကြောင့် ၎င်းအမှတ် တံဆိပ်ပစ္စည်း အချို့ကို 
အမေရိကန်နိုင်ငံတွင် ရောင်းချခွင့် ရပ်ဆိုင်းရတော့မည်ဖြစ်သည်။
 
 
ယခင်နှစ်များကလည်း အဆိုပါအင်အားကြီး မိုဘိုင်း လုပ်ငန်းစုနှစ်ခုမှာ 
ယှဉ်ပြိုင်မှုများနှင့် ပိတ်ဆို့မှုများ ရှိခဲ့သော်လည်း Samsung မှာ 
အရှိန်အဟုန်ကြီးစွာဖြင့် ထိုးဖောက်နိုင်မှုကြောင့် မိုဘိုင်းဈေးကွက်တွင် 
ထိပ်ဆုံး နေရာ၌ ရပ်တည် မြဲ ရပ်တည်နိုင်ခဲ့သည်။ ယခုအချိန်တွင် အမှန်တကယ် 
Samsung မိုဘိုင်းပစ္စည်းများ ရောင်းချခွင့်ရပ်ဆိုင်းရပါက ၎င်း 
အတွက်ကြီးမားသောဈေးကွက် ဆုံးရှုံးမှုဖြစ်မည်ဟု Samsung ပရိသတ်များ၏ အင်တာ နက်
 စာမျက်နှာ များ တွင်ရေးသားထားသည်ကို တွေ့ရှိရသည်။ ဈေးကွက်အတွင်း 
နေရာအခိုင်အမာရရှိနေပြီးမှ ယခုလိုရောင်းချခွင့် ရပ်ဆိုင်းရတော့ 
မည်ဆိုသည့်အတွက် Samsung ၏ ကမ္ဘာအနှံ့အပြားရောင်းချရမှုတွင် နိုင်ငံကြီး 
တစ်နိုင်ငံစာမှ ဝင်ငွေ ဆုံးရှုံးမှုမှာလည်း ကြီးမားလွန်းလှသောကြောင့် ပန်းသီး
 (Apple) အားတန်ပြန်တိုက်ခိုက်သည့် အနေဖြင့် အဆိုပါ Samsung လုပ်ငန်း 
အခြေစိုက်နိုင်ငံ တစ်ခုဖြစ်သည့် တောင်ကိုရီးယားနိုင်ငံတွင်လည်း ပန်းသီး ကို
 တန်ပြန် ပိတ်ဆို့မှု များ ပြုလုပ်သွားမည်ဟု Samsung 
ပရိသတ်စာမျက်နှာများတွင် ဖော်ပြထားသည်။
 
 မည်သို့ပင်ဖြစ်စေ အဆိုပါ 
အင်အားကြီးမိုဘိုင်း လုပ်ငန်းစုနှစ်ခု၏ တိုက်ပွဲများမှာ 
အဆုံးသတ်နိုင်ဦးမည်မဟုတ်ပါ။ ပန်းသီးအနေဖြင့်လည်း Samsung နည်းပညာများကို 
တုပထုတ်လုပ်ထားခြင်းမျိုးကို ပန်းသီး၏ မိုဘိုင်းပစ္စည်း အချို့ တွင် 
တွေ့ရှိရသည်ဟု သိရှိရသည်။ ။
 
 သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း