Thursday, August 15, 2013

ဆရာ မင်းလူ ဆုံးပြီ

,



    ၁၄.၈.၂၀၁၃ ရက်နေ့ ည ၁၁:၄၅ မိနစ်လောက်မှာ စာရေးဆရာ ဆရာမင်းလူ ဆုံးပြီ ဆိုတဲ့ အကြောင်းကို ဆရာမင်းလူ၏သမီးယုယ ရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်

။မြန်မာပြည်ကကလောင်တစ်လက် ပျောက်ဆုံးသွားတာမို့သူကိုချစ်တဲ့ပရိတ်သတ်ကတော့
 နှမြောတသ ခြင်းများစွာဖြင့် မိသားစု နဲ့အတူ ထပ်တူဝမ်းနည်းကြောင်း သက်ဆိုင်ရာ မိမိ ကိုယ်ပိုင်စာမျက်နှာ ရဲ့ status တွေမှာ
အများအပြား ရေးသားထားကြတာကိုလဲ တွေ့ရပါတယ်။

၁၉၈၀ ခုနှစ်များကတည်းက ထင်ရှားသည့် အချစ်နှင့် ဘ၀သရုပ်ဖော် ၀တ္ထုရေးဆရာ၊ သရော်စာရေးဆရာ၊ ကဗျာဆရာ မင်းလူ ဟာ "စာရေးတယ်ဆိုတာ နှလုံးသားထဲကခံစားချက်ကို ဦးနှောက်ဆီကိုပို့၊ သွေးကြောအတိုင်းလက်ဖျားဆီ စီးဆင်းသွားပြီး ဖောင်တိန်ကတစ်ဆင့် စာရွက်ပေါ်မှာ သင်္ကေတတွေ ထင်ဟပ်စေတာ။လက်ချောင်းတွေရယ်၊ ဖောင်တိန်ရယ်၊ စာရွက်တွေရယ် တိုက်ရိုက်ထိတွေ့နေရမှ စာလုံးတွေထဲမှာ အသက်ဝိညာဉ်ဖြစ်ထွန်းလာနိုင်တာလို့ ယူဆ စွဲလမ်းနေတယ်"လို့ အက်ဆေးတစ်ပုဒ်မှာ ရေးသားခဲ့ဖူးပါတယ်။


ဆရာ မင်းလူ ရေးသားခဲ့တဲ့ စာအုပ်များထဲမှ အချို့ကို ထုတ်နှုတ်ပြရမယ်ဆိုရင်ဖြင့်

  1.     သင်္ခါရများ
  2.     ခေါင်းလောင်းထိုးသောဝတ္ထုတိုများ
  3.     အချစ်လို့အဓိပါယ်သက်ရောက်ခြင်းမရှိစေရ
  4.     ငိုအားနဲ့ရယ်အား
  5.     ခြေစစ်ပွဲများ
  6.     အဖွားကြီးသုံးယောက်နဲ့စကားပြောခြင်း (၀တ္ထုတို)
  7.     ဒေ၀တာမြို့တော်
  8.     မင်းလူ-စိန်အလွမ်း
  9.     ခြေစစ်ပွဲများ – ၀တ္ထုတို
  10.     ညာဏ်စမ်းပုစ္ဆာ-၀တ္ထုတို
  11.     ဖူးစာရှင်ကိုရွေးတော့မည်-၀တ္ထုတို (
  12.     ပြတိုက်ထဲက ပြဇာတ် (
  13.     ငါးလေးတစ်ကောင်ဖမ်းမိတယ် – ၀တ္ထုတို
  14.     ချစ်မြှားရှင်အစ ချစ်မြှားရှင်အဆုံး
  15.     အမုန်းအလိုမရှိ
  16.     ရေတမာ
  17.     ရယ်မောခြင်းလက်ကျန်
  18.     အနာဂတ် ကုမ္မဏီလီမိတက်
  19.     ဂန္တ၀င်အိပ်မက်
  20.     အောင်ဘာလေ
  21.     သူငယ်ချင်းတစ်ယောက်အကြောင်း
  22.     မင်းမဆိုးပါဘူး
  23.     အချစ်သည် သက်တော်ရာကျော်ရှည်ပါစေသတည်း
  24.     နှလုံးသား ၃၈၀/၅၄
  25.     ခိုးခိုးခစ်ခစ်
  26.     အချစ်ကြီးတော့ရူးတော့သည်
  27.     ပန်းကျောင်း
  28.     ဘောအေးတိုက်ပွဲ
  29.     လမ်းဖြတ်ကူးသောဝတ္ထုတိုများ
  30.     လေထန်ဖုံး
  31.     ဒေယတာမြို့တော်
  32.     အီးကော်လာ
  33.     သင်္ခါရအခွင့်အရေး
  34.     ကံကော်နီ
  35.     ယမကာလုလင်
  36.     ပြတိုက်ထဲကပြဇတ်
  37.     ချစ်သောပန်းကလေး
  38.     အသံထွက်ကုထုံး
  39.     ကျမ်းကိုစာရင်း
တို့ဖြစ်ပါတယ်။

ဆရာမင်းလူ ၏ ကိုယ်ရေးရာဇ၀င်
မင်းလူ (၁၉၅၄)

၁။ အမည်ရင်း - မောင်ဉာဏ်ပေါ်
၂။ မိဘအမည် - ဦးသာဓု + ဒေါ်ခင်ညို
၃။ မွေးသက္ကရာဇ် - ၁၉၅၄ ခုနှစ်၊ မေလ ၁၈ ရက်
၎။ မွေးဖွားရာဒေသ - အမှတ် (၁၄၇)၊ (၄၇)လမ်း ရန်ကုန်မြို့
၅။ ကလောင် အမည်ခွဲများ - တောကျောင်းဘုန်းကြီး

ကိုယ်ရေး ဖြစ်စဉ်

      မင်းလူကို စာရေးဆရာ ရုပ်ရှင် ဒါရိုက်တာ ဦးသာဓု၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ညို တို့မှ ရန်ကုန်မြို့ အမှတ် (၁၄၇) (၄၇)လမ်းတွင်
 မေ ၁၈ ရက်နေ့ ၁၉၅၄ ခုနှစ်၌ မွေးဖွားခဲ့သည်။ မွေးချင်းလေးယောက်အနက် အငယ်ဆုံး ဖြစ်သည်။ အမည်ရင်းမှာ မောင်ဉာဏ်ပေါ် ဖြစ်သည်။
      ၁၉၅၉ ခုနှစ်မှ ၁၉၆၈ ခုနှစ် အထိ စိန်ပေါ အထက်တန်းကျောင်း (နောင် အထက (၆)၊ ဗိုလ်တထောင်) ၌ ပညာ သင်ကြား ခဲ့သည်။ ၁၉၆၈
 မှ ၁၉၇၂ အထိ အထက (၁) သင်္ကန်းကျွန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာ သင်ကြားခဲ့ပြီး အခြေခံ ပညာ အထက်တန်း အောင်မြင် ခဲ့သည်။
 ကျောင်းသား ဘဝတွင် စာပေ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ အတွင်းရေးမှူးနှင့် သိပ္ပံပညာ အသင်း တွဲဖက် အတွင်းရေးမှူး အဖြစ် ဆောင်ရွက် ခဲ့သည်။
      ၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်ထိ ရန်ကုန် တက္ကသိုလ်တွင် တက်ရောက် သင်ကြားပြီး ဝိဇ္ဇာဘွဲ့ (ဒဿနိက ဗေဒ) ကို ရရှိခဲ့သည်။ တက္ကသိုလ်
 နံရံကပ် စာစောင်နှင့် နှစ်ပတ်လည် မဂ္ဂဇင်း တို့တွင် တောရကျောင်း ဘုန်းကြီး အမည်ဖြင့် ကဗျာများ ရေးသား ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ရုပ်ရှင်
 ပဒေသာ မဂ္ဂဇင်း၌ ဝတ္ထုတို စတင် ဖော်ပြခံပြီး စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ ကျောင်းတက်ရင်း စာအုပ် ထုတ်ဝေရေး လုပ်ငန်း လေ့လာ လုပ်
ကိုင်ခဲ့သည်။ မစန်းစန်းအောင် (တက္ကသိုလ် စာကြည့်တိုက် ဝန်ထမ်း) နှင့် ၁၉၈၁ ခုနှစ်တွင် လက်ထပ်ခဲ့ရာ သမီး နှစ်ဦး ထွန်းကားခဲ့သည်။
 ၁၉၉၂ ခုနှစ်တွင် ဗီဒီယိုနှင့် ရုပ်ရှင် ဇာတ်ညွှန်းများ စတင် ရေးသား ခဲ့သည်။


ရွှေသတင်းသစ်

0 comments to “ဆရာ မင်းလူ ဆုံးပြီ”

Post a Comment