Friday, August 16, 2013

သမ္မတရဲ့ ဖွံ့ဖြိုးရေး လမ်းညွှန်မြေပုံ သမ္မတရုံး ဝန်ကြီး များက မွန်ပြည်နယ် အစိုးရအား ရှင်းလင်း တင်ပြ

,

=======================================
15/8/2013

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ၄င်း၏ သမ္မတ သက်တမ်း တဝက်၌ စတင် ချမှတ် ခဲ့သည့် နိုင်ငံ ဖွံဖြိုးရေး အတွက် လမ်းညွှန်မူ (၇) ချက်ကို မွန်ပြည်နယ် အစိုးရအား ပထမဆုံး လာရောက် ရှင်းလင်း တင်ပြ ခဲ့ကြောင်း ၄င်း ရှင်းလင်းပွဲအား တက်ရောက် ခဲ့သည့် မွန်ပြည်နယ် စီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုး တိုးတက်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးမှ ပြောသည်။

“ကိုယ့်ရဲ့ ပြည်နယ်မှာ နေထိုင် နေကြတဲ့ လူထု တွေက သူတို့ဒေသ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ဘာများ လုပ်ဆောင် ချင်သလဲ ဘယ်လို စီးပွား ရေးမျိုး လုပ်ချင် သလဲ ဆိုတာ ပြည်နယ် အစိုးရကအောက်ခြေ အထိ သွားပြီး ပြည်သူ များရဲ့ ဆန္ဒကို ယူပြီး ပြည်ထောင်စု အစိုးရထံ တင်ပြ သွားရန်မှာကြား သွားတယ်” ဟု ၄င်းရှင်းလင်း တင်ပြ ပွဲအား တက်ရောက် ခဲ့သည့် မွန်ပြည်နယ် စီးပွား/ စီမံ ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးက ပြောသည်။

ယမာန်နေ့က မော်လမြိုင် မြို့၌ ပြုလုပ်သည့် အဆိုပါ အခမ်းအနားသို့ပြည်နယ်အဆင့်၊ ခရိုင် အဆင့် ဌာန ဆိုင်ရာ ဝန်ထမ်းများ၊ ၁၀ မြို့နယ်မှ စီမံခန့်ခွဲကော်မတီ များနှင့် မြို့နယ် အလိုက် ဒေသ အထောက်အကူပြု ကော်မတီဝင်များ တက်ရောက် ခဲ့ကြသည်။

အဆိုပါ သမ္မတ၏ နိုင်ငံ ဖွံဖြိုးရေး အတွက် လမ်းညွှန်မူ (၇) ချက် ရှင်းလင်း တင်ပြ ပွဲကို သမ္မတ ဝန်ကြီးများ ဖြစ်ကြသည့် ဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်း တို့မှ လာရောက်ကာ ရှင်းလင်း ခဲ့ခြင်း ဖြစ်ပြီး မွန်ပြည်နယ်သည် ပထမဆုံး လာရောက် ရှင်းလင်း တင်ပြ ခဲ့သည် ပြည်နယ် ဖြစ်သည်။

ဒေသတွင်း စီးပွားရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်ချက် များကို ရယူကာ ပြည်ထောင်စု အစိုးရထံ တင်ပြ နိုင်ရေးကိုပြည်နယ် အစိုးရ အဖွဲ့က ဦးဆောင် ပေးသွား ရမည် ဖြစ်ကာ ၄င်းအတွက် လိုအပ်သော လုပ်ငန်းစဉ်များ လုပ်ဆောင် နိုင်ရေး လာရောက် ရှင်းလင်း ခဲ့ခြင်းလည်း ဖြစ်သည်။

ရှင်းလင်း တင်ပြ သွားသည့်သမ္မတ လမ်းညွှန်မူ များထဲတွင် လျှပ်စစ်မီး ၊ သောက်သုံးရေး၊ စိုက်ပျိုးရေး၊ အလုပ်အကိုင် ရရှိရေး ၊ ခရီးသွား လုပ်ငန်း ၊ ငွေကြေး လုပ်ငန်းနှင့်ကုန်သွယ်မှု ရင်းနှီး မြုပ်နှံမှု ကဏ္ဍများ ပါဝင်ကြောင်း သိရသည်။

ယနေ့ တွင်လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မှလည်း ၄င်း၏ ကျန်ရှိ နေသေးသည့် အစိုးရ သက်တမ်း အတွင်း သောက်ရေ ရရှိရေး၊လျှပ်စစ်မီး ရရှိရေး၊ အလုပ်အကိုင် ရရှိရေးနှင့်လမ်းပမ်း ဆက်သွယ်ရေး သွားလာမှု အဆင်ပြေ စေရေး စသည့် လူထု များအား တိုက်ရိုက် အကျိုး ပြုမည့်လုပ်ငန်း များအား လုပ်ဆောင် သွားရန်လည်း ယနေ့ ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်း ပြောကြားသွားခဲ့သည်။

ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် များအတွက် ၄င်းကိုယ်တိုင် ဦးဆောင် လုပ်ကိုင် တော့မည် ဟုလည်း သမ္မတက ပြောဆို သွားသည်။

"ဒီနေ့က စပြီး နိုင်ငံတော် အဆင့် ပြုပြင် ပြောင်းလဲရေး ဦးဆောင် ကော်မတီကို သီးခြား ဖွဲ့စည်းပြီး ကျွန်တော် ကိုယ်တိုင် ဦးဆောင် အာရုံစိုက် လမ်းညွှန် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်" ဟု သမ္မတက ပြောသည်။

ထို့ပြင် ဦးသိန်းစိန်မှ ၄င်းတို့ ဦးဆောင်သော အစိုးရ အဖွဲ့၏ အစိုးရ အဖွဲ့ဝင် များ၏စီမံ ခန့်ခွဲမှု အားနည်း ချက်များ၊ အုပ်ချုပ်မှု စွမ်းဆောင်ရည် အားနည်းမှုနှင့် အဂတိ လိုက်စားခြင်းတို့ ရှိကြောင်း ထောက်ပြ ပြောဆို ထားသည်။

အဆိုပါ နိုင်ငံ ဖွံဖြိုးရေး လမ်းပြ မြေပုံ (၇) ချက်အား ပြီးခဲ့သည့် သြဂုတ်လ၉ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က နေပြည်တော်၌ ဝန်ကြီးများ ပြည်နယ်နှင့်တိုင်း ပြည်နယ် ဝန်ကြီး များနှင့်တွေ့ဆုံစဉ် ချမှတ် ခဲ့ခြင်းသည်။

0 comments to “သမ္မတရဲ့ ဖွံ့ဖြိုးရေး လမ်းညွှန်မြေပုံ သမ္မတရုံး ဝန်ကြီး များက မွန်ပြည်နယ် အစိုးရအား ရှင်းလင်း တင်ပြ”

Post a Comment