Thursday, August 8, 2013

ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး မိသားစု များမှ ရေဘေးသင့် ပြည်သူများသို့ အဝတ် အထည်များ ပေးအပ် လှူဒါန်း

,

နေပြည်တော် သြဂုတ် ၆
မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်း ခဲ့မှုကြောင့် ရေကြီး နစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည့် ကရင်ပြည်နယ် မြဝတီမြို့ရှိ ရေဘေးသင့် ပြည်သူများအတွက် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး မိသားစုများနှင့် အလုပ်သမား သံအရာရှိများက စုပေါင်းလှူဒါန်းသည့် ထိုင်းဘတ်ငွေ ၂၅ဝ၈၇၅ တန်ဖိုး ရှိ စောင်၊ ခြင်ထောင်နှင့် အဝတ်အထည် မျိုးစုံတို့အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က သြဂုတ် ၅ ရက် နံနက် ၁၁နာရီ အချိန်တွင် မြဝတီမြို့ ချစ်ကြည်ရေး တံတားသို့ လာရောက်ပေးပို့ လှူဒါန်းရာ မြဝတီမြို့ရှိ အလုပ် သမား ညွှန်ကြားရေး ဦးစီးဌာန ပတ်စ်ပို့ထုတ် ပေးရေးရုံးမှ စခန်း တာဝန်ခံ အရာရှိ ဦးမိုးအောင်ခိုင်နှင့် တာဝန် ရှိသူများက လက်ခံရယူ ခဲ့ကြောင်းနှင့် ရေဘေးသင့် ပြည်သူ များသို့ ဆက်လက် ပေးအပ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

0 comments to “ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး မိသားစု များမှ ရေဘေးသင့် ပြည်သူများသို့ အဝတ် အထည်များ ပေးအပ် လှူဒါန်း ”

Post a Comment