Thursday, August 8, 2013

International Medical Health Care & Insurance Expo 2013 ပြပွဲကျင်းပ

,

ရန်ကုန်   သြဂုတ်   ၆
ယနေ့ နံနက် ၁ဝ နာရီတွင် International Medical Health Care & Insurance Expo 2013 ပြပွဲကို ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြပွဲ၏ ဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးသန်းမြင့်၊ ရန်ကုန်တိုင်း ဒေသကြီး လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန  ဝန်ကြီး ဦးအောင်ခင်နှင့် First Nationalမှ MD ဦးကျော်ဆန်းတို့ တက်ရောက်၍  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ပြပွဲတွင် Health Care ကို အဓိကထား၍ ဆေးနှင့် ဆေးဝါးဆိုင်ရာ ကုမ္ပဏီများ၊ အာမခံ ကုမ္ပဏီများနှင့် ဓာတ်ခွဲခန်းများ စုစုပေါင်း ကုမ္ပဏီ ၂ဝ ကျော်မှ ဆိုင်ခန်းပေါင်း ၃ဝ ကျော် လာရောက်ပြသ ခဲ့ကြောင်း သိရသည်။
ထို့နောက် မွန်းတည့် ၁၂ နာရီတွင် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် များ၏ ကျန်းမာရေး ဆိုင်ရာ ဗဟုသုတများနှင့် အာမခံ လုပ်ငန်းများဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ ခဲ့သည်။
အဆိုပါ ပြပွဲတွင် ကျန်းမာရေးသည် လူတိုင်းသိရှိလေ့လာ ထားသင့်သောအရာ ဖြစ်ပြီး  အာမခံ လုပ်ငန်းများတွင်လည်း မိမိ၏ ပိုင်ဆိုင်မှုကို အာမခံ ထားရှိရုံဖြင့် ကောင်း မွန်သော အကျိုး ကျေးဇူးများ ရရှိနိုင်မည်ကို ပြည်သူများ သိရှိနိုင်စေရန် ရည်ရွယ်ကြောင်း T.I.T Co., Ltd. (Exhibition-Organizer) မှ  ဒါရိုက်တာ ဒေါ်ကေသီသန်း က ပြောကြားခဲ့သည်။
အဆိုပါ ပြပွဲကို သြဂုတ် ၆ ရက်နှင့် ၇ ရက်တို့တွင် နံနက် ၁ဝ နာရီမှ ညနေ ၆ နာရီအထိ ကျင်းပသွားမည် ဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု လေ့လာနိုင် ကြောင်း  သိရသည်။
မိုးမိုးကြည်


Source___MWD

0 comments to “International Medical Health Care & Insurance Expo 2013 ပြပွဲကျင်းပ ”

Post a Comment