Wednesday, August 14, 2013

ကမ္ဘာ့ အကြီးဆုံး ဇိမ်ခံ ရွက်သင်္ဘော ပိုင်ဆိုင်သူ ဂုဏ်ပုဒ် အေဘရာမိုဘစ်ခ်ျစွန့်လွှတ်ရ

,
မော်စကို သြဂုတ် ၁၃
ရုရှားနိုင်ငံမှ သန်းကြွယ်သူဌေးကြီးအေဘရာမိုဘစ်ခ်ျသည် ကမ္ဘာ့အကြီးဆုံးသော ဇိမ်ခံ ရွက်သင်္ဘောကို ပိုင်ဆိုင်ခဲ့ဖူးသူ တစ်ဦးဖြစ်ပြီး ယခုအချိန်တွင် အဆိုပါ ဂုဏ်ပုဒ်ကို စွန့်လွှတ်လိုက်ရပြီ ဖြစ်ကြောင်း Yacht France မဂ္ဂဇင်းက ထုတ်ဖော် ပြောကြားခဲ့သည်။
အကြောင်းမှာ လွန်ခဲ့သော လအနည်းငယ် အတွင်းက ၎င်းပိုင်ဆိုင်သော ဇိမ်ခံ ရွက်သင်္ဘောထက် ၅၇ ပေ ပိုမို ရှည်လျားသော Azzam အမည်ရှိ ဇိမ်ခံ သင်္ဘောတစ်စင်းကို အာရပ်စော်ဘွားများ ပြည်ထောင်စု အုပ်ချုပ် သူက ဝယ်ယူ ပိုင်ဆိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
အဆိုပါ မဂ္ဂဇင်း၏ ဖော်ပြချက်အရ အာရပ်စော်ဘွားများ ပြည်ထောင်စု အုပ်ချုပ်သူ ရှိခ်ခါလီဖာဘင်ဇေး အယ်လ်နာဟီယန်အတွက် ဂျာမန် သင်္ဘောံတည်ဆောက်ရေး ကုမ္ပဏီ Azzam က တည်ဆောက် ပေးခဲ့သည့် Azzam ဇိမ်ခံသင်္ဘောသည် ၎င်းမဂ္ဂဇင်းက ပြုလုပ်သော နှစ်စဉ် ထိပ်တန်း ဇိမ်ခံသင်္ဘော အစင်းတစ်ရာစာရင်း တွင် ထိပ်ဆုံးအဆင့်ကို ရရှိထားကြောင်း သိရသည်။ အမေရိကန်ဒေါ်လာ သန်း ၆၂ဝ တန်ဖိုးရှိ အဆိုပါ ဇိမ်ခံ သင်္ဘောသည် အရှည် ၅၉ဝ ပေ ရှိပြီး ဂတ်စ်တာဘိုင် နှစ်လုံးနှင့် ဒီဇယ်အင်ဂျင် နှစ်လုံး တပ်ဆင်ထားကာ မြင်းကောင်ရေ ၉၄၀၀၀ အားနှင့်အတူ တစ်နာရီလျှင် ရေမိုင် ၃ဝ မိုင်အထိ အရှိန်တင် မောင်းနှင်နိုင်ကြောင်း သိရသည်

0 comments to “ကမ္ဘာ့ အကြီးဆုံး ဇိမ်ခံ ရွက်သင်္ဘော ပိုင်ဆိုင်သူ ဂုဏ်ပုဒ် အေဘရာမိုဘစ်ခ်ျစွန့်လွှတ်ရ”

Post a Comment