Thursday, August 15, 2013

Hot News မှာ NLD က ဘုရားလို ကိုးကွယ်တဲ့ ဒေါ်စုအကြောင်းပါလာ

,


ဦးကောင်းမြတ်ထွဋ်ရဲ့အသံဖိုင်အွန်လိုင်းပေါ်ရောက်လာပြီးတဲ့နောက်မှာဂျာနယ်တွေမှာ ဖော်ပြလာတဲ့အချက်
တစ်ချက်ပဲဖြစ်ပါတယ်။ဒီအခြင်းအရာ နဲ့ ပတ်သတ်ပြီးတော့ ဦးကောင်းမြတ်ထွဋ် Hot News က ဆက်သွယ်မေးမြန်းခန်းမှာ "မိမိပြောတာကို မိမိတာဝန်ယူရဲကြောင်း" နဲ့"ဖြစ်လာသမျှကို လည်း တရားတဘောင်နဲ့ ရှင်းသွားဖို့ စီးစဉ်ပြီးသား" လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မီဒီယာတွေ အနေနဲ့လည်း ရေးမယ်ဆိုရင်တရားဝင် ရေးလို့ရကြောင်း ၎င်း မှ အတည်ပြု ပြောဆိုခဲ့ပါတယ်။ဒီထွက်ရှိလာတဲ့ အသံဖိုင် မှာ ပါဝင်တဲ့ "NLD ဘုရားလို ကိုးကွယ်နေတဲ့ အမေစု တွေဘာတွေလုပ်မနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆိုရပြီ" ဆိုတဲ့ အချက်တစ်ချက်ဟာ NLD ပါတီဝင် တွေအပေါ် အနာပေါ်တုတ်ကျသလို ဖြစ်ပြီး ဆွေ့ဆွေ့ခုန် မကျေမနပ်ဖြစ်နေတယ်လို့ နီးစပ်ရာ အသိုင်းအ၀ိုင်းတွေက ပြောဆိုနေကြတာတွေလဲ ကြားရပါတယ်။ဒါအပြင် ပြင်ဦးလွင်က မခိုင်ဝတ်ရည်သန္တာမောင်လို NLD ပါတီဝင်အချို့ရဲ့ ဦးကောင်းမြတ်ထွဋ်အပေါ်  ကိုယ်ထိလက်ရောက် ရန်ရှာ မှုတွေလဲ ရှိလာနိုင်တယ်လို့ ၎င်းအတွက် စိုးရိမ်သူတစ်ဦးမှ ပြောကြားသွားပါသည်။

0 comments to “Hot News မှာ NLD က ဘုရားလို ကိုးကွယ်တဲ့ ဒေါ်စုအကြောင်းပါလာ”

Post a Comment