Monday, August 26, 2013

Happy Birthday To You

,


မွေးနေ့ တွေမှာ ဘက်ဒေးဝှရှ် အနေနဲ့ ဆိုကြတဲ့ Happy Birthday သီချင်း ဟာ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ သီချင်းတွေ ထဲမှာ အမှတ်မိလွယ်ဆုံးသီချင်းအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ဖြစ်ပါသတဲ့ (1998)

Happy Birthday To You သီချင်းရဲ့ မူရင်း သံစဉ် ကိုတော့ Good Morning to All သီချင်း ကနေ ယူထားတာပါတဲ့ ။ Good Morning to All သီချင်းကို တော့ Patty Hill နဲ့ Mildred J. Hill ဆိုတဲ့ ညီမှ ၂ ယောက်က ၁၈၉၃ ခု နှစ်မှ စရေးသားခဲ့ပါသတဲ့ ။
စရေးတုန်းကတော့ ဂီတသင်တန်းကျောင်း က ကလေးတွေ လွယ်လွယ်ကူကူ နဲ့ သိချင်းဆိုတတ် စေဖို့ ရည်ရွယ်ချက်နဲ့ ရေးခဲ့တာပါတဲ့ ။ သီချင်းရဲ့ မူရင်းစာသား က --

Good morning to you,
Good morning to you,
Good morning, dear children,
Good morning to all.
ပါတဲ့ ။

့Good Morning To All သီချင်းကို ၁၈၉၃ ခုနှစ် Song Stories for the Kindergarten စာအုပ်မှာ စတင် ပုံနှိပ်ဖော်ပြ ပြီး ၊ Happy Birthday To You သီချင်းကိုတော့ Happy Birthday ဆိုတဲ့ နာမည်နဲ့ ၁၉၃၃ မှာ စတင် မိတ်ဆက်ခဲ့ပါသတဲ့ ။

သီချင်းရဲ့ စာသားကတော့
Happy Birthday to you
Happy Birthday to you
Happy Birthday dear --------.
Happy Birthday to you .
ဖြစ်ပါသတဲ့ ။

၁၉၃၅ မှာ Happy Birthday သီချင်းကို Copyright တင်ခဲ့ ပြီး ၁၉၈၈ခုနှစ် ရောက်တဲ့ချိန်မှာ သီချင်းမူပိုင်းခွင့် အတွက် ဒေါ်လာ ၂၅ မီလီယံရရှိ ခဲ့ ပါသတဲ့ ။

၂၀၀၈ ခုနှစ်ကနေ စပြီး happy Birthday သီချင်းမူပိုင်ခွင့်တင်ထားတဲ့ ကုမ္ပဏီဟာ သီချင်းအတွက် တစ်ရက်ကို ဒေါ်လာ ၅၀၀၀ ရပါသတဲ့ ။ တစ်နှစ်အတွက် ဝင်ငွေ ဆိုရင်တော့ ဒေါ်လာ ၂ မီလီယံ ပါတဲ့ခင်ဗျာ ။ ( မွေး နေ့ တိုင်း ဆိုဆို သာ ပြနေတာ အစက အဲသီချင်းအဲလောက်တန်းဖိုးရှိမှန်းမသိခဲ့ဘူး ... ...)

ဟက်ပီးဘက်ဒေး သီချင်းပေါ် ခဲ့တာဟာ ခု ၂၀၁၃ ဆိုရင် နှစ်ပေါင်း ၈၀ တိတိ ကြာခဲ့ ပြီပေါ့ဗျာ ။

 ရုပ်ဆိုး
ကိုးကား > wiki

0 comments to “Happy Birthday To You”

Post a Comment