Monday, August 26, 2013

အကြမ်းဖက်သမား ၃ ဦးဖမ်းဆီးရမိပြီ

,

လုံခြုံရေးတိုးမြှင့်ပြီးနောက် မြိတ်၌ အကြမ်းဖက်သမား ၃ဦး ဖမ်းမိမြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သေ
ာ ပဋိပက္ခများအားအကြောင်းပြု၍ပြည်ပနိုင်ငံများရှိ အကြမ်းဖက်အဖွဲ့ အစည်းများမှ နိုင်ငံတွင်းအဖျက်
အမှောက်လုပ်ငန်းများလုပ်ဆောင်ရန်အကြမ်းဖက်သမားများစေလွှတ်ထားသည့်သတင်းများရရှိ၍
 နိုင်ငံတစ်ဝှမ်းလုံခြုံရေးအထူးမြှင့်တင်ဆောင်ရွက်ထားရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌
အကြမ်းဖက်သမား ၃ ဦးအား ဖမ်းဆီးရမိခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး နယ်စပ်ဝင်ပေါက်များ၊ ရေလမ်းကြောင်းများမှတဆင့်အကြမ်းဖက်သမားများ ၀င်ရောက်လာမည့် သတင်းကိုကြိုတင်သိရှိထား၍ ဖောက်ခွဲရေးသမားများ၏ အမည်နှင့် ဓါတ်ပုံများအား
တိုင်းဒေသကြီးအတွင်းရှိ လုံခြုံရေးအဖွဲ့များထံပေးပို့ထားရာသြဂုတ်လ၂၂ရက်နေ့က မြိတ်ကျွန်းစုရှိ တံငါရွာတစ်ရွာနေရာ၌ ထိုလူများအားဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများမှာထိုင်းနိုင်ငံတွင်တရားမ၀င်အလုပ်သွားလုပ်ပြီးမိမိနိုင်ငံသို့ ပြန်လာသည့် မြန်မာလူမျိုး
များနှင့် ရော၍ ရေလမ်းကြောင်းမှတဆင့်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။အဆိုပါသုံးဦးအနက်နှစ်ဦးမှာ
မြန်မာနိုင်ငံဖွား ထိုင်းနိုင်ငံသားများဖြစ်ပြီး ကျန်တစ်ဦးမှာအင်ဒိုနီးရှားနိုင်ငံဖွား ထိုင်းနိုင်ငံသားဖြစ်သည်။အဆိုပါအကြမ်းဖက်သမား(၃)ဦးစလုံးမှာမြန်မာလူမျိုးများကဲ့သု့ မြန်မာစကားကိုကျွမ်းကျင်စွာပြောဆိုနိုင်သူများဖြစ်သည်။

“အကြမ်းဖက်သမား သုံးယောက် ဖမ်းမိထားတယ်လို့တော့ ကြားတယ်။ဘယ်ရွာမှာ မိလဲတော့ အတိအကျ မသိဘူးဗျ၊ ကျွန်တော်တို့တနသာင်္ရီတိုင်းက ထိုင်းနိုင်ငံနဲ့ နယ်မြေ ဆက်စပ်နေတော့ ကုန်းကြောင်းရော
ရေကြောင်းကပါဝင်လာနိုင်တယ်။လုံခြုံရေးကိုတော့အရင်ကထက်တိုးပြီးချထားတာ တွေ့ရတယ်။ ပြည်သူတွေ
အနေနဲ့လည်းကိုယ့်ပတ်ဝန်းကျင်မှာသတင်းရရချင်းသက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းတွေကို ချက်ချင်းသတင်းပို့သင့်တယ်”ဟု ကျွန်းစုမြို့နယ်မှ ဒေသခံ ရေလုပ်သားတစ်ဦးကပြောသည်။

မြန်မာနိုင်ငံအတွင်းသို့ ဖောက်ခွဲရေးသမားများဝင်ရောက်လာမည့်သတင်းများကြိုတင်ရရှိထားသဖြင့် နိုင်ငံတစ်ဝှမ်း လုံခြုံရေး တိုးမြှင့်ချထားရာ မြိတ်မြို့နယ်တွင် အကြမ်းဖက်သမားများ ဖမ်းဆီးရမိခြင်းမှာပထမဦးဆုံးအကြိမ်ဖြစ်သည်။

0 comments to “အကြမ်းဖက်သမား ၃ ဦးဖမ်းဆီးရမိပြီ”

Post a Comment